အပိုင်း၃

1K 20 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၃
ခွန်းပိုင်ရဲ့သိပ်ချစ်ကြတဲ့လင်မယားပုံစံကြောင့်အဖိုးနဲ့အဖွားနည်းနည်းစိတ်ဆိုးပြေသွားသည်။
အဖိုးကတော့သိပ်ပြီးမယုံသေးသလိုပဲ။နေခြည်ချိုနဲ့ခွန်းပိုင်တို့ကိုသူ့အိမ်မှာဒီညတစ်ညတည်းသွားဖို့ပြောတယ်။
မြေကွက်ကိစ္စကိုမနက်ကျမှဆွေးနွေးကြမည်ဖြစ်
သည်။
"ဒါမင်းတို့နေရမယ့်အခန်းပဲ.."
"ဟုတ်ကဲ့.."
အဖိုးတို့အိမ်အပေါ်ထပ်ကအိပ်ခန်းမှာနေခြည်ချိုတို့ကိုနေခိုင်းသည်။
"ဗီရိုထဲမှာစောင်အပိုတွေ..အခုဆောင်းတွင်းပိုင်း
ရောက်နေပြီမို့မင်းတို့အေးမှာတော့သေချာပဲ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..အဖိုး."
"အင်း..ဟေ့..သူငယ်မင်းမိန်းမ့ကိုဂရုစိုက်လိုက်ဦး..သူကချစ်ခြင်းမေတ္တာကိုမသိဘူး.."
"ဗျာ..ဟုတ်..ဟုတ်ကဲ့ပါ.."
ခွန်းပိုင်အဖိုးဘာပြောတာကိုနားမလည်ပေမဲ့အတင်းခေါင်းငြိမ့်ပြလိုက်မိသည်။
"ဒါဆိုအနားယူတော့.."
"ဟုတ်ကဲ့.."
နေခြည်ချိုသူ့ကိုတောင်စောင့်မနေပဲအခန်းထဲဝင်သွားသည်။အခန်းကအိမ်ကအိပ်ခန်းလောက်မကျယ်ပေမဲ့နေလို့တော့သင့်တော်တယ်။
ထင်တာတော့အဖိုးနဲ့အဖွားငယ်ရွယ်တုန်းကဒီအခန်းလေးမှာနေခဲ့တာနဲ့တူတယ်။အခန်းကဝင်လိုက်တာနဲ့နွေးထွေးသွားသလိုပဲ။
နေခြည်ချိုဗီရိုထဲကစောင်တွေကိုတစ်ခု့ချင်းဆွဲထုတ်လိုက်သည်။
"မိန်းမ.."
နေခြည်ချိုခါးကိုလာထိတဲ့လက်ကြောင့်လန့်ပြီး
အတင်းတွန်းထုတ်မိသွားသည်။
"ဘာလုပ်..ဘာလုပ်တာလဲ.."
"ကိုယ့်မိန်းမ့ကိုကိုယ်ဖက်တာလေ..ဘာဖြစ်လို့လဲ.."
နေခြည်ချိုကိုယ့်နားကိုယ်တောင်မယုံနိုင်ဖြစ်သွား
သည်။နေခြည်ချိုရဲ့အံသြနေတဲ့မျက်နှာကိုခွန်းပိုင်အနည်းငယ်တော့အလိုမကျဘူး။
"မိန်းမ..ကိုယ့်ကိုမပြောပဲထွက်သွားရတာ..ကိုယ်
ဘယ်လောက်တောင်စိတ်ပူလိုက်ရလဲ.."
ခွန်းပိုင်လာကိုင်တဲ့လက်ကိုအတင်းရုန်းလိုက်ရင်းအနောက်ကိုအနည်းငယ်ဆုတ်လိုက်သည်။
"မိန်းမ..ဘာဖြစ်တာလဲ.."
"ရှင်ဘယ်သူလဲ.."
နေခြည်ချို..အခုမြင်နေရတဲ့သူကခွန်းပိုင်ကောဟုတ်ရဲ့လား။
"ဟမ်..ကိုယ်လေ...ခွန်းပိုင်ပါပဲ.."
"မဟုတ်ဘူး...ရှင်မဟုတ်ဘူး..ရှင်ခွန်းပိုင်မဟုတ်ဘူး"
"အို..ကိုယ်တကယ်ခွန်းပိုင်ပါဆို.."
နေခြည်ချိုကိုယ့်မျက်လုံးကိုယ်ပြန်ပွတ်နေသည်။
ဒါအိမ်မက်လား။မဟုတ်သေးပါဘူး။
"အိမ်မက်လား.."
"ဟင်အင်း.."
"ဒါဆို..ရှင်ဖျားနေတာလား.."
ကျွန်မ့သူ့နဖူးကိုလှမ်းပြီးစမ်းကြည့်မလို့လုပ်မိချိန်
ခွန်းပိုင်ကသူ့အသားထိတာမဟုတ်ဘူးဆိုတာသတိရသွားသည်။ဒါနဲ့ပဲလက်ကိုပြန်ဆုတ်လိုက်သည်။
"အ."ခွန်းပိုင်နေခြည်ချိုလက်ကိုကိုင်လိုက်ပြီးသူ့နဖူးပေါ်မှာတင်လိုက်သည်။
"ကိုယ်နေကောင်းတယ်မလား.."
ကျွန်မ့သူ့နေကောင်းမကောင်းတော့မသိဘူး။သူ့လက်ကိုကိုင်လိုက်ကတည်းကလက်တစ်ခု့လုံးအေးစက်သွားတာဘယ်အရာမှမခံစားလို့မရတော့ဘူး
နေခြည်ချိုရဲ့မျက်လုံးပြူးပြီးရပ်တန့်နေတာကြောင့်
ခွန်းပိုင်ဘာလုပ်ရမှန်းမသိတော့။
"မိန်းမ.."
မိန်းမအသံကြားမှကျွန်မကမ္ဘာကြီးပြန်လည်ပတ်လာသည်။
"ဘာလို့လဲ..ကိုယ်နေကောင်းပါတယ်.."
ကျွန်မလက်အမြန်ပြန်သိမ်းလိုက်ပြီးသူ့နဲ့ဆန်ကျင်
ဘက်ကိုကြည့်လိုက်မိသည်။
တော်တော့..နေခြည်ချို..နင်တို့ကကွာရှင်းတော့မှာ..
စိတ်ကူးယဥ်မနေနဲ့..ရူးမနေနဲ့စမ်း..သူလိုလူမျိုးကိုနင်ထက်မချစ်မိစေနဲ့...သူကနင့်ဆီကတစ်ခု့ခု့လိုချင်နေတာ..သူကမကောင်းဘူး...သူ့အတွက်ကြိုးကြာဖြူရှိပြီးသား...နင်စိတ်ထိန်းစမ်း..
"မိန်းမ..မိန်းမ..ဘာဖြစ်လို့လဲ..မိန်းမ.."
"တော်တော့..ကျွန်မ့ကိုအဲ့လိုမခေါ်နဲ့...ကျွန်မရှင့်
မိန်းမမဟုတ်ဘူး.."
"မိန်းမမဟုတ်ဘူးဆိုတော့..မင်းကဘာလဲ..
ကိုယ်လက်ထက်ယူထားတာ မင်းလေ.."
"လက်ထက်ထားတယ်ဟုတ်တယ်...ဒါပေမဲ့ရှင်မိန်းမလို့မခေါ်ပါနဲ့..ပုံမှန်အတိုင်းနေခြည်ချိုလိုပဲခေါ်..အဲ့ဒါကျွန်မတို့အတွက်ပိုကောင်းတယ်..ကျွန်မတို့နောက်ဆိုလည်းသူစိမ်းလိုပဲခေါ်ရတော့မှာပဲလေ.."
ခွန်းပိုင်ရဲ့မျက်နှာကဒေါသထွက်တဲဘက်တဖြည်းဖြည်းပြောင်းလာနေပြီ။
"ဟ..မင်းကငါကွာရှင်းပေးမယ်လို့ထင်နေတာလား...
ငါပြောပြီးသားနော်..ငါဘယ်တော့မှကွာရှင်းပေးမှာမဟုတ်ဘူး.."
အခု့မှပဲဟန်ဆောင်ထားတဲ့မြေခွေးအိုကြီးကတစ်ဖြည်းဖြည်းနဲ့အရေခွံတွေကွာကျလာတာပဲ။
"ရတယ်..ရှင်မကွာပေးရှင်းလည်းကျွန်မ့ဘာသာထွက်သွားမှာ...ရှင်နဲ့အဝေးဆုံးကိုထွက်သွားမယ်.."
"နေခြည်ချို.."
"ဘာဖြစ်တာလဲ..ရှင်ကိုမလိုချင်တဲ့သူတွေ့တော့ရှင်
စိတ်တိုတယ်မလား...ကျွန်မ့ကိုအမြန်ဆုံးထွက်သွားခိုင်းလိုက်..ရှင်လည်းစိတ်တိုစရာမလိုဘူးပေါ့.."
"ငါငြိမ်နေတိုင်းမင်းအကောင်းမှတ်မနေနဲ့.."
ခွန်းပိုင်ရဲ့လျင်မြန်လှတဲ့အရှိန်နဲ့နေခြည်ချိုရဲ့အင်္ကျီ
လည်ပင်းစကိုဆွဲမြှောက်လိုက်သည်။
နေခြည်ချိုအသက်ရှုတွေကြပ်တာထက်သူ့ရဲ့လုပ်ရပ် ကြောင့်ပိုပြီးလန့်သွားသည်။
"နေခြည်ချို..မင်းကိုငါအကောင်းပြောနေတာ...မင်းကထွက်သွားချင်တယ်ပေါ့လေ.."
"ခွန်းပိုင်..ဟူး..ဟူး..လွှတ်ပါ..ကျွန်မ့နာနေပြီ.."
"မင်းဘယ်မှမထွက်သွားရဘူး..မင်းကိုဘယ်မှထွက်သွားခွင့်မပေးဘူး..မင်းငါ့အနားမှာပဲနေရမယ်.."
"ခွန်းပိုင်..ခွန်းပိုင်..ကျွန်မ့နာတယ်..လွှတ်ပါ...လွှတ်ပေးပါနော်.."
"မင်းငါ့အနားကထွက်သွားမှာလား..ပြော..ပြောလေ.."နာတယ်..ကျွန်မ့အသက်ရှုကြပ်တယ်..ခွန်းပိုင်.."
"ပြောလေ."
"အင်း..အင်း..ကျွန်မထွက်မသွားဘူး..ရှင်အနားမှာနေပါ့မယ်..."
"ကတိပေးလား.."
"အင်း.."
ခွန်းပိုင်လွှတ်လိုက်သည်နဲ့တစ်ပြိုင်နက်နေခြည်ချို
ကြမ်းပြင်ပေါ်သို့ပစ်လဲကျသွားသည်။
နေခြည်ချိုအခု့အခြေအနေမျိုးကိုတစ်ခါမှမကြုံဖူးဘူးခွန်းပိုင်ဒီလောက်ဒေါသထွက်တာကိုလည်းမမြင်ဖူးဘူး
နေခြည်ချိုပြန်မထနိုင်လိုက်အောင်တုန်လှုပ်နေသည်
အသက်ကိုဝအောင်မရမကရှုသွင်းနေရသည်။
ကြောက်စရာကောင်းတယ်။ခွန်းပိုင်ကိုဒီလိုဆိုးသွမ်းမယ့်သူလို့မထင်ခဲ့ဘူး။
ကျွန်မကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကြောင့်မျက်ရည်တွေအဆက်မပြတ်ကျနေသည်။
"တောင်း..တောင်းပန်ပါတယ်..တောင်းပန်ပါတယ်..
တောင်းပန်ပါတယ်..ငါတောင်းပန်ပါတယ်...တောင်းပန်ပါတယ်..တောင်းပန်ပါတယ်..ငါမရည်ရွယ်ခဲ့ပါဘူး..တောင်းပန်ပါတယ်.....တစ်ယောက်ထဲမထားခဲ့ပါနဲ့"
ကျွန်မတိုးငြင်းစွာမပြီးမသနဲ့ထွက်လာတဲ့အသံတွေကိုကြားလိုက်ရသည်။
"တောင်းပန်ပါတယ်..ငါတကယ်တောင်းပန်ပါတယ်..ဟီး..ဟီး..တောင်းပန်ပါတယ်နော်..ငါမရည်ရွယ်ပါဘူး..ငါ့စီကထွက်မသွားပါနဲ့နော်.ငါတောင်းပန်ပါတယ်နော်.."
နေခြည်ချိုတောင်းပန်ပါတယ်လို့အသံတိုးတိုးတွေက်ိုကြားပြီးအပေါ်ကိုကြည့်မိသည်။
ကျွန်မ့ရှေ့မှာဘယ်သူမှရှိမနေ။စကားသံတွေကတော့
အိပ်ရာဘေးကလာသလိုပဲ။
နေခြည်ချိုဖြေးဖြေးချင်းထပြီးအိပ်ရာဘေးကို
လျှောက်သွားမိသည်။
နေခြည်ချိုမျက်စိရှေ့ကလူကိုမယုံနိုင်အောင်ဖြစ်နေသည်။ပါးစပ်ကနေတောင်းပန်သံတွေတတွတ်တွတ်ပြောနေပြီးမျက်ရည်တွေအပြည့်နဲ့ဒူးထောက်ပြီးခေါင်းငုံကငိုနေတဲ့ခွန်းပိုင်ကိုအထူးအဆန်းနဲ့ရပ်ကြည့်နေမိသည်။
သူ့တစ်ကိုယ်လုံးကတုန်လှုပ်နေပြီးပါးစပ်က
တောင်းပန်သံတွေပဲဆိုနေတယ်။တစ်ခု့ခု့ကိုကြောက်လန့်နေသလိုပဲ။နောက်ပြီးထွက်မသွားဖို့ပြောနေတယ်။
ဘာကိုလဲ...
'သမီးလေး..နေခြည်..ဖွားတစ်ခု့ပြောပြမယ်..အဲ့ဒါသိပြီးရင်သမီးခွန်းပိုင်ကိုပစ်သွားမှာလား'
'ရှင်..ဘာပြောမှာမလို့လဲ'
'သမီးအရင်ဖြေပါ..အဲ့ကိစ္စသိပြီးသွားရင်.ခွန်းပိုင်ကို
ပစ်မသွားဘူးမလား..ဖွားကိုမေးတာကိုအရင်ဖြေ'
'ဟုတ်ကဲ့ပါ..သမီး..အကို့ကိုဘယ်တော့မှပစ်မသွားပါဘူး..'
'ဟုတ်ပြီလေ..ဖွားပြောပြမယ်..သမီးအကိုကစိတ်ကျရောဂါသည်တစ်ယောက်ပဲ..သမီးလန့်မသွားပါနဲ့နော်.
သူကစိတ်အပြောင်းအလဲအရမ်းမြန်တယ်..စိတ်ကျရောဂါကိုသူ့ဒယ်ဒီနဲ့မာမီဆုံးသွားကတည်းကပဲ..ဖြစ်ချင်တော့သူတို့ဆုံးပြီးမကြာခင်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လည်းသူ့ပေါ့ဆမှု့ကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်..အဲ့အချိန်ကတည်းကဆိုပါတော့..
ဖွားတို့အတတ်နိုင်ဆုံးကုပါတယ်.ဒါပေမဲ့အခု့ချိန်ထိတော့သူ့ရောဂါကပေါ်လိုက်ပျောက်လိုက်ဖြစ်နေတုန်းပဲ.သူကအပြင်ပိုင်းကကြည့်ရင်သာလူကောင်းတစ်ယောက်လို့ထင်ရပေမဲ့သူစိတ်ထဲမှာတော့အမြဲအထီးကျန်နေတယ်..တစ်ခု့ခု့ဆိုတဇွတ်ထိုးလုပ်တတ်တယ်..သူအကြောက်ဆုံးကတော့သူ့နားကသူတွေထွက်သွားမှာကိုပဲ..အဲ့အချိန်ကျရင်သူ့ပုံစံဖွားတို့မြင်နေကြလူနဲ့မတူတော့ဘူး..
အရမ်းကိုပြောင်းလဲသွားလိမ့်မယ်..အဲ့လိုဖြစ်နေတာကိုလည်းသူတော်ရုံတန်ရုံလူဆိုထုတ်ပြမှာမဟုတ်ဘူး..သူ့အတွက်အရေးကြီးတဲ့သူပဲသူ့အဲ့ပုံစံကိုမြင်နိုင်လိမ့်မယ်..ဒါကြောင့်သမီးသူနဲ့လက်ထက်မယ်လို့ဆုံးဖြတ်ထားပြီးပြီဆို..သူ့ကိုဘယ်တော့ထားမသွားပါနဲ့နော်..
သူနားမှာတစ်ယောက်မှမရှိရင်သူသေသွားလိမ့်မယ်.."
"ဖွားရယ်.."
အဲ့နေ့ကဖွားသတိပေးခဲ့ပေမဲ့ကျွန်မ့ဇွတ်တိုးခဲ့မိတယ်။ခွန်းပိုင်ကိုလက်ထက်ခဲ့တယ်။အတူနေလာတဲ့နှစ်နှစ်တာကာလအတွင်းမှာခွန်းပိုင်ရဲ့အခုလို့ပုံစံကိုတစ်ခါမှမမြင်ခဲ့ရဘူး။သူကျွန်မ့ကိုမယုံကြည်လို့ပဲနေမှာပေါ့။
"တောင်းပန်ပါတယ်..ငါမရည်ရွယ်ခဲ့ပါဘူး.."
"ခွန်းပိုင်.."
နေခြည်ချိုသူ့ဘေးမှာသွားထိုင်လိုက်သည်။
"ငါတောင်းပန်ပါတယ်..ငါမင်းကိုတမင်လုပ်လိုက်တာမဟုတ်ပါဘူး..ငါ့ကိုယုံပါနော်..ယုံပါ..ငါတကယ်မလုပ်ခဲ့ပါဘူး..ငါတောင်းပန်ပါတယ်.."
ခွန်းပိုင်အရုပ်ကြိးပျက်ကျသလိုပုံစံမျိုးနဲ့နေခြည်ချိုကိုတောင်းပန်နေသည်။
"တောင်းပန်ပါတယ်.."
"ခွန်းပိုင်..ခွန်းပိုင်..ခွန်းပိုင်..
"ငါတောင်းပန်ပါတယ်..ငါအမှားလုပ်မိထားတယ်..ငါတောင်းပန်ပါတယ်..ငါ..ငါ.."
"ခွန်းပိုင်..ခွန်းပိုင်..ရှင်စိတ်ထိန်းပါဦးနော်..ဒီမှာ..ကျွန်မ့ကိုကြည့်ပါဦး..ခွန်းပိုင်.."
"မကြည့်ဘူး..မကြည့်ဘူး..မင်းငါကိုစိတ်တိုမှာ..မကြည့်ဘူး.."ခွန်းပိုင်ခေါင်းတွေအတင်းခါပြီး
နေခြည်ချိုကိုကြည့်ဖို့ငြင်းနေသည်။
"ငါတောင်းပန်ပါတယ်.."
"ခွန်းပိုင်..ကျွန်မ့ကိုကြည့်ပါ..ကျွန်မစိတ်မတိုပါဘူး..ကြည့်ပါ..ယုံပါနော်..ခွန်းပိုင်..ကျွန်မပြောတာကိုနားထောင်နော်...ကျွန်မ့ကိုမော့ကြည့်ပါနော်...ခွန်းပိုင်.."
ခွန်းပိုင်အသံမထွက်ပေမဲ့ငြင်းနေတုန်းပဲ။ဒါပေမဲ့သူတဖြည်းဖြည်းနဲ့ငြိမ်လာပြီ။တုန်လှုပ်နေတာလဲလျော့ကျသွားတယ်။
"ခွန်းပိုင်..ကျွန်မ့ကိုကြည့်နော်..ကျွန်မ"
"ေနခြည်ချို..မင်းငါ့ကိုထားသွားလို့ရပါတယ်.."
"ခွန်းပိုင်..."
"ငါ့ရဲ့တစ်ဖက်ခြမ်းကိုမင်းမြင်ပြီးပြီပဲ..ငါ့ကိုထားခဲ့
လိုက်တော့.."
ခွန်းပိုင်ကိုယ်ပိုင်အသိစိတ်ပြန်ရောက်လာပြီ။သူပါးထက်ကမျက်ရည်တွေကိုသုတ်လိုက်ပြီး
မတ်တပ်ရပ်လိုက်သည်။
နေခြည်ချိုဘာမှနားမလည်တော့တဲ့ပုံနဲ့ရပ်နေလေ
သည်။
"ခွန်းပိုင်.."
"မင်းစိတ်ကုန်နေပြီမလား..ငါနဲ့ကွာရှင်းချင်နေတယ်မလား..ရပါတယ်..မင်းဖြစ်ချင်တဲ့အတိုင်းမင်းဖြစ်စေရ
မယ်..ဒါပေမဲ့ငါတောင်းဆိုတာကိုမင်းလိုက်လျောပေးရမယ်..."
"ဘာလဲ.."
"ငါနဲ့အတူတစ်နှစ်လင်မယားအစစ်အတိုင်းနေပေးရ
မယ်.."
"ဟမ်.."တောင်းဆိုတာကြီးကအစမ်းပဲ။
တစ်နှစ်လင်မယားအစစ်အတိုင်းနေရမယ်။
"ဘာလို့လဲ.."
"ငါ့မှာအကြောင်းပြချက်မရှိဘူး..ငါတစ်နှစ်နေပြီးရင်
မင်းကိုကွာရှင်းပေးမယ်..မင်းကိုပိုင်ဆိုင်မှု့တစ်ဝက်
လည်းခွဲပေးမယ်..ဘယ်လိုလဲ..မင်းသဘောတူလား."
ပိုင်ဆိုင်မှု ့ကထားပါ။ကျွန်မ့ကလေးကကော..တစ်နှစ်မပြောနဲ့နောက်သုံးလလောက်နေရင်ဗိုက်ကထွက်လာတော့မယ်။
ကလေးရှိမှန်းမသိစေချင်လို့သူနဲ့ကွာရှင်းပါတယ်ဆို။ရှုပ်ကုန်တော့မှာပဲ။
"မရဘူး..သဘောမတူဘူး..."
"ဘာလို့လဲ.."
"ကျွန်မ့လည်းရှင့်လိုအကြောင်းပြချက်မရှိဘူး..ကျွန်မ့အခု့ချက်ချင်းပဲကွာရှင်းချင်တယ်.."
"ဒါဆိုရင်တော့မရဘူး..ငါ့ပြောတဲ့အတိုင်းနောက်တစ်နှစ်နေမှကွာရှင်းရင်ကွာရှင်းမကွာရှင်းဘူးဆိုမင်းကို
တစ်သက်လုံးမလွတ်ပေးဘူး.."
"ဟာ..ခွန်းပိုင်..ရှင်ဘာဖြစ်ချင်နေတာလဲ..ကျွန်မ့ကိုကွာရှင်းပေးလိုက်တော့ရှင်အမြန် ငြိမ်းချမ်းတယ်မဟုတ်ဘူးလား..."
"ငါကငြိမ်းငြိမ်းချမ်းချမ်းနေချင်ပါတယ်..မင်းသာကွာရှင်းမယ်မပြောရင်.ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူး..ကဲပြောသဘောတူလား.."
"မတူဘူး..."
"မတူဘူးဆိုတော့မင်းကငါ့ဘေးမှာတစ်သက်လုံးနေချင်နေတယ်ထင်တယ်.."
"မနေပါဘူး...ကျွန်မ့အခြားနည်းစဥ်းစားနေတာ.."
"ဟား.စဥ်းစားမနေနဲ့...ကိုယ့်ပြောတာကိုလက်ခံလိုက်ပါမိန်းမရယ်..."
"ရှင့်ကိုအဲလိုမခေါ်နဲ့လိုပြောထားတယ်လေ..."
"ဘာဖြစ်လို့လား..မင်းကကိုယ့်မိန်းမပဲဟာကို.."ခွန်းပိုင်နေခြည်ချို့  ခါးကိုဆွဲယူလိုက်ကြီးဖက်လိုက်သည်။
"ခွန်းပိုင်.."
နေခြည်ချိုရဲ့ပါးကိုဖွဖွလေးနမ်းလိုက်သည်။
နေခြည်ချိုနမ်းခံလိုက်ရတာနဲ့ပဲပါးပြင်တစ်ခု့လုံးနီရဲလာသည်။
ရင်တွေလည်းပေါက်ထွက်မတတ်ခုန်လာပြီ။
စိတ်ကုန်တယ်..ငါနော်..
"ခွန်းပိုင်..လွှတ်..ခွန်းပိုင်.."
"မလွှတ်ဘူး..မင်းကိုယ်ပြောတဲ့အတိုင်းသဘောတူလား.."
"မတူဘူး.."
"မိန်းမ..မိန်းမ."
ခွန်းပိုင်နေခြည်ချိုကိုတင်းကျပ်စွာဖက်လိုက်သည်။
ခွန်းပိုင်ရဲ့အပြောင်းအလဲမြန်တတ်တဲ့စိတ်ကိုနေခြည်ချိုနားမလည်တော့ဘူး။အခု့လေးတင်ဒေါသထွက်ပေါက်ကွဲ..နောက်ပြီးပုံမှန်လူအတိုင်းပြန်ဆက်ဆံနောက်တော့အခု့လိုချွဲတတ်တဲ့ကလေးဆိုးလိုဖြစ်သွားတယ်။
"ရှင်လွှတ်ပေးပါတော့..ကျွန်မ့အသက်ရှုကြပ်လာပြီ.."
"ဒါဆိုကိုယ့်ကိုပြော..ကိုယ်နဲ့တစ်နှစ်နေပေးမှာလား..မနေပေးဘူးဆိုမလွှတ်ဘူးနော်.."
"ဟမ်း.."
"ပြောလေ.."
"ေနနေပေးပါ့မယ်..."
ကျွန်မ့အခု့အခြေအနေကနေအမြန်ဆုံးလွတ်နိုင်ဖို့အတွက်သူ့ပြောတဲ့အတိုင်းသဘောတူလိုက်ရသည်။
"တစ်နှစ်ပြီးရင်တော့ကျွန်မ့ကိုထွက်သွားခွင့်ပေးမယ်မလား.."
"အင်း..ကိုယ့်မိန်းမသဘော.."
"ဒါဆိုလွှတ်ပေးတော့လေ.."ခွန်းပိုင်နေခြည်ချိုကိုလွှတ်ပေးလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်..."
သူဘာကြောင့်တောင်းပန်လဲဆိုတာကျွန်မ့မသိဘူး။သူ့ကိုခွင့်လွှတ်ပေးရမှာလား။စိတ်တိုရမှာလည်းကျွန်မ့မသိဘူး။
"ထားလိုက်ပါတော့.. "
"ဒါဆိုကိုယ်တို့အိပ်ကြရအောင်..ညနက်နေပြီ.."
"အင်းပါ..ရှင်အရင်အိပ်နှင့်ကျွန်မ့အောက်ထပ်သွားပြီး...ရေနွေးတစ်ခွက်လောက်သောက်ချင်သေးလို့.."
"ဟုတ်ပါပြီ.."
ကျွန်မ့အောက်ထပ်ကိုဆင်းလာခဲ့သည်။
လှေကားအဆင်းအဖိုးတို့အခန်းတံခါးကပွင့်နေတာကြောင့်အထဲကိုခိုးကြည့်မိလိုက်သည်။
အဖိုးကအဖွားရဲ့ကုတင်ဘေးမှာကုတင်တစ်ခု့ထားလိုက်ပြီးအဲ့ပေါ်မှာအိပ်နေသည်။
ကျွန်မ့ပြုံးလိုက်မိတဲ့တစ်ချက်ကတော့အဖိုးနဲ့အဖွားကအိပ်နေတာတောင်လက်ချင်းဆုပ်ကိုင်ထားလို့ပဲ။
သူတို့ရဲ့အချစ်ကအချစ်စစ်ပါ။တစ်ယောက်ပေါ်တစ်ယောက်နားလည်ပေးပြီးနောက်ဆုံးအချိန်ထိအတူရှိပေးနေတယ်လေ။
အဖိုးရဲ့အားနည်းချက်တွေကိုအဖွားကခွင့်လွှတ်သည်းခံပေးတယ်။
ကျွန်မကတော့သည်းခံနားလည်ပေးဖို့ထက်အဝေးကိုထွက်သွားဖို့ပဲစဥ်းစားနေခဲ့တာ။ခွန်းပိုင်နားကထွက်သွားရင်သူလည်းပျော်ရွှင်ရမလိုအားလုံးလည်းအေးချမ်းသွားလိမ့်မယ်ထင်ခဲ့တာ။အခုတော့သူ့နားကထွက်မသွားနိုင်ပဲဆက်ပြီးနေချင်နေသေးတယ်။
ကလေးကိုသူနားလည်ပေးလောက်မယ်ထင်လား။
ကျွန်မ့ရူးမိုက်တာတော်တော်များနေပြီ။နာကျင်ရတာလည်းတော်တော်များနေပြီ။
အခု့ဆိုခွန်းပိုင်ကပုံစံအမျိုးမျိုးပြောင်းလဲနေတာတော်ကြာစိတ်တိုလိုက်တော်ကြာစိတ်ပြေသွားလိုက်နဲ့။ကွာရှင်းဖို့ကိုတော့တောင်းဆိုလို့ရမှာမဟုတ်သေးဘူး။
ကျွန်မရေနွေးတစ်ခွက်မသောက်တော့ပဲအပေါ်ထပ်ကိုပြန်တက်လာခဲ့သည်။
အခန်းထဲမှာတော့ခွန်းပိုင်ကအိပ်ပျော်နေလောက်ပြီ။သူအိပ်အောင်စောင့်ပြီးမှတက်လာခဲ့တာ။
ကျွန်မ့ခွန်းပိုင်ရဲ့ဘေးနားမှာဝင်လဲလိုက်သည်။အအေးပိုင်းဒေသမို့ချမ်းမှာတော့အမှန်ပဲ။ကျွန်မ့စောင်ကိုသေချာလုံအောင်ခြုံပြီးခွန်းပိုင်ကိုပါခြုံပေးလိုက်သည်။
နေခြည်ချိုမီးပိတ်ရန်ခလုတ်ကိုလှမ်းလိုက်ချိန်
"မိန်းမ.."ခွန်းပိုင်ရဲ့လက်ကနေခြည်ချို
ရဲ့ခါးကိုလာဖက်တာကြောင့်တုန်သွားသည်။
"မအိပ်သေးဘူးလား..."
"ကိုယ်မင်းကိုစောင့်နေတာ.."
နေခြည်ချိုမီးကိုပိတ်လိုက်ပြီးနေရာမှယပြန်အိပ်လိုက်သည်။ခွန်းပိုင်သူ့လက်ကိုနေခြည်ချိုဗိုက်ပေါ်တင်ရင်းဖြည်းညင်းစွာပွတ်ပေးနေသည်။
"မိန်းမ.."
"အင်း.."
"ကိုယ်ဒီနေ့ဖြစ်သွားတာတွေအတွက်တောင်းပန်ပါ
တယ်..ကိုယ်ပုံစံကြောင့်မင်းကြောက်သွားမယ်ဆိုတာလည်းသိပါတယ်..."
"ဒါဆိုဘာလို့ရှင်ထုတ်ပြခဲ့လဲ..."
"ကိုယ်မင်းကိုဆုံးရှုံးရမှာကြောက်တယ်..ကိုယ့်ဘဝမှာမင်းသိလား..မင်းတစ်ယောက်ပဲရှိတော့တာ...ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး..မင်းထွက်သွားမယ်လို့ပြောတော့ကိုယ်ဘယ်လောက်နာကျင်ရလဲဆိုတာမင်းမသိပါဘူး.."
နေခြည်ချိုသူ့ဘက်ကိုလှည့်လိုက်သည်။
"ရှင်ဘယ်သူလဲ.."
"ဟင်..ကိုယ်ခွန်းပိုင်လေ.."
"ဟုတ်တယ်..ရှင်ကခွန်းပိုင်ဆိုဘာလို့ဒါတွေလာပြောနေရတာလဲ..ကျွန်မ့သိတဲ့ခွန်းပိုင်ကဒီလိုမဟုတ်ဘူး..သူကရဲရင့်တယ်..ပြတ်သားတယ်..နောက်ပြီးကျွန်မ့ဆိုဘယ်တော့မှလှည့်မကြည့်တတ်တဲ့သူမျိုး.."
"အဲ့ဒါမင်းမသိခဲ့လို့ပါ.."
"ဘာ.."
"ကိုယ်ကမင်းမြင်သလိုမဟုတ်ဘူး..ရဲရင့်တယ်ပြတ်သားတယ်ဟုတ်တယ်..ဒါပေမဲ့မင်းကိုဘယ်တော့မှ
လှည့်မကြည့်ခဲ့တာတော့မဟုတ်ဘူး..ကိုယ်အမြဲလှည့်ကြည့်ခဲ့တယ်..ဒါပေမဲ့မင်းကဘယ်တော့မှရှိမနေတော့ဘူး..."
သူပြောတာကိုကျွန်မ့ယုံပေးရမှာလား။ကျွန်မလိမ်နေမှန်းလည်းသိတယ်။နေခြည်ချိုရဲမျက်လုံးတွေခွန်းပိုင်ကိုသံသယတွေနဲ့ကြည့်နေသည်။
"မင်းကိုယ်လိမ်နေတယ်လို့ထင်နေတယ်မလား.."
"အင်း.."
နေခြည်ချိုရဲ့အဖြေကြောင့်ခွန်းပိုင်ဝမ်းနည်းသွားသည်။သူတကယ်သူမ့ကိုလှည့်ကြည်ခဲ့ပါတယ်။
"ကိုယ့်ကိုဘာလို့လိမ်နေတယ်များထင်ရတာလဲ.."
"အဲ့ဒါရှင်းရှင်းလေးပါ..ရှင်ကအမြဲကျွန်မ့ထက်ကြိုးကြာဖြူကိုဦးစားပေးတယ်...သူကကျွန်မ့ထက်အရာရာအရေးကြီးတယ်..ဟုတ်တယ်မလား..ဒါနဲ့တင်အဖြေကရနေပြီ.."
"ကိုယ်ဦးစားပေးတယ်ဆိုတာမှန်ပါတယ်..ဒါပေမဲ့ကြိုးကြာဖြူကသနားစရာကောင်းတဲ့ကလေးမတစ်ယောက်နောက်ပြီးသူ.သူ့အကိုကကိုယ်ကြောင့်..
ကိုယ်ကြောင့်သေသွားရတာလေ..ကိုယ်ဒါကြောင့်သူအကိုအစားသူ့ကိုဂရုစိုက်ပေးရုံလေးပါ.."
ဟုတ်လား..ရှင်ဂရုစိုက်ပေးတာကလည်းသူနဲ့ကိုယ်ဝန်ရလောက်အောင်ထိလားခွန်းပိုင်...
"ကိုယ့်ကိုယုံပါနော်..ကိုယ်သူ့ကိုညီမလေးတစ်ယောက်အဖြစ်ကလွဲပြီးဘာမှခံစားချက်မရှိပါဘူး.."
နေခြည်ချိုဘာမှပြောချင်စိတ်မရှိတော့ပေ။သူ့လိမ်တမ်းစကားတွေလည်းနားမထောင်ချင်တော့။
"မိန်းမ..ကိုယ်ပြောတာယုံပါနော်.."
"ကျွန်မ့အိပ်ချင်ပြီ..good nightပါ.."
နေခြည်ချိုခွန်းပိုင်ရဲ့လက်ကိုဖယ်ချလိုက်ပြီးသူ့ကို
ကျောပေးလိုက်သည်။
"မိန်းမ.."
ခွန်းပိုင်ရှင်ကသူကလေးရဲ့အဖေဖြစ်နေပြီးတာ တောင်ညီမလေးလိုပဲသဘောထားတယ်ဆိုပဲ။
ရှင်သူ့ကိုညီမလေးလိုပဲသဘောထားခဲ့ရင်တောင်ကျ်န်မ့အပေါ်လုပ်ခဲ့တဲ့အရာတွေကတော့ပျောက်ပျက်သွားမှာမဟုတ်ဘူး။
🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋
နေခြည်ချိုဖုန်းalarmသံကြားတာနဲ့အိပ်ရာကနှိုးလာခဲ့သည်။မနေ့ကပေးခဲ့တဲ့alarmကိုပိတ်ဖို့မေ့နေခဲ့မိတာ။အခုတော့မနက်လေးနာရီနှိုးနေရပြီ။
နှိုးလက်စနဲ့အောက်ထပ်ကိုအိမ်သာလေးသွားလိုက်ပါမယ်ဆိုသောအတွေးနဲ့ထလိုက်တာ။နေခြည်ချိုခြေထောက်နားကခေါင်းတစ်ခု့ကြောင့်
လန့်သွားသည်။
"အမလေး..ဘာကြီးလဲ...
ကျွန်မ့နည်းနည်းလေးတိုးကြည့်မိတော့မှခွန်းပိုင်မှန်းသိတော့တယ်။သူခေါင်းကခြေရင်းရောက်ပြီးခြေထောက်ကခေါင်းရင်ရောက်နေပြီ။အခုလည်းချမ်းလို့ကွေးနေတယ်။
ခွန်းပိုင်ရဲ့ဒီလိုပုံစံကိုပထမဆုံးမြင်ဖူးခြင်းပဲ။သူကအမြဲတမ်းအိပ်ရာကျွန်မ့ထက်အရင်ထွက်သွားတတ်တယ်လေ။ဒါကြောင့်သူ့ရဲ့ဒီလိုယောင်တတ်တဲ့အကျင့်ကိုမသိ
လိုက်ဘူး။
နေခြည်ချိုသူ့အပေါ်မှာစောင်သေချာခြုံပေးပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်။
အဖိုးကတော့အိမ်ရှေ့မှာလေ့ကျင့်ခန်းလုပ်နေပြီ။အဖွားကတော့ကျန်းမာရေးသိပ်မကောင်းလို့အိပ်ရာကနေအခု ထိမနှိုးသေး။ကျန်းမာရေးမကောင်းတော့အိပ်လိုက်ပြန်နှိုးလိုက်ပေါ့။
"အဖိုး..အစောကြီးထပြီးလေ့ကျင့်ခန်းတွေလုပ်နေပြီလား.."
"နှိုးလာပြီလား..ဟိုမှာမင်းတို့မျက်နှာသစ်ဖို့ရေနွေးရှိတယ်..မင်းယောကျ်ားကောနှိုးပြီလား.."
"မနှိုးသေးပါဘူး..သူတော်တော်အိပ်မောကျနေတာ"
နေခြည်ချိုရေဖလားထဲရေနွေးအနည်းငယ်ထည့်လိုက်ပြီးရေလေးနည်းနည်းထပ်ထည့်လိုက်သည်။
"မနေ့ညကမင်းတို့ပြဿနာဖြစ်ကြတယ်မလား.."
"အဲ့လောက်တောင်အသံကျယ်သွားတာလားအဖိုး.."
"အင်း...ငါနဲ့တော့မဆိုင်ပါဘူး..ဒါပေမဲ့တစ်ခု့ပြောချင်တယ်.."
"ပြောပါ..အဖိုး.."
"အိမ်ထောင်တစ်ခု့မှာအချစ်တစ်ခု့တည်းအရေးပါတာမဟုတ်ဘူး..နားလည်ပေးမှု့ကလည်းအရေးကြီးတယ်
အချစ်နဲ့တည်ဆောက်တိုင်းလည်းအိမ်ထောင်ရေးတစ်ခု့ကတည်မြဲမယ်မထင်နဲ့..မင်းတို့ဘဝတွေကပြည့်စုံပြီးသားတွေပါ..တစ်ယောက်နဲ့တစ်ယောက်နားလည်မှု့လေးပေးလိုက်..သူ့ဘက်ကနေပြီးတော့လည်း
ကိုယ်ချင်းစာပေးချည့်...သူအတွက်အနည်းဆုံးအခွင့်အရေးတစ်ကြိမ်လောက်ပေးလိုက်ပါ...အဲ့ဒါမှသူတန်ဖိုးမထားတတ်ရင်တော့မင်းသူ့ကိုစွန့်လွှတ်လို့ရပြီ..
အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာမခက်ဘူး
တည်မြဲဖို့ပဲခက်တာပါ..."
"ဟုတ်ကဲ့ပါ..အဖိုး..သမီးမှတ်ထားပါ့မယ်.."
"နောက်ပြီးမင်းမိန်းမပီသအောင်နေစမ်းပါ.."
"ရှင်..အဖိုးဘာပြောချင်တာလဲ.."
"ယောကျ်ားဆိုတဲ့အမျိုးခက်ခဲတာကိုလိုချင်ကြတယ်ဆိုတာမှန်တယ်..ဒါပေမဲ့အရမ်းတင်းမာနေရင်တော့သူ့ဘက်ကလက်လျော့သွားလိမ့်မယ်...ယောကျ်ားဆိုတာတစ်ခါတစ်လေမှာချွဲ့နွဲ့ပြီးသူတို့ကိုဆိုးမှကြိုက်တတ်ကြတယ်..သာယာသွားတတ်ကြတယ်..ဒါကိုတော့သတိထားဖို့လို့တယ်..မင်းလည်းမိန်းမပီပီသသဆိုးနွဲ့စိတ်ကောက်ပြလိုက်..မင်းယောကျ်ားမင်းဘက်ပြန်ပါလာစေရမယ်.."
"ဟာ..အဖိုးကလည်း..သူကအစကတည်းကသမီးဘက်ကပါ.."
"မင်းမျက်ဝန်းတွေမှာလိမ်ညာနေတာတွေပါနေတယ်
တော်ပြီ...အဖွားကြီးကိုသွားနှိုးလိုက်ဦးမယ်..မနက်စာစားရအောင်..မင်းယောကျ်ားလည်းသွားနှိုးတော့.."
"ဟုတ်ကဲ့.."
အဖိုးကကျွန်မ့လိမ်ညာနေတာတွေကိုသိတာပဲ။ကျွန်မ့ကိုယ်ကျွန်မ့တော့ခံစားချက်ကိုထုတ်မပြတဲ့နေရာမှာတော်လှပြီထင်နေခဲ့မိတာ.မဟုတ်ဘူးပဲ။
🍛🍛🍛🍛🍛🍛🍛🍛🍛🍛🍛🍛🍛🍛🍛🍛
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now