အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၀
"ဒါဆို..ခင်ဗျားကောကျွန်တော့်ကိုကြိုက်လား..
ကျွန်တော်သူ့ကိုမေ့ပြီးခင်ဗျားကိုချစ်လို့ရလား.."
"ဟမ်.."
နေခြည်ချိုသူ့စကားကြောင့်လန့်ပြီးအနောက်ကိုခြေတစ်လှမ်းပြန်ဆုတ်မိသွားသည်။
ရှင်မင်းဆက်သူ့ပုံကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်ကာ
"ခင်ဗျားပြောတော့ရုပ်ချော.ပညာတတ်..ဥစ္စာပေါသူဋ္ဌေးသားကိုမကြိုက်မဲ့သူမရှိဘူးဆို..ဘယ်နဲ့လဲ..ခင်ဗျားကျတော့မတူပါလား..."
"အဲ့ဒါက.. တို့ ေမှာချစ်တဲ့သူရှိပြီးသားလေ.."
"တွေ့လား..ကျွန်တော့်ကိုမကြိုက်တဲ့သူတွေလည်းရှိတာပဲလေ..နောက်ပြီးသူ့နေရာမှာအစားထိုးဖို့ဆိုတာမဖြစ်နိုင်ဘူး..ခင်ဗျားဆိုရင်တော့တစ်မျိုးပေါ့.."
"ဟေ့..ငါ့မှာချစ်တဲ့သူပြီးသား..သူကလွဲပြီးကျန်တဲ့သူရှိလာဖို့မဖြစ်နိုင်ဘူး.."
"အဲ့လိုပဲ..ကျွန်တော်လည်းတူတူပဲပေါ့..ခင်ဗျားတောင်သူ့ကိုအရမ်းချစ်တယ်မလား..ကျွန်တော်လည်းသူ့ကိုအရမ်းချစ်တယ်.."
"မင်းသူငယ်ချင်းကိုဖွင့်ပြောလိုက်ပါလား..မင်းခံစားစရာမလိုတော့ဘူးပေါ့.."
"ဒါပေမဲ့သူမှာချစ်သူရှိပြီးသား..နောက်ပြီးကျွန်တော့်မှာလည်းချစ်သူရှိတယ်..."
"အို.."
နေခြည်ချိုသူစကားကြောင့်အံ့သြမဆုံး။ဘယ်နဲ့ချစ်သူလည်းရှိရက်နဲ့အခြားတစ်ယောက်ကိုချစ်နေတယ်။ဒီကောင်တော့ဘာလဲဟ။
"မင်းရဲ့အချစ်ရေးကလည်းရှုပ်လှချည်လား.."
"အင်း..နည်းနည်း.."
"ဘယ်နည်းနည်းလဲ..အများကြီး..ဒါဆိုမင်းကမင်းချစ်သူကိုမချစ်ဘူးပေါ့လေ.."
"အင်း.."
"ဒါများဘာလို့တွဲနေသေးလဲ.."
"ချစ်တယ်ထင်လို့ပေါ့ဗျာ.."
"မင်းတို့လူငယ်တွေအချစ်ကလည်းရှုပ်တာ..ငါနားကိုမလည်တော့ဘူး.."
"မလည်လည်းထားလိုက်တော့..ငါဘာလို့များဒီအဖွားကြီးကိုသွားပြောမိပါလိမ့်.."
ရှင်မင်းဆက်သူ့ပါးစပ်ကိုသူပြန်ပုတ်ပြီးပြောလိုက်သည်။
"ဘာ..အဖွားကြီး..ဟုတ်လား..ငါ့အသက်ကအခု့မှ၂၈ပဲ ရှိသေးတာ..ဘာအဖွားကြီးလဲ.."
"၂၈တောင်အိုနေပြီ.."
"အကောင်စုတ်လေး..နင်တော့ပြောလေကဲလေပဲ..နင့်အသက်ကျ၂၂နှစ်တောင်ရှိနေပြီ..နင်လည်းအိုနေပြီပဲ.."
"၂၂နှစ်ဆိုတာအခု့မှနု့ပျိုတုန်းပဲရှိသေးတာ.."
"အေးပါ..အေးပါ..မင်းတို့အပျိုလေးတွေစိတ်ချမ်းသာရင်ပြီးတာပဲ.."
"ဘာအပျိုလဲ.."
"ဟား..ဟား.မှားလို့လူပျို.လူပျို.."
"ခင်ဗျားကြီးနော်..စကားပြောရင်အရမ်းကိုအနိုင်ယူတယ်.."
"တို့လား..တို့ကအကြီးပဲအနိုင်ယူတာမစမ်းပါဘူး.."
"အေ့.."
"ကဲ..ကဲ..ထားလိုက်တော့...တို့မင်းကိုကျေးဇူးတင်မလို့လာတာ..ဒါပေမဲ့စကားတွေကဘယ်တွေရောက်သွားမှန်းကိုမသိဘူး..တို့မင်းကိုကျေးဇူးတင်ပါတယ်နော်..တို့အသက်ကိုကယ်ပေးတဲ့အတွက်.."
"အင်း.."
"ကျေးဇူးဆပ်တဲ့အနေနဲ့ညစာဖိတ်ကျွေးမယ်..မင်းဘယ်နေ့အားလဲ.."
"ကျွန်တော်လား..ရုံးတက်ရတဲ့အချိန်ကလွဲပြီးကျန်တဲ့အချိန်အကုန်အားတယ်..ခင်ဗျားကြိုက်တဲ့အချိန်ခေါ်လိုက်.."
"ok..ကောင်းပြီ..."
နေခြည်ချိုသူ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့သည်။အဲ့ကလေးကထင်ထားသလိုမဟုတ်ပဲဖော်ရွေတတ်တယ်။
ရှင်မင်းဆက်အအေးဘူးကိုဆုပ်ကိုင်ရင်းသူမ့ထွက်သွားသည်ကိုကြည့်နေမိသည်။
ဒေါ်နေခြည်ချိုကိုဘာဖြစ်လို့အကုန်လုံးနီးပါးဖွင့်ပြောမိပါလိမ့်။ခံစားမိတာတော့သူမ့ကမိုးမခနဲ့အရမ်းတူတယ်။စကားလည်းနားထောင်ပေးတတ်တယ်။ကျွန်တော်ဝင်မဆံ့တဲ့ပတ်ဝန်းကျင်မှာသူတို့နှစ်ယောက်လုံးရပ်တည်နိုင်တယ်။တွေ့တာဖြင့်သိပ်မကြာပေမဲ့သူ့ကိုခံစားချက်တွေအားလုံးဖွင့်ပြောရလောက်တဲ့အထိယုံကြည်မိသွားသည်။
သူမဆီမှာ မခလို့နွေးထွေးကြင်နာမှု့တွေခံစားရတယ်။
မခရယ်..ငါနင့်ကိုသိပ်သတိရတာပဲ..နင်နဲ့တူတဲ့အဒေါ်ကြီးတစ်ယောက်နဲ့ငါရင်းနှီးသွားပြီ...မခ...ငါနားမှာနင်နေနိုင်အောင်လို့ဘာမဆိုငါလုပ်မယ်..
😇😇😇😇😇😇😇😇😇😇😇😇😇😇😇😇
ေနခြည်ချိုညလယ်ကြီးမှာ
ထွက်ပေါ်လာသောခွန်းပိုင်ဖုန်းသံကြောင့်နှိုးသွားခဲ့သည်။
နေခြည်ချိုသူမ့ဗိုက်ပေါ်တင်ထားသောခွန်းပိုင်ရဲ့လက်ကိုအသာအယာဖယ်ပြီးဘေးကခုံပေါ်ရှိဖုန်းကိုလှမ်းယူလိုက်သည်။
ဖုန်းနံပါတ်ကလည်းအစိမ်း။နေခြည်ချိုမျက်မှောင်ကြုတ်လိုက်ပြီးဖုန်းကိုင်လိုက်သည်။
"ဟယ်လို.."
"ဟယ်လို..ဘယ်သူလဲ.."
နေခြည်ချိုအမေးကိုပြန်မဖြေပဲဖုန်းကိုချသွားသည်။
ဘာလဲဟ...မှားဆက်တာလား..
နေခြည်ချိုဖုန်းကိုပိတ်ပြီးခွန်းပိုင်ရဲ့ရင်ခွင်ထဲသို့ဝင်ကာအိပ်ဖို့လုပ်လိုက်သည်။
"တီ...××××××××××××××"
မျက်လုံးမှိတ်ကာရှိသေးဖုန်းကဆက်ပြန်ပြီ။
နေခြည်ချိုဖုန်းကိုယူပြီးကိုင်လိုက်သည်။
"ဟယ်လို..ဘယ်သူလဲ.."
'......'
ဟိုဘက်ကဘာသံမှမပြောပဲပြန်ချသွားသည်။
ဒီတစ်ခေါက်တော့နေခြည်ချိုရဲ့အိပ်ချင်နေသောမျက်လုံးတွေအတော်လေးကိုပွင့်လာပြီ။
နေခြည်ချိုဖုန်းကိုဆက်ပြီးကိုင်ထားမိသည်။
ဘယ်သူလဲ..လူအိပ်ချိန်ကြီးဆက်တယ်..နောက်စရာလား..
နေခြည်ချိုရဲ့လှုပ်ရှားမှု့တွေကြောင့်ဘေးကအိပ်ပျော်နေသောခွန်းပိုင်နှိုးလာသည်။
"မိန်းမ..ဘာဖြစ်တာလဲ.."
"ဖုန်းလေ..ဘယ်သူဆက်တာလဲမသိဘူး.."
"ထားလိုက်ပါ..အိပ်ရအောင်.."
"တီ×××..×××..×××.."
နေခြည်ချိုလက်ထဲမှာကိုင်ထားသောဖုန်းကိုဒေါသတကြီးနဲ့လက်ခံလိုက်သည်။
"ဟယ်လို.."
"ပေး..ကိုယ့်ကိုပေး.."
ခွန်းပိုင်သူမ့လက်ထဲကဖုန်းကိုယူလိုက်သည်။
"ဘယ်သူလဲ..သူများအိပ်နေပြီလေ..ဘယ်သူလဲ.."
"ကိုကိုလား.."
"ကြိုးကြာ.."
နေခြည်ချို.ကြိုးကြာလို့အသံကြားတာနဲ့အိပ်ဖို့ပြင်ရာကနေထလိုက်သည်။
"ကိုကို..ညီမလေးတမင်ဆက်တာမဟုတ်ပါဘူး..ညီမလေးအိမ်မှာတစ်ယောက်ထဲကြောက်လို့ပါ..ကိုကိုညီမလေးဆီလာခဲ့လို့ရမလား.."
"ဟင်..အဲ့မှာဒေါ်သိမ်ရှိတယ်မလား.."
(ဒေါ်သိမ်..ကြိုးကြာဖြူရဲ့အိမ်အကူ)
"မရှိဘူး..သူဒီနေ့ခွင့်ယူသွားတယ်..အပြင်မှာမိုးတွေရွာနေတယ်...ညီမလေးကြောက်တယ်ကိုကိုလာခဲ့ပါ နော်.."
"ညီမလေးဒီတစ်ညတော့အဲ့အတိုင်းပဲအိပ်လိုက်နော်..ဘာမှမကြောက်နဲ့..ကိုကိုမနက်ကျလာခဲ့မယ်နော်..
အခု့မိုးတွေရွာနေတော့လမ်းတွေပိတ်နေလောက်ပြီ..ဘာမှမဖြစ်ပါဘူး..ဒီတစ်ညတော့သည်းခံလိုက်နော်."
"ကိုကို..ညီမလေးကိုမချစ်တော့ဘူးလား..ကိုကိုကတိကိုကိုကိုမတည်ဘူး..ညီမလေးကိုကိုကိုတစ်သက်လုံးဂရုစိုက်မယ်ပြောထားတယ်မလား.."
"ဟုတ်ပါတယ်..ဒီမှာကိုကို့မိန်းမလည်းအိပ်နေပြီမို့..ကိုကိုမနက်ကျမှလာခဲ့မယ်နော်.."
ခွန်းပိုင်.နေခြည်ချိုကိုကြည့်လိုက်တော့ဒေါသထွက်နေသောမျက်ဝန်းတွေနဲ့သာရင်ဆိုင်လိုက်ရတာကြောင့်စကားကိုခပ်မြန်မြန်ပြောလိုက်သည်။
"ကိုကို..ကတိမတည်ဘူး..ကိုကိုကြိုးကြာကိုတကယ်မချစ်ပါဘူး..ကိုကိုလူလိမ်..ကြိုးကြာကိုကို့ကိုမခေါ်တော့ဘူး.."
"ကြိုးကြာ.."
"ကိုကိုကလူလိမ်ကြီး..ကြိုးကြာအကိုကိုသေအောင်လုပ်ပြီးကြိုးကြာကိုတစ်ယောက်တည်းဖြစ်အောင်လုပ်တယ်..ကိုကိုကကိုယ့်တာဝန်ကိုယ်မေ့သွားပြီ..ကိုကိုနေခြည်ချိုကြောင့်ညီမလေးကိုထားခဲ့ပြီ..ကိုကို့ကိုအကိုကဘယ်တော့မှခွင့်လွှတ်တော့မှာမဟုတ်ဘူး..ကိုကိုကလူဆိုး..ကြိုးကြာကိုကိုသတ်တဲ့သူ..ကိုကိုကလူသတ်သမား.."
"ကြိုးကြာ.."
"ကိုကို့ကိုအကိုကဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာမှတ်ထား..ညီမလေးကိုစောင့်ရှောက်ဖို့လည်းကိုကိုမေ့သွားပြီ..ကိုကိုကလူလိမ်လူညာ..လူသတ်သမား.."
"ကြိုးကြာဖြူ"
ခွန်းပိုင်ရဲ့အော်သံတွေနောက်မှာကြိုးကြာဖြူဖုန်းချသွားသည်။
ခွန်းပိုင်ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
နေခြည်ချိုသူ့လက်ထဲကဖုန်းကိုရအောင်တော်တော်လေးလုပ်ယူလိုက်ရတယ်။
ခွန်းပိုင်တစ်ကိုယ်လုံးတုန်ရီနေပြီးချွေးဇောတွေပါပြန်နေပြီ။
"ခွန်းပိုင်..စိတ်လျော့ပါ..."
ခွန်းပိုင်ရဲ့နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုနေခြည်ချိုပုတ်ပေးရင်း
"ခွန်းပိုင်....စိတ်လျော့..စိတ်လျော့.."
"ငါသူ့ကိုတမင်ရည်ရွယ်တာမဟုတ်ပါဘူး..ငါမလုပ်ဘူး..မလုပ်ပါဘူး..သူကငါ့သူငယ်ချင်း..ငါဘယ်တော့မှမလုပ်ဘူး..မတော်တဆပဲ.."
"ခွန်းပိုင်.. ခွန်းပိုင်.."
"မိန်းမ..ငါသူ့ကိုမသတ်ခဲ့ပါဘူး...ငါမလုပ်ခဲ့ပါဘူးနော်..ယုံပါနော်..ဟီး..ဟီး.."
"အင်းပါ..အင်းပါ..ကျွန်မ့ယုံတယ်နော်ရှင်အမှားမလုပ်ခဲ့ပါဘူး.."
"ဟီး..ဟီး.မိန်းမ..မင်းယုံတယ်မလား..ကိုယ်မလုပ်ခဲ့ဘူးနော်..ဘယ်သူမှမယုံရင်တောင်မင်းတော့ယုံပါနော်..."
"ကျွန်မ့ယုံပါတယ်လို့..တော်တော့နော်..စိတ်လျော့"
နေခြည်ချို.ခွန်းပိုင်ကိုဖက်ပြီးကျောပြင်လေးကိုပုတ်ပေးနေသည်။
"ခွန်းပိုင်..ခဏနေဦး.. ကျွန်မ့ရေသွားယူပေးမယ်.."
နေခြည်ချိုရေသွားယူဖို့ထလိုက်ပေမဲ့ခွန်းပိုင်သူ့လက်ကိုဆွဲထားသည်။
"ခွန်းပိုင်..ရေယူပေးမို့လေ..ရေသောက်လိုက်ရင်စိတ်အေးသွားမှာ.."
"ကိုယ့်ဘေးနားမှာပဲနေ.."
"ဟုတ်ပြီလေ.."
နေခြည်ချိုသူ့ဘေးနားမှာပြန်ထိုင်လိုက်သည်။
ခွန်းပိုင်နေခြည်ချိုကိုဖက်လိုက်ပြီးနေခြည်ချို့ပခုံးပေါ်မှာသူ့ခေါင်းကိုနစ်မြုပ်လိုက်သည်။
နေခြည်ချိုသူ့ခေါင်းလေးကိုပွတ်ပေးသည်။
"မိန်းမ..ကိုယ်ကိုယုံ
"မပြောပါနဲ့..ကျွန်မ့ရှင့်ကိုအားလုံးယုံတယ်.."
"ရဲစွမ်းကကိုယ့်ကိုခွင့်လွှတ်မှာမဟုတ်တော့ဘူး..ကြိုးကြာဖြူကိုကိုယ်မစောင့်ရှောက်နိုင်တော့ဘူး..
ကိုယ့်ဘဝ့ကိုပျော်ပျော်ရွှင်ရွှင်နေချင်ပြီ..ကိုယ်အမှားတွေနဲ့မရှင်သန်ချင်တော့ဘူး..ကိုယ်မင်းနဲ့ပဲဘဝ့ကိုဖြတ်သန်းချင်ပြီ..ကိုယ်ပင်ပန်းတယ်..ကိုယ်သူ့အလိုကိုမလိုက်ချင်တော့ဘူး..ကိုယ့်ကိုသူလွှတ်ပေးမှာမဟုတ်ဘူး..ကိုယ်ရဲစွမ်းကိုမသတ်ခဲ့ပါဘူး.."
"ရှင်မသတ်ခဲ့ပါဘူး..အဲ့ကိစ္စကမတော်တဆဖြစ်သွားတာ..ရှင်စိတ်ထဲမထားနဲ့တော့..ဒီကိစ္စကြောင့်ရှင်ပင်ပန်းခဲ့ရတာကြာနေပြီလေ.."
"ဒါပေမဲ့..သူတို့အမြင်မှာတော့ကိုယ်ကကတိမတည်တဲ့ကောင်..လူသတ်သမားလို့ထင်နေကြမှာ..ကိုယ်အရမ်းကြောက်တယ်..ကိုယ့်ကိုမင်းထားမသွားပါနဲ့နော်..ကိုယ်လူသတ်သမားမဟုတ်ပါဘူး..ကိုယ်ကြိုးကြာဖြူကိုကာကွယ်ပေးချင်ပေမဲ့ကိုယ့်ဘဝနဲ့လည်းကိုယ်နေချင်သေးတယ်..မိန်းမ..ကိုယ်မွှန်းကြပ်တယ်..ကိုယ့်ကိုချုပ်နှောင်ထားတဲ့အရာကိုကိုယ်မကြိုက်ဘူး..ကိုယ်မုန်းတယ်.."
"ဟုတ်ပါပြီ.စိတ်အေးအေးထား..ကျွန်မ့တို့မနက်ဖြန်ဒီကိစ္စကိုသွားရှင်းမယ်..စိတ်အေးအေးထား..ရှင့်ကိုဘယ်သူမှအတင်းအကြပ်မလုပ်ခိုင်းစေရဘူး..ကြိုးကြာဖြူနဲ့ကိစ္စကျွန်မ့ရှင်းမယ်..ကြိုးကြာဖြူအနိုင်မရစေရပါဘူး.."
နေခြည်ချို..ခွန်းပိုင်ကိုတင်းကြပ်စွာဖက်လိုက်သည်။
ကျွန်မ့သူမလုပ်ခဲ့ဘူးဆိုတာယုံတယ်။
နေခြည်ချိုလွန်ခဲ့သောရက်အနည်းငယ်ကရဲစွမ်းသေသွားသည့်အကြောင်းနဲ့ပက်သက်ပြီးသိချင်တာမို့
ဒေါက်တာဝန်းဆီသွားခဲ့သည်။
ဒေါက်တာဝန်းပြောပြတာကြောင့်ခွန်းပိုင်နဲ့ရဲစွမ်းကိစ္စကိုသိခဲ့ရသည်။
ခွန်းပိုင်နေခြည်ချိုနဲ့လက်မထပ်ခင်နှစ်နှစ်အချိန်ကပေါ့။လွတ်လပ်မှု့ကိုကြိုက်ပြီးပေါ့ပေါ့ပါးပါးနေတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဇွတ်တရွတ်ဆန်မှု့ကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးစေခဲ့သည်အထိဖြစ်ခဲ့ရတယ်။
ဒေါက်တာဝန်းပြောကြားချက်အရဆိုရင်တော့ခွန်းပိုင်ကြောင့်ရဲစွမ်းသေသွားရတာမဟုတ်ပေမဲ့သူ့နဲ့တော့ဆက်နွယ်နေခဲ့တယ်။
အဲ့နေ့ညကသာခွန်းပိုင်ဇွတ်တရွတ်ဆန်ဆန်နဲ့ကားမောင်းသွားခဲ့ပြီးရဲစွမ်းလိုက်တားခဲ့သည်။
ခွန်းပိုင်သူမလိုက်နိုင်အောင်အရှိန်ကိုအဆုံးထိတင်မောင်းသွားခဲ့သည်။
မိုးတွေကလည်းရွာလမ်းတွေကလည်းချော်
မို့ဒေါသတကြီးနဲ့ထွက်သွားသောခွန်းပိုင်ကိုလိုက်တာသောရဲစွမ်းလမ်းမှာအက်ဆီးဒန့်ဖြစ်ပြီးချောက်ထဲကိုပြုတ်ကျသွားကာသေဆုံးသွားခဲ့သည်။
နောက်တော့တစ်ဦးတည်းကျန်ရှိခဲ့သောညီမလေးကိုစောင့်ရှောက်ဖို့အတွက်ခွန်းပိုင်အရာအားလုံးကိုလက်လွှတ်ခဲ့တယ်။သူ့အမှားအတွက်ပြန်ပြင်ဆင်တာဆိုပြီး
ကြိုးကြာဖြူကိုသူဂရုစိုက်စောင့်ရှောက်ပေးခဲ့သည်။
ေနခြည်ချိုသူတို့ကြားမှာတစ်ခု့ခု့ရှိနေမယ်ဆိုတာသိပေမဲ့ခွန်းပိုင်သူ့ကိုယ်သူနာကျင်ခံပြီးသည်းခံရနေရတာကြားတော့စိတ်မကောင်းဘူး။
သူမ့အပေါ်မကောင်းလို့သူ့ကိုမုန်းမိတော့မယ်ဆိုပေမဲ့သူ့မှာအခြေအနေတွေကရှိနေသေးတယ်။
သူ့ဘက်ကိုတစ်ခါမှဝင်မကြည့်ဘူးတာတော့အမှန်ပဲ။နေခြည်ချိုသူ့အချစ်ကိုပဲမျှော်လင့်နေမိတာ။သူ့အကြပ်အတည်းတွေတစ်ခု့မှသိအောင်မလုပ်ခဲ့မိဘူး။စီးပွားရေးအလုပ်တွေမှာနေခြည်ချိုသူ့ကိုကူညီပေးခဲ့ပေမဲ့ကျန်သည့်ဘယ်ကိစ္စကိုမှမပါဝင်ခဲ့ဘူး။
ကျွန်မ့ရှင့်အကြောင်းတွေကိုဂရုမစိုက်မိခဲ့လို့
တောင်းပန်ပါတယ်ခွန်းပိုင်...
🤠🤠🤠🤠🤠🤠🤠🤠🤠🤠🤠🤠🤠🤠🤠🤠
"မိန်းမ.."
"ဟင်..ပြောလေ..."
"ကိုယ်မနေ့ကိစ္စအတွက်တောင်းပန်ပါတယ်..ညကကိုယ်လုပ်တာနဲ့မင်းအိပ်ရေးပျက်သွားရပြီ.."
"ရပါတယ်...အရင်လည်းအိပ်ရေးပျက်နေကြပဲ...ရှင်ခြေရင်းနဲ့ခေါင်းရင်းမှားပြီးအိပ်တော့ကျွန်မ့ကိုခြေထောက်နဲ့လာလာကန်မိတိုင်းနှိုးသွားတတ်တာပဲလေ
"ဟုတ်လား..ကိုယ်မသိဘူး.."
"ကျွန်မလေ..စဥ်းစားနေတာ..ရှင်ညအိပ်ပြီးမနက်ကျခြေရင်းကိုခေါင်းပြု့လို့အဲ့ဒါဘယ်လိုဖြစ်တာလဲ..ထပြီးများပြောင်းသွားတာလား.."
"ဟုတ်လောက်မယ်..ကိုယ့်မာမီပြောဖူးတာတော့ကိုယ်အိပ်ရင်းနဲ့လမ်းလျှောက်တတ်တဲ့အကျင့်ကရှိနေတော့ခုတင်ပေါ်ပြန်ရောက်သွားရင်အဲ့လိုပဲတွေ့တဲ့နေရာဝင်အိပ်လိုက်တာ..."
"ထူးဆန်းပ..နောက်ဆိုနေရာမပြောင်းအောင်အိပ်ရာပေါ်မှာကြိုးတုပ်ထားရတော့မယ်...သိလား.."
"ကြိုးတုပ်ထားရင်ကိုယ်မင်းကိုဘယ်လိုလုပ်ဖက်အိပ်လို့ရတော့မှာလဲ..မိန်းမရယ်.."
ခွန်းပိုင်ပြောရင်းနေခြည်ချိုကိုအတင်းလာဖက်သည်။
နေခြည်ချိုသူ့လက်တွေကိုအတင်းဖယ်ထုတ်ရင်း
"ဘယ်လိုဖြစ်နေတာလဲ..ကုမ္ပဏီထဲမှာနော်.."
"ဘာဖြစ်လဲ..ဒါကိုယ့်ကုမ္ပဏီပဲဟာကို..ကိုယ်တို့ကိုအပြစ်ပြောတဲ့သူမှန်သမျှအလုပ်ဖြုတ်ပစ်မယ်.."
"ရှင်တော့လေ.."
"လာ..ကိုယ်မိန်းမလေး.."
ခွန်းပိုင်..နေခြည်ချိုလက်ကိုဆွဲပြီးအတူလမ်းလျှောက်သွားသည်။
သူတို့အတွဲကိုဘေးကဝန်ထမ်းတွေကြည့်ပြီးအထူးအဆန်းဖြစ်နေလေသည်။သူတို့ကဘာတွေလဲဟ။
ဥက္ကဋ္ဌနဲ့မမတို့ကတွဲနေတာလား။အို..အထူးခြားဆုံးသတင်းပဲ။နောက်ဆုံးတော့ငါတို့ရဲ့
Fav shipလေးကတကယ်ဖြစ်သွားပြီ။
"မမတော့အရမ်းကံကောင်းတာပဲ..သူဋ္ဌေးကိုရသွားတယ်..ကြည့်စမ်းပါဦးမမမျက်လုံးတွေထဲမှာအပျော်တွေကိုတွေ့နေရတယ်.."
"ဝယ်..နင်ကလည်းဥက္ကဋ္ဌကမှကံကောင်းတာဟဲ့..မမလိုသဘောမနောကောင်း..တော်တဲ့သူနဲ့တွဲခွင့်ရတာ.ကြည့်လိုက်..ဥက္ကဋ္ဌမျက်လုံးတွေထဲမှာဘယ်လောက်တောင်ပျော်နေလဲနင်မမြင်ဘူးလား..ဥက္ကဋ္ဌလိုလူမျိုးကမမ့ကိုဒီလိုလူရှေ့သူရှေ့မှာချစ်ပြနေလိုက်တာ..လက်ကိုတွဲထားတာလဲဖြုတ်မယ်ပုံမပေါ်ဘူး..သူတို့နှစ်ယောက်အရမ်လိုက်ဖက်တာပဲ..."
"ဟုတ်တယ်..ဟုတ်တယ်..ဥက္ကဋ္ဌကမမ့ကိုအရမ်းချစ်မိသွားတဲ့ပုံပဲ..သူတို့ကငါ့ရဲ့အကြိုက်ဆုံးအတွဲတစ်တဲဲဖစ်လာတော့မယ်.."
သူတို့ရဲ့ဘယ်သူပိုချစ်လဲပြိုင်သည့်ပွဲမှာခွန်းပိုင်ကတော့အနိုင်ရသူကြီးပေါ့။
နေခြည်ချိုနဲ့ခွန်းပိုင်ဓာတ်နေခြည်ချိုနဲ့ခွန်းပိုင်ဓာတ်လှေကားကိုစောင့်နေကြသည်။ဓာတ်လှေကားပွင့်ပွင့်ချင်းမှာပင်မြင်တွေ့လိုက်ရသောသူကြောင့်အပျော်တွေတောင်ပျေကြိုးကြာဖြူဓာတ်လှေကားထဲာတ်လှေကားထဲကနေဓားတစ်စင်းကဲ့သို့စူးရှတောက်ပနေသောအကြည့်တို့နဲ့အတူသူတို့အနားကိုရောက်လာသည်။
"ကြိုးကြာ ဖြူ.."
"ကိုကို...တစ်ညလေးမတွေ့လိုက်တာနဲ့မျက်တွင်းတွေတောင်ညိုမဲလို့ပါလား..ဘာလဲ..အိပ်မပျော်ဘူးလား.."
"ကြိုးကြာဖြူ..နင်ဘာဖြစ်ချင်နေတာလဲ.."
"နေခြည်ချို..ငါနင်နဲ့စကားမပြောချင်ဘူး..ပါးစပ်ပိတ်ထား.."
"ကြိုးကြာဖြူ..မင်းဘယ်လိုပြောလိုက်တာလဲ.."
ခွန်းပိုင်ရဲ့အော်သံကြောင့်ကြိုးကြာဖြူရုပ်ပြောင်းလဲသွားသည်။
"ကိုကို...ကြိုးကြာကိုသူအတွက်နဲ့အော်တယ်ပေါ့လေ
ကိုကို..ကြိုးကြာကိုအခု့တော့ငြိုငြင်နေပြီပေါ့.."
ခွန်းပိုင်တစ်ချက်လေးအော်ရုံရှိသေးမျက်ရည်ကဘူးသီးလုံးလောက်ကျလာပြီ။
"ကြိုးကြာဖြူ..."
"ကိုကို..မကောင်းဘူး..ကိုကို့ကိုအကိုကခွင့်လွှတ်မှာမဟုတ်ဘူး..ကြိုးကြာကိုစောင့်ရှောက်မယ်လို့ပြောခဲ့တာတွေကအလကားဖြစ်ကုန်ပြီလား.."
ကြိုးကြာ ဖြူသူတို့နှစ် ယောက်ရှေ့မှာငိုယိုနေတာကလူအများရဲအာရုံစိုက်မှု့ကိုပိုရစေသည်။သူမ့ဘာဖြစ်နေတာလဲဆိုသောအတွေးနဲ့ရိပ်ရိပ်ရိပ်ရိပ်ချောင်းကြည့်နေကြပြီ။
"ကြိုးကြာဖြူ..မင်းငါ့ကိုလွှတ်ပေးလို့မရဘူးလား..ငါပင်ပန်းနေပြီ.."
"ကိုကို..ဘယ်လိုပြောလိုက်တာလဲ..ကြိုးကြာအနားမှာနေရတာကိုကိုအတွက်ဆင်းရဲဒုက္ခကြီးဖြစ်နေပြီလား..
ကိုကိုပဲကြိုးကြာအနားမှာနေဖို့ရွေးချယ်ခဲ့တာလေ.."
"အဲ့ဒါကမင်းကိုညီမလေးတစ်ယောက်လိုပဲအနားမှာထားခဲ့တာ..အခု့ငါ့ဘဝနဲ့ငါရှိနေပြီ..မင်းကိုယ်မင်း
လည်းဂရုစိုက်နိုင်နေပြီပဲ..ငါ့ကိုဆက်မနှောင့်ယှက်ပါနဲ့တော့.."
"မရဘူး..ကိုကို..ကြိုးကြာကိုတစ်သက်လုံးကာကွယ်ပေးရမှာ..ကြိုးကြာနားမှာပဲကိုကိုကရှိနေပေးရမှာ..သူ့နားမဟုတ်ဘူး..ကိုကိုကကြိုးကြာအပိုင်..ဟဲ့နေခြည်ချို..နင်ကဘယ်လောက်တောင်ကောင်းနေလို့ကိုကိုကနင့်ကိုစွဲလမ်းသွားရတာလဲ..ပြောစမ်း..လူလိမ်မ..ငါ့ကိုကို ကိုပြန်ပေး.ပြန်ပေးလို့."
ကြိုးကြာဖြူ..နေခြည်ချိုပခုံးကိုကိုင်ပြီးအတင်းလှုပ်ရမ်းလိုက်သည်။
"ပြောလေ..ပြောစမ်း..ပိုင်းလုံမ..နင်ကဘယ်လောက်တောင်ကောင်းနေလို့လဲ.."
"ကြိုးကြာဖြူ..ဖယ်စမ်း.."
ခွန်းပိုင်သူလက်ကိုအတင်းအကြပ်ဆွဲဖြုတ်လိုက်ပြီးသူမ့ကိုတွန်းလိုက်သည်။
"မိန်းမ..အဆင်ပြေလား..ဘယ်နားနာသွားလဲ..ဟင်."
"ရတယ်.."
"အဆင်ပြေရဲ့လား.."
"အင်း..ရပါတယ်..သွားရအောင်..လူတွေဝိုင်းကြည့်နေကြပြီ.."
"အင်း.."
ခွန်းပိုင်လဲကျနေသောကြိုးကြာဖြူကိုကြည့်ရင်း
"မင်းကိုငါတတ်နိုင်သလောက်ကာကွယ်ပေးခဲ့တယ်..ဒါပေမဲ့မင်းကရောင့်တက်လာပြီ..ငါတို့ဆက်မတွေ့ကြရင်အကောင်းဆုံးဖြစ်လိမ့်မယ်.."
"ကိုကို..ကြိုးကြာကိုအတည်ပြောနေတာမဟုတ်ဘူးမလား.."
ကြမ်းပြင်ပေါ်မှာလဲကျလျက်မျှော်ကြည့်နေသောကောင်မလေးကသနားစရာတော့ကောင်းသား။
"မင်းလုပ်ရပ်အတွက်မင်းတာဝန်ပြန်ယူရမယ်..အဲ့ဒါကမင်းကိုအလုပ်ထုတ်လိုက်ပြီ..နောက်လည်းငါတို့မတွေ့တော့ဘူးလို့မျှော်လင့်မိတယ်..လာ..မိန်းမ..ကိုယ်တို့သွားရအောင်..
ခွန်းပိုင်နေခြည်ချိုလက်ကိုဆွဲပြီးထွက်သွားသည်။နေခြည်ချိုနောက်ပြန်လှည့်ကြည့်လိုက်တော့
ကြိုးကြာဖြူအရုပ်ကြိုးပျက်ကျသလိုမျှော်လင့်ချက်မရှိတော့သည့်လူတစ်ယောက်လိုလဲကျနေသည်။
ဒါပေမဲ့သူ့မျက်လုံးထဲမှာတော့နာကြည်းဒေါသထွက်နေသည့်အရိပ်အယောင်တွေကိုအထင်အရှားကြီးမြင်ရသည်။
လဲကျနေသောကြိုးကြာဖြူ..သူမ့အပေါ်စိမ်းကားလိုက်သည့်လုပ်ရပ်ကြောင့်အံ့သြမဆုံး။
ကြမ်းပြင်ပေါ်လဲကျနေရင်းခေါင်းမာမာနဲ့ခွန်းပိုင်ရဲ့ပြန်အထူကိုစောင့်နေခဲ့ပေမဲ့သူကတော့သူမ့ကိုနောက်လှည့်မကြည့်ပဲနေခြည်ချိုနဲ့အတူထွက်သွားသည်။
နေခြည်ချို...နင်ကငါတို့အတွက်တော့အဖျက်သမားပဲ..နင်ငါ့အကြောင်းကောင်းကောင်းသိစေရမယ်..ကိုကို..ကိုကိုကကြိုးကြာအပိုင်ပဲဖြစ်ရမယ်..ဘယ်သူမှမရစေရဘူး...
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...