အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၇
"ချွင်.."
"ဘာများအလိုရှိလို့ပါလဲ.."
နေခြည်ချိုရှေ့ကလူကိုမေးလိုက်သည်။
ထိုသူသည်နေကာမျက်မှန်ကြီးရယ်maskကြီးရယ်ကမျက်နှာတစ်ခုလုံးကိုနေရာယူထားသည်။
ဂျာကင်အမဲကြီးကိုဝတ်ထားပြီးလက်နှစ်ဖက်ကိုအိတ်ကပ်ထဲသို့တစ်ဖက်စီထည့်ထားသည်။
နေခြည်ရှေ့ကဘာစကားမှပြန်မပြောပဲသူမ့ကိုကြည့်နေသောသူကိုဘာပြောရမလဲမသိ။
"ဘာများအလိုရှိလို့ပါလဲ.."
"ဟား..ဟား..ဒေါ်နေခြည်ချို.."
"ဟမ်.."နေခြည်သူ့အသံကိုမမေ့ဘူး။ဒေါ်နေခြည်ချိုလို့ခေါ်သံ ကြောင့်ပိုမှတ်မိသွားသည်။
မင်းဆက်မျက်မှန်နှင့်maskကိုချွတ်လိုက်သည်။သူရဲ့မျက်လုံးတစ်စုံကအရင်လိုတောက်ပနေတုန်းပဲ။အရင်ထက်တောက်ပလာလာတာပါ။
"မတွေ့တာကြာပြီ.."
နေခြည်.မင်းဆက်မှန်းသေချာချိန်တွင်ကောင်တာမှထွက်လာပြီးသူ့နားကိုအပြေးသွားခဲ့သည်။
"ရှင်မင်းဆက်..ငကြောင်လေး.."
"ဟာ..အမကလည်း..တွေ့တာနဲ့ပြောပြီ..ကျွန်တော်အမ့ကိုလာတွေ့တာနော်..ပြန်သွားလိုက်မှာ.."
"အို..စိတ်ချည်းပဲ.."နေခြည်ချိုသူ့ရဲ့နဖူးကိုလက်နဲ့တောက်လိုက်သည်။
"နာတယ်..ကျွန်တော်မျက်နှာမှာအမာရွတ်ပေါ်လို့မရဘူးသိရဲ့လား.."
"မင်းကတကယ်ကလေးစိတ်မပျောက်သေးဘူးပဲ...
မတွေ့တာတောင်ကြာနေပြီ.."
"အမနော်..ကျွန်တော်ကအကောင်းနဲ့လာတွေ့တာ..ဧည့်သည်ကိုဆက်ဆံပုံကဘာကြီးလဲ.."
"ဟုတ်ပါပြီ..စတာပါ.. ကဲ..လာ.."
......
နေခြည်နဲ့မင်းဆက်တို့ထောင့်မှာချထားသောစားပွဲဝိုင်းမှာထိုင်လိုက်သည်။
"ဘာသောက်မလဲ.."
"တော်ပြီ..ဝိတ်တက်မှာစိုးလို့.."
"ဪ..ဟုတ်ပါပြီ.."
"အမ..ကျွန်တော်ကတိတည်တယ်နော်.."
"ဘာကိုလဲ.."
"ကျွန်တော်ဖုန်းဆက်တုန်းကနောက်တစ်လနေရင်လာခဲ့မယ်လို့လေ.."
"ဪ..ဟုတ်သားပဲ..ဒါနဲ့မင်းတစ်ယောက်ထဲလား..
မခ့ကောမပါဘူးလား.."
"ဟင့်အင်း..သူ့အဆက် ေဟာင်းနဲ့အဆင်ပြေနေတယ်"
မင်းဆက်ခေါင်းငုံ့ပြီးဂရုမစိုက်သလိုနဲ့ပြောလေသည်။တစ်ခြားကိုစိတ်မရောက်သွားဖို့အတွက်သူ့ရဲ့ခြေထောက်တစ်ဖက်ကိုလှုပ်နေမိသည်။
"မင်းအခု့ထွက်ပြေးလာတာလား.."
"ဗျာ..ထွက်ပြေးလာတာမဟုတ်ပါဘူး..ဒီအတိုင်းစိတ်မွန်းကျပ်လို့ထွက်လာတာ..အမ..ကျွန်တော်ဒီမှာခဏနေလို့ရတယ်မလား.."
မင်းဆက်အားကိုးတကြီးနဲ့နေခြည်ဘက်ကိုလှည့်ပြီးပြောလာသည်။
နေခြည်သူ့ကိုခေါ်ထားလို့ရပါတယ်။ဒါပေမဲ့သူကမင်းသားလေ။တစ်ခု့ခု့ဆိုသူပဲနာမည်ထိခိုက််မလား။
"အမ..ရလားလို့.."
"ငါကမရဘူးလို့ပြောရင်မင်းဘာလုပ်မှာလဲ.."
"ဘာလုပ်ရမှာလဲ..ကျွန်တော်တခြားထွက်သွားပြီးအဲ့မှာပျော်သလောက်နေမှာပေါ့.."
အဲ့လိုကျလည်းမဖြစ်ပြန်ဘူး။သူလိုသူဋ္ဌေးသားကဘယ်လိုလုပ်တစ်ယောက်ထဲနေနိုင်မှာလဲ။
"မင်းဘာလို့ထွက်လာရတာလဲ..မခ့ကောသိရဲ့လား.."
"ဟာ..ကျွန်တော်ပြောပြီးပြီလေ..သူကကျွန်တော့်ကိုဂရုမစိုက်ဘူး..သူ့ကောင်ပဲသူချစ်တာ..ကဲ..ပြောအမ..အမဒီမှာမနေခိုင်းရင်..ကျွန်တော်ထွက်သွားတော့မယ်
မင်းဆက်အလောတကြီးနဲ့ခုံပေါ်ကကားသော့နှင့်မျက်မှန်ကိုယူလိုက်သည်။
"နေပါဦး..မင်းတစ်ယောက်ထဲသွားလို့ဘယ်ဖြစ်မလဲ."
"အမမှလက်မခံတာ..ကျွန်တော်ကိုယ့်ဘာသာပဲသွားရမှာပေါ့.."
"ဟုတ်ပြီ...မင်းဒီမှာပဲနေ..ဘယ်မှသွားစရာမလိုဘူး..
မင်းတစ်ယောက်ငါမလွှတ်နိုင်ပါဘူး..တော်ကြာတစ်ခု့ခု့ဖြစ်သွားမှဒုက္ခရောက်နေမယ်..မသွားနဲ့တော့..အိမ်မှာပဲနေ.."
"ပြီးတာပဲလေ..အမအစကတည်းကလက်ခံမယ်ဆိုတာသိသားပဲ.."
မင်းဆက်အနိုင်ရသည့်အပြုံးနှင့်ပြုံးပြလေသည်။
နေခြည်ရဲ့စိတ်ပူတတ်သောစိတ်ကိုသူကောင်းကောင်းသိတာပေါ့။
"ဒါနဲ့အမ..ကျွန်တော်ဒီမှာရှိနေတဲ့အကြောင်းကိုမခ့ကိုပြန်မပြောပါနဲ့နော်..သူနဲ့ကျွန် တေ်မတွေ့ချင်ဘူး."
"ဟုတ်ပါပြီ..မခ့ကိုပြန်မပြောဘူး..မင်းဒီမှာပျော်သလောက်နေလို့ရတယ်..ဒါပေမဲ့အချိန်တန်ရင်တော့ရင်ဆိုင်ရမယ့်အရာတွေရှိတယ်ဆိုတာသိထားနော်.."
"အင်း..ကျွန်တော်သိပါတယ်..အဲ့ဒါတွေအတွက်လည်းစဥ်းစားလာခဲ့ပြီးသားပါ.."
"ကဲ..လာ..ဒါဆို..ငါတို့မုန့်သွားစားရအောင်..မင်းနေ့လည်စာမစားရသေးဘူးမလား.."
"အင်း..မစားရသေးဘူး.."
မင်းဆက်..နေခြည်နောက်ခွေးလေးသူ့သခင်နောက်
အမြှီးနှံ့နှံ့နဲ့လိုက်သွားသလိုပျော်ပျော်ရွှင်ရွှင်နဲ့လိုက်သွားလေသည်။
.......
"အမ.."
ဆိုင်အတွင်းစကားတပြောပြောနဲ့ဝင်လာသောပျိုး။သူ့ဘေးကသု့တတစ်ယောက်သူ့ရဲ့စကားတွေကိုဘယ်လောက်တောင်နားထောင်ခဲ့ရလဲမသိ။
နေခြည်နဲ့မင်းဆက်ကော်ဖီသောက်နေကြရင်းပျိုးရဲ့ခေါ်သံကြောင့်ကြည့်လိုက်မိသည်။
ေနခြည်ကိုအခြားသူစိမ်းတစ်ယောက်နဲ့တွေ့သွားသူဖို့စိတ်တော့လှုပ်ရှားသွားမိသား။
"ဪ..ပျိုးလာလေ.."
"အဲ့ဒါ..ဟို..ဟို.."ပျိုးမင်းဆက်ကိုမျက်တောင်မခတ်တန်းကြည့်နေမိသည်။
အင်တာနက်ပေါ်မှာသာမြင်ဖူးတဲ့နိုင်ငံကျော်တစ်ယောက်ကဒီရောက်လာတာလား။
ပျိုးရဲ့မျက်လုံးပြူးမျက်ဆံပြူးနေသောရုပ်ကိုမြင်ပြီးနေခြည်ပြုံးမိသွားသည်။
မင်းဆက်လည်းပျိုးနောက်ကသူကြောင့်ရင်တွေတုန်သွားတာတော့အမှန်ပဲ။
အဲ့လူကဘယ်လိုရောက်နေတာလဲ..
"ပျိုး..ပါးစပ်လည်းပြန်စိပါဦးလား..လာဒီမှာလာထိုင်"
"အမ..အဲ့ဒါကလေ..သူက..ရှင်မင်းဆက်လား.."
"အင်း..ကဲပါလာထိုင်ချည်..ကိုသု့တလည်းလာလေ.ထိုင်.."
ပျိုး.မင်းဆက်ဘေးဝင်ထိုင်တော့သု့တ.နေခြည်ဘေးထိုင်ရုံပဲရှိတော့တာပေါ့။
"ဟိုင်း.."
"ဟိုင်း.."
မင်းဆက်သူနှုတ်ဆက်လို့သာပြန်နှုတ်ဆက်လိုက်ရတာမျက်လုံးကတော့သု့တကိုအစအဆုံးကြည့်နေမိသည်။မင်းဆက်ရဲ့အရေးမလုပ်မှု့ကိုခံလိုက်ရသောပျိုး.နေခြည့်ကိုတချက်မျက်စပစ်ပြလိုက်သည်။သူနဲ့မိတ်ဆက်ပေးဆိုသောသဘောနဲ့ပေါ့။
"မင်းဆက်..ဒါအမတို့ဆိုင်ကလေ..သူ့နာမည်ကပျိုးတဲ့ဒီဘက်ကကျကိုသု့တတဲ့..ကဲပျိုး..သူ့နာမည်ကိုတော့အမမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်နော်.."
"မလိုပါဘူး..ဒီလောက်နာမည်ကြီးကိုမမှတ်မိရလောက်အောင်မတုံးမဘူးအမကလည်း..ကိုရှင်မင်းဆက်..
ပျိုးကလည်းရှင့်ကိုအရမ်းကြိုက်တာ..အခုတော့အပြင်မှာတွေ့ရပြီ..ဖုန်းထဲမှာထက်ကိုပိုချောတယ်.."
"ဟုတ်လားဗျာ့..ကျေးဇူးတင်ပါတယ်.."
တစ်ချက်လေးတောင်အလွှတ်မခံပဲဒေါက်ထောက်ကြည့်နေသောမင်းဆက်ကြောင့်သု့တအနေကျုံ့လာသည်။
မနေနိုင်တော့သည့်အဆုံးသိချင်စိတ်တွေတဖွားဖွားနဲ့မင်းဆက်မေးဖို့သာကြံစည်လိုက်သည်။
"အမ..သူက.."
"ငါသိတယ်..နောက်မှအေးဆေးပြောတာပေါ့.."
နေခြည်ချိုမျက်ရိပ်မျက်ကဲပြပြီးငြင်းလိုက်လေသည်။
မင်းဆက်အတွက်ကတော့လုံးဝတားဆီးလို့မရ။
"ပျိုး..ကော်ဖီသောက်မလား..အမသွားဖျော်ခဲ့မယ်."
"ဟုတ်..ပျိုးဆိုင်ကြည့်ပေးထားမယ်.."
နေခြည်ချိုအနောက်ခန်းထဲဝင်သွားပြီးနောက်သိပ်မကြာဘူးမင်းဆက်ပါလိုက်လာခဲ့သည်။
"အမ..သူကဘယ်လိုဖြစ်ပြီးရောက်နေတာလဲ.."
"မင်းထင်တဲ့အတိုင်းငါလည်းထင်ခဲ့တယ်..ဒါပေမဲ့
သူကခွန်းပိုင်မဟုတ်ဘူး.."
"ဟမ်.."
နေခြည်ကော်ဖီကိုဖြေးညှင်းစွာမွှေရင်း
"သူ့နာမည်ကသု့တတဲ့..ခွန်းပိုင်နဲ့ရုပ်တူနေပေမဲ့အကျင့်စရိုက်ကတော့လုံးဝကွာခြားတယ်.."
"အမဘယ်လိုသိလဲ.."
"သူကငါ့ဆီမှာအလုပ်လုပ်တာကြာပြီ..သူ့ကိုငါစမ်းသပ်ပြီးသား..သူ့မှာခွန်းပိုင်နဲ့တူတဲ့အချက်တစ်ချက်မှမရှိဘူး..ရုပ်ကလွဲရင်ပေါ့..သူကစိတ်ထားကောင်းပြီးသူများအပေါ်ကြင်နာတတ်တဲ့သူမျိုး..ခွန်းပိုင်လိုမဟုတ်ဘူး.."
"ေသချာလို့လားအမရယ်..သူလိမ်နေရင်ကော.."
"သေချာပါတယ်..ခွန်းပိုင်ဆိုဒီလိုနေပြီးဒီလိုလုပ်နေမယ်ဆိုတာဖြစ်နိုင်လို့လား..အဲ့တစ်ချက်နဲ့တင်မင်းသိသင့်ပြီ..သူကခွန်းပိုင်မဟုတ်ဘူး.."
"မဟုတ်သေးပါဘူး..ကျွန်တော့်စိတ်ထဲတော့သူကခွန်းပိုင်လို့ထင်နေမိတယ်.."
"နောက်တော့တဖြည်းဖြည်းချင်းသိလာလိမ့်မယ်..သူကခွန်းပိုင်မဟုတ်ဘူး..ကဲ..ကော်ဖီထက်ယူဦးမလား"
"မယူတော့ဘူး.."
နေခြည်နဲ့ထိုသူအနောက်ခန်းမှာအတော်ကြာနေတာကြောင့်သု့တဂနာမငြိမ်ဖြစ်လာသည်။ဘေးကမော်တာလှည့်နေသလားအောက်မေ့လောက်အောင်ဒလက်စပ်ပြောကြားနေသောပျိုးကြောင့်စိတ်ရှုပ်ရတာကတစ်မျိုး။
"ကဲ..ရပြီ.."
"ရော့ဒါပျိုးအတွက်..ဒါကကိုသု့တအတွက်.."
သု့တသူမ့လက်ထဲကကော်ဖီခွက်ကိုယူလိုက်သည်။
သူမ့ကြောင့်အလိုလိုပြုံးသွားမိသောအပြုံးချိုချိုလေး။
"အမ..ပျိုးကော်ဖီကအကို့ဟာနဲ့လည်းမတူသလိုပဲ.."
"ဟင်..ဪ..ကိုသု့တကအခါးကြိုက်လို့ကော်ဖီထဲဘာမှမထည့်ထားတာ..ပျိုးကအချိုကြိုက်လို့နို့ဆီလေးထည့်ပေးထားတာ..ဒါကြောင့်ပျိုးရဲ့အရောင်ကနည်းနည်းဖျော့နေတာ.."
"ဪ..ကျေးဇူးပါပဲ..ပျိုးကကော်ဖီချိုချိုလေးမှကြိုက်တာ.."
ပျိုးကော်ဖီကိုတစ်ငုံလောက်သောက်ယူလိုက်သည်။
သု့တတော့ကော်ဖီမသောက်မှီပျော်ရွှင်သွားသောအပြုံးနှင့်ပြုံးနေမိသည်။သူမ့ကိုသူ့ကိုဂရုစိုက်သားပဲ။
တစ်ခါပဲပြောဖူးတာကိုမှတ်မိတယ်။
သုတ့ရဲ့အပြုံးကိုမင်းဆက်သေချာကြည့်နေမိသည်။
သူကခွန်းပိုင်ဆိုတာသေချာသိနေတယ်။
ခွန်းပိုင်ခင်ဗျားလိုလူကလိမ်လို့မရပါဘူး..အမသိလာအောင်လုပ်ပြမယ်..
........
မင်းဆက်နေခြည်တို့အိမ်မှာနေထိုင်တာနှစ်ရက်လောက်ရှိပြီ။သူ့အတွက်နှစ်ရက်တာကအရမ်းမရှည်ကြာပေမဲ့နောက်ပိုင်းမှာကျန်ခဲ့တဲ့သူတွေအတွက်ကတော့နှစ်ရက်တာကအရမ်းကိုရှည်ကြာနေပြီ။
မင်းဆက်ကိုပြန်လာဖို့ဖုန်းတဂွမ်ဂွမ်ဆက်လို့နေ၏။
သို့သော်မျှော်နေတဲ့သူဆီကတော့မဟုတ်။
မခနဲ့ရန်ဖြစ်ပြီးထွက်လာခဲ့ရတာသူကတော့ပြန်ခေါ်ဖို့သတိတောင်မရဘူး။
ငါဘက်ကဘာမှမမှားဘူး..သူသာအချစ်စိတ်မွှန်နေတာ..ပြောတာတောင်နားမထောင်နိုင်ဘူး..
မျက်စိစုံလုံးကန်းနေသလားအောက်မေ့ရအောင်သူလုံးဝမင်းဆက်ကိုဂရုမစိုက်ဘူး။ဘယ်တော့မှလည်းဂရုမစိုက်ခဲ့ဘူး။သူမအတွက်အရာအားလုံးကိုစွန့်လွှတ်ခဲ့ပေမဲ့သူမ့ကတော့သူ့အတွက်အရာအားလုံးကိုစွန့်လွှတ်နိုင်တယ်။
"မနေခြည်..."
မင်းဆက်သူ၏အတွေးတွေနဲ့ဝိုင်းနေချိန်အိမ်ရှေ့ကခေါ်သံကြောင့်ကြည့်လိုက်မိသည်။
ဪ..ဘယ်သူများမှတ်တယ်..ဟိုကောင်ကိုး..
"ဟေ့..ဘာလဲ.."
မင်းဆက်ထပြီးအိမ်ရှေ့ကိုထွက်လာသည်။
သု့တသူ့ကိုမြင်လိုက်တာစိတ်ရှုပ်သွားပေမဲ့မျက်နှာကိုအတင်းပြုံးလိုက်ပြီး
"ဪ..ကိုရှင်မင်းဆက်..."
"ဘာလို့လဲ.."
"ကျွန်တော်မနေခြည်ဆီလာတာပါ
..ဒီမှာသူပြောထားတဲ့ပစ္စည်းလာပို့ပေးတာလေ.."
"ဪ..ပေးခဲ့..ကျွန်တော်ယူထားမယ်.."
"ရပါတယ်..ကျွန်တော်ကိုယ်တိုင်ပဲပေးလိုက်ပါ့မယ်..မနေခြည်ချိုကိုခေါ်ပေးပါလား.."
"သူအခု့မအားဘူး..ပေးခဲ့ပါ.."
"ဟုတ်လား..ဒါဆိုကျွန်တော်နောက်မှပဲလာပေးလိုက်မယ်.."
"အရေးကြီးတဲ့အရာမလား..ပေးခဲ့.."
မင်းဆက်သူဆီကအထုတ်ကိုဆွဲယူလိုက်သည်။
သု့တမပေးချင်ပါဘူးဆိုအတင်းဆွဲယူသွားသောသူနဲ့တော့ခက်သား။
မင်းဆက်သူ့ဘက်ခြေတစ်လှမ်းတိုးလိုက်ပြီး
"ဒီမယ်..ခင်ဗျား..သိပ်ပြီးဟန်ဆောင်မနေနဲ့.."
"ဘာကိုပြောချင်တာလဲ.."
သု့တသူ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။
မျက်နှာမှာမသိသလိုအပြုံးလေးဟန်ဆောင်ထားပေမဲ့ပေါ့။
မင်းဆက်စူးရှသောမျက်ဝန်းတွေနဲ့ကြည့်ရင်း
"ခင်ဗျားရဲ့ဒီအကြည့်ကိုအစကျွန်တော်သိတယ်..ဘယ်အချိန်ထိ.အမ့ကိုလိုက်ပြီးနှောက်ယှက်ပေးနေဦးမှာလဲ..ခင်ဗျားတော်သင့်ပြီ..အမမှာဘယ်လောက်နာကျင်ခဲ့ရလဲ..ခင်ဗျားမသိပေမဲ့ကျွန် ေတာ်ကတော့အကုန်နားလည်တယ်..."
သု့တသူပြောသမျှကိုဘာဆိုဘာမှနားမလည်ပေ။
သူဘာပြောနေတာလဲ..နေခြည်ချိုကိုနှောက်ယှက်ရတယ်..
"ဘာကြောင်နေတာလဲ...ခင်ဗျားနောက်ထပ်ကြံစည်နေတာတွေတော်သင့်ပြီ..သမီးလေးနဲ့အမ့ကိုလွှတ်ပေးလိုက်တော့ပါ..သူတို့ကဘာမှအပြစ်မရှိဘူးလေ."
"မင်းပြောတာကိုနားမလည်ဘူး..ဘာပြောနေတာလဲ"
မင်းဆက်ဒေါသအထွန်အထိတ်ကိုရောက်ရှိလို့လာပြီ။
ဘာတဲ့သူကတော်တော်လေးဟန်ဆောင်ကောင်းတဲ့သူပဲ။
"ဟန်ဆောင်မနေနဲ့. .ကျွန်တော်ခင်ဗျားကခွန်းပိုင်မှန်းသိတယ်..နာမည်လေးပြောင်းရုံနဲ့အားလုံးအဆင်ပြေသွားပြီထင်နေတာလား..လူယုတ်မာကောင်.."
"စကားကိုအေးဆေးပြောရင်ကောင်းမယ်.."
"ဘာလဲ..ခင်ဗျားကပြောတာနာနေတာလား..မှန်တာပဲကို..အမ့အပေါ်လုပ်ခဲ့ပြီးမှအခုလိုသူတော်ကောင်းယောင်ဆောင်နေလဲ..ဘာမှရမှာမဟုတ်ဘူး..ခင်ဗျားရဲ့ယုတ်မာမှု့တွေကပျောက်သွားမှာမဟုတ်ဘူး..သိရဲ့လား..ဖောက်ပြန်ပြီးစာရိတ္တမကောင်းတဲ့သူကအမ့လိုလူမျိုးနဲ့လုံးဝမတန်ဘူး.."
"မတန်ဘူးဟုတ်လား.မင်းပြောတာတစ်လုံးမှနားမ
လည်ပေမဲ့ငါနဲ့မနေခြည်ချိုတို့ဆက်ဆံရေးမှာမင်းဝင်ပါစရာမလိုဘူးထင်တယ်.."
"ပါတော့ဘာဖြစ်လဲ..အဲ့ဒါကျွန်တော့်အမ..ခင်ဗျားသာဘာမှမဆိုင်တဲ့သူ.."
"အခု့မဆိုင်လဲ..နောက်တော့ဆိုင်လာမှာ...နေခြည်ချိုကငါ့အတွက်ပဲ.."
"ဝိုး..ခင်ဗျားကနည်းနည်းပဲပြောရသေးတယ်ရှိသေး
ဗီဇကတန်းပေါ်လာပြီ...အမရှေ့မှာသာလိမ်လို့ရမယ်.
ခင်ဗျားခွန်းပိုင်ဆိုတာသူတစ်နေ့သိသွားမှာပဲ..အဲ့ချိန်ကျခင်ဗျားလိမ်နေတာသိသွားပြီးအရင်ကထက်ပိုမုန်းလာလိမ့်မယ်.."
မင်းဆက်၏စကားထဲကခွန်းပိုင်ခွန်းပိုင်နဲ့ပြောဆိုနေတာအဲ့လူကဘယ်သူလဲ။
သူနဲ့ငါကဘာများပက်သက်နေတာလဲ။သူပြောသလိုအဲ့လူကနေခြည်ချိုအပေါ်မှာယုတ်မာခဲ့တဲ့သူလား။
"ခင်ဗျားသိထားပါ..အမ့ကိုခွန်းပိုင်ဆိုတဲ့ခင်ဗျားကိုသေအောင်မုန်းတယ်...ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး..ကဲ..ခင်ဗျားပြန်လို့ရပြီ..ကျွန်တော်ဒါတွေကိုယူသွားပေးလိုက်မယ်.."
မင်းဆက်တံခါးပိတ်ပြီးအိမ်ထဲကိုလှည့်ထွက်သွားပြီးသည့်နောက်ထိသု့တဒီအတိုင်းရပ်မြဲရပ်နေမိသည်။
ငါရဲ့အတိတ်ကသူမ့နဲ့သက်ဆိုင်နေတာလား..ဘာတွေလဲ..အတိတ်မှာငါဘာအမှားတွေလုပ်ခဲ့မိတာလဲ...
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...