Season2 part1

68 3 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်(season2)

အပိုင်း၁
"မာမီ..မာမီ.."
"ဘာတွေအော်နေတာလဲ..သမီး.."
"မာမီရေ.."
နေခြည်ချို.သမီးဖြစ်သူခွန်းနေခြည်ချိုရဲ့ခေါ်သံ
ကြောင့်အပြေးလာခဲ့ရသည်။
ဆိုဖာဘေးမှာငုံပြီးထိုင်နေသောကလေးမ။
အမေဖြစ်သူကိုဇွတ်တွေခေါ်နေတာဘာလို့ပါလိမ့်။
"ပြော..ဘာဖြစ်တာလဲ.."
"မာမီ.."
နေခြည်ချိုသမီးရဲ့လက်ထဲကကြောင်ကိုမြင်ပြီးအထာပေါက်သွားသည်။ကြောင်တွေကအမွှေးချွတ်ပြီးရောဂါရစေလို့သူ့ကိုမကိုင်ရဘူးပြောထားတာအခု့ဘယ်ကကြောင်တစ်ကောင်ခေါ်လာမှန်းမသိ။
"ခြည်လေး.မာမီပြောထားတယ်..ကြောင်တွေကိုမကိုင်ရဘူးလို့..."
"မီးသိပါတယ်..အခု့ဟာ..ကြောင်လေးဒဏ်ရာရလာလို့..ခေါ်လာတာ..ဒီမယ်ကြည့်လေ.."
ခြည်လေးကြောင်ကိုပွေ့ချီပြီးသူမ့ဘက်ပြတော့ဗိုက်မှာဒဏ်ရာဖြစ်နေတာကိုတွေ့၏။
"သမီးမလိမ်ပါဘူး...ကြောင်လေးကလမ်းမှာကားတိုက်မိလို့ခြည်ခေါ်လာတာပါ..မာမီယုံတယ်မလား"
နေခြည်ချိုသမီးးဖြစ်သူရဲ့မျက်နှာညှိုးမှာတော့စိုးရိမ်မိတယ်။ချစ်စရာဆိုလို့ဒီတစ်ယောက်ပဲရှိတာ။
"ဟုတ်ပါပြီ..ဒါဆိုမာမီတို့ဆေးသွားထည့်ပေးရအောင်

ကြောင်ကိုရေချိုးပေးပြီးအနာကိုဆေးထည့်ပေး၏။
ခြည်လေးဆိုဖာပေါ်မျာထိုင်ပြီးကြောင်စာကျွေးနေသည်။
"ကြောင်ကိုချထားဦး..မာမီတို့ဆေးသောက်ရအောင်နော်.."
"ဟွန်း..လာပြန်ပြီ..ခြည်အဲ့ဆေးတွေမသောက်ချင်ဘူး
"ခြည်လေးရယ်..မာမီသမီးလေးကဆေးသောက်မှာနေကောင်းမှာပေါ့.."
"ဆေးတွေကခါးတယ်.   ခြည်မသောက်ချင်ဘူး.."
နေခြည်ချို.ခြည်လေးလက်ထဲကကြောင်ကိုယူပြီးဘေးကိုချလိုက်သည်။
"မာမီ.."
"မာမီ့ချစ်သမီးကလည်း..ဆေးလေးကိုသောက်လိုက်နော်..တစ်ခါပဲသောက်ရတာကို.."
"ဟင်း..မာမီကအဲ့အတိုင်းချည်းပဲ..ခြည်မသောက်ချင်ဘူးလို့...ဟီး..."
နေခြည်ချိုသူမ့ကိုဆေးတိုက်တဲ့အချိန်တိုင်းစိတ်ညစ်ရသည်။မွေးကတည်းကနှလုံးအားနည်းတတ်သောခြည်လေးကိုဆေးတိုက်ရတာကအပူပင်ဆုံးအရာပဲ။
ကိုယ်ဝန်ရှိစဥ်ကဂရုစိုက်မှု့တွေနည်းလို့ပြောတာပဲ။
ခြည်လေးကိုယ်ဝန်နဲ့တုန်းကနေခြည်ချိုမှာအခက်အခဲတွေများနေတာကို။
သမီးလေးအတွက်စိတ်မကောင်းဘူးသူမ့အမေကောင်းမပီသခဲ့ဘူး။
သူများတွေလိုပြေးလွှားဆော့ကစားဖို့အားအင်မထုတ်နိုင်။အနည်းငယ်စိတ်လှုပ်ရှားလာတာနဲ့တောင်ခြည်လေးမှာမောလာပြီ။နေခြည်ချိုအရိပ်တကြည့်ကြည့်နဲ့စောင့် ကြည့်
နေရတယ်။
ခြည်လေးငါးနှစ်အရွယ်တောင်ရောက်နေပြီ။
စားဝတ်နေရေးအတွက်အလုပ်လုပ်ရင်းသူမ့အတွက်လည်းအဖေလိုအမေလိုစောင့်ရှောက်လာခဲ့တာငါးနှစ်တောင်ရှိရောပေါ့။
"မာမီ..သိလား..ကြောင်လေးတွေကသူတို့သခင်ရဲ့
နှလုံးရောဂါကိုကာကွယ်ပေးတယ်တဲ့.."
"ဟင်..ဟုတ်လား..သမီးလေးကဘယ်လိုသိတာလဲ"
"ဒီလိုပဲဖုန်းထဲကတွေ့တာ.."
"သခင်ရဲ့နှလုံးရောဂါပျောက်စေတယ်ဆိုတော့
ကောင်းတာပေါ့.."
"ဒါဆိုမာမီသမီးမွေးလို့ရလား.."
"ဟွန်း..လူလည်မလေးနော်...မရဘူး.. ကြောင်မွှေး
တွေနှာခေါင်းထဲဝင်ကုန်လိမ့်မယ်.."
"ဟူး..လုပ်ပါနော်..မွေးပါ့ရစေနော်..နော်.."
"မရဘူး..ခြည်လေး.."
"ကြောင်မွေးခိုင်းရင်သမီးနေ့တိုင်းဆေးသောက်မယ်လေ..မာမီစိတ်မညစ် အောင်မလုပ်ပဲ
သောက်မယ်..နော်နော်.."
"မရဘူး..ခြည်လေး..မာမီဒါပဲပြောမယ်.."
"ဟွန့်.."
"ခွန်းနေခြည်ချို..ဘယ်သွားတာလဲ"
ခြည်လေးစိတ်ကောက်ပြီးသူမ့ရဲ့အရုပ်ကိုယူကာထွက်သွားသည်။ထိုကလေးမလေးကအလိုလိုက်ထားမိတာတစ်နေ့
တစ်ခြားဆိုးဆိုးလာတယ်။
နေခြည်ချိုလည်းအလုပ်တဖက်နဲ့မို့သူလိုချင်ရော့ဆိုပြီးချက်ချင်းလုပ်ပေးတတ်တော့သူလေးဆိုးလာတာကလည်းနေခြည်ချိုအပြစ်တွေပါတယ်။
...
နေခြည်တို့သားအမိမြန်မာပြည်ပြန်ရောက်လာသည်မှာသုံးရက်လောက်ရှိပြီ။
ခွန်းပိုင်တို့နဲ့ဝေးအောင်နယ်မြို့လေးတစ်ခု့ကိုပဲ
ပြောင်းလာခဲ့သည်။
ခြည်လေးကိုနောက်တစ်ပါတ်နေရင်ကျောင်းထားရတော့မယ်။အိမ်မှာကလေးထိန်းနဲ့တစ်ယောက်ထဲနေခိုင်းတာထက်ကျောင်းသွားပြီးသူငယ်ချင်းတွေနဲ့ရင်နှီးစေချင်သည်။ကလေးသဘာဝအတိုင်းခြည်လေးကသူငယ်ချင်းတွေလိုချင်လာပြီ။အဖော်လည်းမက်လာတယ်။အိမ်ဘေးနားမှာလည်းသူနဲ့ရွယ်တူဆိုတစ်ယောက်မှမရှိတော့တစ်ယောက်ထဲဆော့ကစားပြီးပတ်ဝန်းကျင်နဲ့ထိတွေ့မှု့နည်းလာတယ်။
နေခြည်ချိုကလေးကိုလုံခြုံပြီးနွေးထွေးသည့်ခံစားချက်လေးရစေချင်လို့မြန်မာပြည်ပြန်လာခဲ့တာ။အခုတော့ခြည်လေးကတစ်ယောက်ထဲပျင်းနေတတ်တယ်။
တစ်ခါတစ်လေထူးဆန်းသည့်မေးခွန်းတွေမေးလာတတ်သေး။
သူ့အဖေအကြောင်းပေါ့။သမီးဖြစ်သူကအဖေအကြောင်းမေးတာကတော့ထူးဆန်းတာမဟုတ်ပါဘူး။သို့သော်သူ့အဖေကဆုံးသွားပြီလို့ပြောခဲ့တာတောင်
အဖေအကြောင်းကိုလာလာမေးတတ်သည်။နေခြည်ချိုလည်းတတ်နိုင်သလောက်လိမ်ပြောပေမဲ့
စကားတွေကရှေ့နောက်မညီတတ်တော့ခြည်လေးကခဏခဏပြန်မေးတတ်သည်။
နေခြည်ချိုအတွက်ထိုအမေးတွေကဖြေဖို့ခက်သား။
ငါးနှစ်ကြာပြီးတဲ့နောက်ထိတောင်ခွန်းပိုင်ရဲ့အရိပ်အယောင်တွေကပ်ညှိ့နေဆဲပါလားနော်။
...........
"ခြည်လေး..ခြည်လေး.."
နေခြည်ချိုအိမ်ထဲမှာမရှိသဖြင့်ခြံထဲကိုပတ်ကြည့်တော့လည်းမရှိပါလား။ဒီကလေးမဘယ်များသွားနေပါ့လိမ့်။
"ခြည်လေး.."
"ရှင်.."
ခြံအပြင်ကားလမ်းထွက်ကြည့်မှမြောင်းဘေးမှာထိုင်နေသောကလေးမ့ကိုတွေ့ရသည်။
"ဘာလုပ်နေတာလဲသမီးရယ်.."
ခြည်လေးမြောင်းထဲကိုငုံကြည့်နေသည်။
"မာမီ..ဒီမှာကြည့်..ငါးလေးတွေရှိတယ်.."
"ဟုတ်သား.."
နေခြည်ချိုခြည်လေးဘေးထိုင်လိုက်သည်။
"ခြည်လေး..ဒီနေ့မာမီတို့ကျောင်းသွားရမယ်နော်.."
"ဟုတ်.."
"သမီးသူငယ်ချင်းတွေနဲ့တွေ့ရမှာပျော်တယ်မလား"
"ပျော်တယ်..မီးသူငယ်ချင်းတွေနဲ့တွေ့ချင်နေပြီ"
"လာ..ဒါဆိုမာမီတို့အင်္ကျီသွားလဲမယ်..ဟုတ်ပြီလား.ပြီးရင်ကျောင်းသွားရအောင်နော်.."
"ဟုတ်ကဲ့.."
နေခြည်ချို့အိမ်ထဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ဝင်သွားလေသည်။
......
နေခြည်ချိုတို့သားအမိကျောင်းကိုလမ်းလျှောက်ပြီးထွက်လာခဲ့သည်။အိမ်ကကျောင်းနဲ့နီးတာမို့သူတို့အတွက်အဆင်ပြေတာပေါ့။
"ကဲ..သမီး..မာမီတို့ကျောင်းရောက်ပြီ.."
ကလေးတို့ရဲ့ထုံးစံအတိုင်းကျောင်းတက်ဖို့ပထမရက်ဆိုအမေတွေနဲ့ခွဲခွာရမှာကြောက်ကြတယ်မလား။
သို့သော်ခြည်လေးကတစ်ခြားသူတွေနဲ့မတူ။
"သမီးလေး.."
"မငိုရဘူး..ကျောင်းတက်ရတာပျော်စရာကောင်းတယ်..အဲ့ဒါပြောမလို့မလား.."
"အို..မာမီသမီးကကြိုသိနေပါ့လား.."
"မာမီအိမ်မှာပြောနေတာ..ခဏခဏပြောလို့..မီးမှတ်မိနေပြီ.."
"ဟုတ်လား.."
နေခြည်ချိုတစ်ခြားငိုနေသောကလေးတွေကိုကြည့်ပြီးသမီးလေးကိုစိတ်ပူလို့ပြောမလို့ရှိသေးသူမလေးကသိနေပြီ။
"နောက်ပြီး.."
"တအားမဆော့နဲ့..နေ့လယ်ကျဆရာမ့ကိုဆေးတစ်လုံးတိုက်ခိုင်း..ဟုတ်တယ်မလား.."
"အို..ဒါလည်းမှတ်မိနေတယ်ပေါ့လေ.."
"အင်း.."
"ဒါဆိုမာမီမှာစရာမလိုတော့ဘူးပေါ့နော်.."
"ဟုတ်..ခြည်တအားကြီးမဆော့ဘူး..ဆေးလည်းသောက်ပါ့မယ်.."
"ဟုတ်ပါပြီတော်.."
"ဒါဆို..မာမီုပြန်တော့လေ.."
"ဟင်..မာမီအထဲထိလိုက်ပို့မယ်လေ.."
"ဘာလုပ်မို့လဲ..ခြည်ကကလေးမဟုတ်တော့ဘူး..ငါးနှစ်တောင်ရှိနေပြီ..ကိုယ့်ဘာသာသွားတတ်ပါတယ်မာမီရဲ့.."
နှုတ်ခမ်းလေးဆူပြီးပြောသောခြည်လေး
အသက်ငါးနှစ်ကိုအဟုတ်ကြီးမှတ်နေသောခြည်လေးကိုကြည့်ပြီးနေခြည်ချိုပြုံးလိုက်မိသည်။
ဒီကလေးကတစ်ခါတစ်ခါငါးနှစ်လို့မထင်ရအောင်ရင့်ကျက်တယ်။အဲ့လိုပုံစံကလည်းနေခြည်ချို့ကိုအနည်းငယ်တော့အထောက်အကူဖြစ်သား။သူ့ဘာသာဖြေရှင်းစရာကိုနေခြည်မပါပဲဖြေရှင်းတတ်တယ်။ရောဂါကလွဲရင်ကျန်တာတွေကခြည်လေးအတွက်
သိပ်စိတ်ပူပေးစရာမလို။အပေါင်းအသင်းကိုလည်းအဆင်ပြေပြေပေါင်းတတ်သေး။ဒါပေမဲ့ခြည်လေးကအားနည်းတော့သူ့ကိုဝိုင်းအနိုင်ကျင့်မှာစိတ်ပူမိတယ်။
"မာမီ..တာ့တာ.."
"တာတာ..မာမီမှာတာတွေမမေ့နဲ့နော်.."
"ဟုတ်ကဲ့ပါ.."
ခြည်လေး.နေခြည်လက်ထဲကခြင်းတောင်းကိုဆွဲပြီးထွက်သွားသည်။ကော့တော့ကော့တော့နဲ့လျှောက်သွားသောခြည်လေးကိုနေခြည်ချိုကြည့်ပြီးပြုံးနေမိသည်။
သူမ့လေးကိုစိတ်ပူသည့်အတွက်ကျောင်းကဆရာမတွေကိုပါဆေးတိုက်ပေးဖို့ပြောထားရတယ်။နေခြည်အတွက်တွယ်တာစရာဆိုလို့ဒီသမီးတစ်ယောက်ပဲရှိတာမလား။သူမ့လေးသာတစ်ခု့ခု့ဖြစ်ရင်ရင်ကွဲချည်ရဲ့။
........
နေခြည်ချိုသူမ့စားဝတ်နေရေးအတွက်ဒီအတိုင်းနေလို့မှမရတာ။တစ်ခု့ခု့တော့လုပ်ရမယ်မလား။
Cနိုင်ငံမှာနေတုန်းကတော့နေခြည်ချိုMarketလေးအသေးလေးတစ်ခု့ဖွင့်ခဲ့သည်။
အခုလည်းဒီမှာအဲ့လိုMarketလေးဖွင့်ချင်တယ်။
ဆိုင်အတွက်နေရာလိုက်ရှာမိတော့ရုပ်ရှင်ရုံရှေ့နေရာတစ်ခု့ကိုမျက်စိကျမိပြီးအဲ့နေရာကိုငှားလိုက်မိသည်။
ဒီနေ့နေရာတွေပြင်ဆင်မှု့အတွက်ဆိုင်ကိုသွားရလိမ်မည်။
သူမ့အမြဲမျှော်လင့်နေရတဲ့အေးဆေးပြီးတည်ငြိမ်သောဘဝလေးပေါ့။အလုပ်နဲ့မိသားစုနှစ်ခု့လုံးယှဥ်တွဲနေပြီးတည်ငြိမ်တဲ့ကမ္ဘာလေး။
"🎶🎶🎶.."
နေခြည်ချိုဖုန်းသံကြားသည်နှင့်ကြည့်လိုက်မိတော့
သူမ့ရဲ့ချစ်လှစွာသောမောင်လေး။နေခြည်ချိုဖုန်းကိုကြည့်ပြီးပြုံးလိုက်သည်။
"ဟယ်လို.."
"ဟယ်လို..ဒေါ်နေခြည်ချို.."
နေခြည်ချို..သုံးလလောက်မကြားရသောအသံသြသြကိုနားထောင်လိုက်မိသည်။
"မင်းဆက်..ကိုယ့်အမ့ကိုအဲ့လိုခေါ်ရလား.."
"အမမလို့ခေါ်တာပေါ့..ကဲ..ပြော.. အဲ့မှာအဆင်ပြေရဲ့လား.."
"သုံးလလောက်မဆက်သွယ်ပဲအခု့မှလာမေးနိုင်တယ်နော်.."
"ကျွန်တော်အလုပ်ရှုပ်နေလို့ပါ..အဲ့ဒါအမလည်းသိပါတယ်...တောင်းပန်ပါတယ်နော်.."
မင်းဆက်ကသမီးလေးမွေးလာပြီးသည့်နောက်ပိုင်းမှာနေခြည်ကိုအမလို့ခေါ်လာခဲ့သည်။နေခြည်လည်းသူ့ကိုမောင်လေးတစ်ယောက်လိုသဘောထားလို့မင်းဆက်လို့ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
"ရပါတယ်.."
"ပြော..အဲ့မှာအဆင်ပြေလား.."
"အင်း..ပြေပါတယ်..အခု့ဆိုင်ပြင်တာကိုသွားကြည့်မလို့.."
"ဟုတ်လား.."
"မင်းကော.."
"ကျွန်တော်လည်းအဆင်ပြေတယ်..အခု့ရှိုးပွဲကနေ
ဖုန်းလှမ်းဆက်လိုက်တာ..ရှိုးပွဲကပျင်းစရာကောင်းတယ်လေ.."
"ဪ..မင်းရဲ့မခပါတယ်မလား...ဒါကိုပျင်းနေသေးတာလား.."
"သူမပါဘူး.."
"ဘာချည်း..သူကမင်းမန်နေဂျာမလား..မင်းသွားတာကိုသူကမလိုက်လာဘူးလား.."
"အင်း...သူရဲ့အဆက်ဟောင်းပြန်လာလို့ကျွန်တော့်ကိုထားခဲ့တယ်...သူတို့ကနေ့လယ်စာအတူစားဖို့ချိန်းထားပြီးကျွန်တော့်ဆီကခွင့်ယူသွားတယ်လေ..အဲ့ဒါသူမှားတယ်မလား..ထားခဲ့တဲ့အဆက်ဟောင်းကိုသဘောကျလက်ခံနေသေးတယ်..သူပြန်လာရဲလာကြည့်သေအောင်အလုပ်တွေခိုင်းပစ်လိုက်မယ်.."
"မင်းဆက်..နင်အဲ့လိုလုပ်နေလို့သူကနင့်ကိုမချစ်တာ
"ဒေါ်နေခြည်ချို.. "
ဟိုဘက်ကဒေါသတကြီးနဲ့အော်ပေမဲ့နေခြည်ကတော့ရယ်နေမိသည်။
"ကျွန်တော်..ဖုန်းချလိုက်တော့မယ်..ပွဲပြီးလို့
လက်မှတ်ထိုးရဦးမယ်..ဒါပဲနော်.."
အလုပ်ကတော့အမြဲရှုပ်နေတာပဲ။
"ကျွန်တော်နောက်လအမတို့ဆီလာခဲ့မယ်.."
"ဟုတ်ပါပြီ.."
"သမီးလေးကိုလည်းသတိရနေတယ်လို့ပြောပေးဦး.."
"ဟုတ်ပါပြီလို့..မင်းဖုန်းချဦးမှာလား.."
"ချမှာပါ..ဒါပဲ.."
နေခြည်ချိုမင်းဆက်ရဲ့ဖုန်းအလောတကြီးချလိုက်တာကိုခံလိုက်ရသည်။
မင်းဆက်ကနေခြည်တို့နဲ့ဟိုမှာနှစ်နှစ်လောက်ထိတူတူနေခဲ့ဖူးသည်။သုံးနှစ်ထဲရောက်မှာတော့မြန်မာပြည်ပြန်သွားပြီးသူ့ရဲ့အနုပညာအလုပ်ကိုလုပ်ကိုင်တော့တာပဲ။အခု့ဆိုနိုင်ငံကျော်မင်းသားတောင်ဖြစ်နေပြီ။
မခ့ကိုလည်းသူ့ဘေးနားမရရအောင်ခေါ်ထားပြီးဂရုစိုက်နေတာ။နေခြည်မခ့နဲ့တော့ဖုန်းထဲမှာစကားခဏခဏပြောဖူးတယ်။အပြင်မှာတော့တစ်ခါမှမတွေ့ဖူးပေ။သို့သော်ဖုန်းscreenပေါ်မှာမြင်ရသည့်သူမ့ရဲ့မျက်နှာလေးကတော့သိပ်ကိုအပြစ်ကင်းပြီးချစ်ဖို့ကောင်းသည်။
သူမ့ပဲမင်းဆက်ကိုနားလည်ပေးပြီးဂရုစိုက်ပေးနိုင်မယ်ထင်တယ်။
ဒါကြောင့်လည်းမင်းဆက်ကအသည်းအသန်ဖြစ်နေတာပေါ့။
သိတယ်မလားမင်းဆက်ကဂျစ်ကန်ကန်နဲ့စကားနားမထောင်တတ်တဲ့ကောင်လေးလေ။
။ဖွင့်ပြောပြီးအဆင့်တက်လို့ပြောပြန်တော့လည်းအဲ့
ငကြောင်ကကြောက်နေသေးတယ်။ဒါနဲ့ပဲသူများဆီပါသွားတော့မှာမြင်ယောင်သေး။
မင်းဆက်ကစကားပြောဘူကျပေမဲ့စိတ်ထားလေးကတော့ကောင်းတဲ့ကောင်လေးတစ်ယောက်ပါ။နေခြည်တို့သားအမိကိုအများကြီးကူညီပေးခဲ့တယ်။
နိုင်ငံခြားမှာတစ်ယောက်ထဲယောင်ယောင်လည်လည်ဖြစ်နေမဲ့ကျွန်မ့ကိုသူ့အခန်းဘေးမှာအခန်းငှားပေးပြီးနေစေခဲ့သည်။ဂရုလည်းစိုက်ပေးခဲ့သည်။ခြည်လေးကလည်းသူ့ရဲ့မွေးစားအဖေကိုသိပ်ချစ်
တယ်။အပြင်မှာသိပ်မတွေ့ရပေမဲ့အားရင်အားသလိုလက်ဆောင်တွေမုန့်တွေပို့ပေးတတ်တော့တွယ်တာမိသွားတာပေါ့။
နေခြည်ချိုတွေးတောရင်းလမ်းလျှောက်လာမိသည်။
ရှေ့နားဆိုဆိုင်ကရောက်တော့မယ်။
နေခြည်လမ်းကိုဖြတ်ကူးဖို့ကားရှင်းနေတဲ့အချိန်ထိစောင့်နေလေသည်။
"အမလေး.."
နေခြည်ဘေးကဖြတ်ပြေးသွားသောကလေးတစ်ယောက်ကြောင့်လန့်သွားသည်။
ကလေးနေခြည်ချိုကိုဝင်တိုက်ပြီးကားလမ်းပေါ်ကိုတက်သွားသည်။
ဘာလဲ...ကလေး..
ကလေးဖြစ်သူလမ်းပေါ်ကခွေးပေါက်လေးကိုသွားယူတာပဲတော်သေးတယ်ကားမလာလို့။
နေခြည်ကလေးကိုပြုံးပြီးကြည့်နေမိရာကားတစ်စီးလာနေတာကြောင့်အမြန်နှုန်းနဲ့ကားလမ်းပေါ်ပြေးတက်သွားခဲ့သည်။
"ကလေး.."
ကားကအရှိန်နဲ့မောင်းလာနေပြီ။မျက်လုံးရှေ့တည့်တည့်စက္ကန့်ပိုင်းအတွင်းဝင်တိုက်တော့မည်။
နေခြည်ချိုကလေးကိုပွေ့ချီလိုက်ချိန်မမှီလောက်တော့ဘူးဆိုသောအတွေးနဲ့မျက်လုံးကိုမှိတ်ထားမိသည်။
နေခြည်ရုတ်တရက်လူတစ်ယောက်သူမ့ကိုကားလမ်းဘေးကိုတွန်းချလိုက်တာကိုသတိထားမိသွားရာလမ်းဘေးကိုလဲကျသွားသည်။
လက်တစ်ဖက်ကိုကလေးအားမထိခိုက်စေဖို့ခံထားလိုက်မိတာတော်တော်လေးနာတယ်။
နေခြည်လွတ်မြောက်သွားသောအသိကဝင်လာတဲ့နဲ့
"ကလေး...အဆင်ပြေလား.."
"ဟီး..ဟီး..."
ကလေးကြောက်လန့်ပြီးငိုသွားလေသည်။
နေခြည်နောက်ဘက်မှာသွေးတွေနဲ့လဲကျနေသောလူတစ်ယောက်ကြောင့်လန့်သွားသည်။
သူကငါ့ကိုကယ်လိုက်တာလား
"အဆင်ပြေလား..ကလေးမ"
"ဟုတ်..ဟုတ်.."
....
ဆေးရုံကားရောက်လာချိန်လဲကျနေသောသူ့ကိုခေါ်ယူသွားခဲ့သည်။
နေခြည်ကယ်ခဲ့သူကိုစိတ်ပူတာနဲ့ပဲဆေးရုံအထိလိုက်လာခဲ့သည်။
သူ့မျက်နှာမှာပါးသိုင်းမွှေးတွေနှုတ်ခမ်းမွှေးတွေကထူထပ်စွာပေါက်ရောက်နေသည့်အတွက်မျက်နှာကို
ဘယ်လိုပုံစံလဲဆိုတာတောင်သေချာမသိရ။
ဝတ်ပုံစားပုံကလည်းလူချမ်းသာထဲကမဖြစ်နိုင်ပေ။
အနည်းငယ်ညစ်ထွေးနေသောအဝတ်အစားတွေ။
နေခြည်ရဲ့လက်ကိုဆုပ်ကိုင်ထားသောသူ။သူ့ဆီကရင်းနှီးသောခံစားချက်တွေရနေမိတာအထင်မှားတာများလား။
သူကဘာလုပ်တဲ့သူလဲ။
ခန္တာကိုယ်ကလည်းသိပ်အားမရှိသလိုပဲ။
နေခြည်ချိုသူကဘယ်သူလဲဆိုတာမသိချင်ပေမဲ့ဘာလို့သူ့ကိုသေချာကြည့်နေမိ့ပါလိမ့်။
ဆေးရုံရောက်ပြီးခွဲစိတ်ခန်းဝင်လိုက်တာ လေး
နာရီလောက်ကြာပြီးနောက်အဆင်ပြေတယ်ဆိုတဲ့စကားကြားမှပဲစိတ်ချနိုင်တော့သည်။
နေခြည်ချိုဘာအလုပ်မှမလုပ်ရသေးပဲအချိန်ကုန်သွားခဲ့သည်။အခု့တော့သမီးတောင်ပြန်သွားကြိုရမယ့်အချိန်ရောက်နေပြီ။ဆိုင်ကိုလည်းခဏဝင်ကြည့်ချင်သေးတယ်။
နေခြည်ချိုမနက်ဖြန်မှလူနာလာကြည့်မယ်ဆိုသောအတွေးနဲ့ဆေးရုံမှထွက်လာခဲ့သည်။
သူအဆင်ပြေလောက်မှာပါ..တိုက်မိတဲ့သူရဲ့အိမ်ကလည်းအကုန်လုပ်ပေးနေတာပဲ..အဆင်ပြေမှာပါ.ငါ
မနက်ဖြန်မှမုန့်ဝယ်ပြီးပြန်လာခဲ့မယ်..ဟုတ်တယ်..
အား..သမီးကိုကြိုမယ့်အချိန်ကရောက်တော့မယ်..မြန်မြန်သွားရမယ်..
နေခြည်အမြန်နှုန်းနဲ့ပြေးသွားခဲ့သည်။တော်ကြာကောင်မလေးကစိတ်ကောက်နေဦးမယ်မလား။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
season2လေးကပြန်စပြီနော်

#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now