part13

43 3 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၁၃
တီးတောင်.တီးတောင်.တီးတောင်
နံရံကနာရီရဲ့အသံပဲကြားနေပြီးဘယ်သူမှမရှိသလို။
နေခြည်ချိုနဲ့ခွန်းပိုင်ထမင်းဝိုင်းမှာထိုင်ပြီးစားနေကြပေမဲ့တစ်ယော က်နဲ့တစ်ယောက်စကားမပြောဖြစ်။
သူမ့သူစိမ်းတစ်ယောက်ရှေ့မှာနှင်လွှတ်တာကိုဖြေရှင်းချက်မပေးဘူးပေါ့လေ..
ခွန်းပိုင်ငြိမ်သက်စွာထိုင်နေပြီးထမင်းကိုသာစားနေသောသူမ့ကိုကြည့်ကာအားမလိုအားမရဖြစ်လာသည်
ဒီနေ့သူ့ဘက်ကသာစကားစမပြောရင်သူမဘက်ကပြောမယ့်ပုံမမြင်ဘူး။
"နေခြည်ချို.."
နေခြည်ချိုအေးစက်နေသည့်ခေါ်သံကြောင့်မော့ကြည့်လိုက်သည်။
"ဆေးသောက်ပြီးပြီလား.."
"အင်း.."
နေခြည်ချိုဖာသီဖာသာဖြေလိုက်သည်။
"ကိုယ်မေးတာကိုကောင်းကောင်းလေးမဖြေပေးနိုင်ဘူးလား.."
"ကျွန်မ့ပင်ပန်းနေတယ်..စကားမများချင်ဘူး"
"ဪ..ကိုယ်ဒါလေးမေးတာကစိတ်ညစ်ဖို့ကောင်းနေတာလား..မင်းတို့ရယ်မောပြီးပြောဆိုနေတာကြမပင်ပန်းဘူးပေါ့လေ.."
"ဘာပြောတာလဲ..ရှင်ပြောတာနားမလည်ဘူး.."
"အချင်ယောင်မဆောင်နဲ့နေခြည်ချို..ကိုယ်ဘာပြောလဲဆိုတာမင်းသိပါတယ်..ကိုယ်ပြောထားမယ်နော်..
ကိုယ်မဟုတ်တဲ့အခြားယောကျ်ားလေးတွေနဲ့မပက်သက်နဲ့..ကိုယ်မကြိုက်ဘူး.."
အို..ခွန်းပိုင်ရယ်..ရှင့်ကိုရှင်အရင်ပြန်ကြည့်လိုက်ပါဦး
"ရှင်မကြိုက်တော့ဘာလုပ်ရမှာလဲ..ရှင်တောင်အခြားမိန်းမနဲ့တွဲနိုင်တာပဲ..ကျွန်မ့လည်းသူနဲ့တွဲတာဘာဖြစ်လဲ.."
"နေခြည်ချို.."
ခွန်းပိုင်စားပွဲဝိုင်းကိုထု့ရိုက်လိုက်တာဟင်းပန်းကန်တွေတောင်မှောက်ကျကုန်သည်။
နေခြည်ချိုတုန်လှုပ်သွားပေမဲ့သူ့ကိုမျက်လုံးစိမ်းတွေနဲ့စိုက်ကြည့်နေ၏။
"တီ...🎶🎶🎶🎶🎶🎶"
ဖုန်းသံကသူတို့ရန်ပွဲကိုခေတ္တခဏရပ်သွားစေသည်။
ခွန်းပိုင်ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ကြိုးကြာဖြူ။
ခွန်းပိုင်ရဲ့ဖုန်းကိုစိုက်ကြည့်နေမှု့ကြောင့်သူမ့ပါလျုက်ကြည့်မိသည်။
ကြိုးကြာဖြူ..သူဆိုတာတော်တော်အသက်ရှည်ဦးမယ်
"ဒုန်း.."
နေခြည်ချိုစားပွဲကိုတစ်ချက်ထု့လိုက်သည်။
"ရှင့်ကိစ္စရှင်အရင်ရှင်း..တော်ကြာဟိုကစိတ်ဆိုးနေဦးမယ်.."
နေခြည်ချိုအပေါ်ထပ်ကိုတက်လာခဲ့သည်။
"ဟယ်လိုကိုကို..ကြိုးကြာ."
"ကြိုးကြာဖြူမင်းကိုဖုန်းမဆက်နဲ့လို့မှာထားတယ်မလား...မင်းနဲ့ဘာမှပြောစရာမရှိဘူး.."
"ကိုကို..ခဏလေးပါ..ကြိုးကြာသိပါတယ်..ကိုကို့ဆီဖုန်းဆက်တာကအခြားမဟုတ်ပါဘူး..ကြိုးကြာ..နောက်တစ်ပါတ်ထဲCနိုင်ငံကိုပညာတော်သင်သွားတော့မှာ"
"အင်း..အဲ့ဒါဘာဖြစ်လဲ.."
"အဲ့ဒါ..မသွားခင်ကိုကို့ကိုညစာဖိတ်ကျွေးချင်လို့..ကိုကိုမနက်ဖြန်ညကျလာခဲ့ပါလား.."
"ငါမအားဘူး.."
"လုပ်ပါ.ကိုကိုရယ်..ကြိုးကြာကိုကိုနဲ့နောက်ဆုံးအချိန်လေးတွေ့ချင်လို့ပါ..ကိုကို့ကိုညီမလေးအပြစ်တွေအတွက်လည်းတောင်းပန်ချင်တယ်..နော်ကိုကို..လာခဲ့နော်.."
"ငါအချိန်ကြည့်လိုက်ဦးမယ်..အားရင်လာခဲ့မယ်.."
"အင်းပါ..ကျေးဇူးပဲနော်ကိုကို.."
"ဒါပဲမလား..ငါဖုန်းချတော့မယ်.."
"ဟုတ်..ကိုကို.."
ခွန်းပိုင်ဖုန်းကိုချလိုက်ပြီးခုံပေါ်ကိုထိုင်လိုက်သည်။
နေခြည်ချို..မင်းဘယ်ကသတ္တိတွေရလာတာလဲ..
အဲ့ကောင်ကြောင့်ကိုယ်ကိုတောင်ပြန်ပြောတယ်ပေါ့..
............
"နေခြည်ချို.."
နေခြည်ချိုဒီနေ့တစ်နေ့လုံးခွန်းပိုင်ကိုရှောင်နေခဲ့သည်
သူကယုံစားရတဲ့သူမဟုတ်ဘူး။သူလိုလူကငါ့ကိုကစားနေတာ။ငါ့ဗိုက်ထဲကကလေးကိုပဲလိုချင်နေတာ။
သူ့ကိုငါမုန်းတယ်။
ရှေ့တည့်တည့်တွင်ခေါ်နေသောသူကိုရှောင်ပြီးထွက်လာခဲ့သည်။
"နေခြည်ချို...."
ခွန်းပိုင်ဖြတ်သွားသောသူမ့နောက်ကိုလိုက်ပြီးလက်ကိုဆွဲထားသည်။
"မိန်းမ.."
"ကျွန်မ့လက်ကိုလွှတ်နော်..ရှင်နဲ့ဘာစကားမှမပြောချင်ဘူး.."
"နေခြည်..ကိုယ်ပြောခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်နော်..ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်..ကိုယ့်ကိုအဲ့လိုကြိးရှောင်မနေပါနဲ့..ကိုယ်မနေနိုင်ဘူး.."
"ခွန်းပိုင်..ဒါကရုံးနော်..ရှင်ပိုင်တယ်ဆိုပေမဲ့သိက္ခာလေးတော့ထိန်းဦး..ကျွန်မ့ကလူမြင်ကွင်းမှာအရှက်မရှိပဲပလူးတတ်တဲ့သူမဟုတ်ဘူး..ရှင့်ကောင်မနဲ့လာနှိုင်းမနေနဲ့.."
"မိန်းမ..စကားကိုဘယ်လိုပြောနေတာလဲ.."
"ဘာလဲ..ကျွန်မ့ကဒီလိုမိန်းမမှန်းရှင်သိသွားတော့ရွံ့သွားပြီလား..ကျွန်မ့ကဒီလိုပဲပြောတတ်တယ်..သူများတွေလိုလူတကာအကြိုက်ဆောင်ပြီးနူးနူးညံ့ညံ့ပြောတတ်တဲ့သူမဟုတ်ဘူး..လွှတ်.."
"မိန်းမ..မင်းဘာတွေဖြစ်နေတာလဲ..မင်းပြောချင်တဲ့အကြောင်းအရာကဘာတွေမှန်းလဲကိုယ်နားမလည်တော့ဘူး..ကိုယ်တို့အဆင်ပြေနေတာလေ..ဘာကြောင့်ဒီလိုဖြစ်သွားတာလဲ.."
"အိပ်ချင်ယောင်ဆောင်တဲ့သူကနှိုးရခက်တယ်တဲ့..ရှင်လုပ်တာတွေရှင်သိပါတယ်..ဖယ်တော့.."
"နေခြည်ချို..ဒါဘယ်သူ့လက်ချက်လဲ..မင်းကိုပြောင်းလဲသွားစေတာ..ဟိုကောင်မလား.."
သူရဲ့စကားအဓိပ္ပါယ်ကဘာလဲ။
သူကကျွန်မ့ကိုတောင်သံသယရှိနေသေးတယ်။အံ့သြပါ့။
"ပြောလေ..ကိုယ်ပြောတာမှန်နေပြီလား..သူကဘာဆွဲဆောင်မှု့တွေရှိနေလို့.."
"ခွန်းပိုင်ရှင်လွန်မလာနဲ့နော်.."
"အနာပေါ်တုတ်ကျတော့နာသွားတာလား..ဘာလဲ..သူကအရမ်းကိုကောင်းနေလို့လား..ကိုယ်ထက်သာနေတာလား..မင်းကိုအဲ့လိုမထင်ထားဘူး.."
"ရှင်..ကဲဟာ.."
နေခြည်ချိုရဲ့  မြန်ဆန်လှသောလက်ဝါးကခွန်းပိုင်ရဲ့ပါးတစ်ချက်ကိုဖြောင်းကနဲမြည်အောင်ရိုက်ချလိုက်သည်။
"ရှင့်ကိုမုန်းတယ်...ကိုယ်အကြောင်းကိုမသိပဲသူများကိုလိုက်မဝေဖန်နဲ့..ကျွန်မ့ကရှင့်လိုမျိုးသူမဟုတ်ဘူး"
နေခြည်ချိုသူ့နားကနေအမြန်ဆုံးပြေးထွက်လာခဲ့သည်။
"ကိုကို.."
ကြိုးကြာဖြူနောက်ကနေပြေးလာပြီးခွန်းပိုင်ရဲ့လက်ကိုဆွဲလိုက်သည်။
"ကိုကို.."
"ကြိုးကြာဖြူ..မင်းဘာလာလုပ်တာလဲ.."
"ကိုကို့ကိုသတိရလို့.."
"မနက်ဖြန်ကျငါတို့တွေ့မယ်လို့ပြောထားတယ်မလား..နောက်ပြီး..ငါ့ကိုဒီလိုမလာတွဲနဲ့.."
ခွန်းပိုင်ဆုပ်ကိုင်ထားသောသူမ့လက်ကိုဆွဲဖြုတ်လိုက်သည်။
"ကိုကိုကလည်း..ကြိုးကြာဆိုငေါက်ဖို့ချည်း.."
ကြိုးကြာဖြူမျက်ရည်လေးဝဲရင်းအင်္ကျီစကိုဆုပ်ကိုင်ထားသည်။ကြိုးကြာဖြူရဲ့ဒီလိုပုံစံကတခြားသူဆိုသနားချင်သနားလိမ့်မယ်။ခွန်းပိုင်ကတော့ကြောက်တယ်။သူရဲ့ချစ်ဖို့ကောင်းတယ်ဆိုသောအမူအရာတွေကခွန်းပိုင်ကိုခြောက်လန့်နေသလိုပဲ။သူမ့ကိုတသက်လုံးကာကွယ်ပေးနေရမယ်။သူမ့စကားပဲနားထောင်နေရမယ်။
"ဟူး..ကြိုးကြာဖြူ..ဘာကိစ္စမှမရှိရင်ပြန်တော့.."
"ကိုကို.."
"ကိုကိုနေမကောင်းလို့ပါ..ပြန်ပါတော့နော်..မနက်ဖြန်ကျလာခဲ့မယ်.."
"ကိုကိုအတည်ပြောတာနော်.."
"အင်း.."
"ဒါဆို..ကြိုးကြာသွားတော့မယ်..ကိုကိုဆက်ဆက်လာခဲ့နော်.."
ကြိုးကြာဖြူပျော်ရွှင်စွာနဲ့ထွက်သွားသည်။
ကြိုးကြာဖြူ.မင်းငါ့ဘေးနားကနေအမြန်ဆုံးထွက်သွားစမ်းပါ..
မင်းကငါ့အတွက်မကောင်းဆိုးဝါးလိုပဲ..ငါ့ကိုခြောက်လန့်နေတယ်..အတိတ်ကိုပြန်အမှတ်ရအောင်လုပ်နေတယ်..
နေခြည်ချိုအခန်းထဲကိုဝင်လာခဲ့သည်။
ပိုက်ဆံအိတ်ကိုချပြီးခုံပေါ်ကိုပစ်ထိုင်လိုက်သည်။
ကလေးလေး..မေမေဘာဆက်လုပ်ရမလဲ...
သူ့ကိုနားလည်ပေးဖို့ကြိုးစားခဲ့ပေမဲ့သူကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး..
ကလေး..မေမေမင်းကိုအဝေးခေါ်သွားရင်ကောအဆင်ပြေမလား..မေမေ..ဒီလိုစိတ်ဆင်းရဲနေရတာတွေမခံနိုင်တော့ဘူး...
"ဒေါက်..ဒေါက်..ဒေါက်..."
"ဟူး..ဝင်ခဲ့.."
"ဒေါ်နေခြည်ချို.."
နေခြည်ချိုဘယ်သူလဲအောက်မေ့နေတာ။ရှင်မင်းဆက်ပဲ။
"ဪ..ရှင်မင်းဆက်.."
"မနေ့ကခိုင်းထားတဲ့ဖိုင်တွေရပြီ..ကျွန်တော်အကုန်အစအဆုံးပြင်ထားပေးတယ်.."
"ဟုတ်ပြီလေ..ထားခဲ့လိုက်.."
"ဟုတ်ကဲ့.."
ရှင်မင်းဆက်စားပွဲပေါ်မှာဖိုင်တွေကိုတင်လိုက်သည်။
နေခြည်ချိုကိုခိုးကြည့်လိုက်တော့သူမစိတ်မကြည်ဘူးနဲ့တူတယ်။မျက်နှာလည်းညိုးငယ်နေတာပဲ။
"ဒေါ်နေခြည်ချို.."
"ဟမ်.."
"ခင်ဗျားကျွန်တော့်ကိုထမင်းဖိတ်ကျွေးမယ်လို့ကတိပေးထားတယ်လေ..မှတ်မိလား.."
"မှတ်မိပါတယ်.."
"အဲ့ဒါမနက်ဖြန်လိုက်ကျွေးလို့ရမလား.."
စိတ်ညစ်ရတဲ့ကြားထဲဒီကောင်လေးကတမှောက်။
"ဟို..ကျွန်တော်..သဘက်ခါကျCနိုင်ငံကိုသွားတော့မှာမို့ပါ.."
"ဟမ်း..ဘာလို့လဲ.."
"ကျွန်တော်ချစ်တဲ့သူအတွက်ကြိုးစားမို့..သူနဲ့နီးစပ်အောင်ဟိုမှာပညာသွားသင်မို့.."
"ဪ..ကောင်းပါတယ်လေ.."
"ဟုတ်တယ်..ကျွန်တော်လည်းအဲ့လိုပဲထင်တယ်..သူ့အတွက်မော်ဒယ်သင်တန်းတက်တယ်ဆိုရင်သူဘယ်လောက်တောင်ရယ်လိုက်မလဲ.."
"ဘာ..မော်ဒယ်လုပ်မို့လား.."
"အင်း..မော်ဒယ်တစ်ယောက်ဖြစ်ချင်တယ်.."
နေခြည်ချိုသူ့အတွေးတွေကိုထူးဆန်းပါဘိ့။ကောင်မဘေးကဘာအလုပ်လုပ်လို့သူကမော်ဒယ်လုပ်ချင်သွားရတာတုန်း။
"ထားပါ..မနက်ဖြန်ကျွန်တော့်ကိုညစာလိုက်ကျွေးမယ်မလား..နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့လေနော်.."
"အင်းပါ..အင်းပါ..မင်းရဲ့အချစ်အတွက်ကြိုးစားမှု့ကိုငါကလာအားပေးရမှာပေါ့.."
"အို..ဘယ်သူကအကြွေးတင်နေလို့ကျွေးရပါလိမ့်.."
နေခြည်ချိုထိုကောင်လေးကြောင့်ပြုံးမိသွားသည်။
သူကောင်မလေးကိုအရမ်းချစ်တာပဲ။ကျွန်မ့လည်းကောင်မလေးကိုမနာလိုလိုက်တာ။
.....
ဇာတ်သိမ်းတော့မှာမို့ဒီနေ့အပိုင်းတိုတိုလေးတင်ပေးပါ့မယ်နော်
မျှော်ခိုင်းရတာအားနာလို့ပါ..
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now