အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၄
"ခွန်းပိုင်..ငါတော့ဒီကိစ္စကလိမ်ထားရင်ပိုကြီးသွားလိမ့်မယ်နော်.."
အိပ်ရာပေါ်တွင်လှဲနေသောခွန်းပိုင်တစ်ယောက်ဒေါက်တာဝန်းပြောကြားချက်ကြောင့်တစ်ဘက်ကိုလြှည့်လာသည်။
"ငါလိမ်ထားတာမှမဟုတ်တာ..ခဏလေးအသိမပေးရုံပဲ..ငါ့ကိစ္စတွေရှင်းပြီးတာနဲ့နေခြည်ချို့ကိုအကုန်ပြောပြမှာပါ..သူထင်နေတာတွေကအမှားတွေဆိုတာငါသက်သေပြပြမယ်.."
"ငါတော့ရင်လေးတယ်နော်..မင်းသက်သေနိုင်ခင်နေခြည်ချိုကအထင်ထပ်လွဲသွားနိုင်တယ်..အဲ့ကျမှရှင်းမရရှုပ်ကုန်မယ်..ငါ့ကောင်.."
"ငါစဥ်းစားထားပြီးသားပါ..ကြိုးကြာဖြူကိစ္စအရင်အပြတ်ရှင်းရမယ်...နောက်ငါကုမ္ပဏီ..အခု့လောက်ဆိုတော်တော်လေးအခြေအနေဆိုးနေရောပေါ့.."
"ဆိုသလားမမေးနဲ့..မင်းကွာ..ငါ့မှာတော့တကယ်သေပြီအောက်မေ့နေတာ.."
"ခွန်းပိုင်ပါ..သေမလား.."
ခွန်းပိုင်ကိုယ်ကိုကိုယ်အမွှန်းတင်လိုက်ပြီးစကားအားရပါးရပြောဖို့ထထိုင်လိုက်သည်။
"ငါမင်းဖုန်းဆက်တော့တကယ်လန့်သွားတာ..နေခြည်ချိုအိမ်မှာတုန်းကထိမင်းသေသွားပြီပဲထင်နေတာ..
မင်းဘယ်လိုရှင်နေတာလဲ..အခု့ကြည့်ဦး..ဒီလိုအိမ်နဲ့နေနိုင်နေတယ်ဆိုတာငါတော့မယုံနိုင်ဘူး.."
ခွန်းပိုင်ဘာမှပြန်မပြောပဲရယ်နေမိသည်။
သူကလည်းသူပဲ။သူဋ္ဌေးသားကဒီလိုအခန်းကျဥ်းကျဥ်းမွေ့ရာသေးသေးလေးပေါ်မှာအိပ်နိုင်တာအံ့သြစရာပဲပေါ့။
အရင်ကခွန်းပိုင်ဆိုမနေနိုင်လောက်ပေမဲ့အခု့သု့တကတော့နေနိုင်တယ်။အခု့လိုကျွေးမွေးပြီးအခန်းပေးထားတာတောင်ဦးလေးကိုကျေးဇူးတင်သင့်ပြီ။
"ပြော.မင်းဘယ်ကတည်းကဒီလိုနေလာတာလဲ.."
"ဆရာဝန်ဖြစ်ပြီးကြောင်နေတာလား..ငါကားတိုက်ခံကတည်းကပေါ့..ဒီကိုဦးလေးကခေါ်လာပေးတာ.."
"မင်းသတိရတော့ဘာလို့ပြန်မလာလဲ.."
"အဲ့တုန်းကသတိမေ့နေလို့...အတိတ်မေ့နေတာ.."
"ဟမ်..ဒါဆို..မင်းဘယ်တုန်းကပြန်မှတ်မိသွားတာလဲ
"လွန်ခဲ့တဲ့သုံးပါတ်လောက်ကမှ..ငါ့အတိတ်ကဘယ်လိုလဲဆိုတာသိချင်လို့ဆရာဝန်ဆီသွားပြခဲ့တယ်..သူ့ရဲ့နည်းလမ်းတွေနဲ့အတူငါတစ်စတစ်စနဲ့ပြန်မှတ်မိလာတာ..သိပ်မကြာသေးဘူး.."
"ဪ..ဒါဆို..မင်းဘာဆက်လုပ်မှာလဲ..နေခြည်ချိုကိုမပြောပဲထားရင်မင်းအခက်တွေ့မယ်နော်.."
"အင်း..ငါသိပါတယ်..ဒါပေမဲ့ငါမပြောရဲဘူး.."
"ဘာလို့လဲ.."
"သူ့စိတ်ထဲမှာခွန်းပိုင်ဆိုတာအရမ်းကိုယုတ်မာတဲ့သူဖြစ်နေပြီ..ငါအဲ့ဒါကိုချေဖြတ်ပေးလို့မရလောက်တော့ဘူး..ဒါကြောင့်ပဲ..ငါသု့တအနေနေဖို့ရွေးချယ်နေမိတာ.."
"မင်းအဖြစ်ကလည်းဆိုးပါ့ကွာ..ချစ်တဲ့သူတွေ့ပြန်တော့သူငယ်ချင်းဖြစ်သူကအဲ့ကောင်မလေးကိုကြိုက်နေလို့လက်လျော့ပေးလိုက်ရ..ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ရပြန်တော့လဲမပျော်ရွှင်နိုင်..ငါးနှစ်တောင်ခွဲခွာပြီးသမီးလေးရှိနေလို့မိသားစုဘဝတည်ဆောက်နိုင်မယ်မှတ်တယ်..ဘယ်နဲ့..ဟိုကမင်းကိုမုန်းနေပြီ..မင်းအစားငါရင်လေးလိုက်တာကွာ.."
ဟုတ်တာပေါ့။
"ငါအစကတည်းကမဖြစ်သင့်မှန်းသိရက်နဲ့ချစ်မိသွားတာကို..ငါချစ်ခဲ့မိတာကအမှားကြီးပဲ..သူနဲ့ရဲစွမ်းကိုကွဲစေမိခဲ့တယ်.."
"မင်းအမှားတွေမှမဟုတ်တာပဲ..မင်းသူ့ကိုဖွင့်ပြောဖို့နည်းနည်းလေးနောက်ကျသွားရုံပါ..မင်းကရဲစွမ်းထက်သူ့ကိုအရင်ချစ်ခဲ့တာပါကွာ..မင်းအမှားမဟုတ်ပါဘူး"
ဒေါက်တာဝန်း..ခွန်းပိုင်ရဲ့ပခုံးကိုပုတ်ပြီးအားပေးလိုက်သည်။
"အခု့ဆိုရဲစွမ်းလည်းမရှိတော့ဘူး..နေခြည်ချိုနဲ့မင်းပဲဘဝ့ကိုဆက်လျှောက်ရမှာ..နောက်ပြီးမင်းသမီးလေးရှိနေသေးတယ်..ကလေးကိုချစ်ရင်မင်းအားမလျော့လိုက်နဲ့...နေခြည်ချိုကမင်းကိုဒီလောက်ချစ်တာ..သူတစ်နေ့နေ့တော့စိတ်ပြေလာလိမ့်မယ်..မင်းသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာကောသူသိလာပါလိမ့်မယ်.."
"မျှော်လင့်ရတာပါပဲ..အဲ့နေ့ကငါ့အတွက်အပျော်ဆုံးနေ့ဖြစ်လာမှာ.."
ခွန်းပိုင်အိပ်ရာပေါ်တစ်ခေါက်ပြန်လှဲလိုက်သည်။
သူ့မျက်ဝန်းတွေထဲလွန်ခဲ့သောတစ်ချိန်တစ်ခါ၌
ဖက်ထုပ်ဆိုင်ဘေးကလမ်းကြားလေးမှာငုတ်တုတ်လေးထိုင်ပြီးကြောင်စာကျွေးနေတတ်သောသူမ့ကိုမြင်ယောင်နေမိသည်။
အရင်ကကောအခု့ထိကောစွဲစွဲမြဲမြဲချစ်မိနေတဲ့သူမ။
ဒီဇိုင်းရိုးရိုးလေးတွေကိုသာဝတ်တတ်ပြီးအမြဲလိုလိုပြုံးနေတတ်တာကြောင့်သဘောကျမိခဲ့တယ်။
ဖက်ထုပ်မကြိုက်တတ်တဲ့ခွန်းပိုင်နေ့တိုင်းမရောက်မဖြစ်အောင်သွားတတ်တဲ့ဖက်ထုပ်ဆိုင်။
မလာလာအောင်ဆွဲခေါ်နေခဲ့တဲ့သူမရဲ့ပုံရိပ်တွေ။
သူမနဲ့ကျောင်းချင်းတူတူပဲဆိုတာသိရတော့ဘယ်လောက်တောင်ပျော်သွားခဲ့မိလဲ။သူမ့နာမည်ကိုပါးစပ်ဖျားမှာပဲအမြဲခေါ်နေမိတယ်။
နေခြည်ချို..ဘယ်လောက်တောင်သဘောကျချင်စရာနာမည်လေးလဲ။
ခွန်းပိုင်လိုကောင်လေးမျိုးကဂျူနီယာမလေးတစ်ယောက်ကိုမြတ်မြတ်နိုးနိုးနဲ့စွဲလမ်းသွားခဲ့မိတာပေါ့။
မထင်ထားခဲ့ဘူးသူလိုပဲအခြားလူ
တစ်ယောက်ကသူမ့ကိုချစ်နေမိတယ်ဆိုတာ။
ထိုလူကအခြားမဟုတ်အချစ်ဆုံးသူငယ်ချင်းတဲ့လား။
ရဲစွမ်းအပေါ်အမြဲအနိုင်ယူခဲ့တဲ့ခွန်းပိုင်ဒီတစ်ကြိမ်တော့နောက်ဆုတ်ပေးခဲ့မိတယ်။
ဘာကြောင့်လဲဆိုတော့ရဲစွမ်းကိုသူငယ်ချင်းတစ်ယောက်ထက်ပိုပြီးခင်တွယ်ခဲ့မိလို့ပဲ။
ခွန်းပိုင်နှစ်နှစ်လောက်နိုင်ငံခြားထွက်သွားမိခဲ့ပေမဲ့
ပြန်ရောက်တော့အခြေအနေကဘာမှမထူးပေ။
ကောင်မလေးကလည်းပျောက်ကွယ်သွားသလိုရဲစွမ်းကလည်းအရင်အတိုင်းတစ်ယောက်ထဲပဲ။
ဒီလိုနဲ့နေလာတာရဲစွမ်းဆုံးသွားပြီးတဲ့နောက်ထိသူမ့ရဲ့သတင်းကိုဘာမှမကြားခဲ့ရဘူး။
သူမ့ဘယ်လိုအခြေအနေရှိနေလဲသိချင်ပေမဲ့အရာအားလုံးကသူ့ကိုတားဆီးနေခဲ့တယ်။
တားဆီးနေတဲ့ကြားကကံတရားဆိုသည့်အရာကသူတို့နှစ်ယောက်ကိုတွေ့ဆုံပေးဖို့ဆုံးဖြတ်လိုက်တယ်တဲ့တူပါတယ်။
ဖွားဖွားတွေ့ပေးမယ်ဆိုတဲ့အိမ်ထောင်ဖက်ကိုမတွေ့ချင်ပဲသွားခေါ်ခဲ့ရသည်။
"ဟုတ်ကဲ့ပါ..ဖွားကလည်း..သားသွားနေပါပြီ.."
"ဟိုရောက်ရင်..သေချာလေးခေါ်ခဲ့နော်..မျက်နှာကြီးဆူပုတ်မနေနဲ့..ဟုတ်ပြီလား.."
"ဟုတ်ကဲ့ပါ.."
အမြဲလိုလိုကလန်ကဆန်လုပ်တတ်သောမြေးဖြစ်သူ၏အကြောင်းကိုသိနေသောဖွားဖွား.အမှားဖြစ်မှာကြောင့်အတန်တန်မှာနေရသည်။
ခွန်းပိုင်မြန်မြန်ရောက်ဖို့အရေးကားကိုတရကြမ်းမောင်းလာခဲ့သည်။မိန်းမမယူချင်သေးဘူးလို့အတန်တန်ပြောခဲ့ပါတယ်။ဒါပေမဲ့အမြဲတမ်းအိမ်ထောင်ဖက်တွေ့ပေးနေတာ။စိတ်ကုန်ဖို့ကောင်းလိုက်တာ။
အခုလည်းဘာတွေနဲ့တွေ့ရမလဲမသိသေးဘူး။
ခွန်းပိုင်အိမ်ရှေ့ကိုရောက်တာနဲ့ကားဟွန်းကိုတီးလိုက်သည်။
"အချိန်မရှိပါဘူးဆို..ကြာလိုက်တာ..
တီ..တီ...တီ...တီ...တီ..."
ဟွန်းကိုဆက်တိုက်တီးနေရမှကောင်မလေးခြံထဲကနေပြေးထွက်လာခဲ့သည်။
ခွန်းပိုင်တံခါးဖွင့်သံကြားတာနဲ့ခေါင်းကိုတစ်ဖက်လှည့်ထားမိသည်။
ဒီတစ်ယောက်လည်းသူ့ပုံကိုမြင်ပြီးငြင်းသွားကြမှာပဲ။
သူ့ပုံစံကဒီလိုမဟုတ်ပေမဲ့ကောင်မလေးထွက်သွားအောင်တမင်လုပ်လိုက်မိသည်။
"ကြာလိုက်တာ.."
"အို..တောင်းပန်ပါတယ်..နေခြည်နောက်ကျသွားတယ်.."
"တောင်းပန်ရုံ
ခွန်းပိုင်အပီအနိုင်ပိုင်းမယ်ဆိုပြီးတဖက်လှည့်လာတာကားဘေးတွင်ရပ်နေသောသူမကြောင့်ရင်တွေပေါက်ထွက်မတတ်ခုန်လာသည်။
အဖြူရောင်ဂါဝန်နဲ့သူမကမတွေ့တာကြာတော့ပိုပြီးလှလာတယ်။
ရင့်ကျက်လာသည့်အလှမျိုးနဲ့။ခွန်းပိုင်ရှေ့မှာတောက်ပနေသည်။
"တောင်းပန်ပါတယ်.."
"ရပါ..ရပါတယ်.."
မဟုတ်သေးဘူး..ငါဘာလို့အသံတွေတုန်နေတာလဲ
တည်ငြိမ်စမ်း..ခွန်းပိုင်
ခွန်းပိုင်မသိခဲ့တာကနေခြည်ချိုလည်းဘယ်လောက်တောင်ရင်တွေခုန်နေသလဲဆိုတာ။
"တက်လေ.."
"ဟုတ်ကဲ့.."
လမ်းတစ်လျှောက်လုံးနှစ်ဖက်လုံးမှငြိမ်နေမိသည်။
"ဟိုလေ.."
"ဟုတ်.."
ခွန်းပိုင်မြန်မြန်ဆန်ဆန်နဲ့ပြန်စကားကြောင့်အနည်းငယ်လန့်သွားမိသည်။ရင်ခုန်နေပါတယ်ဆိုမှဘယ်နဲ့။
"ဖွားဖွားကအဲ့ဘက်နဲ့သဘောတူထားတာကိုဘယ်လိုသဘောရလဲ.."
"ရှင်.."
"တစ်မျိုးမထင်ပါနဲ့..ကိုယ်ကဒီအတိုင်းမေးလိုက်တာ..
မင်းဘက်ကကိုယ်နဲ့လက်ထပ်ဖို့တကယ်အဆင်ပြေရဲ့လား..မင်းမှာအခက်အခဲရှိရင်ပြောပါ..ကိုယ်နောက်ဆုတ်ပေးမယ်.."
"ရှင်.."
ရှင်ရှင်နဲ့ပြောနေသောသူမ့ကိုခွန်းပိုင်ကြောင်ပြီးကြည့်နေမိသည်။သို့သော်နေခြည်ချိုဘက်ကတစ်မျိုးထင်သွားတာကိုတော့သူမသိလောက်ဘူး။
"ပြောပါ..ကိုယ်တို့လက်ထပ်လိုက်ပြီးမှအခက်အခဲရှိလာရင်အဆင်မပြေဖူးမလား...မင်းလည်းအခက်တွေ့လိမ့်မယ်..ဘယ်သူမဆိုကိုယ်ချစ်တဲ့သူကိုပဲလက်ထပ်ချင်ကြတယ်မလား..ကိုယ်ကမင်းအဆင်မပြေမှာစိုးလို့ပါ.."
"မရှိပါဘူး.."
"ဗျာ.."
"ကျွန်မ့မှာချစ်တဲ့သူမရှိဘူးလို့..ကျွန်မ့ဒီမင်္ဂလာပွဲကိုလုပ်ချင်တယ်..ကျွန်မ့အမေရဲ့ဆန္ဒကိုမလွန်ဆန်ချင်ဘူး.."
"ဪ..ဟုတ်ပါပြီ.."
"ဒါနဲ့ရှင်ကော..ချစ်တဲ့သူရှိနေရင်လက်မခံလည်းရပါတယ်.."
"ရပါတယ်..ကိုယ်ချစ်တဲ့သူရှိပေမဲ့ဒီမင်္ဂလာပွဲကိုကိုယ်လုပ်ချင်တယ်.."
"ရှင်ချစ်နေတဲ့မိန်းကလေးကကောဘယ်လိုလုပ်မလဲ"
"သူ့အတွက်စိတ်ပူစရာမလိုပါဘူး..ဘာလို့ဆို..သူက..သူက.."
(ငါအဲ့ကောင်မလေးကိုအရမ်းချစ်နေမိပြီ..ခွန်းပိုင်ရာ
မင်း..ငါမရှိတော့ရင်ငါ့ညီမလေးကိုဂရုစိုက်ပေးပါနော်
သူ့မှာမင်းကိုပဲအားကိုးနေရမှာ..
ခွန်းပိုင်..ငါ့ညီမလေးကိုဂရုစိုက်နော်..
ငါနေခြည်ချိုကိုသိပ်ချစ်တာပဲ..မင်းငါ့အပေါ်မှာသစ္စာမဖောက်ဘူးမလား..ငါတို့ဘယ်တော့မှကောင်မလေးတစ်ယောက်ထဲကိုနှစ်ယောက်ပြိုင်မချစ်ရဘူးနော်)
ခွန်းပိုင်ရဲ့နားထဲတွင်ထိုစကားများပဲ့တင်ထပ်နေသည်
"သူကအဆင်ပြေသွားမှာပါ..အဆင်ပြေသွားမှာ..ဘာလို့ဆိုသူ့ကိုချစ်တဲ့သူနဲ့အတူနေရတော့မှာလေ.."
"ဪ.."
နေခြည်ချိုနောက်ထပ်မေးခွန်းကိုမလာတော့ပဲတစ်ဖက်ကိုလှည့်သွားသည်။
တောင်းပန်ပါတယ်..နေခြည်ချို..မင်းကိုကိုယ်သိပ်ချစ်ပေမဲ့အနီးနားမှာပဲထားဖို့တတ်နိုင်တယ်..ကိုယ်ရဲစွမ်းအပေါ်သစ္စာမဖောက်ချင်ဘူး...ကိုယ့်စကားတွေကမင်းကိုနာကျင်စေမိမလား..
အဲ့နေ့ကစပြီးလက်ထပ်ပြီးတဲ့အချိန်ထိနေခြည်ချိုနဲ့စကားအများကြီးမပြောဖြစ်ခဲ့ပေ။
ဒါပေမဲ့သူမလေးအနားမှာရှိနေတော့ဘယ်လောက်တောင်ပျော်ရွှင်ရလဲ။
သူမ့မျက်နှာလေးကိုမြင်ရဖို့အတတ်နိုင်ဆုံးအိမ်ကိုပြန်လာပေမဲ့သူရိပ်မိသွားမှာစိုးလို့တစ်ခါတစ်လေအိမ်ပြန်နောက်ကျပြီးပြန်လာခဲ့မိသည်။
တစ်ရက်တစ် ေလလည်းတိုက်ခန်းမှာပဲအိပ်ခဲ့မိသည်။
သူမ့ကိုသတိရတဲ့အချိန်အကြောင်းတစ်ခု့ခု့ပြပြီးအိမ်ပြန်လာခဲ့သည်။နောက်ကျမှပြန်လာလို့သူမလေးအိပ်ပျော်နေချိန်ခိုးနမ်းခဲ့ဖူးတယ်။သူမအိပ်ရာဘေးတိတ်တိတ်လေးခိုးအိပ်ဖူးခဲ့တယ်။ရဲစွမ်းကိုပေးထားမိသောကတိကိုမချိုးဖောက်မိအောင်သူမ့ကိုတိတ်တိတ်လေးခိုးချစ်ခဲ့တယ်။
ဒါပေမဲ့အဲ့ဒါတွေကသူမ့ဘက်ကကြည့်ရင်အချစ်မရှိသလိုမြင်ယောင်နေမိလိမ့်မယ်။
ကုမ္ပဏီမှာဒုတိယနေရာပေးပြီးသူမ့ကိုအရာအားလုံးအပ်ထားတာကလည်းကိုယ်ပိုင်ဆိုင်သမျှသူမ့အတွက်ချည်းပဲဆိုတဲ့သဘောအနေနဲ့ထားပေးခဲ့မိတာ။
သူမ့အပေါ်အလုပ်များသွားစေခဲ့တယ်ဆိုတာ
နားမလည်မိခဲ့ဘူး။
ဖြစ်နိုင်ရင်ရင်ထဲကစကားတွေထုတ်ပြောပြီးချစ်ပြချင်ပေမဲ့မဖွင့်ပြောရဲခဲ့ဘူး။
ကြိုးကြာဖြူဆိုတာညီမလေးတစ်ယောက်လိုခင်ခဲ့ပေမဲ့နေခြည်ချိုဘက်ကကြည့်ရင်အမြဲတမ်းအနိုင်ပေးခဲ့တဲ့တစ်ယောက်ပေါ့။မဟုတ်ဘူး။
ကိုယ်မင်းကိုအနိုင်ပေးချင်ခဲ့တာဒါပေမဲ့အမြဲတမ်းအရိပ်လိုကပ်ပါနေတဲ့အိမ်မက်ဆိုးကြီးရုန်းမထွက်ရဲဘူး။
အဲ့အတွက်ကိုယ်မင်းကိုတောင်းပန်မယ်..တောင်းပန်တာလောက်နဲ့ခွင့်လွှတ်လို့မရဘူးဆိုတာသိပေမဲ့လည်းကိုယ်မင်းခွင့်လွှတ်လာမဲ့အထိတောင်းပန်မယ်
သိပ်ချစ်တယ်နေခြည်ချို...
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...