part10

52 1 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၁၀
နေခြည်အတွက်ဒီတစ်ညတာကအိပ်ပျော်ဖို့အတော်လေးခက်ခဲခဲ့သည်။
အိပ်ရာပေါ်မှာဟိုဘက်လှည့်ဒီဘက်လှည့်နဲ့ပျိုးကတောင်ထပြီးဘာဖြစ်လို့လဲလို့မေးယူရတဲ့အထိပဲ။
တစ်ချိန်ချိန်မှာဒီလိုတွေဖြစ်လာလိမ့်မယ်လို့မတွေ့မိခဲ့ဘူး။
ဒါထက်ဘာလို့များသု့တကိုခွန်းပိုင်လို့ထင်လာနေမိပါ
လိမ့်။သူကတကယ်ပဲခွန်းပိုင်ဖြစ်နေရင်ကော။
သု့တပျိုးဦးလေးကယ်ပေးထားလို့အသက်ရှင်နေတာဆိုသူကခွန်းပိုင်ဖြစ်နေလောက်မလား။
ဒါပေမဲ့ခွန်းပိုင်ကားတိုက်ခံနေရပြီဆိုရင်လည်းသူ့လူတွေကတော့လိုက်ရှာမှာပဲလေ။အထူးသဖြင့်ကြိုးကြာဖြူကအသည်းအသန်လိုက်ရှာနေလိမ့်မယ်။ဒါပေမဲ့အခု့ဟာကသူ့ကိုလာရှာတဲ့သူတစ်ယောက်မှမရှိရတာလဲ။
ဘာတွေလဲဟာ။ခွန်းပိုင်အခု့ဆိုရှင်ဘာလုပ်နေလောက်မလဲ။
ကျွန်မ့တော့ရှင်နဲ့တူတဲ့လူတစ်ယောက်နဲ့တွေ့နေရပြီ။သူ့ကိုရင်ခုန်မိနေတာလားမသိဘူး။ဒါကလည်းရှင်နဲ့တူလို့ခံစားချက်ဖြစ်ပေါ်လာမိတာလား။
နေခြည်ချိုတစ်ညလုံးအိပ်မပျော်တာကြောင့်မနက်လည်းစိတ်ကသိပ်မကြည်ပေ။ခြည်လေးကိုငေါက်လိုက်ငမ်းလိုက်နဲ့သူမ့ကိုပဲမဲကျနေသည်။
သု့တစိတ်တိုနေသောသူမ့ကိုကြည့်ပြီးငြိမ်နေမိသည်။
သူပြောလိုက်တဲ့စကားကိုနေခြည်စိတ်ဆိုးသွားပြီနဲ့တူတယ်။ဘယ်လိုများလုပ်ရပါလိမ့်။
"အမ..."
"အင်း.. ပြောလေ..မင်းဆက်.."
"ကျွန်တော်ပြန်တော့မယ်.."
"ဟမ်..ဘာလို့.."
"ကျွန်တော်လာနေတာလဲကြာပြီမလား..ဒါကြောင့်အလုပ်တွေပျက်တာတော်တော်များနေပြီ.."
"အလုပ်များလို့ပေါ့လေ.."
"ဟုတ်တယ်..."
"တော်စမ်းပါ..မင်းကောင်မလေးကိုသတိရလို့ပြန်မှာမလား.."
"ဗျာ..အဲ့ဒါက..နည်းနည်းတော့ပါတာပေါ့.."
"ဟွန်း..မပြောချင်ဘူး..ကဲ..ပြန်မယ်ဆိုလည်းပြန်ပေါ့..ဘယ်ချိန်ပြန်မှာလဲ.."
"နေ့လယ်လောက်ကျရင်.."
"ဟောတော့..ပြန်မယ်ဆိုတော့လည်းဇွတ်ပါလား..ငါတို့ကခရီးထွက်လာတာနော်.."
"အမကလည်း..ဟိုမှာမခ့တစ်ယောက်ထဲကျွန်တော့်ကိစ္စတွေဒိုင်ခံရှင်းနေရမှာ..ကျွန်တော်ပြန်သွားမှအဆင်ပြေမှာဗျ.."
"ပြောတော့သူ့ကြောင့်မဟုတ်ဘူးဆို.."
"ဟီး..ဟီး..ကဲ..ပြန်ဖို့စီစဥ်ပေးဦး."
"ဟုတ်ပြီ..အမ..ပြန်ဖို့လက်မှတ်လုပ်ပေးမယ်..အခု့တော့မနက်စာလေးစားလိုက်ဦး.."
"ကျေးဇူးပါ.."
"မလိုပါဘူးတော်.."
.......
နေခြည်ကားရှေ့ခန်းမှာငြိမ်သက်စွာလိုက်လာခဲ့မိသည်။ဘေးကမောင်းနေသူကတော့ဂဏမငြိမ်နဲ့။နေခြည်ကိုကြည့်လိုက်ရှေ့ကိုကြည့်လိုက်နဲ့။
အမှန်တော့နေခြည်အတွေးကမ္ဘာထဲမှာမျော်နေခြင်း။
လေဆိပ်လိုက်ပို့ပြီးလို့ပြန်အထွက်မင်းဆက်ရဲ့စကားတစ်ခွန်းကသူမ့ကိုငြိမ်သက်သွားစေတယ်။
"အမ..ဟိုကောင်သု့တကိုမယုံနဲ့.."
"ဘာလို့လဲ.."
"သူကအိပ်ရင်တောင်ခေါင်းရင်းနဲ့ခြေရင်းမှားနေတာ..
ဒါလေးတောင်မှားနေရင်တော့သူကဘာမှအားကိုးရမှာမဟုတ်ဘူး..သိလား..အမ့သူ့ကိုမယုံနဲ့နော်.."
"ဟင်.."
ခွန်းပိုင်လည်းစစအိပ်ချိန်ဆိုအကောင်းခဏကြာရင်ရွေ့ရွေ့သွားတတ်လို့နေခြည်ပြန်ပြီးပြင်ပေးရတာအမောပဲများလား။
သု့တကခွန်းပိုင်လိုအိပ်ရာခေါင်းရင်းခြေရင်းပြောင်းအိပ်တတ်တာလား။
နောက်ပြီးရှိသေးတယ်မနက်စာစားတုန်းကသု့တပုစွန်နဲ့မတည့်လို့အခြားဟင်းတွေမှာပေးခဲ့ရသေးတယ်မလား။ခွန်းပိုင်လည်းပုစွန်နဲ့မတည့်ဘူး။
ဒါလေးတိုက်ဆိုင်ရုံနဲ့တော့ခွန်းပိုင်မှတ်ယူမရပေမဲ့ဘာလို့များသူကခွန်းပိုင်လို့ထင်နေမိပါလိမ့်။
"နေခြည်...နေခြည်..နေခြည်.."
"ရှင်.."
"ကိုယ်မနေ့ကအတွက်တောင်းပန်ပါတယ်ဗျာ..ကိုယ်နေခြည်အတွက်မစဥ်းစားပေးသလိုဖြစ်သွားတယ်..ကိုယ်တောင်းပန်ပါတယ်နော်..ကိုယ့်ကိုစကားမပြောပဲနဲ့တော့မနေပါနဲ့..နေခြည်မကြိုက်ရင်အဲ့စကားကိုပြန်ရုတ်သိမ်းပေးပါ့မယ်.."
"ရှင်.."
သေချာစဥ်းစားတော့မှပဲသုတ့ကိုတမနက်ခင်းလုံးစကားမပြောမိခဲ့။ကိုယ့်စိတ်ကူးနဲ့ကိုယ်မို့ဘယ်သူ့ကိုမှသေချာလေးစကားမပြောမိခဲ့ဘူး။
"ဪ..ကျွန်မ့စကားမပြောမိတာကအတွေးများနေလို့ပါ..ရှင်ပြောတဲ့စကားကြောင့်စိတ်ဆိုးသွားတာမဟုတ်ပါဘူး.."
"တော်သေးတာပေါ့..ဒါဆိုနေခြည်ကိုယ်ပြောတဲ့စကားကိုလက်ခံတယ်ပေါ့..."
"ဟုတ်..အို..မဟုတ်သေးပါဘူး..နေခြည်ပြောတာကယောကျ်ားနဲ့မိန်းမကြားမှာချစ်ခွင့်ပြန်တာကအပြစ်မှမဟုတ်တာ..ကျွန်မ့လည်းဒီအတိုင်းပဲ..အခု့မပြောရင်တောင်နောင်တစ်ချိန်ပြောလာမှာပဲလေ..."
"အဲ့ဒါတော့ဟုတ်တယ်..ကိုယ်နေခြည့်ကိုချစ်နေပြီဆိုတာဖွင့်ပြောမို့လုပ်တာကြာလှပြီ...ဒါပေမဲ့လည်းပြောလိုက်ရင်စိတ်ဆိုးသွားမှာကြောက်နေမိတယ်.."
"အင်း..."
"ကိုယ်ပြောပြီးထားပြီဆိုတော့နေခြည်ဘက်ကကောကိုယ့်ကိုချစ်လား..ကိုယ့်ကိုဘယ်လိုသဘောထားလဲ."
နေခြည်အတန်ကြာငြိမ်နေမိသည်။သု့တအဖြေကိုစောင့်ဆိုင်းနေတာစာမေးခံရမဲ့ကျောင်းသားတစ်ယောက်လိုရင်တွေတဒုံးဒုံးနဲ့ခုန်နေမိသည်။
လိုချင်သောအဖြေရပါ့မလား..
နေခြည်အပြင်ကိုအတန်ကြာကြည့်ပြီးတဲ့နောက်မှာ
"ရှင်သိလား..ကျွန်မ့လေအရင်တုန်းကလူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းချစ်ခဲ့တယ်..သူ့ရဲ့အရာအားလုံးကိုခွင့်လွှတ်ပေးခဲ့တယ်..နောက်ဆုံးကုန်ကုန်ပြောရရင်သူ့မယားငယ်နဲ့ကလေးရတဲ့အထိတောင်ခွင့်လွှတ်ပေးခဲ့တာ.."
"ဘာ..အဲ့လောက်တောင်ပဲလား..မယားငယ်နဲ့ကလေးရတဲ့အထိတော့..မိုက်ရူးရဲတာပဲ.."
"ဟုတ်တယ်..ကျွန်မ့မိုက်ရူးရဲဆန်ခဲ့တယ်..ဒါပေမဲ့အဲ့ဇာတ်လမ်းမှာမှားယွင်းနေခဲ့တာကကျွန်မ့ဖြစ်နေတယ်သိလား..သူတို့ကအရင်ကတည်းကချစ်သူတွေလည်းကျွန်မ့ကသူတို့ချစ်ခြင်းကိုခွဲခဲ့တဲ့သူပေါ့.."
"အဲ့ယောကျ်ားကကိုယ်နဲ့ရုပ်ချင်းဆင်နေတဲ့သူတစ်ယောက်လား.."
"အင်း.."
"ကွာရှင်းလိုက်တဲ့အမျိုးသားကို..အခု့ထိသူ့ကိုသတိရနေတုန်းပဲလား.."
"ဟင့်အင်း..မရဘူး.."
"သေချာလို့လား.."
"ကျွန်မ့သေချာမသိဘူး.."
သု့တကားကိုလမ်းဘေးတစ်နေရာမှာထိုးရပ်လိုက်သည်။
ပြီးနောက်နေခြည့်ဘက်လှည့်လာပြီးနေခြည့်လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"နေခြည်..ကိုယ်မင်းကိုချစ်တယ်..မင်းသူ့ကိုမေ့မရသေးဘူးဆိုရင်လည်းကိုယ်စောင့်ပေးနိုင်တယ်..ကိုယ်တို့ဘဝ့ကိုအတူဖြတ်သန်းရအောင်နော်..ကိုယ်မင်းကိုအဲ့ဒီယောကျ်ားကိုမေ့နိုင်သွားအောင်လောက်ထိချစ်ပေးမယ်..ဂရုစိုက်ပေးမယ်..ခြည်လေးကိုလည်းကိုယ့်သမီးအရင်းတစ်ယောက်ထက်ကိုပိုပြီးဂရုစိုက်ပေးမယ်လေ.."
"ကျွန်မ့ရှင့်ကိုသူနဲတူလို့ချစ်သွားမိတယ်ဆိုရင်ကောရလား..ဒါတောင်ရှင်ချစ်ပေးနိုင်သေးလို့လား.."
သု့တတကယ်ဘာဆက်လုပ်ရမလဲမသိတော့။အခြားသူရဲ့အစားထိုးခံတော့မဖြစ်ချင်ပေမဲ့သူမ့ကိုလည်းအဆုံးရှုံးမခံနိုင်ဘူး။
"ကိုယ်..ကိုယ့်ကိုမင်းဘယ်လိုချစ်ချစ်ပါ..သူနဲ့တူလို့ချစ်ချင်တယ်ဆိုလည်းချစ်လိုက်..ကိုယ်အစားထိုးပေမယ်.
ဒါပေမဲ့သူလို့တော့မလုပ်ဘူး..ကိုယ်မင်းအပေါ်ဘယ်တော့မှသစ္စာမဖောက်ဘူး...ကိုယ်ချစ်တာမင်းတစ်ယောက်ထဲပဲ..ကိုယ်တို့လက်ထပ်ရအောင်..နေခြည်"
သု့တရဲ့ဆုံးဖြတ်ချက်ကမြန်သွားမှန်းသိပါတယ်။ဒါပေမဲ့ဒါတကယ်စိတ်ရင်းပဲ။သူမ့ကိုအတိတ်ထဲမှာပဲနစ်မွန်းမနေစေချင်ဘူး။နောက်ထပ်တစ်ယောက်ကိုချစ်ပြီးဘဝအသစ်မှာပျော်နေစေချင်တယ်။ခွန်းုပိင်ဆိုတဲ့သူကိုမေ့သွားပြီးအခု့သူ့ကိုပဲချစ်သွားစေချင်တယ်။အချိန်ကလုပ်ယူသွားပါလိမ့်မယ်။
သူမ့အခုမချစ်သေးရင်တောင်တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ချစ်လာမှာပါ။
.........
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
#မဒီ
စာလေးနည်းနည်းတိုသွားတယ်
😁

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now