အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၈(ဇာတ်သိမ်းပိုင်း)
နေခြည်ချိုနာရီမှာalarmသံကြားသည်နှင့်မျက်လုံးနှစ်လုံးပွင့်လာခဲ့သည်။
ခြည်လေးကျောင်းအမှီထမင်းထည့်ပေးရဦးမယ်။
နေခြည်ချိုဘေးကစားပွဲပေါ်မှခေါင်းစီးစည်း ကြိုးယူပြီး
ဆံပင်စီးလိုက်ကာအိပ်ရာပေါ်ကအဆင်း
မနေ့ကသူအိပ်တာမေ့သွားတယ်။
ခွန်းပိုင်ခုတင်ခြေရင်းနားမှာကွေးကွေးလေးအိပ်နေသေးသည်။
ဒီလူကလေအကျင့်ကိုမပျောက်သေးပါလား။
တော်တော်လေးအိပ်မောကျနေပုံပဲ။
နေခြည်ချိုသူ့ကိုစောင်သေချာလေးခြုံပေးပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။
မနက်ဆိုအလုပ်ရှုပ်သည်။
ခြည်လေးအတွက်ထမင်းချိုင့်ပြင်ပေးရတာရယ်အလုပ်သွားဖို့ပြင်ရတာရယ်နဲ့။
"ခြည်လေး..ထမင်းလာစားတော့..
"ဟုတ်..ဒယ်ဒီကော.."
ခြည်လေးထမင်းစားပွဲတွင်ခွန်းပိုင်ကိုမတွေ့သဖြင့်မေးလိုက်ခြင်း။
"အခန်းထဲမှာ..လာသူ့အကြာင်းမေးမနေနဲ့..အစားသာလာစား.."
"ခဏလေး..ဒယ်ဒီဆီသွားမလို့.."
ခြည်လေးထမင်းစားပွဲမှထပြီးအခန်းထဲကိုပြေးဝင်သွားသည်။
"ခြည်လေး..အိပ်နေတယ်လေ..သွားမနှောင့်ယှက်နဲ့"
သူနဲ့တော့စိတ်ညစ်ပါတယ်။
နေခြည်ချိုခွက်ထဲနွားနို့ထည့်ပြီးနောက်
ကြော်ထားသောထမင်းကြော်ကိုပန်းကန်ထဲထည့်လိုက်သည်။
ဘာတွေများကြာနေတာလဲ။
လိုက်သွားမှပဲ။
"ခြည်လေး..ထမင်းစား"
ခြည်လေးသူ့အဖေဗိုက်ပေါ်တွင်ထိုင်နေကြစကားတွေပြောနေလေသည်။
"ခြည်လေး..ထမင်းစားမယ်ဆို..ကျောင်းသွားတာနောက်ကျတော့မယ်.."
"ဟုတ်ကဲ့..ဒယ်ဒီ..လာ..သွားမယ်.."
"အင်း..ဒယ်ဒီမျက်နှာသစ်လိုက်ဦးမယ်.."
"ဟုတ်..မီးဒီနားမှာစောင့်နေမယ်..ဒယ်ဒီသွားသစ်"
"ခြည်လေး..ဘာစောင့်နေမှာလဲ..ထမင်းစားပါမယ်ဆို
"မာမီ.သွားနှင့်မီး..ဒယ်ဒီကိုစောင့်ဦးမှာ"
နေခြည်ချိုမျက်မှောင်ကြုတ်လိုက်တာကြောင့်ခွန်းပိုင်သိသွားပြီ။
"ဟုတ်သားပဲ..သမီးလေးကလည်း..ဒယ်ဒီမျက်နှာသစ်ပြီးလာခဲ့မယ်..သွား..ထမင်းစားချည်..ကျောင်းနောက်ကျမယ်..."
"ဟုတ်ကဲ့.."
ခြည်လေး.ခွန်းပိုင်ပြောလိုက်တာနဲ့တန်းပြီးထွက်သွားသည်။
တကယ်ပဲ။ခြည်လေး.သူ့ကိုအခု့ချိန်ထိမွေးလာတဲ့အမေ့ကျပြန်ပြောပြီးမနေ့တနေ့ကမှပေါ်လာတဲ့အဖေစကားကျနားထောင်လိုက်တာ။
နေခြည်ချို..ခွန်းပိုင်ကိုတစ်ချက်ကြည့်ပြီးအပြင်ထွက်လာခဲ့သည်။
"ကဲ..အမတော်..ဒီမှာစားပါရှင့်.."
..
"ဒယ်ဒီလာပြီ.."
နေခြည်ချိုသူ့ကိုမော့ကြည့်လိုက်ပြီး
"ဒီမှာ.ထမင်းကြော်နဲ့ဝက်အူချောင်း..ရှင်စားနိုင်တယ်မလား..မစားနိုင်ရင်အပြင်ထွက်စား..ကျွန်မ့အိမ်မှာတော့ဒါပဲရှိတယ်.."
"ကိုယ်စားနိုင်ပါတယ်.."
"ပြီးတာပဲ..ထိုင်လေ.."
မတ်တပ်ကြီးကြည့်နေသောနေခြည်ချိုခွင့်ပြု့လိုက်သည်။
"ဒယ်ဒီ..ဒီမှာ.ဒယ်ဒီအတွက်ဝက်အူချောင်း.."
"သမီးလေးစားပါ.."
"ဟင့်အင်း..မီးဝပြီ..ဒယ်ဒီပဲစား.."
"ခြည်လေး.."
နေခြည်ချိုဘယ်အချိန်ကစပြီးမနာလိုမိပါလိမ့်။မသိတော့ပါဘူး။
"မာမီအတွက်..စားနော်..မာမီ.."
"ကျေးဇူးပါရှင်.."
နေခြည်အခု့မှပဲပြုံးနိုင်တော့သည်။
"ဒယ်ဒီ..မီးကျောင်းပြန်လာရင်ဆော့မယ်နော်.."
"ဟင်.."
ကျောင်းပြန်လာရင်ရှိတော့မှာမဟုတ်တော့ဘူး။နေခြည်ကိုထွက်သွားမယ်လို့ကတိပေးခဲ့တယ်မလား။
"အော်..သမီးအဖေကညနေအလုပ်ရှိသေးတယ်..သူပြန်ရမှာ.."
"ပြန်မှာား..ဟမ်း..မရဘူး..မပြန်ရဘူး..ဒယ်ဒီပြောတော့မီးနဲ့နေပေးမယ်ဆို.."
ငိုလာသောခြည်လေးကြောင့်သူတို့နှစ်ယောက်ဘာလုပ်ရမလဲမသိတော့။
"ဟီး..ဟီး...ဒယ်ဒီမပြန်ရဘူး.."
"ခြည်လေးရယ်..ဒယ်ဒီအလုပ်မအားလို့ပါ..မနက်ဖြန်ကျလာခဲ့မယ် ေနော်.."
"ဟင့်အင်းမရဘူး..ဒယ်ဒီသွားရင်မီးလည်းလိုက်မှာ..ဟီး..မသွားရဘူး..မသွားရဘူး..ဒယ်ဒီပြောတော့မီးကိုချစ်တယ်ဆို..မထားခဲ့ဘူးဆို...အဟင့်.."
"မိန်းမ.."
ခွန်းပိုင်ခြည်လေးကိုပွေ့ထားရင်းနေခြည်ချိုကိုကြည့်လိုက်သည်။
"ခြည်လေး..ဒယ်ဒီကမအားလို့လေ..နောက်နေ့ကျလာမယ်ပြောတယ်မလား..ဘာလို့အသည်းအသန်တွေငိုနေရတာလဲ.."
"ဟီး...ဟီး.."
"မငိုပါနဲ့..တိတ်..တိတ်..ဒယ်ဒီမသွားတော့ဘူးနော်..ညနေကျတူတူဆော့ကျမယ်လေ..နော်..တိတ်..ရုပ်ဆိုးမကြီးဖြစ်လိမ့်မယ်နော်.."
"ခွန်းပိုင်.."နေခြည်သူမသွားဘူးဆိုတဲ့စကားကြောင့်ခေါ်လိုက်မိသည်။
"ကလေးကျေနပ်အောင်ခဏလေးတော့ပြောပါရစေ"
နေခြည်ချိုမျက်စောင်းထိုးလိုက်သည်။
"ဒယ်ဒီ..ပြန်လာမှာနော်..မငိုနဲ့..ဒယ်ဒီ..ရေခဲမုန့်ဝယ်ပြီးသမီးလေးကျောင်းဆင်းရင်လာ ကြိုမယ်လေနော်.."
"တကယ်နော်.."
"တကယ်ပေါ့ဗျာ.."
"ဒါမှတို့ဒယ်ဒီ..."
ခြည်လေးခွန်းပိုင်ရဲ့ပါးကိုအာဘွားပေးလိုက်သည်။
......
"ဒယ်ဒီ..တာ့တာ..
မာမီ..တာ့တာ.."
"ထမင်းချိုင့်ယူသွားဦးလေ.."
"ဟုတ်.."
ခြည်လေးထမင်းဘူးကိုယူပြီးကျောင်းကားဆီပြေးထွက်သွားသည်။
ခွန်းပိုင်နဲ့နေခြည်သမီးလေးကိုလက်ပြနှုတ်ဆက်ရင်းသမီးလေးရဲ့ကျောင်းကားလည်းထွက်သွားပြီ။
နေခြည်ချိုမျက်နှာခပ်တင်းတင်းနဲ့ခွန်းပိုင်ဘက်လှည့်လာခဲ့သည်။
"ကဲ.. ရှင်ပြန်တော့လေ.."
"ဟင်.."
"ဘာဟင်လဲ..ပြန်ဆို.."
"ဟို.ကိုယ်သမီးလေးကိုညနေကျကြိုရဦးမယ်လေ..အခု့ထွက်သွားရင်စိတ်ကောက်သွားလိမ့်မယ်နော်."
"အပိုမပြောနဲ့..ဒါလာကြိုမယ်လို့ရှင်ပြောတာလေ.မရဘူး..အခု့ချက်ချင်းသွားတော့..ကျွန်မ့ကြည့်ကျက်ပြီးပြောထားမယ်.."
"ဒါပေမဲ့.."
"ခွန်းပိုင်..ရှင်မနေ့ကကတိပေးပြီးသားနော်..ကျွန်မ့တို့ကိုမနှောင့်ယှက်ပါနဲ့တော့.."
"ဟုတ်ပါပြီ.."
ခွန်းပိုင်အိမ်ထဲမှာကားသော့ကိုဝင်ယူပြီးမျက်နှာလေးညိုးငယ်စွာနှင့်ထွက်သွားလေသည်။
ရှင်ထွက်သွားမှအဆင်ပြေလိမ့်မယ်..ကျွန်မ့ရှင့်ကိုမယုံရဲဘူး..
........
"မာမီ..ပြန်ခေါ်ပေး..ဒယ်ဒီ့ကိုပြန်ခေါ်ပေးလို့.."
ခြည်လေးအခန်းထဲတွင်အိမ်ပြန်လာသောအခါခွန်းပိုင်ကိုမတွေ့သည်နှင့်စိတ်ဆိုးပြီးတရှုံရှုံငိုနေလေသည်။
"ဟီး...ဟီး..ဒယ်ဒီ.."
"ခွန်းနေခြည်ချို..ဘယ်လိုဖြစ်နေတာလဲ..နင့်ဒယ်ဒီကပြန်သွားပြီ..ငိုမနေနဲ့ထပ်ငိုရင်ငါရိုက်မှာနော်..."
"ဟီး..ဒယ်ဒီ့ကိုခေါ်ပေး..ဒယ်ဒီ့ကိုခေါ်ပေးလို့..ဟီး.."
"တောက်.."
နေခြည်ချိုပြန်လာကတည်းကငိုယိုနေသောသူမကြောင့်စိတ်တွေလည်းညစ်လှပြီ။
ဘယ်နဲ့ဒီအဖေပဲတောင်းတနေတာလဲမသိ။
"ခေါ်ပေး..ဟူး..ဟူး.."
"ခြည်လေး..သမီး.."
ငိုရင်းမောလာသောသူမကြောင့်နေခြည်ထိုင်နေရာကနေအပြေးထသွားသည်။
"သမီးလေး..သမီးလေး..စိတ်အေးအေးထား.."
"ဟူး..ဟူး..မောတယ်..မာမီ.."
"နေဦး..မာမီတို့ဆေးရုံသွားရအောင်.."
နေခြည်ချိုကတုံကယင်နဲ့ဖုန်းကိုယူလိုက်ပြီးပျိုးဆီဖုန်းဆက်ဖို့လုပ်လိုက်သည်။
"မာမီ..."
"ဟာ..အရေးထဲဖုန်းမကိုင်ဘူး.."
နေခြည်ချိုဖုန်းကိုလွှတ်ချလိုက်ပြီးခြည်လေးကိုပွေ့ချီလိုက်သည်။
"မာမီတို့သွားမယ်နော်...အားတင်းထားနော်.."
အိမ်မှာလည်းဆိုင်ကယ်ပဲရှိသည့်တွက်နေခြည်ချိုကလေးကိုချီပြီးလမ်းထိပ်ထိထွက်ကာကားငှားရပေမည်
"မောတယ်..ဟူး..ဟူး.."
ခြည်လေးရဲ့အသက်ရှုသံပြင်းပြင်းတွေကနေခြည်နားမှာခါးလှသည်။
နေခြည်ကလေးကိုချီပြီးခြံပြင်ကိုအထွက်
"သမီးလေး.."
ခွန်းပိုင်ကြောက်ဘန့်နေသောနေခြည်ချိုနဲ့သမီးလေးကိုမြင်ပြီးပြေးလာခဲ့မိသည်။
"ခွန်းပိုင်.သမီးလေး..မောနေပြီ..ကျွန်မ့တို့ဆေးရုံသွားမှရတော့မယ်.."
"ကိုယ်မှာကားပါတယ်..သွားရအောင်.."
နေခြည်သမီးလေးကိုတစ်လမ်းလုံးတင်းကြပ်စွာဖက်ထားမိသည်။
သူမ့ရဲ့အတ္တကြောင့်သမီးလေးကိုဆုံးရှုံးသွားခဲ့ရင်များဘယ်လိုလုပ်မလဲ။
အချိန်မှာဘာမှမတွေးချင်တော့ဘူး။သမီးလေးအတွက်အရာအားလုံးပေးချင်တယ်။
......
"စိတ်အေးအေးထားပါ..သမီးလေးအဆင်ပြေမှာပါ."
နေခြည်ချိုဘေးကခွန်းပိုင်ပြောစကားတွေတောင်မကြားနိုင်တော့ပဲခြည်လေးဆီစိတ်ရောက်နေလေသည်။
"ဘုရား မလို့ကျွန်မ့ရဲ့သမီးလေးဘာမှမဖြစ်ပါစေနဲ့"
"ခွန်းပိုင်..ကျွန်မ့လေ..သမီးလေးကိုအဆုံးရှုံးမခံနိုင်ဘူး..ကျွန်မ့မှာသူတစ်ယောက်ထဲရှိတာ.."
"ကိုယ်လည်းအဆုံးရှုံးမခံနိုင်ပါဘူး..ကိုယ်တို့သမီးလေးကအားရှိပါတယ်..သူခံနိုင်မှာပါ.."
ခွဲစိတ်ခန်းဝင်နေသောခြည်လေးနဲ့အခန်းရှေ့လင်မယားနှစ်ယောက်ဘုရားစာတွေရွတ်ဖက်နေတာအကြိမ်ပေါင်းမနည်းတော့။
တစ်နာရီလောက်ကြာသည့်နောက်မှ
"ဒေါက်တာ..ကျွန်မ့သမီးလေးအခြေအနေ.."
"အဆင်ပြေပါတယ်..ကလေးကစိတ်အလိုမကျမှု့တွေများလာတဲ့အခါသူ့ရဲ့ထွက်ပေါက်မရှိတော့လို့ဖြစ်သွားရတာပါ..အခု့တော့အဆင်ပြေသွားပါပြီ..
"ဟုတ်ကဲ့. ေကျးဇူးတင်လိုက်တာ..ဒေါက်တာရယ်."
"ကျေးဇူးတင်တယ်ဆို..ကလေးကိုသေချာလေးဂရုစိုက်ကြပါ..သူ့မှာနှလုံးရောဂါရှိတယ်ဆိုတာသိကြတယ်မလား.."
"ဟုတ်ကဲ့..သိပါတယ်.."
"နှလုံးရောဂါဆိုတာထိရှလွယ်တယ်..ဂရုစိုက်ပေါ့ရှင်"
"ဟုတ်ကဲ့ပါရှင့်..ကျွန်မတို့ဂရုစိုက်ပါ့မယ်.."
"ဒါဆို.ကျွန်မ့သွားလိုက်ပါဦးမယ်.."
"ဟုတ်..ကျေးဇူးတင်ပါတယ်နော်..ေဒါက်တာ"
နေခြည်ချိုအခန်းထဲပြေးဝင်သွားပြီးသမီးလေးရှိရာကိုသွားလေသည်။ခြည်လေးကတော့အခု့ထိမနိုးသေး။
"ခြည်လေး.."
နေခြည်ချိုသမီးလေးရဲ့နဖူးကဆံပင်စတွေကိုအထက်သို့ဖယ်ပေးပြီး
"မာမီတောင်းပန်ပါတယ်နော်..မာမီအတ္တတွေကသမီးလေးကိုနာကျင်စေပြီ..သမီးလေးအမြန်ထလာတော့နော်..သမီးနှိုးလာရင်မာမီသမီးဖြစ်ချင်တာအကုန်သဘောတူပေးမယ်..အမြန်နှိုးလာပါတော့နော်.."
ခွန်းပိုင်အပေါက်ဝတွင်ပဲရပ်ပြီးကြည့်နေမိသည်။
သမီးလေးအခု့လိုဖြစ်နေတာကိုကြည့်ရတာရင်တွေနာတယ်။အတိုင်းအထက်အလွန်ပဲ။
သမီးလေးကိုယ်ဝန်ကတည်းကသေချာစောင့်ရှောက်ပေးခဲ့ရင်ဒါတွေကဖြစ်လာစရာမရှိဘူး။သမီးလေးကအခြားကလေးတွေနဲ့တန်းတူပျော်ရွှင်ပြီးကစားနေသင့်တာ။အခု့တော့ကွာ။
ခွန်းပိုင်နေခြည်ချိုဘေးနားကိုလျှောက်လာခဲ့သည်။
နေခြည်ချိုသမီးလေးလက်ကိုကိုင်ပြီးငိုနေမိ၏။
"ေနခြည်.."
နေခြည်လှည့်မကြည့်မိ။ဒီလိုတွေဖြစ်တာသူ့ကြောင့်မလား။ဒါတောင်ထွက်မသွားသေးဘူးပေါ့။
"ကိုယ်တောင်းပန်ပါတယ်..ကိုယ်သမီးလေးအပေါ်တာဝန်မကျေခဲ့ဘူး..ကိုယ်အပြစ်တွေရှိတာသိပါပြီ..ကိုယ့်ကိုခွင့်လွှတ်ဖို့မတောင်းဆိုပါဘူး..ဒါပေမဲ့သမီးလေးနားမှာတော့နေပြီးစောင့်ရှောက်ပေးချင်တယ်ကိုယ်အပြစ်တွေအတွက်ကိုယ့်ကိုပြန်ဆပ်ခွင့်ပေးပါ..
ကိုယ်တောင်းပန်ပါတယ်.."
နေခြည်သူ့ကိုလှည့်မကြည့်ပဲသမီးလေးလက်ကိုပဲတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။
ခွန်းပိုင်ဒူးနှစ်ဖက်ကိုကြမ်းပြင်ပေါ်ထောက်ချလိုက်သည်။
"ခွန်းပိုင်..ဒါ"
"ကိုယ်အနူးအညွှတ်တောင်းပန်ပါတယ်..ကိုယ့်ကိုပြန်လက်ခံပေးပါ..ကိုယ်ထိုင်ကန်တော့ဆိုလည်းရပါတယ်..ကိုယ့်ကိုသမီးလေးအတူနေခွင့်ပေးပါ..ကိုယ်အဖေတာဝန်ကိုအသေအချာဆောင်ရွက်ပါ့မယ်..ကိုယ်မင်းကိုလည်းဘယ်တော့မှစိတ်ညစ်အောင်မလုပ်ပါဘူး..ကိုယ်ကတိပေးတယ်.."
"ခွန်းပိုင်..ကျွန်မ့ကတိဆိုတာကိုမယုံတော့တာရှင်သိရင်ကောင်းမယ်..ရှင်ဒူးမထောက်ပါနဲ့..ထပါ..ကျွန်မ့စိတ်ကူးတွေပြောင်းဖို့စိတ်ကူးမရှိဘူး.."
"မလုပ်ပါနဲ့..ကိုယ်အပြစ်တွေရှိတာမှန်ပါတယ်..ဒါပေမဲ့ကိုယ်သမီးလေးကိုချစ်တယ်..သူနဲ့မခွဲနိုင်ဘူး..ကိုယ့်ကိုသမီးလေးနားမှာနေခွင့်ပေးပါ..တောင်းပန်ပါတယ်..ကိုယ်အနူးအညွှတ်တောင်းပန်ပါတယ်.."
ခွန်းပိုင်ခေါင်းငုံပြီးကြမ်းပြင်ပေါ်မှောက်ချမလို့လုပ်ချိန်နေခြည်ချိုအသည်းအသန်နဲ့ထလာကာသူနားကိုထိုင်ချလိုက်သည်။အစောကသးတကယ်လုပ်လိမ့်မယ်မထင်လို့နေခြည်ပေါ့ပေါ့တန်တန်ပြောလိုက်မိတာ။အခု့ကျတကယ်ကြီးလုပ့်မလို့လား။
"မလုပ်နဲ့.."
နေခြည်သူ့ပခုံးကိုဆုပ်ကိုင်လိုက်သည်။
"ကျွန်မ့ကရှင်ဒီလိုတောင်းပန်ရလောက်တဲ့အထိမမြင့်မြတ်ပါဘူး..ရှင်မလုပ်ပါနဲ့.."
"ဒါပေမဲ့ကိုယ်.."
"ရှင်နေချင်တယ်မလား..ရတယ်..ရှင်အိမ်ကိုလာလည်လို့ရတယ်..အမြဲတော့မရဘူး.တစ်ပါတ်ကိုပိတ်ရက်လောက်ပေါ့..သမီးလေးကကျောင်းပိတ်ရက်ပဲအိမ်မှာရှိမှာ..အဲ့နေ့တွေကျရင်အိမ်ကိုလာလည်ပေါ့..ကျန်တဲ့အချိန်တော့မရဘူး..ဟုတ်ပြီလား.."
"အင်း...ရတာပေါ့..ကိုယ်ပိတ်ရက်ကျအိမ်မှာလာနေလို့ရပြီပေါ့..ကောင်းလိုက်တာ..ကိုယ့်မိန်းမကအရမ်းရက်စက်တတ်တဲ့သူမဟုတ်တာသိပြီးသား.."
"အဲ့ဒါသမီးလေးကြောင့်ပါ..ကျန်တာလျှောက်မတွေးနဲ့..ရှင့်ကိုကျွန်မ့မြင်တောင်မမြင်ချင်ဘူး.."
"ဟုတ်ပါတယ်..ဒါပေမဲ့ကိုယ်အရမ်းပျော်တယ်..သမီးလေးသိရင်လည်းပျော်လောက်မှာသေချာတယ်."
ခွန်းပိုင်အပြုံးကိုမြင်တော့စိတ်သက်သာရာရသလိုပဲ။
"ကဲ..ထတော့.."
"အင်း.."
နေခြည်နဲ့ခွန်းပိုင်သမီးလေးဘေးမှာသွားရပ်လိုက်ကြသည်။
"သမီးလေး..သမီးမာမီကတော့ဒယ်ဒီ့ကိုလက်ခံလိုက်ပြီနော်..သမီးလေးမြန်မြန်နှိုးလာတော့.."
ခွန်းပိုင်ခြည်လေးရဲ့နဖူးကိုငုံ့ပြီးအသာအယာနမ်းလိုက်သည်။
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕သုံးလခန့်ကြာသော်
"မာမီ...ဒယ်ဒီမလာသေးဘူးလား.."
"မလာသေးဘူး..မိုးရွာနေတော့သမီးဒယ်ဒီကားကြပ်နေလို့နေမယ်..သမီးဘာသာကစားနေပါ..ဒယ်ဒီလာရင်မာမီအော်လိုက်မယ်.."
"ဟုတ်.."
"ပိစိလေးကိုအစာအများကြီးမကျွေးနဲ့ရေတွေညစ်ပတ်ကုန်မယ်.."
"ဟုတ်ကဲ့..မာမီ"
ခြည်လေးအခန်းထဲတွင်သူ့ဒယ်ဒီဝယ်ပေးထားသောရွှေငါးလေး(နာမည်.ပိစိ)ကိုအစာကျွေးရင်း
အလုပ်ရှုပ်နေသည်။ပိတ်ရက်ဆိုအိမ်လာလည်နေကြဒယ်ဒီသည်ဒီကနေ့မိုးရွာနေလို့နောက်ကျနေလေသည်။
ခွန်းပိုင်မှာဆိုသည်သူ့သမီးကိုတွေ့ချင်တာနဲ့ပဲပိတ်ရက်ကျအလုပ်ကနေအမြန်ပြေးလာရလေသည်။
"ဟော..ခြည်လေးရေ..ဒယ်ဒီလာပြီနဲ့တူတယ်.."
"ဟုတ်လား.."
ခြည်လေးအပေါက်ဝကိုပြေးထွက်သွားသည်။နေခြည်ချိုထိုကောင်မလေးကြောင့်အမြန်ပြေးထွက်လာခဲ့သည်။
"အယ်..ခွန်းပိုင်.."
တကိုယ်လုံးရေတွေရွဲစိုနေသာသူကြောင့်နေခြည်အံ့သြသွားလေသည်။
ထီးကိုအမြန်ယူပြီးပြေးထွက်လာခဲ့သည်။
"ခွန်းပိုင်.."
"မိန်းမ.."
နေခြည်သူ့ကိုထီးဆောင်းပေးလိုက်သည်။
"ဘယ်လိုဖြစ်လာတာလဲ.."
"ကိုယ်တို့အိမ်ထဲအရင်သွားရအောင်..ချမ်းနေပြီ.."
"ဪ..အင်းပါ.."
နေခြည်တို့အမြန်ပဲအိမ်ထဲဝင်လာကြသည်။
"ဒယ်ဒီ.."
"သမီးလေး..""ခွန်းပိုင်..ရှင်ရေအရင်ချိုးလိုက်..မိုးမိလာတာဖျားလိမ့်မယ်..သွား.."
"အင်း..သမီးလေး..ဒယ်ဒီနောက်ပြီးလာခဲ့မယ်နော်."
"ဟုတ်.."
"ကျွန်မရှင်သောက်ဖို့ဆေးနဲ့ရေနွေးပြင်ထားမယ်..ရေသွားချိုးတော့.."
ခွန်းပိုင်ရေချိုးခန်းထဲအမြန်ပြေးဝင်သွားသည်။
"သွားခြည်လေး..သမီးဒယ်ဒီအတွက်အင်္ကျီတွေထုတ်ပေးထားဦး..ဒီမှာမာမီ..ရေနွေးပူပူလေးတည်လိုက်ဦးမယ်.."
"ဟုတ်ကဲ့.."
ခြည်လေးသူ့ဒယ်ဒီအတွက်အဝတ်အစားယူဖို့အခန်းထဲဝင်သွားသည်။
ခွန်းပိုင်ပတ်ရကိကျဒီမှာလာနေတာမို့သူ့အဝတ်ရှိနေတာတော့ထူးဆန်းတာမဟုတ်။
နေခြည်ချိုရေနွေးပူပူလေးကိုတည်ပြီးဖန်ခွက်ထဲထည့်လိုက်သည်။
ဆေးသောက်ဖို့အတွက်ဆေးဖိုးကိုယူစဥ်
"အား.."
"ခွန်းပိုင်.."
နေခြည်ချိုအော်သံကြားရာရေချိုးခန်းထဲပြေးဝင်သွားသည်။ကြမ်းပြင်တွင်ဖင်ထိုင်လျက်လဲကျနေသောခွန်းပိုင်ကိုတွေ့တော့မျက်လုံးတွေပြူးကျယ်သွားမိသည်။
သူ့၏ခန္တာကိုယ်အပေါ်ပိုင်းကအဝတ်ဗလာနဲ့အောက်ပိုင်းသာတဘက်ပတ်ထားလေသည်။
"ဘာဖြစ်တာလဲ.."
"ကိုယ်ချော်လဲတာ.."
"ဟင်.."
ရေချိုးခန်းထဲမကြီးမငယ်နဲ့ချော်လဲသောသူကြောင့်ရယ်ချင်လာတော့သည်။
"မကြီးမငယ်နဲ့..ချော်လဲရတယ်လို့..ကဲ.ထ..ထ"
နေခြည်သူ့ပခုံးကိုကိုင်ပြီးထူပေးလေသည်။
"အား..မရဘူး..ကိုယ့်ခြေထောက်နာသွားပြီ.."
"ဟူး..ကလေးကလားချော်လဲမှတော့နာပြီပေါ့..ကဲ..ထကြည့်ပါ..အခန်းထဲထိတွဲလျှောက်သွားကြည့်ရအောင်..ဟိုရောက်မှဆေးလိမ်းရမယ်"
"ကိုယ်မထနိုင်ဘူးလေ.."
"အို..မထနိုင်တော့ဒီမှာပဲတသက်လုံးနေတော့မှာလား
"မဟုတ်ပါဘူး..ကိုယ့်ကိုအချိန်နည်းနည်းပေး..ကိုယ့်ဘာသာထကြည့်မယ်.."
"အင်း..ဒါဆိုလဲပြီးရော.."
ခွန်းပိုင်သက်ပြင်းတစ်ချက်ချပြီးခြေထောက်ကိုထောက်ဖို့လုပ်လေသည်။
"အို..ကျွတ်..ကျွတ်..နာလိုက်တာ.."
"ရပြီ..အိုကေ..အဆင်ပြေတယ်.."
နေခြည်သူ့ကိုတွဲပေးပြီးအခန်းထဲကိုလျှောက်လာခဲ့သည်။
"ဒယ်ဒီ..ဘာဖြစ်တာလဲ.."
"ဒယ်ဒီချော်လဲတာ..သွားခြည်လေး..ဒယ်ဒီအတွက်ဆေးသေတ္တာယူပေးခဲ့..မာမီဒယ်ဒီ့ကိုခုတင်ပေါ်တင်ပေးလိုက်ဦးမယ်.."
"ဟုတ်.."
ခြည်လေးအခန်းပြင်ပြေးထွက်သွားသည်။
"ဖြည်းဖြည်းထိုင်..ရလား.."
"အင်း.."
"အို..ရှင်.."ခွန်းပိုင်နေခြည်ချို့ကိုဖတ်ပြီးခုတင်ပေါ်လဲချလိုက်သည်။
"ဘာလုပ်တာလဲ..လွှတ်.."
နေခြည်သူ့ရဲ့တင်းကြပ်သောလက်တွေကိုအတင်းရုန်းကန်နေသည်။
"လွှတ်လို့..သမီးလေးမြင်သွားမယ်.."
"ကိုယ်မင်းကိုချစ်တယ်.."
"ခွန်းပိုင်..ရှင်နော်..သမီးလေးမျက်နှာကြောင့်သည်းခံနေတာရောင်တက်မလာနဲ့.."
"ကိုယ်အတည်ပြောနေတာ..ကိုယ့်ကိုခွင့်လွှတ်ပေးပါတော့နော်..ကိုယ်မင်းနဲ့အတူနေချင်ပြီ.."
"မာမီ..ရလာပြီ.."
"လွှတ်..သမီးလေးလာနေပြီ.."ခြည်လေးအသံကြားတာနဲ့ခွန်းပိုင်သူ့ကိုမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်လိုက်ရသည်။
"ကိုယ်တို့ညကျတွေ့ရဦးမှာပါ.."
ခွန်းပိုင်နေခြည်ချိုနားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။
"ရှင်..အရှက်မရှိဘူးလား.."
နေခြည်ချိုသူ့ကိုတွန်းပစ်ပြီးမတ်တပ်ထရပ်လိုက်သည်။
ခွန်းပိုင်ပြုံးပြုံးကြီးနဲ့ပက်လက်လန်ပြီးကြည့်နေမိသည်။
"မာမီ..ဒီဟာလား.."
"အင်း..ဟုတ်တယ် "
နေခြည်ချိုခြည်လေးစီမှဆေးသေတ္တာယူပြီးခွန်းပိုင်ဘက်လှည့်လိုက်သည်။
"ရှင်အင်္ကျီအရင်ဝတ်ဦး.."
"အင်းပါ.."
ခြည်လေးခြေတံတိုတိုလေးနဲ့ခွန်းပိုင်အတွက်ချထားပေးသောအဝတ်တွေကိုပြေးယူလေသည်။
"ဒယ်ဒီ..ဒီမှာ..မီးဝတ်ပေးမယ်..ဒယ်ဒီလက်မြှောက်"
"ဟုတ်ပါပြီဗျာ..လိမ္မာလိုက်တဲ့ကလေးလေး.."
ခွန်းပိုင်အင်္ကျီကိုအတန်သင့်လိုက်ဝတ်ပေးလိုက်သည်
"ဘောင်းဘီဝတ်မယ်.."
"ဟို..သမီးလေး..ဒါကိုဒယ်ဒီ့ဘာသာပဲဝတ်လိုက်မယ်.သမီးလေးက..အမ်း.ဟို..TVမှာဘောလုံးပွဲလာနေပြီလာလို့..ကြည့်ပေးထား..ဟုတ်ပြီလား.."
"အင်း..ဟုတ်ကဲ့.."
ခြည်လေးအခန်းပြင်ကိုပြန်ထွက်သွားတော့
"ရှင်လဲပြီးရင်ဆေးသောက်ဖို့ထွက်လာခဲ့.."
နေခြည်ချိုထွက်သွားဖို့လှည့်လိုက်ချိန်ခွန်းပိုင်ရဲ့လက်တစ်ဖက်ကသူမ့၏ခါးကိုဆွဲဖက်ထားသည်။
"ခွန်းပိုင်..ရှင်ဘာဖြစ်နေတာလဲ.."
"ကိုယ်ဘောင်းဘီဝတ်လို့မရဘူး..ကိုယ့်ကိုကူပေးပါဦး
"ဘာရှင့်.."
"ကိုယ့်ခြေထောက်နာနေတယ်လေ.."
"ဟူး..ရှင်တော့လေ.."
နေခြည်ချိုနောက်ကိုလှည့်လာပြီးခုတင်ပေါ်ကဘောင်းဘီကိုယူလိုက်သည်။
နေခြည်ချိုဘောင်းဘီကိုခြေထောက်ဖျားမှာစွပ်ပေးလိုက်ပြီး
"ကျန်တာကိုယ့်ဘာသာဝတ်..အပေါ်ထိတော့ကျွန်မ့လည်းမတတ်နိုင်ဘူး.."
"မိန်းမ..ကိုယ်တကယ်ခြေထောက်နာနေလို့ပါ.."
နေခြည်ချိုရှက်ကလည်းရှက်နဲ့မို့မျက်လုံးကိုစုံမှိတ်ပြီး
"ကဲ..ပြီးပြီ..ကိုယ့်ဘောင်းဘီတောင်ကိုယ်မဝတ်နိုင်ဘူး..ကလေးပေါက်စလား..ဟွန့်..သွားမယ်..ထ"
"ကိုယ့်ကိုဆေးမလိမ်းပေးတော့ဘူးလား.."
"ဟုတ်သားပဲ.."
နေခြည်ချိုဆေးသေတ္တာထဲကဒဏ်ကြေလိမ်းဆေးဘူးကိုယူလိုက်ကာခွန်းပိုင်ရဲ့ခြေထောက်ကိုအသာအယာလိမ်းပေးလေသည်။
"မိန်းမ.."
"အင်း.."
"မင်းအရင်ထက်စကားပြောပွင့်လင်းလာပေမဲ့ကိုယ့်ကိုဂရုစိုက်သေးတယ်နော်.."
"ခွန်းပိုင်..ကဲဟာ.."
"အား...နာတယ်.."ခွန်းပိုင်နေခြည်ချိုဖိနှိပ်လိုက်သောခြေထောက်ကိုကိုင်ရင်းအော်လိုက်လေသည်။
"ကောင်းတယ်..ရှင်ကဂရုစိုက်ပေးမိလို့ကိုမရဘူး.တော်ပြီ..ကိုယ့်ဘာသာလိမ်းပြီးနေခဲ့တော့.."
နေခြည်ဆေးဘူးသူ့လက်ထဲထိုးထည့်ပြီးအခန်းအပြင်သို့ဆောင့်ဆောင့်အောင့်အောင့်နှင့်ထွက်လာလေသည်။ခွန်းပိုင်နာကလည်းနာသူ့မိန်းမစိတ်ဆိုးသွားတာလေးကိုရယ်ကရယ်ချင်။
ချစ်ဖို့ကောင်းလိုက်တဲ့မိန်းမ..
💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖
"ရှင်ဟိုဘက်လှည့်မအိပ်သေးဘူးလား..ဘဘာကြည့်နေတာလဲ.."
"ကိုယ့်နတ်သမီးလေးကိုကြည့်နေတာလေ.."
"ရူးကြောင်ကြောင်တွေမလုပ်စမ်းပါနဲ့ရှင်..အိပ်ပါတော့.."
နေခြည်ချိုသူမ့ကိုမျက်စိဒေါက်ထောက်ကြည့်နေသောသူ့ကိုအိပ်ဖို့ရန်အတင်းတိုက်တွန်းနေရသည်။
"ရှင်မအိပ်ချင်..အခန်းပြင်ထွက်တော့..ကျွန်မ့အိပ်ချင်ပြီ.."
"အိပ်လေ..ကိုယ်ဒီအတိုင်းလေးပဲကြည့်ရုံတင်ကြည့်တာပါ..ကိုယ့်မိန်းမနားမနေရတာကြာနေပြီမလား
ကိုယ်မင်းအိပ်တာလေးကိုကြည့်ချင်လို့ပါ.."
"အရင်တစ်ပါတ်ကလေးတင်အိမ်ပြန်လာပြီးသားဘာအနားမနေရတာကြာပြီလဲ..အိပ်စမ်းပါရှင်..ရှင်အဲ့လိုကြည့်နေတော့အိပ်ရတာကျောမလုံဘူး..သိရဲ့လား"
"ကိုယ်မှကြည့်လို့မဝသေးတာ.."
"ကြည့်မဝလည်းမကြည့်နဲ့တော့အိပ်ပါတော့ဆို"
နေခြည်ချိုလက်နဲ့သူ့ကိုအိပ်ရာပေါ်လဲချလိုက်သည်။
"မျက်လုံးမှိတ်အိပ်တော့..မဟုတ်ရင်ရှက်အပြင်ကဆိုဖာနဲ့ညားလိမ့်မယ်..ဘာမှတ်နေလဲ.."
"ဆိုဖာနဲတော့မညားပါရစေနဲ့..အိပ်ဆိုလည်းအိပ်ပါ့မယ်ဗျာ..ဒါပေမဲ့ကိုယ့်ကိုအိပ်ရာဝင်အနမ်းလေးမပေးချင်ဘူးလား.."
နေခြည်ချိုထိုစကားကြားပြီးမျက်မှောင်ကြုတ်လိုက်လေသည်။
"ကျွန်မ့အငေါက်လေးမခံရပဲမအိပ်ချင်ဘူးလား.ပြော"
"အင်း..ကိုယ်မင်းအငေါက်ပဲခံချင်နေမိတယ်.."
"ရှင်နဲ့တော့ဒုက္ခပဲ..တော်ပြီ..အိပ်တော့မယ်..စကားလာမပြောနဲ့.."
နေခြည်ချိုသူနဲ့ဆန့်ကျင်ဘက်အရပ်ကိုလှည့်ပြီးအိပ်လိုက်သည်။
"ခွန်းပိုင်.."
စက္ကန့်ပိုင်းတောင်မကြာခွန်းပိုင်ကြောင့်နေခြည်ချိုအသံထွက်ရပြန်ပြီ။
"ရှင်လက်ကြီးဖယ်စမ်းပါ.."
နေခြည်ခါးတွင်ဖက်ထားသောလက်ကြောင့်အော်လိုက်ရသည်။ခွန်းပိုင်ပိုမိုတင်းကြပ်စွာဖက်ရင်းသူမ့နားကိုတိုးကပ်လာလေသည်။
"မိန်းမ..ကိုယ်တို့အဆင်ပြေလို့မရဘူးလား..ကိုယ်ပြဿနာတွေအကုန်လုံးကိုလည်းရှင်းပြခဲ့ပြီးပြီလေ
ကိုယ်မင်းကိုချစ်တယ်..ကိုယ်တို့အရင်လိုချစ်ချစ်ခင်ခင်လေးနေကြရအောင်နော်..နော်လို့.."
သူ့ကိစ္စတွေအားလုံးကိုရှင်းပေးပြီးတာတော့အမှန်ပါ။
ဒါပေမဲ့ကျွန်မ့စိတ်ထဲအခဲမကြေနိုင်တာလေးတစ်ခု့ကတော့အမြဲတမ်းရှိနေခဲ့တယ်။
အဲ့ဒါကသူနဲ့အမြဲတည်ရှိနေပြီတော့ဘယ်တော့မှဖျောက်ဖျက်လို့မရဘူးလေ။သူကျွန်မ့ကိုဘယ်လောက်ပဲချစ်တယ်ပြောပြောအဲ့အရာကပျောက်ပျက်သွားမှာမှမဟုတ်တာ။
"မိန်းမ..ဘာလို့ ငြိမ်သွားတာလဲ..ကိုယ်မေးတာဖြေပါဦး..ကိုယ်တို့ပြန်ချစ်ကြရအောင်နော်.."
"ခွန်းပိုင်..ကျွန်မ့အိပ်ချင်ပြီ.."
"စကားလမ်းကြောင်းမလွှဲနဲ့..ကိုယ်မေးတာကိုဖြေ"
"ကျွန်မ့တကယ်အိပ်ချင်ပါပြီဆို.."
"အဲ့လိုဆက်ပြောရင်ကိုယ်တစ်ညလုံးဖက်ထားမှာနော်..နည်းနည်းမှလှုပ်မရအောင်ဖက်ထားပစ်မယ်
ကိုယ်မေးတာကိုအရင်ဖြေ..ပြီးရင်အိပ်ခိုင်းမယ်"
နေခြည်ချိုပြောမရအဆုံးသက်ပြင်းချလိုက်သည်။
သူ့လက်တွေကြားငြိမ်သက်စွာနေရင်း
"ကျွန်မ့တစ်ခု့အရင်မေးမယ်..အဲ့ဒါကိုအမှန်အတိုင်စဖြေရင်ကျွန်မ့လည်းအဖြေတစ်ခု့ပေးမယ်.."
"ဟုတ်ပြီလေ..မေး.."
"ရှင့်ရဲ့ရင်ဘတ်ကတက်တူးကဘယ်သူ့ပုံလဲ..ကျွန်မ့အရင်တုန်းကမေးခဲ့ဖူးပေမဲ့ရှင်သေချာမဖြေခဲ့ဘူးလေ
ဒါကြိုးကြာဖြူလား..ဒါမှမဟုတ်.အခြားအမျိုးသမီးတစ်ယောက်လား.."
"အတိတ်ဟောင်းတွေကိုယ်မပြောပြချင်ဘူး.."
"ရတယ်လေ..ဒါဆိုလည်းရှင့်ကိုကျွန်မ့အဖြေမပေးနိုင်ဘူး..ထွက်သွားတော့.."
"အို..မလုပ်ပါနဲ့..ကိုယ်ပြောပြမယ်.."
"အင်း.."
"မင်းယုံကြည်ရမယ်..ကိုယ်အမှန်တိုင်းပြောနေတာ"
"အင်းပါ.."
"ဒါကိုယ်တက္ကသိုလ်တုန်းကတိတ်တခိုးချစ်ရတဲ့မိန်းကလေး.."
"ဘာ.."
နေခြည်ချိုစိတ်ပေါက်ပေါက်နဲ့သူ့ဘက်ကိုလှည့်လိုက်မိသည်။
"တွေ့လား..ကိုယ်ပြောတာနားထောင်ဦး...ဒါကိုယ်အရမ်းချစ်ရတဲ့သူ..သူ့ကိုအမြဲတမ်းကွယ်ရာကနေချောင်းကြည့်..သူ့ကြိုက်တတ်တဲ့အရာတွေစုံစမ်း..သူစာဖတ်တာအရမ်းကြိုက်လို့စာကြည့်တိုက်ဆိုကိုယ်သူ့ကိုတွေ့နိုင်တာပဲဆိုပြီးခဏခဏသွားခဲ့တာ..အဲ့အချိန်တုန်းကတော့တော်တော်လေးရင်ခုန်ဖို့ကောင်းခဲ့တယ်.
သူ့ကိုပထမဆုံးစတွေ့တဲ့နေ့ကပုံကိုတက်တူးထိုးခဲ့မိတာပဲ..အဲ့ပုံလည်းဘယ်သူမှမမြင်ဖူးပါဘူး..မိန်းမတစ်ယောက်ထဲမြင်ဖူးတာ..သူကလေပြုံးလိုက်ရင်သိပ်ချစ်ဖို့ကောင်းတယ်..စကားပြောရင်လည်းတည်တည်ငြိမ်ငြိမ်လေးနဲ့ထက်မြက်တဲ့မိန်းမမှန်းတန်းသိသာတာပဲ"
ငယ်ကျွမ်းဆွေအကြောင်းအားရပါးရပြောကြားနေသောသူ့ကိုကြည့်ပြီး
"သူ့အကြောင်းပြောတာနဲ့ရှင့်မျက်လုံးတွေကအရောင်တောက်လာသလိုပဲနော်.."
"ဟုတ်လား..ကိုယ်တောင်သတိမထားမိဘူး.."
"အင်း.."နေခြည်ချိုဖာတိဖာသာဖြေလိုက်လေသည်။ထိုမိန်းကလေးကဘယ်သူများမို့ဒီလောက်ထိပျော်ရွှင်နေတာလဲ။
မိန်းမရပြီးလို့ကလေးတောင်ခြောက်နှစ်ရောက်နေပြီသူကတော့ပြောလို့ကောင်းတုန်း။အချစ်ဦးဆိုတာမြေးဦးရတဲ့ထိမမေ့နိုင်ဘူးဆိုတဲ့စကားမှန်တော့မယ်ထင်ပါရဲ့။
နေခြည်ဘက့်မှ ငြိမ်ချက်သားကောင်းနေတာကြောင့်ခွန်းပိုင်သူမ့ကိုငုံကြည့်လိုက်သည်။
"မိန်းမ..ဘာဖြစ်လို့လဲ.."
"ဟင့်အင်း..ဘာမှမဖြစ်ပါဘူး.."
ေနခြည်ချိုခွန်းပိုင်၏အင်္ကျီစ့ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
"ဪ..ဒါဆိုလည်းကိုယ်ဆက်ပြောပြမယ်..အဲ့ကောင်မလေးကလေ..အရမ်းကိုခေါင်းမာတယ်..ကိုယ့်ကိုချစ်တယ်တာပြောပေမဲ့ကိုယ့်ကိုလည်းဘယ်တော့မှမယုံဘူး.."
"အိပ်ချင်ပြီ.."
"ဟင်..ချက်ချင်းကြီးလား.."
"အင်း.."
နေခြည်ချိုသူ့ရင်ခွင်ထဲကနေတိုးထွက်လာပြီးကုတင်ဘေးစွန်းကိုတိုးသွားခဲ့သည်။
"မိန်းမ..ဘာလို့တိုးသွားတာလဲ..ကိုယ်နဲ့တူတူအိပ်မယ်လေ..ကိုယ့်ကိုအဖြေပြန်ပေးမယ်ဆို.."
နေခြည်ချိုဘက်ကပြန်စကားမကြားတော့ခွန်းပိုင်သူမ့ဆီတိုးသွားသည်။
"အချစ်ကလေး..ကတိလည်းမတည်ဘူးနော်.."
"ကျွန်မ့မနက်ကျအဖြေပြန်ပေးမယ်.."
"ကိုယ်ကအခု့လိုချင်တာလေ.."
"မရဘူး.."
"အချစ်..စောစောကတည်းကငြိမ်သွားတာ.ဘာဖြစ်တာလဲ..အခု့လည်းစကားသေချာပြန်မပြောဘူး..ဘာလဲ..ကိုယ့်ကိုငြင်းချင်တာလား.."
"မဟုတ်ဘူး..ကျွန်မ့အိပ်ချင်လို့ပါ.."
"ကိုယ်အမှားလုပ်ထားမိလို့လား.."
"မဟုတ်ပါဘူးဆို.."
"ဒါဆိုဘာလဲ.."
"ဘာမှမဟုတ်ဘူး...ရှင်ဘာအမှားမှမလုပ်ထားဘူး.."
"အဲ့ဆို..ဘာလို့လဲလို့.."
"ဘာမှမဟုတ်ဘူးလို့.."
"မဟုတ်သေးပါဘူး..မိန်းမတစ်ခု့ခု့ဖြစ်နေပါတယ်..ပြောပါ..ကိုယ်တို့ပွင့်ပွင့်လင်းလင်းပြောရအောင်..အရင်ကလိုမပွင့်လင်းခဲ့လို့ကိုယ်မင်းနဲ့မဝေးချင်ဘူး.."
နေခြည်သူနဲ့ထပ်ဝေးဖို့လည်းမတွေးရဲဘူး။သူ့ကိုချစ်တယ်။ကလေးဆန်တယ်ပဲပြောပြောသူ့ကိုလက်လွှတ်ဆုံးရှုံးရမှာကိုကြောက်နေမိပြန်ပြီ။
"ခွန်းပိုင်.."
နေခြည်ချို.ခွန်းပိုင်ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။
"ကျွန်မ့ထပ်ပြီးမနာကျင်ဘူးဆိုတာရှင်သိပါတယ်.."
"အင်း.."
"ကျွန်မရှင့်ကိုချစ်တယ်..ဒါပေမဲ့ရှင်နဲ့ခွဲရရင်ကျွန်မ့ရင်တွေအစိတ်စိတ်ကွဲရလိမ့်မယ်သိလား.."
ခွန်းပိုင်..နေခြည်နှုတ်ခမ်းကိုအသာအယာငုံနမ်းလိုက်သည်။
နေခြည်တွန်းမထုတ်မိပဲငြိမ်နေမိသည်။
"မိန်းမ..မင်းကလေ..ငတုံးလေးပဲ.."
"ဟင်.."
"ကိုယ်ဘယ်သူ့အကြောင်းပြောနေလဲဆိုတာသတိမထားမိဘူးလား.."
"ရှင့်အချစ်ဦးအကြောင်းလေ..မဟုတ်ဘူးလား.."
"အဲ့အချစ်ဦးကဘယ်သူလဲကောသိလား.."
"ဟင့်အင်း.."
ခွန်းပိုင်ပြုံးပြီးနေခြည့်ပါးကိုဆွဲလိုက်သည်။
"အ..နာတယ်.."
"ငတုံးမလေး..အဲ့ဒါမိန်းမပဲလေ..ကိုယ့်ပုံကိုတောင်မမှတ်မိဘူးလား..ဒီလောက်လှတဲ့မိန်းကလေးကိုမမှတ်မိဘူးပေါ့.."
"ဟမ်..အဲ့ဒါကျွန်မ့လား.."
"ဟုတ်တယ်..အဲ့ပုံကကိုယ်မင်းကိုပထမဆုံးတွေ့တော့ချစ်ဖို့ကောင်းတာနဲ့ဓာတ်ပုံရိုက်ထားမိလိုက်တယ်..နောက်ကျကိုယ်နိုင်ငံခြားသွားတော့မင်းပုံကိုရင်ဘတ်မှာတက်တူးထိုးခဲ့တယ်လေ..ကိုယ်မင်းနဲ့အတူမရှိတော့ပေမဲ့ကိုယ့်နှလုံးသားရဲ့အနီးဆုံးမှာတော့မင်းကအမြဲတမ်းရှိနေခဲ့တာ..နေဦးကိုယ်ဖုန်းထဲကမင်းပုံကိုပြမယ်.."
ခွန်းပိုင်ခုံပေါ်ကဖုန်းကိုလှမ်းယူလိုက်သည်။
"ရော့..ဒီမှာကြည့်..ကြောင်တောင်တောင်လေးနဲ့ရပ်နေတာ..ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ"
နေခြည်သူပြတဲ့ပုံကိုကြည့်လိုက်မိသည်။
ဒါဘယ်တုန်းကပုံပါလိမ့်။နေခြည်ချိုလက်ထဲကအထုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီးခြေဖျားလေးထောက်ကာလိုင်းကားအလာကိုစောင့်နေလေသည်။ဒီပုံကဘယ်လိုလုပ်သူ့ဆီရောက်နေတာလဲ။
အဲ့တုန်းကခွန်းပိုင်နောက်ကိုလိုက်ရင်းအပြန်ကျကားစောင့်နေခဲ့မိသည်။နေ့တိုင်းလိုလိုခွန်းပိုင်နောက်ကမလှမ်းမကမ်းလိုက်ပြီးချောင်းကြည့်နေကြ။သူနေခြည့်ကိုသတိထားမိနေလိမ့်မယ်မထင်ထားဘူး။
နေခြည်ချိုအနည်းငယ်ကြောင်သွားပြီးမှထရယ်တော့သည်။
"အဟီး...ဟား.."
"ဘာဖြစ်တာလဲ...ကိုယ်ပြောတာမယုံလို့လား"
"မဟုတ်ပါဘူး.."
"ဒါဆို..ဘာလို့ရယ်ရတာလဲ.."
"အဲ့ဒါက..ကျွန်မ့ရှင့်အနောက်လိုက်ရင်းအပြန်ကျကားစောင့်နေတာလေ.."
"ကိုယ့်အနောက်လိုက်တယ်..ဟုတ်လား.."
"အင်း...ကျွန်မ့ရှင့်အနောက်နေ့တိုင်းလိုက်လာတာမသိဘူးလား.."
"မသိဘူး..ကိုယ်ကဒီတိုင်းတိုက်ဆိုင်တယ်ထင်နေတာ.ဘယ်လိုဖြစ်ရတာလဲ.."
"ရှင့်ကမှတကယ်ငတုံးလေး.."
"😆"
နှစ်ယောက်လုံးကိုယ့်အတွေးတွေနဲ့ကိုကိုယ်ပျော်နေမိသည်။
မထင်ထားပဲတစ်ယောက်နဲ့တစ်ယောက်ချစ်မိနေလိမ့်မယ်လို့။
"ဟီး...ဟား...ဟီး..ဟီး.."
နှစ်ယောက်လုံးတစ်ပြိုင်နက်ရယ်လိုက်မိသည်။
"ကိုယ့်တို့စောစောတွေ့ရဲ့သားနဲ့..လွဲမှားနေကြတယ်"
"ဟုတ်တယ်နော်..ကျွန်မ့တို့ကြားမှာအထင်လွဲမှု့တွေနဲ့ပဲများနေတာကို.."
"ဒါပေမဲ့အချစ်စစ်ဆိုတာသေချာပေါက်ပေါင်းဖက်ရတာပဲလေ..ကိုယ်မင်းကိုချစ်တယ်..အရမ်းချစ်တယ်"
နေခြည်ချိုပြုံးပြီးကြည့်နေမိသည်။
ခွန်းပိုင်ရဲ့ပါးကိုကိုင်လိုက်ပြီး
"ကျွန်မ့တို့.."
"မငိုပါနဲ့.."နေခြည်ပါးပြင်ထက်ကကျလာသောမျက်ရည်စတွေကိုသုတ်လိုက်ပေးလိုက်ပြီး
"ကိုယ်မင်းကိုဘယ်တော့မှလက်မလွှတ်တော့ဘူး..ကိုယ်တို့တစ်သက်လုံးနေသွားမယ်နော်..ကိုယ့်တို့ကြားမှာအလွဲတွေမရှိစေရတော့ဘူး..ကိုယ်မင်းနားမှာအချိန်တွေအများကြီးအတူရှိချင်တယ်..၃၆၅ရက်မကဘူးတစ်သက်လုံး..ကိုယ့်ကိုနေခွင့်ပေးပါလား.."
"ခွန်းပိုင်ရယ်.."နေခြည်ခွန်းပိုင်လည်ပင်းကိုတင်းကြပ်စွာဆွဲဖက်လိုက်သည်။
"ချစ်တယ်..."
😍😘
"ဒေါက်..ဒေါက်..ဒေါက်.."
"ဒယ်ဒီ..."
"ကိုယ်သမီးလေးလားမသိဘူး..ဖယ်ဦး.."
နေခြည်ခွန်းပိုင်ကိုတွန်းထုတ်လိုက်ပြီးလျောကျနေသောအင်္ကျီစကိုပခုံးပေါ်ဆွဲတင်လိုက်သည်။
"သမီးလား..ကိုယ်မကြားပါဘူး.."
"ကျွန်မ့ကြားတယ်..သွားဖွင့်ချည်.."
ခွန်းပိုင်နှုတ်ခမ်းဆူပြီးပြီးတံခါးသွားဖွင့်လေသည်။
"သမီးလေး..ဘာလို့လဲ.."
ခြည်လေးခေါင်းအုံးပိုက်ပြီးအခန်းရှေ့မှာရပ်နေသည်။
"မီး..ဒယ်ဒီတို့နဲ့အိပ်မို့.."
"ဟင်.."
ခြည်လေးအခန်းထဲကိုပြေးဝင်သွားလေသည်။ခွန်းပိုင်တားချိန်တောင်မရလိုက်ရ။
နေခြည့်ကိုလှမ်းကြည့်တော့နခြည်ပခုံးတွန့်ပြရုံပဲတတ်နိုင်တော့သည်။သမီးလေးကအိပ်ချင်တယ်ဆိုတော့လဲငြင်းမှမရတာ။
မိန်းမလေးနဲ့အတူတူအိပ်ချင်တယ်ဆို😢။
😆😆😆😆😆😆😆😆😆😆😆😆😆😆😆😆
ဟူး....ပြီးပါပြီ...
#မဒီခွန်းပိုင်နဲ့နေခြည်ချိုတို့မိသားစုလေးကတော့မဒီ့ရင်ထဲနေရာတစ်ခု့မှာသိမ်းထားလိုက်ပြီ။
ဒီဝတ္ထုမှာအချို့ဇာတ်ကောင်တွေကိုအဆိုးမြင်ဝါဒနဲ့ရေးရတဲ့အတွက်လည်းစိတ်မကောင်းဘူး။သူတို့လေးတွေလည်းသူတို့ခံစားချက်တွေရှိနေလိမ့်မယ်လို့မဒီထင်တယ်။လူတိုင်းကတော့မကောင်းနိုင်ဘူးလေ။ဒါပေမဲ့အမှားတစ်ခု့လေးလုပ်မိရုံနဲ့သူတို့ကိုအကုန်ဆိုးသွမ်းနေပြီလို့မထင်စေချင်ဘူး။
ရှင်မင်းဆက်နဲ့မခဆိုတဲ့ဇာတ်ကောင်နှစ်ဦးရဲ့ဝတ္ထုရေးထားတာတော့ရှိပါတယ်။ဖတ်ချင်ရင်commentမှာရေးသွားပေးပါနော်။
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...