part12

694 9 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၁၂
"ဟယ်လို.."
နေခြည်ဟိုဘက်ကခွန်းတုန့်ပြန့်လာမည့်စကားကိုစိတ်လှုပ်ရှားစွာစောင့်နေမိသည်။
အတော်ကြာတဲ့ထိဟိုဘက်ကပြန်စကားမပြောသေး။
"ဟယ်လို..ရတနာ."
နေခြည်အရဲစွန့်ပြီးစကားဆက်လိုက်မိသည်။
ငါးနှစ်လောက်အဆက်အသွယ်ဖြတ်ထားမိသောအချစ်ဆုံးသူငယ်ချင်းကြီးအခု့လောက်ဆိုသူကျွန်မ့ကိုမေ့နေလောက်ပါပြီ။
"ရတနာမဟုတ်ဘူးလား..မှားသွားလို့ပါ..တောင်းပန်ပါတယ်.."
နေခြည်နောက်ဆုံးတော့ဖုန်းချလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
"နေခြည်ချို.."
"ရတနာ..."
"ကောင်မစုတ်...အခု့မှဖုန်းဆက်ရတယ်နော်..ဟီး.ဟီး
ရတနာ့ဘက်ကငိုသံကြားလိုက်မိတော့နေခြည်စိုးရိမ်စိတ်ကထိပ်ဆုံးရောက်နေပြီ။
"ရတနာ.."
"မကောင်းတဲ့မိန်းမ..အခု့မှဖုန်းလာမဆက်နဲ့..စိတ်ဆိုးတယ်.."
ရတနာဂွက်ကနဲဖုန်းချသွားသည်။
သူစိတ်ဆိုးလည်းဆိုးချင်စရာပဲ။သူ့ကိုမဆက်သွယ်မိတယငါးနှစ်တောင်ရှိပြီကို။
သူကတဆင့်ခွန်းပိုင်ဆက်သွယ်ရသွားမှာစိုးလို့သူ့ကိုအဆက်အသွယ်ဖြတ်ထားမိခဲ့သည်။
နေခြည်ချသွားသောဖုန်းကိုဘေးနားမှာခဏချထားလိုက်ပြီးအလုပ်ကိုဆက်လုပ်နေမိသည်။
ခဏကြာရတနာအငိုတိတ်သွားရင်ဖုန်းပြန်ဆက်လိမ့်
မယ်။
နေခြည်ပြောတာမကြာသေးဘူး။ရတနာဖုန်းပြန်ခေါ်လေသည်။
"ရတနာ.."
"ဘာလဲ...ကောင်မစုတ်..ငါ့ကိုတစ်ယောက်ထဲထားခဲ့ပြီးတော်တော်ပျော်နေတယ်ပေါ့လေ.."
"မဟုတ်ပါဘူးဟ..ငါလည်းမလုပ်ချင်ပဲနင့်ကိုအဆက်အသွယ်ဖြတ်လိုက်ရတာပါ..နင်လည်းသိသားပဲ..ခွန်းပိုင်ကနင့်ကိုမရရအောင်မေးခွန်းတွေထုတ်လိမ့်မယ်"
"ဟုတ်တယ်..အဲ့ဒါတော့ဟုတ်တယ်..နင်ထွက်သွားပြီးနောက်ခွန်းပိုင်ငါ့ကိုချောင်းပေါက်မတတ်ပဲ..နင့်အ ကြောင်းကိုမရရအောင်မေးတယ်..ငါလည်းနင်Cနိုင်ငံထွက်သွားတာကိုပဲသိတာ..ကျန်တာဘာမှမသိတော့..သူ့ကိုလည်းမပြောပြနိုင်ခဲ့ဘူး..သူ့အတွက်ငါတကယ်စိတ်မကောင်းဘူး...ဟင်း..နေဦး..ငါနင့်ကိုစိတ်ကောက်နေတာ..စကားတွေအများကြီးပြောမိပြီ
ကလေးဆန်သောရတနာကြောင့်နေခြည်ပြုံးလိုက်မိသည်။
"ဟွန်း..မိန်းမကြီး..နင်ငါ့ကိုကောသတိရရဲ့လား..နင့်မှာရတနာဆိုတဲ့သူငယ်ချင်းကြီးတစ်ယောက်လုံးရှိနေသေးတယ်နော်..သိရဲ့လား..နင်မှာတော့အပူအပင်မရှိထွက်သွားလိုက်တာ..ငါ့ကိုလည်းအဆက်အသွယ်ဖြတ်သွားသေးတယ်..နင်ကောင်းမှကောင်းရဲ့လား..
သူငယ်ချင်းမကြီးရဲ့.."
"အဲ့အတွက်တောင်းပန်ပါတယ်..အချစ်လေးရယ်..
ငါလည်းကိုယ့်ဒက္ခနဲ့ကိုယ်မို့နင့်ကိုမပါစေချင်လို့ပါ"
"ပြောတာပဲ..ဟွန့်..ကဲ.ပြော..အခု့ဘယ်မှာနေနေလဲ..အဲ့ဒါတော့ပြောရတယ်မလား.."
"ရပါတယ်ဟ..ငါအခု့မြန်မာပြည်မှာ.."
"ဟမ်..ဘယ်တုန်းကရောက်နေတာလဲ.."
"လေးငါးလလောက်ရှိနေပြီ..အခု့တော့ဒီမှာဆိုင်ဖွင့်ထားတယ်.."
"အိုမို..မိန်းမ.နင်ပြန်ရောက်နေတာကြာလှပြီ..ငါ့ကိုအခု့မှဖုန်းဆက်ရတယ်..နင်တကယ်ရက်စက်ပ့.."
"ငါလည်းအလုပ်တွေတအားရှုပ်နေလို့ပါ..နောက်ပြီးအခု့ငါတော်တော်လေးအခက်တွေ့နေတယ်.."
"ဘာလဲ..ငွေလိုနေတာလား..ပိုက်ဆံအတွက်စိတ်မပူနဲ့နင်လိုသလောက်ငါ့ကိုပြော..ငါကကုမ္ပဏီမှာမန်နေဂျာဖြစ်နေပြီ.."
"ဟုတ်လား..ဂုဏ်ယူပါတယ်..ငါငွေမလိုပါဘူး..ငါဖြစ်နေတာက..."
"ဪ..နေဦး..ငါနင့်ကိုပြောစရာရှိတယ်..နင်အဲ့သတင်းကိုကြားရင်ဝမ်းနည်းမလား..ဝမ်းသာမလားငါလည်းမသိဘူး..ဒါပေမဲ့အေးဆေးလေးနားထောင်နော်.."
"ဘာလဲဟ.."
ငါးနှစ်လောက်ခွဲခွာရပြီးနောက်သူမ့ဆီကအရေးကြီးသတင်းမှာဘာများဖြစ်လောက်မလဲ။
"နင်စိတ်အေးအေးထားနော်.."
"ဘာကြီးလဲ.."
"ခွန်းပိုင်လေ..ခွန်းပိုင်.."
"ခွန်းပိုင်ဘာဖြစ်လဲ.."
"သူအရင်တစ်နှစ်ကကားaccidentကြောင့်ဆုံးသွားပြီ
သူ၏အလောင်းတောင်ပြန်ရှာမတွေ့နိုင်လောက်တဲ့အထိaccidentကဆိုးရွားလွန်းတယ်.."
နေခြည်လက်ထဲကဖုန်းအောက်ပြုတ်ကျပြီးကွဲသွားတာကိုတောင်သတိမထားမိတော့ပဲနေရာမှာတင်ငူငူကြီးလဲကျနေမိသည်။
"ဟယ်လို..ဟယ်လို..နေခြည်..ဟယ်လို..ကြားလား"
နေခြည်ချိုလဲကျနေရာကနေတစ်ဆက်မှမလှုပ်နိုင်တော့။သူခွန်းပိုင်ကိုမုန်းတယ်ဆိုပေမဲ့သူသေသွားအောင်ထိတော့တစ်ခါမှမတွေးခဲ့မိဘူး။
ခွန်းပိုင်ရယ်..ရှင်ကျွန်မ့တို့အတွက်မဟုတ်ရင်တောင်ကြိုးကြာဖြူအတွက်ဆက်အသက်ရှင်ရမယ်မလား
"နေခြည်...နေခြည်..ဖုန်းကိုင်ဦး..ငါပြောတာကြားလား..စိတ်ထိန်းလေ..နေခြည်.."
ေနခြည်ချိုရှေ့တည့်တည့်ကဖုန်းကိုကတုန်ကယင်နဲ့ယူလိုက်သည်။
"ရတနာ.."
"နေခြည်..စိတ်ထိန်းပါဟာ..သူနင့်အပေါ်မကောင်းခဲ့လို့အပြစ်ခံရတာလို့မှတ်လိုက်.."
"ဒါပေမဲ့..ငါသူ့ကိုသေစေချင်လောက်တဲ့အထိအပြစ်မယူခဲ့ပါဘူး..အခု့ဟာက..အခု့ဟာကဘယ်လိုတွေဖြစ်တာလဲ..ငါလည်းမသိရပါလား.."
"ဟုတ်တယ်..နင်မပြောနဲ့ကုမ္ပဏီကလူတော်တော်များများတောင်ခွန်းပိုင်အကြောင်းကိုမသိသေးဘူး..အခု့ကုမ္ပဏီကတော်တော်လေးဆုတ်ယုတ်နေပြီ..ဟို
ဘီးလူးမကြိုးကြာဖြူလက်ချက်နဲ့တော်တော်လေးကိုကွိုင်တက်နေတာပါဟာ..သူ့ကိုနည်းနည်းမှကြည့်မရဘူး..ကုမ္ပဏီလာရင်လည်းစောက်ကြွစောက်ကြွနဲ့ပိုင်ရှင်ဂိုက်ဖမ်းနေတာ..ငါလေမြင်တာနဲ့သေအောင်လုပ်ပစ်ချင်တာ..နင်တို့ချစ်ခြင်းကိုခွဲပြီးသူကတော့ပျော်ပါးနေတာလေ.."
"သူခွဲတာမဟုတ်ပါဘူး..ငါခွဲခဲ့တာပါ.."
"အို..ဘာပဲဖြစ်ဖြစ်ပါ..ငါတော့သူ့ကိုတစ်စက်မှကြည့်မရဘူး.."
"နင်နဲ့တော့ခက်သား..အပူတွေထားမနေပါနဲ့တော့..အားလုံးကပြီးသွားပြီပဲ.."
"နင့်အတွက်ကတော့ဟုတ်မှာပေါ့..ဒါပေမဲ့အခု့ဟာကငါ့ရည်းစားကိုပါကပ်နေလို့အေ.."
"ဟမ်..နင့်ရည်းစားဟုတ်လား..ဘယ်ကရည်းစားလဲ.."
"ဟီး.."
ရတနာ့မှာရည်းစားရှိနေပြီပေါ့လေ။
"ပြောဘယ်သူလဲ.."
"နင်လဲသိပါတယ်..သူ့ကို.."
"ဘယ်သူလဲ.."
"အမ်း..သူကဆရာဝန်ဟာ.."
ဆရာဝန်ဆိုတော့သူမ့ကြိတ်ကြွေခဲ့ရတဲ့
"အိုး..နင်..တကယ်လုပ်နိုင်တာပဲ..ရတနာရယ်.."
"အင်း..ငါလည်းသတ္တိမွေးလိုက်မိတယ်.."
"ကောင်းပါတယ်..ဒေါက်တာဝန်းလိုလူရိုးလေးကနင့်လိုချစ်တတ်တဲ့သူမှာအဆင်ပြေမှာ.."
"အဲ့ဒါတော့ဟုတ်တယ်..ငါ့မှာလည်းသူ့ကိုစိတ်ပူရလွန်းလို့..ဆေးရုံကသူနာပြု့တွေကတစ်မျိုး..ကြားထဲကကြိုးကြာဖြူဆိုတဲ့ကောင်မကတစ်မျိုး..သူတို့နဲ့စိတ်ကုန်တယ်.."
"ဒေါက်တာဝန်းကတော့အဲ့လိုလုပ်မယ့်ပုံမပေါ်ပါဘူး"
"သူကမလုပ်ဘူး..ဒါပေမဲ့လည်းကောင်မတွေကစိတ်ချရတာမဟုတ်ဘူး..ငါ့ဘဲချောချောလေးကိုကပ်ချင်နေတာ.."
"နင်ကတော့လေ..အူပုတ်တာလည်းလွန်ရော.."
ရတနာနေခြည်အခြေအနေပြန်တည်ငြိမ်လာတာကြောင့်စိတ်လျော့လိုက်မိသည်။
"နင်အဆင်ပြေပြီလား.."
"အင်း.."
"ငါ့ကိုပြောစရာရှိလို့ဆို..ဘာလဲ.."
"ငါဒီမှာခွန်းပိုင်နဲ့တူတဲ့သူတစ်ယောက်ကိုတွေ့ထားတယ်.."
"ဘာကြီး..ခွန်းပိုင်နဲ့တူတဲ့သူဟုတ်လား.."
"ဟုတ်တယ်..ဒါကြောင့်နင့်ကိုဖုန်းဆက်လိုက်တာ..သူကခွန်းပိုင်လားဆိုတာကိုအတည်ပြု့ချင်လို့.."
"အင်း.."
"အခု့တော့.ငါအတည်ပြု့နိုင်ပြီထင်တယ်.."
"အဲ့ဒါဆို..သူက.."
"ဟုတ်တယ်..နင်ထင်နေသလိုပဲ.."
"အို..မဖြစ်နိုင်တာ.."
"နင်လည်းမယုံဘူးမလား..နင်အလုပ်အားရင်ဒီကိုလာခဲ့ပါလား...နင့်ကိုမျက်စိနဲ့အတည်ပြု့ခိုင်းချင်လို့.."
"အေး..ဟုတ်ပြီ..ငါ..နောက်နှစ်ရက်လောက်နေရင်လာခဲ့မယ်.."
"အေးပါ.ကျေးဇူးပါပဲ.."
"ေနခြည်ချို..မတွေ့တာကြာတော့သူငယ်ချင်းအချင်းချင်းကျေးဇူးမတင်ရဘူးဆိုတာမသိဘူးလား.."
"ဟုတ်သားပဲ..ဘာပဲဖြစ်ဖြစ်ဟာ..ငါကျေးဇူးတင်ပါတယ်.ငါနင့်ကိုစောင့်နေမယ်နော်..နောက်ပြီးနင့်တူမလေးကလည်းနင့်ကိုတွေ့ချင်နေတယ်.."
"ဘာ..တူမ..ဟုတ်လား..နေခြည်..နင်မိန်းကလေးမွေးတာလား.."
"ဟုတ်တယ်.."
"ဒါဆို..ငါမြန်မြန်လာခဲ့မယ်..အလုပ်တွေဒီနေ့အပြီးလုပ်ပြီးမနက်ဖြန်လာခဲ့မယ်..ငါ့တူမချောချောလေးကိုတွေ့ချင်နေပြီ.."
"ဟုတ်ပါပြီ..ဒါဆို..ငါဖုန်းချလိုက်တော့မယ်.."
"အင်းအင်း..ဘိုင့်ဘိုင်.."
ရတနာဆိုသည်မှာအရင်တုန်းကလိုခင်ဖို့ကောင်းနေတုန်းပဲ။
သူမနဲ့စကားပြောလိုက်ရတာခဏလေးလိုပဲ။အရင်လိုပေါ့ပါးနေတယ်။
သူမကလွယ်လွယ်နဲ့စိတ်ဆိုးလွယ်တတ်သလိုလွယ်လွယ်နဲ့လည်းခွင့်လွှတ်တတ်တယ်။
အလွယ်သမားလို့တော့မထင်လိုက်နဲ့။သူမတကယ်စိတ်ဆိုးသွားပြီဆိုလုံးဝပြန်ချော့မရတော့ဘူး။တစ်ခါကနေခြည်သူမ့ကိုစိတ်ဆိုးအောင်လုပ်မိလို့သူတစ်လလုံးစကားမပြောခဲ့ဘူး။
အခု့တော့စိတ်ပူနေခဲ့မိတာတော်သေးတာပေါ့။
လွယ်လွယ်စိတ်ဆိုးပြေခဲ့လို့။
ခွန်းပိုင်သေသွားပြီဆိုတဲ့သတင်းကြားတော့စိတ်ထဲတော်တော်လေးကမ္ဘာပျက်သွားတယ်။နောက်တော့စဥ်းစားမိတာခွန်းပိုင်သေတာမဖြစ်နိုင်ပဲသု့တကခွန်းပိုင်ဖြစ်နေမလား။
ဒီလိုတွေးလိုက်မိတာနေခြည်အတွက်စိုးရိမ်စိတ်နည်းနည်းလျော့ကျသွားတယ်။
ခွန်းပိုင်အသက်ရှိနေသေးတယ်ဆိုသောအတွေးက
သေသွားတယ်ဆိုတာထက်နေလို့တော့ကောင်းစေတယ်။
ခွန်းပိုင်ရယ်..သု့တဆိုတာ.ရှင်.မလား..
ရှင်ဖြစ်ပါစေလို့ဆုတောင်းတယ်..မသေသွားပါနဲ့နော်.
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
#မဒီ
ဒီတစ်ပါတ်တော့သူငယ်ချင်းနှစ်ယောက်ဖုန်းပြောရင်းအဆုံးသတ်သွားပြီ
နောက်တစ်ပါတ်ကျရတနာလာမှပဲဆက်ရှင်းကြတာပေါ့နော်😘

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now