အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၇
"နေခြည်ချို..."
ကြိုးကြာဖြူတံခါးကိုတွန်းဖွင့်လာပြီးဒေါသတကြီးနဲ့အော်ခေါ်လိုက်သည်။
နေခြည်ချိုဆူညံသည့်ခေါ်သံကြောင့်အိပ်ပျော်နေတာနေနှိုးလာရာခုတင်ရှေ့မှာသူမ့ကိုစူးစူးစိုက်စိုက်ကြည့်နေသောကြိုးကြာဖြူကိုတွေ့လိုက်သည်။
ခွန်းပိုင်ရှေ့မှာလိမ္မာပြီးယဥ်ကျေးတဲ့ယုန်သူငယ်လေးကဘယ်ရောက်သွားတာလဲ။
"နင်အိပ်ပျော်နိုင်သေးတယ်နော်.."
"ငါကဘာလို့အိပ်မပျော်ရမှာလဲ.."
"အဟား..နင်အရမ်းပျော်နေမှာပဲ..ငါ့ကိုကိုနဲ့ကလေးရသွားတာ..တော်တော်လေးတောင်စားဝင်အိပ်ပျော်
တယ်နော်..နင်ငါ့ကလေးကိုပျက်ကျအောင်လုပ်ပြီး
နင်ကျပျော်ရွှင်နေတာတော်တော်တတ်နိုင်တာပဲ.."
(နင်ငါပျော်ရွှင်နေတယ်များထင်နေတာလားကြိုးကြာဖြူ..ငါ့ကိုမချစ်တဲ့သူနဲ့ရခဲ့တဲ့ကလေးကိုငါမလိုချင်ပါဘူး..)
"နင်ကိုကို့ကိုဒီလိုကိစ္စလေးနဲ့တော့အနိုင်ယူသွားလို့ရမယ်မထင်နဲ့..ကိုကိုကနင့်ကလေးကိုလက်ခံမှာမဟုတ်ဘူး.."
"ငါ့ကိုသူလက်ခံစရာမလိုဘူး...နင်လိုကလေးလိုအပ်တဲ့သူမဟုတ်ဘူး..."
"ဘာပြောတယ်.."
"နင်လာတာပြဿနာရှာဖို့ဆိုပြန်လိုက်တော့.."
"ဘာ..ငါကပြဿနာရှာတယ်..ဟုတ်လား..နင့်သာငါတို့ဘဝထဲပေါ်မလာခဲ့ရင်ပြဿနာဆိုတာဖြစ်လာစရာအကြောင်းမရှိဘူး.."
ကျွန်မ့ကသူတို့အတွက်ပြဿနာမကြီးပေါ့။
"ငါလည်းနင်တို့နဲ့မတွေ့ခဲ့တဲ့အတိတ်ကိုပဲပြန်သွားချင်တယ်.."
သူတို့တွေနဲ့မဆုံခဲ့ရင်ကောင်းသား။ခွန်းပိုင်နဲ့မဆုံခဲ့ရင်အခု့လောက်ဆိုကျွန်မ့ကိုချစ်တဲ့သူနဲ့အိမ်ထောင်ကျပြီးပျော်ရွှင်နေရလောက်ပြီ။အခု့လိုဝမ်းနည်းစရာကောင်းပြီးစိတ်ပျက်စရာဘဝမျိုးရမှာမဟုတ်ဘူး။
ကြိုးကြာဖြူ..နေခြည်ချိုရဲ့တိတ်ဆိတ်ပြီးညိုးငယ်နေတဲ့မျက်နှာကြောင့်စိတ်ပျက်လာကာသူနဲ့ဆက်ပြိုင်ငြင်းချင်စိတ်မရှိတော့ပေ။
"နင်နောက်နေ့မှတွေ့မယ်.."ကြိုးကြာဖြူသူမ့ကိုလက်ညိုးငေါက်ငေါက်ထိုးပြီးထွက်သွားသည်။
"မြန်မြန်သွားလိုက်တော့.."
ကြိုးကြာဖြူဘာလို့အခု့လိုအေးအေးဆေးဆေးပြန်သွားတာကိုနားမလည်။
ထင်နေတာသူလာရင်ဒေါသတကြီးနဲ့အရာအားလုံးကိုပေါက်ကွဲပစ်မယ်လို့။ဒါပေမဲ့လည်းအခုတော့သူ့ဘာသာပြန်သွားတယ်။
ကောင်းတာပေါ့။စိတ်ညစ်စရာမလိုတော့ဘူးလေ။
......
နေခြည်ချိုဆေးရုံမှာနှစ်ရက်နေပြီးဆေးရုံဆင်းလာခဲ့သည်။
ရတနာရဲ့အတင်းတားမြစ်မှု့ကြောင့်အိမ်မှာနောက်ထပ်တစ်ရက်ထက်နေလိုက်သည်။ထိုသုံးရက်အတွင်းမှာခွန်းပိုင်အိမ်ကိုပြန်မလာသလိုသူ့ကိုလည်းမတွေ့ပေ။ဖုန်းလည်းမဆက်ဖြစ်။
အခု့လိုတစ်ယောက်နဲ့တစ်ယောက်မေ့ထားတာပဲကောင်းပါတယ်။
နေခြည်ချိုကုမ္ပဏီသွားရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"သမီးနေခြည်..နှိုးလာပြီလား.."
"ဟုတ်ကဲ့..သမီးကုမ္ပဏီသွားမလို့..အလုပ်ပျက်ထားတာလည်းကြာပြီဆိုတော့လေ.."
"ဟင်..နေမှမကောင်းသေးတာ..အလုပ်သွားမို့လား"
"ရပါတယ်..သမီးနေကောင်းနေပြီ.."
"ဟုတ်ပါပြီ..ဒါနဲ့လေ.အကိုလေး..အိမ်ပြန်ရောက်နေတယ်.."
"ဟင်.."
"အင်း..သူစာကြည်ခန်းထဲမှာ..အန်တီထင်တာတော့ညကတည်းရောက်နေတာလားမသိဘူး..အခု့ဆိုဖာပေါ်မှာအိပ်ပျော်နေတယ်.."
"နောက်ဆုံးတော့အိမ်ပြန်လာပြီပေါ့.."
"အကိုလေးညကျအရက်သောက်လာတာနဲ့တူတယ်..သူ့နားကအရက်နံ့တွေထွက်နေတာပဲ..."
"ဟုတ်လား.."နေခြည်ချိုဖာသီဖာသာမေးပြီးထမင်းစားခန်းထဲသို့ဝင်လာရန်ခြေလှမ်းပြင်လိုက်သည်။
"သမီးသူ့ကိုသွားမကြည့်တော့ဘူးလား.."
"သူဘာသာတောင်အိမ်ပြန်လာနိုင်တာပဲ..အဆင်ပြေမှာပါ..အန်တီစန်း..သမီးဗိုက်ဆာပြီ.."
"ဟုတ်ပြီ..အန်တီသမီးကြိုက်တဲ့အမဲသားဟင်းချက်ထားတယ်..မနက်စာဆိုသမီးကမုန့်ဟင်းခါးတို့ဘာတို့စားရတာမကြိုက်ဘူးမလား..ဒါကြောင့်အန်တီစန်းထမင်းပွဲပဲပြင်ထားတယ်..ရတယ်မလား.."
"အို..အန်တီစန်းကလည်း..သမီးအကြိုက်ပဲလုပ်ထားတာ.မနက်ဆိုထမင်းစားရမှာအားရတာ.. ကျန်တာတွေမကြိုက်ဘူး.."
"ဒါဆိုသွားစားရအောင်.."
"ဟုတ်ကဲ့..အန်တီစန်း.."
အန်တီစန်းကကျွန်မ့ကိုယ်ဝန်ရှိနေပြီလို့သိကတည်းကကျွန်မ့ကြိုက်တဲ့တည့်တဲ့ဟင်းတွေပဲချက်ကျွေး
တယ်။ဆေးရုံမှာလည်းအစစအရာရာသူ့ပဲလုပ်ပေး။
ကျွန်မ့ကိုအိပ်ရာကတောင်ထခိုင်းတာမဟုတ်ဘူး။
အန်တီစန်းကိုရထားတာနောက်ထပ်အမေတစ်ယောက်ကိုအစားထိုးရလိုက်သလိုပါပဲ။မေမေရှိတုန်းကလည်းအရာအားလုံးသူပဲကျွန်မ့ကိုလုပ်ပေးခဲ့တာ။မေမေကိုအရမ်းလွမ်းတာပဲ။
"သမီးထည့်စား..များများစားမှအားရှိမှာ.."
"ဟုတ်ကဲ့.."
"ဪ..အကိုလေး..နှိုးလာပြီလား.."
နေခြည်ချိုအကိုလေးလို့ခေါ်သံကြားတာနဲ့စိတ်တွေကလှုပ်ရှားလာခဲ့သည်။
"ဟုတ်..အန်တီစန်း..ကျွန်တော့်ကိုရေတစ်ခွက်လောက်ပေးပါ.."
နေခြည်ချိုသူ့မဘေးနားကိုလာရပ်တဲ့သူ့ကိုမော့ကြည့်လိုက်သည်။
ခွန်းပိုင်ရဲ့ရီဝေဝေမျက်ဝန်းတွေကကျွန်မ့ရင်ကိုဆူးအောင့်လာစေတယ်။အိပ်ရေးပျက်ထားလို့ညိုမဲနေတဲ့မျက်ကွင်းတွေ။ရှုပ်ပွနေတဲ့ဆံပင်တွေရယ်။သူမ့ကိုစူးစိုက်ပြီးကြည့်နေတဲ့အကြည့်တွေကလည်းတစ်မျိုးပဲ။ကျွန်မပြောခဲ့မိတာတွေကြောင့်သူဒီလိုဖြစ်နေတာလား။မဟုတ်လောက်ပါဘူး။သူ့လိုလူမျိုးကကျွန်မ့ပြောစကားကိုဘယ်စိတ်ထဲထားနေပါ့မလဲ။
နေခြည်ချိုသူ့ဆီကအမြန်အကြည့်လွှဲလိုက်ပြီး
"အန်တီစန်း..သမီး..ထမင်းတော်ပြီ.."
"တော်ပြီလား...နည်းနည်းပဲစားရသေးတာကို.."
"သမီးဗိုက်မဆာလို့ပါ..အန်တီ..သမီးသွားတော့မယ်နော်.."
"အေးအေး.."
ခွန်းပိုင်အန်တီစန်းဆီကရေခွက်ကိုယူလိုက်ပြီးသူမ့နားကနေထွက်သွားသည်။
ဘာဖြစ်တာလဲ..
နေခြည်ချိုထွက်သွားဖို့ခြေလှမ်းစရုံပဲရှိသေးခွန်းပိုင်အန်တီစန်းလက်ထဲကရေခွက်ကိုယူပြီးသူမအဝေးကို
ထွက်သွားသည်။
နေခြည်ချိုသူမ့ဘေးကသူမ့ကိုမမြင်သလိုဖြတ်သန်းသွားသောအရာကြောင့်စိတ်တော့ခုသွားသည်။
သူဘာ ဖြစ်တာလဲ..ငါ့ကိုစိတ်ဆိုးနေတာလား..
သူကများစိတ်ဆိုးရတယ်ရှိသေးတယ်..
နေခြည်ချိုပိုက်ဆံအိတ်ကိုဆွဲယူပြီးကားနဲ့ကုမ္ပဏီကိုအမြန်မောင်းထွက်ခဲ့သည်။
နေခြည်ချိုသူမ့ရုံးခန်းကိုရောက်ရောက်ချင်းပဲရတနာကိုတွေ့လိုက်ရသည်။
"နေခြည်...အလုပ်လာတာလား.."
"အင်း.."
"နေကောကောင်းရဲ့လားဟယ်...မလာလည်းရရဲ့သားနဲ့.."
"အလုပ်မလုပ်ရရင်မနေတတ်လို့ပါ..ငါနေကောင်းနေပြီ..ကဲ..အရင်သုံးရက်အတွင်းမှာအဆင်ပြေရဲ့လား.."
"အင်း..ငါတို့အလုပ်သင်တွေခေါ်ထားတာ..ဒီနေ့ သူတို့စဆင်းလိမ့်မယ်.."
"ဟုတ်လား..အေးပါ..ဒါဆိုသူတို့ရောက်လာတာနဲ့ငါ့ဆီလွှတ်လိုက်...ဒီနေ့လုပ်ရမယ်စာရွက်စာတမ်းတွေကိုလာပို့ပေး.."
"အင်း.."
နေခြည်ချိုအလုပ်လုပ်ဖို့ရန်သူမ့ရုံးခန်းထဲသို့ဝင်သွားသည်။အလုပ်လုပ်နေရမယ်ဒါမှကျန်တာတွေမစဥ်းစားနိုင်မှာ။
.......
"ဒေါက်..ဒေါက်..ဒေါက်.."
"ဝင်ခဲ့ပါ.."
ရတနာအလုပ်သင်တွေကိုခေါ်ပြီးနေခြည့်အခန်းထဲသို့ဝင်လာခဲ့သည်။
"နေခြည်..ဒီမှာရောက်ပြီ.."
"ဪ..အေး.."
နေခြည်ချိုလက်တော့ပ်ကိုပိတ်လိုက်ပြီးခေါင်းမော့ကြည့်လိုက်သည်။
"အင်း.."နေခြည်ချိုလူဦးရေကိုလိုက်စစ်ကြည့်တော့ကိုးယောက်ပဲရှိနေသေးတယ်။အားလုံးကအခု့မှအလုပ်စဆင်းတော့ကြောက်ရှာနေမှာပဲ။ဒီလိုပဲလေနေခြည်ချိုစပြီးအလုပ်ဆင်းတဲ့နေ့ကစိတ်နဲ့လူနဲ့တောင်မကပ်နိုင်အောင်စိတ်လှုပ်ရှားခဲ့ရတာ။
"ရတနာ..လူကကိုးယောက်ပဲရှိနေတယ်..
တစ်ယောက်မလာသေးဘူးလား.."
"အင်း..သူပထမဆုံးနေ့မှာတင်နောက်ကျနေပြီ.."
"ဟုတ်ပြီ..သူလာရင်ငါ့ဆီလွှတ်လိုက်..အခု့တော့ဒီလူတွေကိုအလုပ်ပေးလိုက်တော့.."
"ဟုတ်ကဲ့.."
"ကျွန်မရှင့်တို့ကိုယုံကြည်လိုက်မယ်နော်...တစ်ဦးနဲ့တစ်ဦးဖေးမကူညီရင်းရှေ့ဆက်သွားကြတာပေါ့..အခု့မှအလုပ်သင်ဆိုပေမဲ့မကြောက်ကြပါနဲ့..ရှင်တို့သာကောင်းကောင်းလုပ်ရင်ကျွန်မ့တို့ကအဲ့ဒါနဲ့တန်တဲ့
တန်ကြေးကိုတော့ပြန်ပေးမှာ..."
"ဟုတ်ကဲ့ပါ.."
"ဒါဆို..အလုပ်လုပ်ကြပါဦးနော်...ရတနာ..သူတို့ကိုသေချာလေးလိုက်ပြပေးလိုက်.."
"အင်း... လာကျွန်မ့တို့သွားရအောင်.."
........
"ဒေါက်..ဒေါက်..ဒေါက်.."
"ဝင်ခဲ့ပါ.."
"နေခြည်..ဒီမှာအလုပ်သင်တစ်ယောက်ရောက်လာပြီ
နေခြည်ချိုနာရီကိုငုံ့ကြည့်လိုက်သည်။ကိုးနာရီခွဲတောင်ရှိနေပြီ။အရောက်ခေါ်ထားတာကကိုးနာရီမလား။
နေခြည်ချိုရှေ့မှာတုတ်တုတ်မှမလှုပ်တဲ့လူငယ်လေးတစ်ယောက်။သူ့မျက်နှာကိုရင်းရင်းနှီးနှီးမြင်ဖူးသလိုပဲ။
"မင်းနာမည်ဘယ်လိုခေါ်လဲ.."
"ရှင်မင်းဆက်.."
"ဟုတ်ပြီ..ရှင်းမင်းဆက်..မင်းရုံးချိန်ကဘယ်ချိန်လဲဆိုတာသိပါတယ်နော်.."
"သိပါတယ်..ကိုးနာရီပါ.."
"ဒါဆိုကိုးနာရီခွဲမှဘာလို့ရောက်လာတာလဲ..."
"ကျွန်တော်အိပ်ရာထနောက်ကျနေလို့.."
"ဟမ်.."
ကားကြပ်လို့ဘာလို့ဆိုတဲ့ဆင်ခြေတွေပေးမယ်ထင်ထားတာ။ဘာတဲ့အိပ်ရထနောက်ကျလို့။
"အိပ်ရာထနောက်ကျတယ်ဆိုပြီးကိုးနာရီခွဲမှရောက်တယ်ပေါ့လေ.."
"ဟုတ်ပါတယ်...ဒါဆို..အလုပ်လာမနေနဲ့တော့..အလုပ်ကိုအလေးမထားပဲ..အချိန်ကိုအလေးမထားပဲ..မင်းဘယ်အောင်မြင်တော့မှာလဲ..."
"ကျွန်တော်အလုပ်ကိုနောက်ကျမိတာနဲ့မအောင်မြင်တော့ဘူးလို့ဘာလို့ထင်ရတာလဲ..ခင်ဗျားအမြင်နဲ့လူတစ်ယောက်ကိုဆုံးဖြတ်လို့မရဘူးလေ.."
နေခြည်သူမ့ကိုပြန်ခံပြောနေသောသူ့ကိုကြည့်ပြီးအံ့သြလို့မဆုံး။အလုပ်ရှင်ကိုပြန်ခံပြောတာတစ်ကယ်ကိုမျက်တောင်တစ်ချက်မခတ်ဘူး။
"မင်းပထမဆုံးနေ့မှာတော့အလုပ်နောက်ကျတာမကောင်းဘူးလေ..မင်းရဲ့ဒီလုပ်ရပ်နဲ့တင်ငါအလုပ်ကိုဘယ်လိုယုံယုံကြည်ကြည်ခိုင်းလို့ရတော့မှာလဲ."
"ခင်ဗျားမယုံကြည်လည်းနေပေါ့..ကျွန်တော်လည်းအလုပ်မလုပ်ရုံပဲရှိမယ်.."
လူငယ်လေးပြန်ဖို့ခြေလှမ်းပြင်နေချိန်မှာပဲရတနာတားလိုက်သည်။
"နေပါဦး..ဟို..သူကအဲ့လိုပြောတာမဟုတ်ပါဘူး..ခဏလေးပါ.."
"ရတနာ..သူသွားချင်တာသွားပါလေ့စေ..သူ့လိုပုံစံနဲ့ဘယ်ကုမ္ပဏီမှအလုပ်ခန့်မှာမဟုတ်ဘူး.."
"ခင်ဗျား.."
"နေခြည်..နေဦး..မောင်လေး..ခဏလးနော်..အမတို့ဆွေးနွေးလိုက်ဦးမယ်.."
ရတနာနေခြည်ကိုတစ်ဖက်သို့ဆွဲခေါ်သွားခဲ့သည်။
"ရတနာ..ဘာဖြစ်နေတာလဲ.."
"ဟာ..နင်ကတော့..သူ့ကိုအလုပ်ထုတ်လို့မရဘူး."
"ဘာလို့လဲ...သူ့ပုံစံကြည့်ဦး..ငါဒီအတိုင်းတော့အလုပ်မခံချင်ပါဘူး.."
"အော်..နင်ပြောရခက်ပါလား..အဲ့ဒါအန္တရာယ်ဟဲ့.."
"ဘာအန္တရာယ်လဲ.."
"သူကဦးတေဇရဲ့သား..သူသားကိုအလုပ်အတွေ့အကြုံရအောင်လို့ဒီမှာအလုပ်သင်ခိုင်းလိုက်တာ.."
"ဘာ.."
ဦးတေဇရဲ့သား။ကုမ္ပဏီရဲ့ရှယ်ယာ၂၅ရာခိုင်နှုန်းလောက်ကသူ့အပိုင်တွေ။ခွန်းပိုင်ပြီးရင်သူကရှယ်ယာအများဆုံးပဲ။
"သူသားကဘာလို့ငါကုမ္ပဏီမှာလာလုပ်တာလဲ..သူ့အဖေလည်းကုမ္ပဏီထောင်ထားတာပဲလေ.."
"နင်မသိဘူးလား..သူ့သားကအရမ်းဆိုးတာ..အဲ့ဒါကြောင့်ငါတို့ဆီမှာအလုပ်လုပ်ခိုင်းပြီးနောက်ပိုင်းကျသူ့ကုမ္ပဏီမှာဦးစီးခိုင်းမှာ.."
"ဒါပေမဲ့..သူလိုလူနဲ့မဖြစ်လောက်ဘူးနော်.."
"မဖြစ်လည်းဖြစ်အောင်လုပ်ရမှာပဲ..သူသားကိုအလုပ်မပေးရင်ရှယ်ယာတွေပြန်ထုတ်သွားနိုင်တယ်.."
"ဟာ..စိတ်ညစ်စရာပဲ.."
"အေးဟုတ်တယ်..ဒါကြောင့်နင်သူ့ကိုအလုပ်ထုတ်မရဘူး.."
"အလုပ် ေပးလိုက်ပြီထားပါဦး..ငါတို့ကုမ္ပဏီကအချက်အလက်တွေကိုသူ့အဖေကိုပြန်ပေးရင်ဘယ်လိုလုပ်မလဲ.."
"အဲ့ဒါတော့ဟုတ်တယ်..ဒါပေမဲ့သူမလုပ်လောက်ဘူးလို့တော့ငါ့ထင်တယ်.."
"ဟင်..နင်ဘယ်လိုလုပ်ယုံကြည်နေတာလဲ..လူဆိုယုံရတာမဟုတ်ဘူး.."
"ဟာ.နင်ကလည်းသူပုံစံကိုကြည့်..ခပ်တည်တည်နဲ့မမှန်မကန်တွေလုပ်မဲ့ရုပ်မပေါ်ပါဘူး.."
"ခပ်တည်တည်နေတိုင်းယုံရမှာလား.."
"နင်ယုံရမှာတစ်ခု့တော့ရှိတယ်.."
"ဘာလဲ..သူစိတ်ထားကသူများကိုကူညီတတ်တယ်.."
"အို..နင်ကအခု့မှသိတာကို..ဘယ်လိုသိတာလဲ."
"ဟာ..ဘယ်ကသာ..ငါသူ့ကိုသိတာလွန်ခဲ့တဲ့သုံးရက်က..နင်မီးလောက်ပြီးမူးလဲနေတော့ကူညီပေးတာ..သူပဲ..."
"ဟမ်..."
ရတနာရယ်စောစောပြောရောပေါ့။အခု့တော့ငါ့ကျေးဇူးရှင်ကိုပစ်မှားမိပြီ။
နေခြည်ချိုကျောပေးထားသည့်လူငယ်လေးဘက်ကိုပြန်လှည့်လိုက်သည်။
"ခင်ဗျားတို့ပြောလို့ပြီးပြီလား.."
"အင်း.."
"ဒါဆိုကျွန်တော်ကပြန်ရမှာလား..ဆက်လုပ်ရမှာလား
နေခြည်ချို..ရတနာရဲ့လက်ကိုတို့လိုက်သည်။
"အို..မောင်လေးရယ်..ဘယ်ကပြန်ရမှာလဲ..အမတို့ကမောင်လေးကိုအလုပ်ခန့်ပါတယ်.."
"ခင်ဗျားတို့ပဲအမျိုးမျိုး.."
"ဒီမှာမင်းအလုပ်ဆင်းလို့ရပြီ...နောက်တစ်ခါအချိန်မနောက်ကျစေနဲ့..ရတနာသူ့ကိုခေါ်ပြီးအလုပ်ကိုလိုက်ပြလိုက်.."
"အေးအေး..လာမောင်လေး.."
နေခြည်ချို.သူ့ကိုမကြည်သလိုကြည့်သွားသောမျက်ဝန်းတွေကိုထူးဆန်းနေမိသည်။
ဒေါ်နေခြည်ချိုခင်ဗျားကကျေးဇူးတရားမသိတတ်တဲ့သူပဲ။သူ့ကိုကူညီဖူးတဲ့သူတောင်မသိသလိုဟန်ဆောင်ပြီးနေရဲတယ်။
😆😆😆😆😆😆😆😆😆😆😆😆😆😆😆😆
#မဒီ
😘
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...