part13

769 15 0
                                    

အချစ်ရက်ပေါင်း ၃၆၅ရက်

အပိုင်း၁၃

"ကိုသု့တ.."
နေခြည်ရဲ့သူစိမ်းဆန်သည့်ခေါ်သံကိုပြန်ကြားရတာခရီးကပြန်လာပြီးသည့်နောက်ပိုင်းကစလို့ပဲ။
သူမနားသွားလိုက်ပြီဆိုအဝေးကိုခပ်မြန်မြန်ထွက်သွားတတ်သည်။
စကားကိုလည်းကောင်းကောင်းပြောဖို့အချိန်တောင်မရှိခဲ့။ကိုယ်ကလိုက်သူမ့ကပြေးနဲ့။
လက်မခံချင်လို့နေမှာပေါ့။ကိုယ့်ဘက်ကအရာအားလုံးမပြည့်စုံသေးမှတော့သူမ့နားကပ်တွယ်ဖို့ဝန်လေးနေမိတာတော့အမှန်ပဲ။
သူမနားနေနိုင်ဖို့အရာအားလုံးကိုပြန်ပြင်ဆင်ရမယ်။မှားယွင်းခဲ့တဲ့အရာတွေကိုကောပေါ့။
"ဗျာ.."
"ကျွန်မဒီနေ့ဆိုင်စောစောပိတ်လိုက်မယ်..အိမ်မှာဧည့်သည်လာစရာရှိလို့.."
"ဪ..ဒါဆိုစောစောပြန်လိုက်မယ်လေ
"ဟင့်အင်း..မပြန်နဲ့.."
"ဘာလို့လဲ.."
"ကျွန်မနဲ့အိမ်ကိုလိုက်ခဲ့ပါ..ရှင့်ကိုဧည့်သည်တွေကတွေ့ချင်နေတယ်.."
"ဟင်..ကိုယ့်ကိုလား.."
"ဟုတ်တယ်.."
.............
နေခြည်အအေးတစ်ခွက်ယူလာပြီးသု့တရှေ့ကိုချပေးသည်။
"သောက်လိုက်ပါဦး."
"ကျေးဇူး.."
"ခြည်လေး..ဒီကိုလာခဲ့..ဦးဦးကအလုပ်မှာပင်ပန်းလာတာ.."
"ရပါတယ်..သမီးလေးထိုင်နေရုံနဲ့ကိုယ်မပင်ပန်းပါဘူး.."
ခွန်းပိုင်ရင်ခွင်ထဲထိုင်နေသောခြည်လေးသုတ့ကိုဖက်တွယ်လိုက်သည်။
နေခြည်ကတော့သူ့သမီးကိုမျက်စောင်းတစ်ချက်ထိုးပြလိုက်ပြီးခေါင်းပဲရမ်းလိုက်မိသည်။
"ခြည်လေး..အအေးသောက်မလား.."
"မသောက်တော့ဘူး..ဦးဦး..ခြည်လေး..ပုံဆွဲထားတာရှိတယ်..ဦးဦးရဲ့ပုံ.."
"ဟုတ်လား.."
"အင်း..သမီး..သွားယူလိုက်ဦးမယ်..ခဏ"
ခြည်လေးသု့တပေါ်ကဆင်းသွားပြီးပြေးထွက်သွားသည်။
အခန်းထဲမှာတော့အသက်ရှုသံကလွဲလို့ဘာသံမှမကြားရအောင်ကိုငြိမ်သက်နေလေသည်။
နေခြည်သူနဲ့မျက်နှာချင်းဆိုင်ရမှာစိုးလို့ခေါင်းကိုတစ်ဘက်လှည့်ကာထိုင်နေလေသည်။
"တီ...တီ..."
အိမ်ရှေ့ကကားဟွန်းတီးသံကြားရတာနဲ့နေခြည်မျက်ဝန်းတွေအရောင်တောက်လာကာထိုင်ရာကနေထလိုက်မိသည်။ခြံရှေ့ကိုအမြန်ပြေးထွက်သွားခဲ့မိသည်။
ခွန်းပိုင်လက်တစ်ဖက်နဲ့တစ်ဖက်တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ပုံမှန်ထက်ရင်တုန်မိနေတာတော့အမှန်ပဲ။
တဖြည်းဖြည်းနီးကပ်လာသောစကားပြောသံတွေကြောင့်မျက်နှာကိုတည်လိုက်သည်။
"ခွန်းပိုင်..."
အနောက်ဘက်မှရင်းနှီးနေသောယောကျ်ားအသံတစ်သံထွက်ပေါ်လာလေသည်။
ခွန်းပိုင်အနောက်ကိုလှည့်ကြည့်လိုက်သည်။
ဒေါက်တာဝန်းသူ့မျက်လုံးကိုသူမယုံနိုင်ဖြစ်နေသည်။
ခွန်းပိုင်ဆီလျှောက်လာသည်။
လျှောက်လာသည့်လမ်းတလျှောက်လုံးခွန်းပိုင်ကို
ခေါင်းအစခြေအဆုံးကြည့်နေ၏။
ခွန်းပိုင်သူ့ကိုနှုတ်ဆက်ဖို့အတွက်မတ်တပ်ရပ်လိုက်ချိန်ဝန်းရန်အောင်ရဲ့လက်နှစ်ဖက်သူ့ရဲ့ပခုံးပေါ်ကိုရောက်လာကာဆုပ်ကိုင်ထားသည်။
"ခွန်းပိုင်..မင်းပါနော်..သူငယ်ချင်း.."
ခွန်းပိုင်သတိရစိတ်တွေနဲ့ကြည့်နေသောဒေါက်တာဝန်းကိုကြောင်တောင်တောင်လေးကြည့်နေမိသည်။
"ငါဘယ်လောက်တောင်သတိရနေလိုက်လဲ.."
ဒေါက်တာဝန်းသူ့ကိုရုတ်တရက်လာဖက်တာကြောင့်ခွန်းပိုင်ဘယ်လိုလုပ်ရမလဲတောင်မသိတော့။
ဒေါက်တာဝန်းကိုတွန်းထုတ်လိုက်မိသည်။
"ခွန်းပိုင်.."
တွန်းထုတ်လိုက်သောခွန်းပိုင်ကြောင့်ဒေါက်တာဝန်းအံ့သြသွား၏။
"ဪ..ဒေါက်တာဝန်း..ဒါက..ခွန်းပိုင်မဟုတ်ဘူး..သူကသု့တ..ကျွန်မ့တို့ဆိုင်မှာအလုပ်လုပ်တာ.."
"ဟင်.."
ဒေါက်တာဝန်းနေခြည်ကိုကြည့်ပြီးခွန်းပိုင်ကိုသဘောမပေါက်သလိုပြန်ကြည့်မိသည်။
"လာ..ရတနာ..ထိုင်ရအောင်.."
"အေးပါ.."
"ဒေါက်တာလည်းထိုင်လေ.."
"ဟုတ်ကဲ့.."
ဒေါက်တာဝန်းနဲ့ရတနာတို့အတူထိုင်လိုက်ပြီးနေခြည်ချိုခွန်းပိုင်ဘေးနားမှာထိုင်လိုက်သည်။
"ကဲ..မိတ်ဆက်ပေးရဦးမယ်..ကိုသု့တ..ဒါကနေခြည်ရဲ့သူငယ်ချင်း..ရတနာ..ဟိုဘက်က"
ဒေါက်တာဝန်းစောစောကိစ္စကိုဒေါသထွက်သွားပုံပဲ။
သူ့လိုဒေါသထွက်လေ့မရှိသူကအခု့လိုကိစ္စလေးတစ်ခု့မှာဒေါသထွက်နေရတယ်လို့။
အမှန်တော့ဒေါက်တာဝန်းဒေါသထွက်နေတာမဟုတ်ဘူး။စိတ်မကောင်းဖြစ်သွားတာ။သေသွားပြီလို့ထင်တဲ့သူငယ်ချင်းကပြန်တွေ့လို့ဖက်တာတောင်တွန်းထုတ်ခဲ့တယ်။
အဲ့ကောင်ကိုဘယ်လောက်တောင်သတိရခဲ့ရလဲ။
ရှိတာမှသူငယ်ချင်းသုံးယောက်ထဲကို။တစ်ယောက်ကအပြီးတိုင်ထွက်ခွာသွားခဲ့ပြီးနောက်တစ်ယောက်ကပါထွက်သွားတဲ့အသိကဘယ်လောက်တောင်နာကျင်ခဲ့ရလဲ။
"ဒေါက်တာဝန်းရန်အောင်..ကဲ..သူငယ်ချင်းတို့ဒါကငါနင်တို့ကိုပြောဖူးတဲ့ကိုသု့တ.."
"တွေ့ရတာဝမ်းသာပါတယ်..တကယ့်ကိုမယုံနိုင်စရာပဲနော်..ရှင့်ကခွန်းပိုင်ရဲ့ရုပ်နဲ့ချွတ်ပြီးစွတ်ထားသလိုပဲ"
"ဟုတ်ကဲ့.."
"ခွန်းပိုင်ဆိုရှင်သိတယ်ပေါ့.."
"ဟုတ်ကဲ့..ကျွန်တော့်ကိုတူတယ်လို့ပြောတဲ့သူများတယ်လေ..ခွန်းပိုင်ဆိုတာဘယ်လိုလူလဲတောင်သိချင်မိတယ်.."
"သူလား...အကျင့်တစ်စက်မှမကောင်းတဲ့သူ..သူကနည်းနည်းလေးမှစာနာမှု့မရှိတဲ့သူ.."
"ရတနာ..ဘယ်လိုပြောလိုက်တာလဲ.."
ဒေါက်တာဝန်းဝင်ပြီးတားလိုက်သည်။
ရတနာသူ့ကိုတစ်ချက်လှည့်ကြည့်ပြီးခွန်းပိုင်ဘက်ပြန်လှည့်လိုက်သည်။
"သူကအမြဲတမ်းနေခြည်အပေါ်ဆိုအေးစက်ခဲ့တယ်..ကျွန်မတို့ရဲ့ငတုံးမလေးကအဲ့ဒါတောင်သူ့ကိုအသေတွေချစ်ပြီးပေးဆပ်ခဲ့တာ.."
"ရတနာ.."
"ရှင်ဘယ်လိုဖြစ်နေတာလဲ..ကျွန်မ့စကားပြောနေတယ်လေ.."
ရတနာရဲ့ငေါက်ငမ်းမှု့ကြောင့်ဒေါက်တာဝန်းသက်ပြင်းချလိုက်သည်။
"ရှင်လည်း..နေခြည့်ကိုချစ်ရေးဆိုထားတယ်ဆို..ဟုတ်လား.."
"ဟုတ်တယ်..."
"ကျွန်မ့တို့နေခြည်ကနောက်ထပ်နာကျင်လို့မရဘူး..သူ့ကိုနာကျင်အောင်လုပ်မယ့်သူမှန်သမျှကိုလည်းကျွန်မ့လက်သင့်ခံတော့မှာမဟုတ်ဘူး..အရင်တစ်ခါကသူချစ်ခဲ့လို့သူ့ပျော်ရင်ပြီးပါစေဆိုပြီးကျွန်မ့လွှတ်ထားခဲ့မိတယ်..ဒါပေမဲ့ပြန်ရလိုက်ကတာကျွန်မ့သူငယ်ချင်းကိုနာကျင်မှု့တွေပဲ..အဲ့တုန်းကထိထိရောက်ရောက်မတားလိုက်မိလို့ကျွန်မလည်းအရမ့းနောင်တရတယ်.ဒါပေမဲ့ဒီတစ်ခါတော့သူ့ကိုနာကျင်မဲ့အရာတွေကိုမလုပ်မိအောင်တားမယ်..မရရအောင်ခွဲပစ်မယ်.."
"ရတနာ..မင်းတော်သင့်ပြီနော်.."
"ရှင်.."
"တော်ပြီ..ရတနာ..အခု့ဟာကကိုသု့တနဲ့ဘာမှမဆိုင်ဘူး..ဘာလို့သူ့ကိုပဲမဲပြောနေတာလဲ.."
"ကျွန်မသူ့ကိုပြောနေတာမှမဟုတ်တာ.."
"ငါသိတယ်နော်..ရတနာ.."
"တွေ့လား..ရှင်ကအဲ့အတိုင်းပဲရှင့်သူငယ်ချင်းနဲ့ပက်သက်ရင်အမြဲကျွန်မ့ချည်းအပြစ်ပြောနေတယ်..ကိုယ့်သူငယ်ချင်းမကောင်းတာကျမမြင်ဘူး.."
"ဟ..ခွန်းပိုင်ဘယ်တုန်းကမှမကောင်းတာမလုပ်ခဲ့ဘူးကွ.."
"ဘာ..ဘယ်မျက်နှာနဲ့ပြောရဲရတာလဲ..သူ့ ကြောင့်ကျွန်မ့သူငယ်ချင်းနာကျင်နေရတာကိုမမြင်ဘူးလား.."
"ငါပြောလိုက်မယ်..ခွန်းပိုင်ကသေသွားတဲ့အထိနေခြည်ချိုကောင်းဖို့ပဲလုပ်ခဲ့တာ..သူ့ဘက်ကမှန်တာတွေလုပ်ခဲ့ပေမဲ့မင်းတို့ကအကောင်းမှမမြင်ခဲ့တာ.."
"အို..ပြောရဲလိုက်တာ.."
တဖြည်းဖြည်းနဲ့ပွဲကြမ်းလာတော့မယ့်သူတို့နှစ်ယောက်ကြားနေခြည်နဲ့ခွန်းပိုင်အနေခက်နေလေသည်။
"တော်ကြပါတော့ဟာ..နင်တို့လည်းအခု့မှရောက်တာရန်ဖြစ်နေကြပြီ.."
"မဟုတ်ပါဘူး..ငါသူနဲ့ရန်မဖြစ်ချင်ဘူး..ဒါပေမဲ့သူကသူ့ယောက်ဖကောင်းကြောင်းပဲပြောနေတာကို..အမှန်တရားကိုသိသိကြီးနဲ့ဖင်ပိတ်ငြင်းနေတာ.."
"မင်းကောပဲလေ...ခွန်းပိုင်ကမင်းအပေါ်ဘယ်လောက်ကောင်းပေးခဲ့လဲ..မင်းတို့မသိဘူးမလား..ဘာလို့ဆို.မင်းတို့ကမင်းတို့တွေးချင်တာကိုပဲဇွတ်တွေးခဲ့လို့ပဲ..ခွန်းပိုင်ဘက်ကကောတွေးကြည့်ဖူးလား.."
"အဲ့ဒါက..အဲ့ဒါကတော့.."
သူပြောတာလည်းအမှန်ပဲ။
တလျှောက်လုံးခွန်းပိုင်နေခြည့်အပေါ်မကောင်းတဲ့အချက်တွေပဲစဥ်းစားလာခဲ့တယ်။ခွန်းပိုင်ဘက်ကိုတစ်ခါမှမတွေးမိခဲ့ဘူး။
"တွေးစရာတောင်မလိုဘူး..သူကကောင်းတဲ့သူမှမဟုတ်တာ..သူ့အကြောင်းတွေးစရာမလိုဘူး..သူကဖောက်ပြန်ပြီး..လိမ်ညာတတ်တဲ့အယုတ်တမာ.."
"အဲ့ဒါတွေပဲ..မင်းတို့က..
ဘယ်အရာမှသေချာမစူးစမ်းဘူးမလား.."
"ဘာပြောတယ်.."
"ခွန်းပိုင်ကဘယ်တော့မှမဖောက်ပြန်ဖူးဘူး..ဒီမယ်ပြောလိုက်မယ်..ခွန်းပိုင်က..နေခြည်ချိုကိုသေလောက်အောင်ချစ်ပြီးဘယ်လောက်ဂရုစိုက်လဲဆိုတာငါအသိဆုံးပဲ..သူနေခြည်ချိုအကြောင်းတွေပြောလွန်းလို့ငါ့မှာနားတောင်ပေါက်ထွက်သွားမှာကြောက်တယ်..
မင်း.."
ဒေါက်တာဝန်းနေခြည်ချိုဘက်ကိုလှည့်လိုက်သည်။
"ကိုယ်ဝန်ရှိနေတယ်ကြားတော့သူငါ့ရုံးခန်းထဲလာပြီး
ကြွားလုံးထုတ်နေခဲ့တာ..ဆေးရုံတစ်ခု့လုံးကိုသူအဖေတစ်ယောက်ဖြစ်ပြီလို့အော်ပြောခဲ့တာ..ငါဆိုသူရူးသွားပြီလားလို့တောင်ထင်လိုက်မိတယ်..ငါ့သူငယ်ချင်းကမင်းကိုအဲ့လောက်တောင်ချစ်တာကွ..သူ့လိုအဆင့်အတန်းနဲ့မင်းလိုမိန်းကလေးငယ်လေးကိုမိဘသဘောတူရုံနဲ့သူယူခဲ့မှာမဟုတ်ဘူး..မင်းကိုချစ်မိသွားလို့ပဲ..သူ့အတွက်ထုတ်ပြဖို့နောက်ကျသွားရုံလေးပဲ..
ဒါကလည်းသူလွယ်လွယ်နဲ့လူတွေကိုမယုံရဲခဲ့ဘူး..သူ့မှာနာကျင်စရာတွေကမင်းထက်တောင်တော်တော်များတယ်..ခြေလှမ်းတစ်ချက်မှားရုံနဲ့ပြိုလဲသွားမဲ့
ကုမ္ပဏီရယ်..သူ့နေရာကိုလိုချင်နေတဲ့ရှယ်ယာရှင်တွေပြိုင်ဘက်တွေ...ဘယ်လောက်တောင်များလဲမင်းအသိ..နောက်ပြီးမဖြစ်မနေစောင့်ရှောက်ရမဲ့ညီမတစ်ယောက်ရယ်..ချစ်တာကိုမ မြင်နိုင်တဲ့ဇနီးရယ်..
အရာအားလုံးကသူ့အတွက်ခက်ခဲနေခဲ့တာ..ဒါတောင်မင်းတို့ကသူ့အပေါ်မှာနားလည်မှု့မပေးခဲ့ဘူးမလား"
ဒေါက်တာဝန်း.ခွန်းပိုင်နဲ့ပက်သက်တိုင်းဆတ်ဆတ်ထိမခံခဲ့ပေ။ဘာလို့ဆိုသူခွန်းပိုင်ကိုညီအကိုတစ်ယောက်လိုကောသူငယ်ချင်းတစ်ယောက်လိုကောချစ်ခဲ့တာ။
နေခြည်ဒီအချက်တွေနဲ့ဒေါက်တာဝန်းခွန်းပိုင်အပေါ်ဘယ်လောက်တောင်မေတ္တာရှိလဲဆိုတာသိနိုင်တယ်။
သူငယ်ချင်းရဲ့အတင်းကိုတစ်စက်လေးမှအပြောခံမှာမဟုတ်ဘူး။
ခွန်းပိုင်အမှားတွေလုပ်ခဲ့ရင်တောင်သူကမျက်ကွယ်ပြု့ပြီးကာကွယ်ပေးမဲ့သူမျိုး။
ခွန်းပိုင်ရယ်..ရှင်တော့ဒီလိုသူငယ်ချင်းကောင်းတစ်ယောက်ရထားတာဘယ်လောက်တောင်ကံကောင်းသလဲ..
သူတို့တွေစကားများနေကြပေမဲ့ခွန်းပိုင်တစ်ယောက်ထဲငြိမ်နေမိသည်။
နေခြည်နဲ့ရတနာရဲ့အတွေးထဲမှာခွန်းပိုင်ဆိုတာမကောင်းတဲ့လူဆိုးတစ်ယောက်လား။
"မာမီ.."
အားလုံးတစ်ခဏငြိမ်သွားပြီးခေါ်သံကြားရာကိုလှည့်ကြည့်လိုက်မိသည်။
"သမီးလေး.."
"မာမီ..ဘာဖြစ်နေတာလဲ.."
ရတနာ..ခြည်လေးကိုတွေ့တာနဲ့ပြေးပြီးပွေ့ချီလိုက်သည်။
"ကလေးလေး..တော်တော်တောင်ကြီးနေပြီ..ကြည့်စမ်းပါဦး.."
"မာမီ..ဒါကဘယ်သူလဲ.."
"သမီးလေး..အန်တီကသမီးရဲ့အန်တီလေး..အန်တီနာမည်ကရတနာတဲ့မှတ်ထားနော်..အန်တီရဲ့သမီးလေး.."
"ဟုတ်.."ခြည်လေးပြုံးသွားတော့ရတနာသူမ့လေးနဲ့နှာခေါင်းကိုအနည်းငယ်ဆွဲဆိတ်လိုက်သည်။
ဘာလို့များချစ်ဖို့ကောင်းနေရတာပါလိမ့်.အူယားဖို့ကောင်းလိုက်တာ..
ပါးဖောင်းဖောင်းလေးနဲ့သူမ့လေးကရတနာရဲ့ရင်ဘတ်ကိုကိုင်လှုပ်နေပြီ။
"ကိုယ်ပြန်တော့မယ်..နေခြည်.."
"ဟင်.ပြန်တော့မလို့လား.."
"အင်း...အိမ်မှာဦးလေးတစ်ယောက်ထဲကျန်ခဲ့တော့စိတ်ပူမိလို့ပါ..မနက်ကျစောစောလာခဲ့မယ်လေ"
"ဟုတ်ပါပြီ..ဒါဆို..ကျွန်မ့လိုက်ပို့ပေးမယ်.."
"ရပါတယ်..ဧည့်သည်တွေရှိတာပဲ..ဧည့်ခံလိုက်ပါဦး"
ခွန်းပိုင်သူ့ရဲ့လွယ်အိတ်ကိုယူပြီးခေါင်းငြိမ့်နှုတ်ဆက်ကာထွက်သွားလေသည်။
ဒေါက်တာဝန်းထွက်သွားသောခွန်းပိုင်၏ကျောပြင်ကိုကြည့်ပြီးအပြုံးလေးတစ်ချက်ပြုံးလိုက်မိသည်။
.....
"နင်သူမှန်းဘယ်လိုသိတာလဲ..ရုပ်ချင်းတူနေတာဟုတ်ပေမဲ့သူစကားပြောပုံတွေကခွန်းပိုင်နဲ့အရမ်းကွာခြားနေတယ်.."
"ငါလည်းအစကတော့သူမဟုတ်လောက်ဘူးလို့ထင်ခဲ့မိတယ်..သူ့အနေအထားကြီးကအရမ်းကွာနေတယ်လေ..ဒါပေမဲ့ငါမေ့သွားတဲ့တစ်ချက်ကသူ့ရဲ့တကယ်ပုံစံအမှန်ပဲ.."
"ပုံစံအမှန်ဟုတ်လား.."
"အင်း.."
နေခြည်ရေနွေးတစ်ခွက်ကိုယူလာပြီးထိုင်နေသော
ရတနာကိုပေးလိုက်သည်။
"သောက်လိုက်.နွေးသွားလိမ့်မယ်.."
"အင်း.."
ရတနာရေနွေးခွက်ကိုယူပြီးနေခြည်ပြောလာမည့်စကားကိုစောင့်စားနေမိသည်။
"သူကခပ်ချေချေနေတတ်ပြီးဘယ်သူမှဂရုမစိုက်တတ်တဲ့သူပုံစံမျိုးဆိုတာငါတို့အားလုံးသိတယ်မလား..ဒါပေမဲ့အဲ့အရာကဖုံးကွယ်ထားတဲ့အရာလေ..သူနာကျင်နေရတာကိုသူများတွေသိမှာစိုးလို့အသည်းမာတဲ့လူတစ်ယောက်လိုဟန်ဆောင်နေခဲ့တာ..အမှန်တော့သူကအရမ်းကပ်တွယ်တတ်တယ်...သူချစ်တဲ့အရာအပေါ်မှာအရမ်းကိုတွယ်တာလွန်ပြီးဆိုးသွမ်းချင်တယ်.သူ့စိတ်ကအမှန်တော့လူတွေနဲ့ပေါင်းသင်းရမှာပြေပြေလည်လည်နဲ့ပြောဆိုဆက်ဆံပြီးအားလုံးနဲ့ရင်းနှီးချင်တာ..ဒါပေမဲ့သူဖြစ်ချင်နေတာကိုဖော်မပြခဲ့ဘူး..
ဘာလို့ဆိုအဲ့အရာကသူ့ကိုအားနည်းချက်ဖြစ်လာစေမှာမို့ပဲ.."
"အဲ့ဒါတွေကိုနင်ဘယ်လိုသိလဲ..နေခြည်.."
"ငါလည်းအစကမသိပါဘူး..ငါခြည်လေးကိုယ်ဝန်ရလာတဲ့နောက်ပိုင်းမှာသူ့ဆက်ဆံပုံတွေကနေနားလည်လာခဲ့တာ...အခု့ဆိုသူကပတ်ဝန်းကျင်အသစ်တစ်ခု့မှာပျော်ရွှင်ချင်ပြီ..အတိတ်ကိုသူမေ့ထားပြီးသူနေချင်တဲ့ပုံစံအတိုင်းနေထိုင်နိုင်နေပြီ.."
"အဲ့လိုနေထိုင်နေတာကဟုတ်ပါပြီ..ဒါပေမဲ့နင့်အပေါ်သူရက်စက်ခဲ့တာတွေကကော..ဘယ်လိုလုပ်မှာလဲ..နင်လွယ်လွယ်နဲ့ခွင့်လွှတ်ပေးသင့်တယ်လို့တော့ငါမမြင်ဘူး.."
"ငါသူ့ကိုမခွင့်လွှတ်ပါဘူး...သူမှားသည်ဖြစ်ဖြစ်မှန်သည်ဖြစ်ဖြစ်..အချိန်အတိုင်းအတာတစ်ခု့အထိသူ့ကိုနာကျင်အောင်ငါလုပ်မယ်...ငါ့နာကျင်ရသလိုသူလည်းနာကျင်စေရမယ်...ဒါငါသူ့ကိုမုန်းလို့မဟုတ်ဘူး..ငါသူ့ကိုအရမ်းချစ်ခဲ့မိလို့..."
"အချစ်ဆိုတာတစ်ခါတစ်လေကျနားလည်ရသိပ်ခက်ပါလား..ချစ်လို့နာကျင်ရတယ်..ချစ်လို့ပျော်ရွှင်ရတယ်..ဝမ်းနည်းရတယ်..ဒီလိုအရာကြီးကိုငါတို့တွေဘာလို့များမစွန့်ပစ်ပဲထွေးပွေ့မိထားတာပါလိမ့်နော်.."
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now