part9

963 20 0
                                    

အချစ်ရက်ပေါင်း ၃၆၅ရက်

အပိုင်း၉
"နေခြည်..ငါတို့ဒီနေ့ညစာသွားစားကြမှာနင်ပါလိုက်ခဲ့ပါလား.."
"ဟမ်..ဘယ်သူတွေနဲ့လဲ.."
"အသစ်ရောက်လာတဲ့အလုပ်သင်လေးတွေလေ..သူတို့ကိုညစာလိုက်ကျွေးမလို့...နင်ပါလိုက်ခဲ့ပါလား..နင်ပါတော့ပိုကောင်းတာပေါ့..သူတို့တွေလည်းပိုအားရှိတာပေါ့ဟာ.."
"ဟမ်း.."
"ဘာလို့လဲ..နင်မှာလုပ်စရာရှိနေလို့လား.."
"မရှိပါဘူး...ငါခွန်းပိုင်ကိုပြောလိုက်ဦးမယ်..
"ဪ..မိန်းမ..ယောကျ်ားဖြစ်သူကိုကြောက်နေရပြီပေါ့..
"မကြောက်ပါဘူး..သူ့ဆီကဘတ်ကြပ်လေးရမလားလို့..သူအလုပ်သင်တွေအတွက်ထုတ်ပေးချင်ပေးမှာ..ဒါဆိုနင်စိုက်ထုတ်ပေးစရာမလို တော့ဘူးလေ.."
"ဟုတ်သားပဲ.. တော်တယ်..ငါ့သူငယ်ချင်းလေး.."
"ဟွန်း.."နေခြည်ချိုသူ့ကိုမျက်စောင်းထိုးပြီးခွန်းပိုင်ရုံခန်းကိုထွက်လာခဲ့သည်။
ခွန်းပိုင်ရုံးခန်းကနေခြည်ချိုအခန်းနဲ့ဆိုမျက်နှာချင်း
ဆိုင်ပဲ။ကြားထဲမှာနေရာတွေအလုပ်စားပွဲတွေကြားနေတာကလွဲလို့ပေါ့။
"ဒေါက်..ဒေါက်..ဒေါက်.."
"ဝင်ခဲ့.."
နေခြည်ချိုတံခါးကိုဖွင့်ပြီးအထဲသို့ဝင်လိုက်သည်။အရင်ဆုံးကြည့်မိတာကတော့အခန်းထောင့်မှာရှိနေသောအတွင်းရေးမှူးခုံပဲ။
အခု့တော့အဲ့ခုံကလစ်လှပ်နေတယ်။ကြိုးကြာဖြူဘယ်များသွားပါလိမ့်။
ခွန်းပိုင်သူ့ဆီကိုမလာပဲအပေါက်ဝမှာရပ်နေသောသူမ့ကိုကြည့်နေမိသည်။
တော်ရုံဆိုလူကိုယ်တိုင်မလာပဲအတွင်းရေးမှူးနဲ့သာပြောခိုင်းတာ။အခု့ကျသူမ့ကိုယ်တိုင်တောင်လာရောက်နေပါ့လား။
ခွန်းပိုင်အတွေးလွန်စွာရပ်နေသောသူမ့ကိုစိတ်မရှည်တော့ပဲကိုယ်တိုင်သာသူမ့ဆီသွားလိုက်သည်။
တစ်ဖက့်ကိုကြည့်နေသောမျက်နှာလေးကိုသူ့ဘက်ဆွဲယူရင်း
"ကိုယ့်မိန်းမလေး..ကိုယ့်ကိုလွမ်းလို့ရောက်လာတာလား..."
ခွန်းပိုင်နေခြည်ချို့ကိုဖက်လိုက်ပြီးသူမဆံပင်ကိုနမ်းရှိုက်လိုက်သည်။
"လူတွေရှိတယ်လေ.."
နေခြည်ချိုသူ့ရင်ခွင်ထဲကရုန်းထွက်လိုက်သည်။ခွန်းပိုင်ကတော့နှုတ်ခမ်းဆူပူနေလေရဲ့။
နေခြည်ချိူသူ့ရဲ့ချစ်စရာကောင်းတဲ့ပုံကိုကြည့်ပြီးရာ်ချင်ပေမဲ့လည်းအရေးကြီးတဲ့ကိစ္စကရှိသေးတယ်လေ။
"ကျွန်မ့ပြောစရာရှိတယ်.."
"အင်း.."
"ညကျရင်အလုပ်သင်တွေအတွက်ညစာစားပွဲရှိတယ်.
ကျွန်မ့လည်းသွားရမယ်.."
"ဒါဆိုမင်းကကိုယ်နဲ့ညစာမစားတော့ဘူးပေါ့.."
"အဲ့လိုဖြစ်သွားတယ်..ကျွန်မ့တို့တူတူနောက်လည်းညစာစားရမှာပဲလေ..ဒါကဒီတစ်ညတည်းပါ..ပြီးတော့အလုပ်သင်တွေအားရှိဖို့ကျွန်မ့တို့လုပ်ပေးရမယ်လေ..သူတို့လေးတွေကုမ္ပဏီမှာပျော်မှကျွန်မတို့အတွက်အကျိုးရှိမယ်မလား.."
"ဟုတ်ပါတယ်..အဲ့ဆိုလည်းသွားပေါ့.."
"ကျေးဇူးပါ.."
နေခြည်ချိုပျော်သွားပုံကိုမြင်ပြီးသူမ့နဲ့တစ်ညလေးညစာမစားရတာဘာမှမဖြစ်တော့ပါဘူး။သူမ့ပျော်ရင်ပြီးတာပါပဲ။
"ဒါပေမဲ့လေ.."ေနခြည်ရဲ့တုံ့နှေးမှု့ကိုခွန်းပိုင်စိတ်ဝင်တစားနဲ့စောင့်နေမိသည်။
"အင်း.."
"ဟိုလေ..ဟို..ညစာစားပွဲအတွက်ပိုက်ဆံက..ဟို.."
မုန့်ဖိုးတောင်းမယ့်အရေးစကားပလ္လင်ခံနေသည့်ကလေးတစ်ယောက်ပမာပြောနေသောသူမ့ကိုကြည့်ပြီးခွန်းပိုင်တိတ်တိတ်လေးပြုံးလိုက်သည်။
"သိပြီ..ဘယ်လောက်လိုချင်တာလဲ.."
"အမ်း..ရပါတယ်..ရှင်အဆင်ပြေသလိုပေး.."
"ဒါဆိုလည်းရော့..ဒါကိုယ့်ကတ်..နံပါတ်က၂၀၂၁"ခွန်းပိုင်သူ့အိတ်ကပ်ထဲကနေကတ်ကိုထုတ်ပေးလိုက်
သည်။
"ဪ..ကျေးဇူး.."နေခြည်ချိူအပြုံးမျက်နှာကြီးနဲ့ကတ်ကိုအလျင်အမြန်ယူလိုက်သည်။
သူ့ကတ်ရဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာ။
"ဟို..ကျွန်မ့ယူချင်လို့တော့မဟုတ်ပါဘူး..ကျွန်မ့ပိုက်ဆံနဲ့လည်းပေးလို့ရတယ်..ဒါပေမဲ့ဒါကကုမ္ပဏီအကျိုးအတွက်လေ..ဒါကြောင့်ပါ.."
"ဟုတ်ပါပြီ..ဒါပေမဲ့ဒါကကိုယ့်ကတ်နော်..ကုမ္ပဏီဟာမဟုတ်ဘူး...သေချာသိမ်းထား..ဒီထဲမှာပိုက်ဆံတွေကအများကြီး..ပျောက်သွားရင်ကိုယ့်မိန်းမတစ်ဘဝလုံးစာနဲ့ရင်းပြီးပေးဆပ်ရမယ်.."
"အိုး..ကြောက်လိုက်တာ.."
နေခြည်ချိုရွဲ့ပြီးပြောလိုက်မိသည်။
အခု့လည်းသူ့မိန်းမမဟုတ်ဘူးလား
ထက်ပြီးပေးဆပ်ခိုင်းချင်သေးတယ်ပေါ့။
"ကဲ..လာပါဦး..ကိုယ့်မိန်းမလေး..လွမ်းလိုက်တာ.."
"မတွေ့ရတာနာရီပိုင်းပဲရှိသေးတယ်နော်.."
"မရဘူး..လွမ်းတယ်.."
ခွန်းပိုင်သူမ့ကိုဆွဲပြီးရင်ခွင်ထဲထည့်ကာဖက်ထားမိသည်။
သူမ့ဆီကခေါင်းလျှော်ရည်နံ့သင်းသင်းလေးကအရမ်းကိုဆွဲဆောင်မှု့ရှိတယ်။နူးညံ့တဲ့ဆံနွယ်လေးတွေကထိလိုက်မိတိုင်းရင်ထဲကိုနွေးထွေးသွားသည်။
နေခြည်ချိုသူ့ရင်ခွင်ထဲနေရင်း
ယောက်ျားရဲ့ပိုက်ဆံကိုထိုင်သုံးရတဲ့အိမ်ထောင်ရှင်မဘဝ့ကဘယ်လောက်တောင်ကောင်းလိုက်လဲ။
ယောကျာ်းပိုက်ဆံနဲ့ကြိုက်တာတွေကြိုက်သလိုဝယ်ပြောမယ့်သူလည်းမရှိငေါက်မယ့်သူလည်းမရှိ။
အား.ဘယ်လောက်တောင်ကောင်းလိုက်မလဲ..
"ကိုကို.."
ကော်ဖီခွက်ကိုင်ပြီးဝင်လာသောကြိုးကြာဖြူအပေါက်ဝမှာချစ်ကြည်နူးနေသောစုံတွဲကိုမြင်ပြီးထိတ်လန့်သွားသည်။
နေခြည်ချိုသူမအသံကြားတာနဲ့ခွန်းပိုင်ဆီကိုရုန်းထွက်ပြီးလှည့်ကြည့်လိုက်သည်။
"ဪ..ကြိုးကြာဖြူ.."
"နေခြည်ချို..နင်ဘယ်လိုလုပ်ရောက်နေတာလဲ.."
"ဒီလိုပါပဲ..ခွန်းပိုင်ကငါ့ကိုလွမ်းတယ်ဆိုလို့ရောက်လာတာ.."
ကောင်မစုတ်..နင်ပြောတာကိုယုံမယ်များထင်နေလားကိုကိုသာနင့်ကိုလွမ်းနေရင်နင်ဆီလာမှာပေါ့နင်ကဘာလို့ရောက်နေမှာလဲ..လိမ်ပြောပြန်ပြီ..
"ကိုကို..ဒီမှာကိုကိုအတွက်ကော်ဖီ..ကိုကိုကြိုက်တဲ့ကော်ဖီခါးခါးလေး.."
ကြိုးကြာဖြူရှေ့တိုးလာပြီးခွန်းပိုင်ဆီကော်ဖီကမ်းပေးသည်။
"အို..ကြိုးကြာဖြူ..နင်သူနဲ့သိလာတာကြာနေပြီ..သူကော်ဖီခါးတာမကြိုက်တာမသိဘူးလား.."
ကြိုးကြာဖြူသူ့ကိုယ်သူတောင်အံ့သြသွားသည်။
ကိုကိုကကော်ဖီခါးတာမှကြိုက်တာပါ။မှားပြီးများမှတ်ထားမိတာလား။
မဟုတ်သေးပါဘူး..နေခြည်ချိုလိမ်နေတာပဲနေမှာ..ကိုကို့ကိုမေးကြည့်ရမယ်..
"ဟုတ်လားကိုကို.."
ခွန်းပိုင်.နေခြည်ချို့ကိုဘယ်လိုပြန်ဖြေရမလဲအကြည့်နဲ့ကြည့်နေလေသည်။
သူကော်ဖီခါးတာကြိုက်ပါတယ်။သူမ့ပြောမှကိုယ်ကိုတောင်ငါကော်ဖီအခါးမကြိုက်ဘူးလားလို့တောင်စဥ်းစားမိသွားပြီ။
နေခြည်ချိုခပ်ပြုံးပြုံးပဲပြန်ပြုံးပြနေလေသည်။
ဒါကဘာသဘောလဲ...ဘာပဲဖြစ်ဖြစ်ပါ..အရေးကြီးတာကသူမ့စိတ်မဆိုးရင်ပြီးတာပဲ..
"အင်း..ကိုကိုကော်ဖီဆိုချိုတာမှကြိုက်တာ..အခါးမကြိုက်ဘူး.."
"ဒါပေမဲ့ကြိုးကြာသိတာတေ့ာကိုကိုအငယ်ကတည်းကကော်ဖီအခါးပဲသောက်တာပါ.."
"အဲ့ဒါတော့ဟုတ်တယ်..အခု့တော့ကော်ဖီချိုချိုလေးပဲကြိုက်တော့တယ်.."
နေခြည်ချိုသူမ့ကိုရိသဲ့သဲ့နဲ့လာကြည့်သောခွန်းပိုင်ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်နေမိသည်။
ကြိုးကြာဖြူသူမ့ရဲ့ကော်ဖီကိုမသောက်တာထက်သူမ့ရှေ့ချစ်ပြနေကြသောသူတို့ကိုကြည့်ပြီးဒေါသတွေအလိပ်လိုက်တက်လာသည်။
"ကိုကို..ကော်ဖီမသောက်ဘူးဆိုရင်လည်း..ကြိုးကြာကော်ဖီချိုချိုလေးတစ်ခွက်ဖျော်ခဲ့မယ်.."
"နေဦး.."
"ဘာလဲ.."နေခြည်ချိုခေါ်လိုက်တာကြောင့်ကြိုးကြာဖြူခြေလှမ်းကိုဆက်မတိုးတော့ပဲခက်ထန်သည့်မျက်နှာနဲ့ကြည့်လိုက်သည်။
"အဲ့ကော်ဖီပေးခဲ့..ငါသောက်မယ်.."
"ဒါကကိုကိုအတွက်ဖျော်လာတာလေ.."
"နင့်ကိုကိုမှမသောက်တာ..အလကားလုပ်မပစ်နဲ့..ပေး.."
"ရော့.."
ကြိုးကြာဖြူနှုတ်ခမ်းကိုကိုက်ပြီးသူမ့ကိုဆောင့်
အောင့်ပြီးပေးလိုက်သည်။
နေခြည်ချိုအနိုင်ရသည့်မျက်နှာဖြင့်သူမ့ဆီကကော်ဖီကိုယူလိုက်သည်။
"ကျေးဇူးပဲနော်..ငါကောင်းကောင်းသောက်လိုက်မယ်..သွားလို့ရပြီ.."
ကြိုးကြာဖြူသူမ့ကိုမောင်းထုတ်နေသောသူမ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။ခွန်းပိုင်ကိုအကူအညီရမလားကြည့်နေပေမဲ့သူကတော့နေခြည်ချိုကိုပဲပြုံးပြီးကြည့်နေလိုက်တာ
တကယ်ကိုအချစ်မွှန်နေပြီပဲ။
"သွားတော့လေ..ဘာကြည့်နေတာလဲ.."
"အင်း.."
"ကြိုးကြာဖြူ ..နေဦး.."
ကိုကို.ကြိုးကြာကိုစိမ်းကားသွားသလိုနာမည်အရင်းကြီးခေါ်လိုက်ပေမဲ့သူခေါ်သံကြားလိုက်ရတာနည်းနည်းတော့ပျော်မိသွားသည်။
ကိုကိုကငါ့ကိုဘယ်တော့မှမထားခဲ့ဘူး..နေခြည်ချို.
နင်ကခဏတဖြုတ်အစားထိုးခံပဲ..
ကြိုးကြာဖြူမျှော်လင့်တကြီးနဲ့ပြုံးပြီး
"ပြောကိုကို..ကြိုးကြာဘာလုပ်ပေးရမလဲ.."
"ကိုကို့ကိုကော်ဖီထက်လာမပို့နဲ့တော့..ဒီနေ့အလုပ်ဆင်းလို့ရပြီ..."
"ဟင်.."ကြိုးကြာဖြူမျော်လင့်ထားသလိုကိုကိုကသူ့ကိုဆွဲခေါ်ထားမယ်ထင်ခဲ့ပေမဲ့အခု့တော့ပြန်မလာဖို့အလုပ်တောင်ဆင်းပေးလိုက်တယ်။
ကိုကိုရဲ့မျက်ဝန်းတွေကလိမ်ညာနေသယောင်မပေါ်။
ကြိုးကြာကိုအတည်နှင်ထုတ်နေတာပဲ။
"ကြိုးကြာဖြူ..ဘာလုပ်နေတာလဲ..အလုပ်ဆင်းလို့ရပြီလေ.."
"အင်းပါ.."
နေခြည်ချိုရယ်မိတော့မည့်ပါးစပ်ကိုအတင်းစေ့ထားရသည်။
ကြိုးကြာဖြူသူမ့အိတ်ကိုယူပြီးအခန်းထဲကနေဆူဆူပုပုတ်နဲ့ထွက်သွားသည်။
"ဟီး..ကြည့်စမ်းပါဦး.. စိတ်ဆိုးသွားပြီ..ရှင်ဒါလေးပြောတာကိုကယ်စိတ်ကောက်တယ်..ရှင်တော့တော်တော်ချော့ယူရတော့
မယ်.."
နေခြည်ချိုကော်ဖီလေးသောက်ရင်းပြောနေသည်။
သူမ့မသိတာကဘေးနားမှာမျက်စိဒေါက်ထောက်ကြည့်နေသောမကောင်းဆိုးဝါးကြီးကိုပင်။
"ခွန်းပိုင်..ရှင်သူ့.."
နေခြည်ချိုကော်ဖီခွက်ကိုမော့ဖို့လုပ်ရင်းခွန်းပိုင်ကိုကြည့်မိသွားသည်။ခွန်းပိုင်သူမ့ကိုစူးစိုက်ကြည့်နေတာကော်ဖီတောင်ဆက်မသောက်ရဲလောက်အောင်ပဲ။
"ခွန်းပိုင်.."
"တော်ပြီ..ကော်ဖီအရမ်းမသောက်နဲ့ကလေးအတွက်မကောင်းဘူး.."
ခွန်းပိုင်နေခြည်ချိုလက်ထဲကကော်ဖီခွက်ကိုယူပြီးခုံပေါ်ကိုသွားတင်လိုက်သည်။နေခြည်ချိုနှုတ်ခမ်းကိုမသိမသာလေးကိုက်လိုက်ပြီးသူ့နောက်ကိုလိုက်သွားသည်။
ခွန်းပိုင်ခုံပေါ်မှာထိုင်လိုက်သည်။နေခြည်ချိုလည်းသူ့နည်းတူသူ့ရဲ့ရှေ့အလုပ်စားပွဲပေါ်မှာထိုင်လိုက်သည်။
"ခွန်းပိုင်.."
ခွန်းပိုင်အရောင်တောက်ပနေသောမျက်လုံးတွေနဲ့သူမ့ကိုကြည့်နေလေရဲ့။
"ရှင့်ကောင်မလေးကိုတော်တော်ချော့ယူရတော့မယ်"
"အဲ့ဒါဘယ်သူ့ကြောင့်လဲ.."
"အို..ကျွန်မ့ကဒီအတိုင်းပြောလိုက်တာ..နှင်ထုတ်လိုက်တာကရှင်လေ.."
"ဟုတ်သား..ကြိုးကြာဖြူကိုမနှင်ထုတ်ရင်စိတ်ဆိုးသွားမှာကဘယ်သူလဲမသိဘူး..ကိုယ်သူ့ကြောင့်နှင်ထုတ်လိုက်ရတာ.."
"ဘာလဲ..ရှင်ကနှင်ထုတ်လိုက်မိလို့စိတ်မကောင်းဖြစ်နေတာလား.."
"ဟုတ်တယ်ပြောရင်စိတ်ဆိုးမှာလား.."
"ရှင်နော်.."
"စတာပါဗျာ..စိတ်တော့မဆိုးပါနဲ့...ကိုယ်မချော့တတ်ဘူး.."
"ဪ..မချော့တတ်ဘူးဆိုတော့..ကျွန်မ့စိတ်ဆိုးတိုင်းလိုက်မချော့တော့ဘူးပေါ့လေ.."
"မဟုတ်ဘူး..ကိုယ်မင်းကိုချော့နည်းပေါင်းစုံတတ်အောင်သင်ပြီးလိုက်ချော့မှာ..ကိုယ့်မိန်းမလေးကစိတ်ဆိုးနေရင်ချစ်စရာအကောင်းဆုံးပဲ.."
ခွန်းပိုင်စားပွဲပေါ်မှာထိုင်နေသောသူမ့ကိုဆွဲယူလိုက်သည်။ခွန်းပိုင်သူ့ကိုငုံကြည့်နေသောသူမ့ကိုကြည့်ရင်း
"ကိုယ်ကော်ဖီချိုချိုလေးတစ်ခွက်သောက်ချင်တယ်.."
နေခြည်ချိုရဲ့ကော်ဖီရနံ့သင်းသင်းလေးတွေကသူဆီမှာပါမွှေးပျံ့သွားသည်။
ကော်ဖီခါးတစ်ခွက်ချိုမြိန်သည့်အနမ်းတစ်ပွင့်ကိုပေးသလော။
💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞
နေခြည်ချိုနဲ့ရတနာညစာစားပွဲအတွက်keyစာသောက်ဆိုင်ကိုရောက်လာသည်။
အသိအမှတ်ပြု့သည့်ညစာစားမယ့်ကိစ္စရတနာရဲ့ဂျီပူမှု့ကြောင့်BBQဖြစ်သွားပြီ။
ကုမ္ပဏီကလူတွေချည်းသီးသန့်။
Keyစားသောက်ဆိုင်ရဲ့အပေါ်ဆုံးထပ်မှာBBQလုပ်စားလို့ရတယ်ပြောတယ်။
ကြယ်တွေလည်းကြည့်လို့ရသေးတယ်ပြောတယ်။
ဘိုကင်ကြိုချိတ်ထားမှဝင်လို့ရတဲ့နေရာကိုရတနာဘယ်ချိန်ကတည်းကချိတ်ထားလဲမသိ။
နေခြည်ချိုအတွက်ပိုက်ဆံကအရေးမကြီးပေမဲ့သူတို့ပျော်ဖို့ကအရေးကြီးတယ်လေ။
BBQပဲဖြစ်ဖြစ်ညစာစားပွဲပဲဖြစ်ဖြစ်တစ်ခု့ခု့တော့လုပ်ပေးရမှာပဲ။မနက်ဖြန်အလုပ်ပိတ်ရက်မို့တော်သေးတာပေါ့။တော်ကြာသောက်တာများပြီးမနက်ကျမနှိုးနိုင်ဖြစ်နေကြလိမ့်မယ်။
"ဪ..မမလာပြီလား.."
နေခြည်ချိုတို့အပေါ်ရောက်တာနဲ့ခေါင်းဆောင်ကလာကြိုလေသည်။
"ဟေ့..အားလုံး..မမလာပြီ.."
ကုမ္ပဏီကအားလုံးကနေခြည်ချိုကိုမမလို့ပဲခေါ်လေ့ရှိသည်။သူမ့အတွက်အဲ့စကားကနားထောင်လို့ကောင်းတယ်။
ဒုဥက္ကဋ္ဌလို့ခေါ်တာထက်စာရင်ပေါ့။
နေခြည်ချိုလာတာနဲ့အားလုံးလုပ်လက်စတွေချပြီးသူမ့ဆီရောက်လာကြသည်။
"ရပါတယ်..အားလုံးအဆင်ပြေသလိုနေကြပါ..ကျွန်မ့ကဒီအတိုင်းပဲလာနှုတ်ဆက်တာပါ..အဆင်ပြေသလိုနေ.."
"ဟုတ်ကဲ့.."
"အများကြီးလည်းမသောက်ကြနဲ့ဦးနော်..မနက်ကျအဆင်မပြေပဲနေမယ်..အလုပ်ပိတ်တယ်ဆိုပေမဲ့ကျန်းမာရေးဂရုစိုက်ရမယ်လေ.."
"မမကသဘောကောင်းလိုက်တာ.."
ခပ်ငယ်ငယ်နဲ့အလုပ်သင်ကောင်မလေးပြောလိုက်တာနေခြည်ချိုကိုပြုံးသွားစေသည်။
"ရတနာ..အလုပ်သင်တွေဆယ်ယောက်ပါဘာလို့အခု့ဟာကလူတွေများနေတာလဲ.."
"အဲ့ဒါကလူနည်းရင်ပျော်စရာမကောင်းမှာစိုးလို့ငါကုမ္ပဏီကလူနည်းနညးခေါ်လိုက်တာ.."
"ဪ..နင်တော့နော်.."
"သူငယ်ချင်းရယ်..နင့်ပိုက်ဆံလည်းကုန်တာမဝုတ်ဘူးစိတ်ပူမနေပါနဲ့..လာ..နေခြည်..ငါတို့ဟိုဘက်မှာသွားထိုင်ရအောင်.."
"အင်း.."
ငါ့ပိုက်ဆံမကုန်တာတော့မှန်ပါတယ်..ဒါပေမဲ့ခွန်းပိုင်ပိုက်ဆံကတော့ကုန်မှာလေ..ဒါဆိုငါကုန်တာနဲ့တူတူပဲမဟုတ်ဘူးလား
...
"ကျေးဇူးပဲနော်.."
နေခြည်ချိုအအေးလာချပေးသောကောင်မလေးကိုပြုံးပြီးကျေးဇူးတင်ကြောင်းပြောလိုက်သည်။
အမလေး..မမကငါ့ကိုပြုံးပြတယ်..အရမ်းချစ်စရာကောင်းတာပဲ..
"ကဲ..ကဲ..အားလုံး..လာကြ..ငါတို့ဂုဏ်ပြု့ရအောင်.."
ရတနာရဲ့ခေါ်လိုက်မှု့ကြောင့်သူတို့အားလုံးအနားကိုရောက်လာသည်။
"ကဲ..ငါတို့ရဲ့အလုပ်သင်လေးတွေအတွက်..ချီးယား.."
"ချီးယား.."
သူတို့ခွက်ချင်းတိုက်ပြီးမော့သောက်လိုက်ကြသည်။
"မမ..မမဝိုင်မသောက်ဘူးလား..မမခွက်ထဲမှာ
ကုန်နေပြီ..ကျွန်တော်ထည့်ပေးမယ်.."
"ရပါတယ်.."
"ပေးပါ..ကျွန်တော်ထည့်ပေးပါ့ရစေ.."
"ဝိုင်ကကလေးအတွက်မကောင်းလို့
လိမ္မော်ရည်ပဲလိုက်တော့မယ်..ရတယ်..ရတယ်.."
ထိုကောင်လေးနေခြည်ချိုစကားကြောင့်ငြိမ်သက်သွားသည်။
ဘာတဲ့ကလေးအတွက်မကောင်းလို့ဟုတ်လား..ဒါဆိုမမက..ကလေးရှိနေတာလား..သူတင်မဟုတ်ကျန်တဲ့သူတွေပါနေခြည်ချိုကိုအံသြနေသောမျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြသည်။

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now