part12

102 7 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၁၂
"မိန်းမ.."
နေခြည်ချိုနောက်ကနေချွဲပြီးခေါ်နေသောအသံကို
ဥပေက္ခာပြု့လိုက်သည်။
ရေချိုးခန်းဝင်ဖို့အဝတ်တွေကိုယူလိုက်၏။
ခွန်းပိုင်အိပ်ရာပေါ်ကနေကုန်းရုန်းထလိုက်ပြီး
မိန်းမအနားကိုပြေးလာခဲ့သည်။
"မိန်းမလေး..ကိုယ်ခေါ်နေတာမကြားဘူးလား.."
ခွန်းပိုင်သူမ့ခါးကိုနောက်ကနေဖက်လိုက်သည်။
"အင်း..မကြားလိုက်မိဘူး..ရှင်နှိုးလာပြီလား.."
နေခြည်ချိုရဲ့လိမ်တမ်းစကားကိုခွန်းပိုင်သိပေမဲ့လည်း
"အင်း...မနက်ခင်းဆေးသောက်ပြီးပြီလား.."
"သောက်ပြီးပြီ.."
"ဒါဆိုကိုယ်တို့မျက်နှာတူတူသွားသစ်မယ်.."
နေခြည်ချိုလက်ကိုဆွဲပြီးရေချိုးခန်းထဲဝင်သွားခဲ့သည်
.....
"မိန်းမ..ဒီမယ်..ကြက်ဥကြော်မွှေးမွှေးလေးစား.."
"အင်း..ကျေးဇူးပဲ.."
"လင်မယားချင်းကျေးဇူးတင်စရာမလိုပါဘူး..ကိုယ်တို့ကပြောစရာမှမလိုတာ.."
"အင်း..ကျွန်မ့နောက်ကျဆင်ခြင်မယ်.."
နေခြည်ချိုသူမ့ပန်းကန်ထဲကိုလာထည့်ပေးသောကြက်ဥကြော်ကိုဘေးနားပို့ထားလိုက်သည်။
ခွန်းပိုင်အေးစက်သွားသောသူမ့အကြည့်တွေအပြောတွေကြောင့်စိတ်ခုသွားသည်။
သူဘာဖြစ်တာလဲ..စိတ်ဆိုးနေတာလား
"ပြီးပြီ..အန်တီစန်း..သမီးပြီးသွားပြီ..ရုံးသွားဖို့အတွက်အဝတ်အစားတက်လဲလိုက်ဦးမယ်.."
"အေးအေး..သမီး..အန်တီစန်းဒါတွေသိမ်းလိုက်မယ်"
နေခြည်ချိုခုံကိုနောက်တွန်းပြီးသူ့ဘေးနားကနေဖြတ်လာခဲ့သည်။
ဒီနေ့ဘာဝတ်ရမလဲ။အားလုံးကစိတ်ပျက်စရာပုံတွေချည်းပါလား။
နေခြည်ချိုအဝတ်အစားရွေးနေရင်းတံခါးဖွင့်သံကြားလိုက်ရသည်။
ခွန်းပိုင်ရောက်လာပြီ။သူနဲ့စကားမပြောချင်ဘူး။
ဘယ်လိုများဒီလိုသဝန်တိုပြီးမနာလိုစိတ်တိုစိတ်ဆိုးတတ်တဲ့အကျင့်တွေကပေါ်လာတတ်လဲမသိတော့ပါဘူး။
နေခြည်ချိုအင်္ကျီကိုရွေးပြီးလဲဖို့ယူလိုက်ကာရေချိုးခန်းထဲဝင်စင်
"မိန်းမ.."
ခွန်းပိုင်သူမ့လက်ကိုကိုင်ပြီးဆွဲတားလိုက်သည်။
"ဘာလဲ."
"မင်းဘာဖြစ်နေတာလဲ.."
"ဘာကိုလဲ..ကျွန်မ့ဘာမှမဖြစ်ဘူး.."
နေခြည်ချိုသူ့လက်ကိုခါထုတ်လိုက်သည်။
ခွန်းပိုင်လွှတ်သွားသည့်လက်ကိုတစ်ခါပြန်ဆွဲရင်း
"မင်းတစ်ခု့ခု့ဖြစ်နေပါတယ်..အဲ့ဒါဘာလဲ..ကိုယ့်ကိုစိတ်ဆိုးနေတာလား..ကိုယ်ဘာအမှားလုပ်မိလို့လဲ.."
ဪ..ဟုတ်တယ်ရှင်ကကိုယ့်အမှားကိုဘယ်တော့မှမသိတဲ့သူလေ။
"ရှင်ဘာအမှားမှမလုပ်ထားဘူး.ကျွန်မ့ရှင့်ကိုလည်း
စိတ်မဆိုးပါဘူး.."
"ဟုတ်လို့လား.."
"အင်း.."
"ဒါဆိုဘာလို့မင်းအပြုအမူတွေကအေးစက်သွားတယ်လို့ထင်နေရတာပါလိမ့်.."
"ဟုတ်လား..ကျွန်မ့ကိုယ်ဝန်ကကြီးလာလို့နဲ့တူတယ်..စိတ်တွေကဂယောင်ခြောက်ခြားဖြစ်နေတော့ရှင့်အပေါ်အေးစက်သလိုဖြစ်သွားတာနေမယ်.."
"ကျွန်မအေးစက်သွားတာဆိုတောင်းပန်ပါတယ်နော်.
"ရပါတယ်..ကိုယ့်မိန်းမလေးကိုစိတ်ပူနေတာ..ကိုယ့်ကိုမုန်းသွားပြီလားလို့.."
ခွန်းပိုင်သူမ့ကိုဆွဲယူပြီးတင်းကြပ်စွာဖက်ထားလိုက်သည်။
နေခြည်ချိုရဲ့မျက်လုံးတွေထဲမှာတော့ခံစားမှု့တွေကင်းမဲ့နေသယောင်တုန့်ပြန်မှု့မရှိ။သူ့ကိုမုန်းလားလို့မေးရင်တော့မမုန်းဘူး။ဒါပေမဲ့ချစ်လားလို့မေးရင်တော့စဥ်းစားစရာအမေးတစ်ခု့ဖြစ်သွားပြီ။
သူ့ကိုချစ်ရအောင်ထိလည်းနာကျင်မှု့တွေကိုမခံစားနိုင်တော့ဘူး။အမြဲတမ်းရွေးချယ်မှု့မှာဒုတိယလူလိုခံစားရတယ်။ပထမဆိုတဲ့နေရာကကျွန်မ့နဲ့မထိုက်တန်တာများလား။
..........
"ဝင်ခဲ့လို့ရမလား.."
နေခြည်ချိုအပေါက်ဝကနေပြောသံကြောင့်မော့ကြည့်လိုက်မိသည်။
ဟိုခွေးပေါက်လေးရှင်မင်းဆက်။
"ဝင်ခဲ့.."
ရှင်မင်းဆက်နေခြည်ချိုစားပွဲရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။
"ဒီမှာ..ခင်ဗျားမှာထားတဲ့..ကြက်ခြေထောက်သုပ်..ရုံးအောက်မှာပါဆယ်ကြုံလို့ယူလာပေးတာ.."
"ကျေးဇူးပဲနော်..ဒါနဲ့..ငါမှာထားတယ်ဆိုတာအခြားသူသိသွားသေးလား.."
"မသိဘူး..နေပါဦးသူများမသိစေနဲ့ဆိုတော့
ကျွန်တော်သာမယူခဲ့ရင်ခင်ဗျားကိုယ့်ဘာသာဆင်းယူမှာလား.."
"အဲ့လိုပဲလုပ်ရမှာပေါ့..တခြားသူကိုယူခိုင်းရင်သိသွားလိမ့်မယ်..ငါ့ကိုစားခိုင်းမှာမဟုတ်ဘူး.."
နေခြည်ချိုဘူးကိုဖွင့်လိုက်သည်။
အမလေး..ကြက်ခြေထောက်သုပ်နီနီရဲရဲလေး။
ခွန်းပိုင်ကကျွန်မ့နဲ့မတည့်လို့ဝယ်မကျွေးခဲ့ဘူး။ဒါပေမဲ့အခု့တလောအရမ်းကိုစားချင်နေတာ။သူများမသိအောင်တိတ်တိတ်လေးခိုးမှာပါတယ်ဆိုမှအကောင်စုတ်လေးကသိသွားသေးတယ်။
"ဒီလောက်အစပ်တွေများနေတာ..မတည့်ဘူးနော်.."
"မင်းပါသူတို့ဘက်ပါသွားပြီလား..ငါတစ်ခါလောက်တော့စားပါ့ရစေ..ဒါလေးတစ်ခါစားရုံနဲ့ဘာမှမဖြစ်ပါဘူး.."
"ခင်ဗျားကပြောမနိုင်ပါဘူး..စား..စား.."
"ကျေးဇူး..ဒါနဲ့..ငါ့ကိုအခန်းလေးစောင့်ပေးပါဦး..တော်ကြာခွန်းပိုင်ဝင်လာရင်ငါ့ကိုဆူလိမ့်မယ်နော်...ကြည့်ပေးပါဦး.."
"အင်း..စားစား..ကျွန်တော်ကြည့်ထားမယ်.."
ဘယ်တော့မှသူများအလုပ်ကိုမလုပ်ပေးဘူးခဲ့တဲ့သူအခု့တော့ဗိုက်ကြီးသည်အစပ်စားဖို့အတွက်လူကြည့်ပေးနေရတယ်။သူနဲ့ဘယ်လိုရေစက်မျိုးလဲမသိ။
"ဟဲ့..ကောင်လေး.."
"ဘာလဲ.."
တံခါးပေါက်ဝကိုကြည့်နေသောရှင်မင်းဆက်သူ့ဘက်ကိုလှည့်လာသည်။
နေခြည်ချိုသူ့ရှေ့ကပန်းကန်ကိုမျက်စောင်းထိူးပြသည်။
"ဘာလဲ.."
"စားမလားလို့..တစ်ယောက်ထဲထိုင်နေရတော့ပျင်းနေမှာပေါ့. .ငါလည်းအကုန်မစားနိုင်ဘူး.."
သူမကုန်လို့လာကျွေးတာများ။
"သူများအကြွင်းအကျန်တွေမစားဘူး.."
နေခြည်ချိုသူ့ကိုမျက်စောင်းထိုးလိုက်သည်။
"အကျန်မဟုတ်ပါဘူး..ငါတစ်ယောက်ထဲစားရတာပျင်းလို့..တူတူစားဖို့ခေါ်တာပါ.."
"မစားချင်ဘူး..ဟုတ်ပြီလား..လမ်းဘေးစာတွေမကြိုက်ဘူး.."
"နေပေါ့.."
နေခြည်ချိုပန်းကန်ကိုသူမ့ဘက်ပြန်ဆွဲယူလိုက်သည်
နေခြည်ချိုလက်အိတ်ကိုစွပ်ပြီးသေချာစားနေလိုက်တာတစ်ခါမှမစားဘူးတဲ့ကလေးလို။
လမ်းဘေးစာလေးမကြိုက်ဘူးပေါ့။စားကြည့်ရင်ရူးသွားဦးမယ်။လေကြီးတဲ့ကောင်။
နေခြည်ချိုကြက်ခြေထောက်တစ်ချောင်းကိုကိုက်မလို့ယူချိန်အခန်းထဲကိုအလျင်စလိုဝင်လာသောသူကြောင့်လက်ထဲကကြက်ခြေထောက်ပြုတ်ကျသွားသည်။
"ခွန်းပိုင်.."
သူစူးစူးစိုက်စိုက်နဲ့လက်ပိုက်ပြီးကြည့်နေသည်။
ထိုသို့ကြည့်ခြင်းကသူမ့ရှေ့မှာထိုင်နေသောသူကြောင့်ပင်။ထိုကောင်လေးကဘာလို့သူမ့ရှေ့မှာထိုင်ပြီးသူမ့ကိုကြည့်နေတာလဲ။
"နေခြည်ချို.."
ခွန်းပိုင်သူမ့နာမည်ကိုခေါ်ရင်းသူမ့ဆီဦးတည်လာသည်။
သွားပြီ..
"မင်းဘာတွေစားနေတာလဲ.."
"အင်..အင်..ကြက်ခြေထောက်သုပ်ပါ..စားမလား"
နေခြည်ချိုပန်းကန်ကိုမြင်ပြီးခွန်းပိုင်မျက်မှောင်ကြုတ်လိုက်သည်။နီရဲတောက်နေတာငရုတ်သီးတွေဘယ်လောက်တောင်များနေလိုက်မလဲ။
"ဒါတွေစားနေတာလား.."
"ဟုတ်တယ်..ဒီတစ်ခါတည်းပဲ..ကျွန်မ
"မရဘူး.."
ခွန်းပိုင်ပန်းကန်ကိုဆွဲယူပြီးအမှိုက်ပုံထဲကိုထည့်လိုက်သည်။
"ခွန်းပိုင်.."
"ကိုယ်ပြောပြီးသားနော်..မင်းနဲ့မတည့်တာတွေမစားရဘူးလို့.."
ရှင်မင်းဆက်သူတို့ကိုသေချာကြည့်နေမိသည်။အထက်စီးဆန်တဲ့ယောကျာ်းကိုဒေါ်နေခြည်ချိုဘာလို့သည်းခံနေပါလိမ့်။
"ပြော..ကျန်တာတွေကိုယ်ဝယ်ကျွေးမယ်..ဒါတော့မစားနဲ့.."
"ဗိုက်ကချဥ်ကြင်းတက်နေတာကို..အဲ့ဒါစားချင်တာ"
"မိန်းမ..ဒါမင်းနဲ့မှမတည့်တာ..ဒါကိုဘယ်ကဝယ်လိုက်တာလဲ..ကိုယ်ပြောစကားကိုနားမထောင်တာလား
ခဏလေးသည်းခံလိုက်ရင်အဆင်ပြေသွားမှာပါ.."
နေခြည်ချိုဝတ်ထားသောတစ်ခါသုံးလက်အိတ်ကိုချွတ်လိုက်သည်။
"အင်း.."
ခွန်းပိုင်နေခြည်ချိုစိတ်ကောက်သွားတာကြောင့်တုန်လှုပ်သွားသည်။
"မိန်းမ..ကိုယ်တစ်ခြားဟာ..ဝယ်ကျွေးမယ်လေ.ယအဲ့ဒါကမတည့်လို့ပါ.."
"ဟုတ်ပါပြီ..
ရှင်အလုပ်ရှိလို့လား..ကျွန်မ့ဆီလာတာ"နေခြည်ချိုမျက်နှာထားတည်တည်နဲ့ပြောလေသည်။
"မရှိပါဘူး..ကိုယ်မိန်းမ့ကိုလွမ်းလို့လာတာ.."
ခွန်းပိုင်သူမ့ကိုဖက်မလို့ရွယ်လိုက်ပေမဲ့သူမ့ရှောင်ထွက်သွားကာဘေးနားကစာရွက်စာတမ်းကိုယူလိုက်သည်။
"ရှင်မင်းဆက်.."
"ဟုတ်ကဲ့.."
"ဒါလေး..တို့ကိုကူညီပေးဦး.."
"ဟုတ်ကဲ့.."
နေခြည်ချိုသူ့ကိုစာရွင်လှမ်းမပေးမှီခွန်းပိုင်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
ကြောင်အမ်းအမ်းနဲ့ရပ်နေသောခွန်းပိုင်အခု့ထိလည်းအဲ့အတိုင်းပဲ။
"ခွန်းပိုင်..ရှင်ပြောစရာရှိသေးလို့လား.."
"ဟင်..မရှိပါဘူး.."
"ဒါဆို...ကျွန်မ့အခု့အလုပ်ရှုပ်နေတယ်..ရှင်
ခွန်းပိုင်သူ့ကိုနှင်မထုတ်ပါစေနဲ့လို့ဆု့တောင်းပေးမဲ့ဆု့တောင်းမပြည့်ပါဘူး။
"ရှင်နားလည်နိုင်မယ်ထင်ပါတယ်.."
သူ့ကိုသူစိမ်းတစ်ယောက်ရှေ့မှာနှင်ထုတ်လိုက်သည်။
သူမတစ်နေ့နဲ့တစ်နေ့စိမ်းကားလာသလိုပဲ။
ဟိုတစ်နေ့ကြိုးကြာဖြူအိမ်လာသွားသည်အချိန်ကစလို့ပေါ့။သူမဘာလို့ဒီလိုတွေဖြစ်သွားတာလဲ။
"ဟုတ်ပြီလေ..ကိုယ်သွားတော့မယ်.."
"ကျေးဇူးတင်ပါတယ်.."
ခွန်းပိုင်တံခါးပေါက်ကိုပိတ်ပြီးထွက်သွားခဲ့သည်။
နောက်ဆုံးမြင်လိုက်ရသည့်မြင်ကွင်းကသူမ့ရဲ့သူစိမ်းတစ်ယောက်ရှေ့မှာလှပစွာပြုံးနေပုံပဲ။
"ခင်ဗျားကသိပ်သရုပ်ဆောင်ကောင်းတာပဲ.."
"ဘာကိုလဲ.."
နေခြည်ချိုလက်တော့ပ်ကိုကြည့်ရင်းရှေ့ကကောင်လေးရဲ့စကားကြောင့်မော့ကြည့်လိုက်သည်။
"ခွန်းပိုင်ကခင်ဗျားယောက်ျားမဟုတ်ဘူးလား..သူ့ကိုချွဲနွှဲ့နေမယ့်အစားဘာလို့တွန်းထုတ်နေတာလဲ..အမှန်လည်းအဲ့လိုလုပ်ချင်တာမဟုတ်ပဲနဲ့.."
"ငါတွယ်ကပ်ရတာမကြိုက်ဘူး..ပျော့ညံ့တာငါမုန်းတယ်.."
"လိမ်တယ်..ခင်ဗျားကလိမ်တဲ့နေရာတော့ညံ့တာပဲ.."
ဟုတ်တယ်။ကျွန်မ့ကလိမ်တဲ့နေရာမှာတော့အညံ့ဆုံးပဲ။
"ဘယ်လိုသိတာလဲ.."
"မဆန်းပါဘူး..ခင်ဗျားသူ့ကိုကြည့်နေတဲ့မျက်လုံးတွေမှာတွယ်တာမှု့တွေပါနေတယ်..ခင်ဗျားသူ့ကိုချစ်နေရင်လည်းသူ့ကိုသေချာလေးဂရုစိုက်လေ..သူများဆီပါသွားမယ်.."
"ငါကဒုတိယလူပဲ..ပါသွားလည်းငါဘာလုပ်လို့ရမှာလဲ
"ပထမသူကိုတကယ်ချစ်ရင်ဒုတိယလူဆိုတာပေါ်လာစရာမရှိဘူး..နောက်ပြီးခင်ဗျားကထင်ထားသလို
ဒုတိယသူဟုတ်ချင်မှဟုတ်မှာပေါ့..ပထမသူဖြစ်နေရင်ဘယ်လိုလုပ်မလဲ.."
ပထမသူဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူး။အရာအားလုံးမှာသူမကဒုတိယသူပဲ။သူပျော်စရာနေ့တွေဝမ်းနည်းစရာအချိန်တွေသူ့အချစ်တွေအားလုံးကကြိုးကြာဖြူကအရင်ဆုံးကြုံတွေ့ဖူးပြီးသားလူလေ။
အခု့တလောဘာလို့များမသိ။အဲ့ဒီကိစ္စကိုပဲသတိထားနေမိတယ်။
"မဖြစ်နိုင်ပါဘူး.."
"နေခြည်ချို.."
နောက်တစ်ယောက်လည်းအခန်းထဲကိုအလောတကြီးနဲ့ဝင်လာလေသည်။ဒီတစ်ခါကတော့ခုဏကလိုနူးညံ့သည့်အသံမဟုတ်ပဲ။ရည်ရွယ်ချက်ကြီးကြီးနဲ့ခေါ်သောအသံ။
ပျော့ပျောင်းစွာပြောနေပေမဲ့အဆိပ်တွေပါနေတယ်ဆိုတာသိသာတယ်။
ကြိုးကြာဖြူ။နေခြည်ချိုသူမ့ကိုကြည့်လိုက်သည်။
"အို..နင်ကယောကျ်ားတစ်ယောက်ကိုတောင်ခေါ်ပြီးအခန်းထဲမှာပေါ်တင်ကြီးဖောက်ပြန်ရဲနေပြီပေါ့.."
"ငါ့ကိုနင့်လိုမျိုးထင်မနေနဲ့..ကြိုးကြာဖြူ.."
ကြိုးကြာဖြူသူမ့ရှေ့ကိုပြုံးပြီးလမ်းလျှောက်လာခဲ့သည်။စောစောကပြောခဲ့တဲ့စကားကိုတောင်ဂရုမထားဘူးပေါ့။
"ဘာလာလုပ်တာလဲ.."
"ငါလား..လာလည်တာလေ..နင့်ကိုပြစရာတစ်ခု့ရှိလို့"
"ဘာလဲ.."
"အို..စိတ် အေးအေးထားပါ..နင့်စိတ်လေးအရင်ထိန်း"
သူကဘာပြောချင်နေတာလဲ။ဘာကိစ္စရှိလို့ဒီအထိတောင်ရောက်လာတာလဲ။
ကြိုးကြာဖြူပြောမဲ့အရေးမပြောသေားပဲအချိန်ဆွဲနေသည်။
"ကြိုးကြာဖြူ..ဘာပြောချင်တာလဲ..ပြောလေ.."
"နင့်ရဲ့ကောင်လေးကိုအရင်ထွက်သွားခိုင်းတာမကောင်းဘူးလား.."
ကြိုးကြာဖြူရှေ့မှာထိုင်နေသောရှင်မင်းဆက်ကိုကြည့်လိုက်ပြီးမျက်လုံးတစ်ဖက်မှိတ်ပြသည်။
ရှင်မင်းဆက်သူရဲ့ပုံကိုမြင်ပြီးနှာခေါင်းရှုံလိုက်သည်။
ဘယ်လိုမိန်းမလဲ။
"ရှင်မင်းဆက်...ငါပြောတဲ့အလုပ်လေးသေချာလုပ်ထား..သွားလို့ရပြီ.."
"အင်း.."
ရှင်မင်းဆက်စာရွက်စာတမ်းတွေယူပြီးထွက်သွားလိုက်သည်။
သူကိုရိသဲ့သဲ့ကြည့်နေသောမိန်းမတစ်ယောက်နဲ့အဝေးဆုံးထွက်သွားနိုင်ပြီ။
"ကဲပြောတော့.."
"ပြောမှာပေါ့..
ကြိုးကြာဖြူလက်ထဲမှာကိုင်ထားသောစာအိတ်ကိုသူမ့ရှေ့ပို့လိုက်သည်။
"ဘာလဲ.."
"ဖွင့်ကြည့်လေ.."
နေခြည်ချိုအိတ်ထဲကဓာတ်ပုံတွေကိုမြင်ပြီးသွေးတွေထောင်တက်လာသည်။
ခွန်းပိုင်နဲ့ကြိုးကြာဖြူနမ်းနေသည့်ပုံတွေကြိုးကြာဖြူကိုပွေ့ချီပြီးအခန်းထဲဝင်သွားသည့်ပုံ။အို..သူတို့တွေနီးကပ်ပြီးနေနေကြသည့်ပုံတွေအများကြီးပါလား။
"ဒါဘာလဲ.."
"မြင်တာနဲ့မသိဘူးလား..နင့်ကိုဥာဏ်ကောင်းလိမ့်မယ်ထင်ထားတာ..တကယ်တော့နင်ကငတုံးပဲ.."
"ကြိုးကြာဖြူ.."
"အို..ဖြည်းဖြည်းအော်ပါ..သူများတွေကြားကုန်ရင်နင်အရှက်ကွဲနေဦးမယ်.."
"ငါကအရှက်ကွဲမယ်ဟုတ်လား..နင်တို့ဖောက်ပြန်တာတွေကိုငါ့ဆီကိုယ်တိုင်လာပို့တဲ့သူကမှအရှက်မရှိတာ.."
"နင်ကများပြောရသေးတယ်..ကိုကိုနဲ့ငါနဲ့အရင်ကတည်းကချစ်လာတဲ့သူတွေဖောက်ပြန်ပြီးဖြုတ်ခုတ်သွားတာကမှနင်လေ..ကဲ..အခု့ဘယ်လိုလုပ်မလဲ..ကိုကိုကငါ့အပိုင်ဖြစ်ပြီးသား..နင်ကအစားထိုးခံတစ်ယောက်..ဒါတောင်နင်ကမောက်မာနိုင်သေးတယ်နော်..
ကိုကိုကငါ့ဆီပြန်လာတာပဲလေ..
ကိုကိုနဲ့ငါ့ကလေးကိုနင်ကသတ်ခဲ့ပြီးတော့နင့်ကလေးကိုမွေးနိုင်မယ်ထင်နေတာလား..ဟမ်.."
"နင်အရည်မရအဖတ်မရတွေပြောမယ်ဆိုပြန်လိုက်တော့.."
"ငါ့ကလေးနင့်ကြောင့်သေတာအရည်မရအဖတ်မရလား..နင်တော်တော်လေးအကြင်နာတရားမရှိတာပဲ
နင့်ရဲ့ဒီပုံစံတွေကိုကိုကိုမြင်သွားရင်ကြိုက်နိုင်ဦးမယ်လို့ထင်နေတာလား.."
"ကြိုးကြာဖြူ.ငါကနင့်ကိုလူကြီးဆန်တယ်ထင်ထားတာ..နင်ကလေးဖြစ်နေတုန်းပဲ..."
"ဘာ.."
"ဒီမယ်..ငါခွန်းပိုင်ကိုလု့ယူခဲ့တာမဟုတ်ဘူး..သူ့ဘာသာငါ့အနားလာချင်လို့ရောက်လာတာ..နင့်ရဲ့စွမ်းဆောင်မှု့တွေကညံ့လို့ပဲနေမှာပေါ့..."
"နေခြည်ချို.."
"အို..တိုးတိုးအော်ပါ..သူများတွေကြားသွားလို့အရှက်ကွဲနေဦးမယ်.."
"နင်.."
"ငါ့ကိုဒီဓာတ်ပုံတွေပြပြီးကိုယ့်အရှက်ကိုယ်ခွဲမနေနဲ့..နင်တို့ဖြစ်ချင်သလိုဖြစ်နေပေမဲ့အချိန်တန်ရင်သူကငါ့ဆီပြန်လာမှာပဲ..""သိပ်ကိုယုံကြည်ချက်ရှိနေပါ့လား..နေခြည်ချို...နင်သာကောင်းနေရင်ကိုကိုကငါ့ဆီလာမှာကိုမဟုတ်ဘူး..သိလား..ပြောဦးမယ်..ကိုကိုကနင်လိုမိန်းမမဆန်ပဲသူပဲတတ်သူပဲသိနေတဲ့မိန်းမမျိုးကိုမ ကြိုက်ဘူး..သူနင်နဲ့နေရတာစိတ်ကုန်နေပြီတဲ့..ဒါကြောင့်မြန်မြန်ကွာရှင်းပေးလိုက်..ေနာက်ပြီးနင့်
ကလေးအတွက်မပူနဲ့နော်..ငါအဖေတစ်ယောက်ရှာပေးနိုင်တယ်..ကဲ..အခု့တော့ခွင့်ပြုဦး..ဓာတ်ပုံတွေအတွက်ကျေးဇူးတင်စရာမလိုဘူး.."
"ဪ..ဒုတိယသူကအမြဲတမ်းအစားထိုးခံပဲဖြစ်နေမှာသိလား..နင်စိုးရိမ်နေတယ်ဆိုရင်..ကလေးအတွက်အဖေခေါ်ဖို့လူတစ်ယောက်မြန်မြန်ရှာထားတော့.တော်ကြာကိုကိုကနင့်ကိုကွာရှင်းခိုင်းရင်နင့်မှာအားကိုးစရာမရှိပဲနေမယ်.."
ကြိုးကြာဖြူအောင်နိုင်သူအပြုံးကြီးပြုံးပြီးနေခြည်ချိုလက်ပြကာထွက်သွားသည်။
နေခြည်ချိုဓာတ်ပုံကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လိုက်သည်။
ဒီလိုအဆင့်မရှိတဲ့မိန်းမကငါ့ကိုပြောရဲတယ်။
နင်တို့ဘာသာကြိုက်သလိုနေငါစိတ်မဝင်စားဘူး။
အရင်တုန်းကကျွန်မ့သူ့အနားမှာနေနိုင်ဖို့မာနတွေခဝါချခဲ့တယ်။သူထားတဲ့ပုံစံအတိုင်းနေနိုင်အောင်နေတယ်။
သူကိစ္စတစ်ခု့မှကိုဝင်ရောက်ပက်သက်မှု့မလုပ်ခဲ့ဘူး။
အခု့လည်းသူ့ကိုချစ်လွန်းလို့သူအပြစ်တွေကိုသင်ပုန်းခြေပြီးခွင့်လွှတ်ပေးတယ်။ကျွန်မ့အနားမှာသူရှိနေရင်ရပါပြီဆိုတဲ့စိတ်နဲ့ပေါ့။
ဒါပေမဲ့လည်းသူ့ပေးတဲ့ကတိတွေကကြိုးကြာဖြူရဲ့မျက်ရည်တစ်စက်ကျလိုက်တာနဲ့ပျောက်ပျယ်ကုန်တယ်။
ခွန်းပိုင်ရှင့်ကိုအခု့ကစပြီးခွင့်လွှတ်မပေးနိုင်တော့ဘူး.
ရှင့်ကိုချစ်တဲ့စိတ်ကိုမရရအောင်ဖယ်ရှားပစ်မယ်..
တစ်ခါဖြစ်ပြီးနာကျင်မှု့ကိုနောက်တစ်ခါခံစားရလောက်ထဲ့အထိမရူးနိုင်တော့ဘူး။
😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔
#မဒီ
တစ်ခု့ပြောချင်ပါတယ်ဒီအချစ်ရက်ပေါင်း၃၆၅ရက်ကိုseason1..2လုပ်ထားပါတယ်။
season1ကပြီးဖို့မလိုတော့ပါဘူးနော်။
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now