အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၆
ခွန်းပိုင်ထွက်သွားပြီးတစ်ပါတ်လောက်ကြာသောအခါ
နေခြည်ချိုရတနာပို့လာသောမေးလ်ကိုဖွင့်ကြည့်
လိုက်သည်။
"သေချာကြည့်နော်..နောက်ဆုံးကိုသေချာကြည့်"
ဘာလဲဟ..
နေခြည်ချိုဗီဒီယိုကြောင့်မျက်လုံးတွေပြူးကျယ်သွားသည်။
အခု့ပုံကစီစီတီဗီကရိုက်ထားမိသောအရာပဲ။နေခြည်ချိုခွန်းပိုင်နဲ့ကြိုးကြာဖြူဖောက်ပြန်နေတယ်လို့ထင်ခဲ့ရသည့်အချိန်။
ကြိုးကြာဖြူခွန်းပိုင်ကိုတွဲပြီးအခန်းထဲကိုဝင်သွားခဲ့
သည်။ခဏကြာတော့နေခြည်ချိုနဲ့ရှင်မင်းဆက်ရောက်လာခဲ့သည်။
နေခြည်ချိုအခန်းအပေါက်ဝနေတံခါးခေါက် တောင်
မကြည့်ပဲနဲ့တစ်ခု့ခု့ကြောင့်ဒေါသတကြီးပြန်ထွက်သွားခဲ့သည်။
ရှင်မင်းဆက်အနောက်ကနေပြေးလိုက်သွားသည်။
နေခြည်ချိုထိုအရာတွေကသူမကြုံပြီးသားမို့သူ့အတွက်စိတ်ခု့ရုံကဘာမှမတတ်နိုင်။
ဘာလို့များသူကပို့လိုက်ရတာလဲ။
နောက်ထပ်တစ်မိနစ်ကြာခွန်းပိုင်ပြေးထွက်လာခဲ့သည်။
ကြိုးကြာဖြူအနောက်ကနေလိုက်လာပြီးခွန်းပိုင်ခြေထောက်ကိုသေမတတ်ဖက်တွယ်ထားသည်။
နေခြည်သူတို့အသံတွေမကြားပေမဲ့အခု့ပုံစံကစိတ်ဝင်စားစရာပဲ။
ခွန်းပိုင်ကြိုးကြာဖြူကိုစောင့်တွန်းလိုက်တာကြိုးကြာဖြူနံရံနဲ့ထိသွားပြီ။
နေဦး..ခေါင်းပေါက်သွားတာလား။နေခြည်ချိုဖုန်းscreenကိုအနီးကပ်ကြည့်လိုက်သည်။
ကြိုးကြာဖြူခေါင်းကစီးကျလာသောသွေးကိုမြင်ပြီးလန့်သွားသည်။ခွန်းပိုင်သူမ့ကိုလက်ညိုးငေါက်ငေါက်ထိုးပြီးဘယပြောလိုက်တာလဲမသိ။ကြိုးကြာဖြူမျက်နှာဖြူဖတ်သွားတာကိုသတိထားမိတယ်။
ခွန်းပိုင်သွေးတွေနဲ့သူမ့ကိုတစ်ချက်လှည့်မကြည့်ထွက်သွားသည်။
ကြိုးကြာဖြူမျက်လုံးတွေအရောင်တောက်ပြီးဒေါသတွေအလိပ်လိပ်ထွက်နေတယ်ဆိုတာသိပ်သိသာတာပဲ။
နေခြည်ချိုရတနာ့ဆီမေးလ်တစ်ခု့ပြန်ပို့ဖို့ဆုံးဖြတ်လိုက်သည်။
"ဘာလို့ပို့ရတာလဲ.."
"နင်နားလည်မှု့လွဲနေလို့..အခု့ကောဘယ်လိုလဲ."
"မပြောင်းလဲဘူး..ဒါသူစိတ်ကုန်သွားလို့လဲဖြစ်နိုင်တာပဲ.."
နေခြည်မေးလ်ကိုပို့ပြီးဖုန်းကိုပိတ်လိုက်သည်။
ဒါကဘာမှမဟုတ်ဘူး။စိတ်ထဲမထားနဲ့။မေ့ပစ်လိုက်စမ်း...
....
"ဘယ်လိုလဲ..သူဘာပြန်ပြောလဲ.."
"ကြည့်လိုက်တော့.."
ခွန်းပိုင်ရတနာပြသောဖုန်းကိုကြည့်လိုက်ပြီးသက်ပြင်းချလိုက်မိသည်။
"နေခြည်ကစိတ်လျော့မှာမဟုတ်ဘူး.."
ခွန်းပိုင်နောက်ထပ်သက်သေပြဖို့သက်သေတွေရှာရဦးမယ်။
......
"Hello.."
"hello..ဘယ်သူပါလဲရှင်.."
"မိန်းမ.."
"ခွန်းပိုင်.."
ခွန်းပိုင်ထွက်သွားတာသုံးလရှိပြီ။
အမြဲလိုလိုဖုန်းခေါ်တတ်သည်။ဖုန်းခေါ်တိုင်းလည်းဖုန်းနံပါတ်တစ်ခု့နဲ့တစ်ခု့အောင်လုပ်ပြီးဆက်တတ်သည်။
သူဘာလို့ဖုန်းဆက်ရတာလဲစိတ်ပျက်ဖို့ကောင်းတယ်။
"နေကောင်းရဲ့လား.."
"ရှင်ဘာလို့ဆက်တာလဲ..နောက်ထပ်မဆက်နဲ့.."
"မိန်းမရယ်..မချပါနဲ့ဦး..ကိုယ်ပြောစရာရှိလို့ပါ.."
နေခြည်ဖုန်းချမယ်လုပ်တိုင်းသူတောင်းဆိုမှု့ကြောင့်
မချဖြစ်ပဲသူပြောသမျှနားထောင်နေမိခဲ့သည်။
"ကိုယ်ဒီနေ့ကြိုးကြာဖြူကိုUKပို့လိုက်ပြီ..ကိုယ်အဆုံးစွန်ထိလုပ်ပစ်လိုက်ချင်ပေမဲ့ရဲစွမ်းကြောင့်ကိ်သည်းခံပြီးUKပဲပို့လိုက်ရတယ်.."
"ဘာလို့ပို့လိုက်တာလဲ..ရှင်တို့အတူတူနေလို့ရနေပြီလေ.."
"မိန်းမ..ကိုယ်အတည်ပြောနေတာ..ကြိုးကြာဖြူကိုသူ့အပြစ်တွေအတွက်ကိုယ်မခွင့်လွှတ်ပေးဘူး.."
(အကောင်းပြောတာလေ..အခု့ရှင်တို့အတူနေနိုင်နေပြီကို)
"ကိုယ့်ကိုသတ်ဖို့လုပ်တဲ့ကိစ္စဆိုတာထက်မင်းနဲ့ကွဲအောင်လုပ်တဲ့အတွက်ကိုယ်အရမ်းစိတ်တိုတယ်..
ကိုယ်ဒီကိစ္စကိုရှင်းပြီးသွားပြီ..နောက်ထပ်နည်းနည်းပဲလိုတော့တယ်..ကိစ္စတွေအားလုံးရှင်းပြီးရင်မင်းဆီပြန်လာခဲ့မယ်.."
"မလာခဲ့နဲ့..ကျွန်မလက်မခံဘူး..ရှင်ဘာသာဘာကိစ္စတွေရှင်းပြီးရှင်းပြီးကျွန်မ့နဲ့မဆိုင်ဘူး..အေးဆေးနေပါရစေ..ကျွန်မရဲ့ဝဋ်တွေကကြေနေပြီ.."
"ကိုယ်ကမင်းဆီမှာပြန်ပြီးအနိုင်ကျင့်ခံမှာပါ..မင်းအတွက်အကုန်လိုက်လျောပေးမို့ကိုယ်ပြန်လာခဲ့မယ်"
"သေတောင်မလာနဲ့..ဒါပဲ.."
နေခြည်ချိုဖုန်းကိုချပစ်လိုက်သည်။
ဒီလူကသိပ်စိတ်ညစ်ဖို့ကောင်းတယ်..
"တွီ.."
နေခြည်ဖုန်းထဲမေးလ်ဝင်လာတာကြောင့်
(မိန်းမ..ကိုယ်ဒီတလောတော့ဖုန်းမဆက်ဖြစ်လောက်ဘူး..ဒါပေမဲ့သတိရနေမယ်..သိပ်ချစ်တယ်😘)
နေခြည်ချိုမေးလ်ကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။
ကြိုးကြာဖြူ.ခွန်းပိုင်ရဲ့ကားတိုက်မှု့မှာပါနေလောက်မယ်ဆိုတာဘယ်သူမှမျှော်မှန်းထားမိသောအရာမဟုတ်
ငယ်ကတည်းကလိုတရအတိုင်းမွေးဖွားကြီးပြင်းလာသောကြိုးကြာဖြူတစ်ယောက်သူ့မအတွက်တစ်ယောက်သောသက်ရှိထင်ရှားရှိနေတဲ့သူကမချစ်မှတော့ဘယ်သူမှသူ့ကိုမရစေရဘူးဆိုသောစိတ်နဲ့လုပ်မိလေသလားလို့တောင်အောက်မေ့မိသည်။
ကိစ္စအားလုံးမှာကြိုးကြာဖြူပါဝင်ပက်သက်နေပေမဲ့နေခြည်ချိုသူမ့ကိုခွင့်လွှတ်ပေးဖို့စဥ်းစားခဲ့မိသည်ါ
ဘာလို့ဆိုသူမ့လည်းကြိုးကြာဖြူလိုချစ်တဲ့သူတစ်ယောက်မှမရှိပဲကြီးပြင်းလာရတာမလား။မိသားစုမရှိတဲ့ခံစားချက်ကြီးကဘယ်လောက်တောင်ဆိုးရွားလိုက်လဲ။
ဒါပေမဲ့နေခြည်ကတော့ဒီလိုကိစ္စရွေးမိမယ်မထင်ဘူး။
ဘာလို့ဆိုကိုယ်ချစ်တဲ့သူကိုသေစေချင်လောက်တဲ့အထိတစ်ကိုယ်ကောင်းမဆန်ဘူး။သူပျော်ရင်ကိုယ်လည်းပျော်မယ်။သူဝမ်းနည်းရင်ကိုယ်သူ့အတွက်ဘာလုပ်ပေးရမလဲစဥ်းစားမယ်။ကူညီမယ်။သူပျော်ဖို့အရေးကြီးတယ်။
ဒါအချစ်ပဲ။
နေခြည်အဲ့လိုပဲမှတ်ထားမိတယ်။
အခု့တော့အရာအာလုံးကအဆင်ပြေသွားပြီပဲ။
ဒါပေမဲ့ခွန်းပိုင်ဆိုတဲ့လူကြီးကိုတော့ခွင့်လွှတ်မှာမဟုတ်ဘူး။သူကနာကျင်အောင်လုပ်ထားတာလွယ်လွယ်နဲ့ခွင့်လွှန်ပေးဖို့မသင့်ဘူး။
သူကသူများကိုယ်ဝန်တောင်ကယ်တင်ရှင်ကြီးလုပ်ပြီးအဖေလုပ်ပေးခဲ့တဲ့သူ။
ဒေါက်တာဝန်းပြောတာကြောင့်နေခြည်အဲ့ကိစ္စကိုသဘောပေါက်သွားခဲ့သည်။ကြိုးကြာဖြူအပြင်မှာအပျော်လွန်ပြီးသူစိမ်းတစ်ယောက်နဲ့လွန်လွန်ကြူးကြူးဖြစ်သွားပြီနောက်ကိုယ်ဝန်ရလာခဲ့သည်။
ကြိုးကြာဖြူရှက်လွန်းလို့သတ်သေမယ်ချည်းလုပ်တာကြောင့်ခွန်းပိုင်အစားထိုးပြီးနာမည်ဝင်ခံလိုက်တာပဲ
ကြိုးကြာဖြူခွန်းပိုင်အထင်သေးမှာကြောက်ပြီး
ကလေးကိုဖျက်ချမယ်လုပ်တုန်းကလည်း
ဒေါက်တာဝန်းတော်တော်လေးတားယူခဲ့ရ သေးသည်။အပြစ်မရှိတဲ့ကလေးတစ်ယောက်ကိုမသေချင်ဘူး။
ခွန်းပိုင်နာမည်ဝင်ယူတဲ့ကိစ္စကိုနေခြည်ချိုမသိအောင်ဖုံးထားပေမဲ့ကြိုးကြာဖြူရဲ့ပြောကြားချက်တွေကြောင့်နေခြည်နားထဲကိုရောက်လာခဲ့ရသည်။
အဲ့တုန်းကလည်းရယ်ရသားကျွန်မ့လေသူ့ကလေးဆိုပြီးတော်တော်လေးကိုကြေကွဲခဲ့ရတာ။သူ့အတွက်မိန်းမဆိုတာဘယ်သူမှန်းတောင်မသိတော့ဘူး။ကိုယ်ဝန်ရှိနေတဲ့သူမလား..ဒါမဟုတ်တိတ်တဆိတ်လက်ထပ်ထားတဲ့ကျွန်မ့လား
...................
ခွန်းပိုင်ဆီကစာမလာအကြောင်းမကြားတာကြာပြီပေါ့။နေခြည်လည်းအလုပ်များနေတာမို့အဲ့ဘက်ကိုစိတ်မရောက်ခဲ့မိပေ။
"မိန်းမ.."
"ရှင်ဖုန်းဆက်ပြန်ပြီလား.."
"ကိုယ်တို့ဒီနေ့ရန်မဖြစ်လို့ရမလား..ကိုယ်ပင်ပန်းနေလို့..."
"ဟုတ်ပြီလေ.."
သူ့ဘက်ကအားပျော့နေသောအသံကြောင့်နေခြည်ချိုအလျော့ပေးလိုက်ပြန်သည်။
"သမီးလေးနေကောင်းလား.."
"အင်း..ကောင်းပါတယ်.."
"သူကော..ကိုယ်ဖုန်းပြောချင်လို့.."
"ကျွန်မ့ပြောထားတယ်လေ..ကလေးကကျွန်မ့အပိုင်လို့ရှင်စကားပြောလို့မရဘူး.."
"ဟော..မိန်းမကလည်း..ကိုယ်ဒီတစ်နေ့ထဲပါ..နေမကောင်းလို့သမီးလေးနဲ့ဖုန်းပြောရင်ပြန်ကောင်းသွားလောက်မယ်.."
"ရှင်နဲ့တော့ခက်သား.."
"လုပ်ပါနော်..ဒီတစ်နေ့ထဲပါ..နော်.."
"ပြီးရော..ခြည်လေး..လာခဲ့ဦး..ဒီမှာသမီးဦးဦးကဖုန်းပြောချင်လို့တဲ့.."
"ဟုတ်.."
ခြည်လေးဖုန်းကိုယူပြီး
"Helloဦးဦး.."
"သမီးလေး..နေကောင်းလား.."
"ဟုတ်..ဦးဦး..ဦးဦးကော.."
"ဦးဦးလား..စောစောကတော့ခေါင်းကိုက်နေတာ..အခု့သမီးလေးနဲ့စကားပြောလိုက်ရတော့သက်သာသွားပြီ...ခြည်လေး..ဦးဦးကိုသတိကောရရဲ့လား.."
"ရတာပေါ့..ဦးဦးကောမီးကိုမေ့သွားပြီလား.."
"မမေ့ပါဗျာ..ဦးမှာချစ်စရာဒါလေးပဲရှိတာကို"
"ဒါဆို..ဦးဦးဘယ်တော့ပြန်လာမှာလဲ..."
"လာမှာပေါ့..ဘာလို့လဲ..ဦးကိုလွမ်းနေပြီလား.."
"လွမ်းတာပေါ့ဦးရယ်..ဦးမရှိတော့မီးကိုဘယ်သူမှရေခဲ့မုန့်လည်းမကျွေးတော့ဘူး..နောက်ပြီးမာမီကမအားလို့ဆော့လည်းဆော့မကူဘူး.."
"ဪ..ဟုတ်လား..မာမီကသိပ်ဆိုးပါ့လား..ဦးဦးပြန်လာရင်ခြည်လေးကိုရေခဲ့မုန့်တွေလည်းအများကြီးဝယ်ကျွေးမယ်..ကစားကွင်းလည်းနေ့တိုင်းသွားမယ်.ဟုတ်ပြီလား.."
"တကယ်လား..ကတိနော်.."
"ကတိပေါ့.."ပြုံးလိုက်ရယ်လိုက်နဲ့ကလေးမကြောင့်နေခြည်ကိုခေါင်းတရမ်းရမ်းနဲ့ပဲကြည့်နေမိသည်။ဘာတွေများပြောပြီးသဘောကျနေတုန်းမသိဘူး။အမေဖြစ်သူနဲ့ကျပြောလိုက်ရင်မျက်နှာကြီးတည်တည်ကြီးနဲ့သူ့တောင်ပြန်ကြောက်ရမလို့ပဲ။အခု့များတော့လည်းပြုံးရယ်နေလိုက်တာ။
စိတ်တောင်တိုလာသလိုပဲ။
နေခြည်ခြည်လေးနားသွားကာဖုန်းကိုဆွဲယူပြီး
"ကဲ..ကိုခွန်းပိုင်..ပြောစရာရှိတာများနေပြီ..ကလေးကအိပ်တော့မယ်..ဖုန်းချပြီဒါပဲ.."
နေခြည်ချိုကိုဖုန်းကိုခွပ်ကနဲချပြီးဖုန်းလိုက်သည်။
"မာမီ..ဘာလို့ဖုန်းယူသွားတာလဲဦးဦးနဲ့စကားပြောနေတာကို.."
"အမယ်..အမယ်..အမေကိုများပြန်ပြောနေလိုက်တာ..ဘာလဲ.နင့်ဦးဦးကအဲ့အတိုင်းသင်ပေးလိုက်တာလား"
"မသင်ပေးပါဘူး..ဦးကကလေးလိမ္မာလေးလုပ်ခိုင်းတာ.."
"ဘာပြောတယ်.."
"ဟွန်း..အိပ်တော့မယ်..ဦးဦးကစောစောအိပ်ခိုင်းလိုက်တယ်..ရန်မဖြစ်ဖို့ဒေါသမကြီးဖို့လည်းမှာလိုက်တယ်..ဒေါသထွက်ရင်ရုပ်ဆိုးတတ်တယ်တဲ့.."
ကော့တော့ကောတော့နဲ့အိပ်ခန်းထဲကိုဝင်သွားသောခြည်လေးကြောင့်နေခြည်ပိုပြီးစိတ်တိုလာသည်။
ဟိုကဘာတွေသင်ပေးလိုက်လဲမသိ။
တွေ့မယ်..တွေ့မယ်..
"ရှင်ကလေးနဲ့စကား ပြောချင်သေးရင်.ကလေးကိုမဟုတ်တာတွေမသင်ပေးနဲ့..မဟုတ်ဘူးဆိုတစ်သက်လုံးမပြောရဘူးမှတ်"
နေခြည်ချိုဖုန်းကိုကောက်ပြီးစာကိုအမြန်ရိုက်ကာပို့လိုက်သည်။
"ဟုတ်ပါပြီဗျာ..ကိုယ်ဘာမှတော့မသင်ပေးပါဘူး..
မာမီ့ကိုယောကျ်ားလေးမကပ်စေနဲ့လို့ပဲပြောမိလိုက်တာမဟုတ်တာသင်ပေးတာမဟုတ်ပါဘူး"
ဟမ်...ဪ..ဟိုကောင်မလေး..ငါ့ကိုလုပ်သွားတာကြည့်စမ်း..တွေ့မယ်
နေခြည်ချိုကြိမ်းပြီးသူမ့ပါအိပ်ခန်းထဲဝင်သွားခဲ့သည်။
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...