အပိုင်း၄

153 5 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၄

နေခြည်ချိုတို့ညနေလေးနာရီလေယာဥ်နဲ့ပြန်လာခဲ့
သည်။မြေကွက်ကိစ္စမှာခွန်းပိုင်ဘာလိုလက်လျော့လိုက်တာလဲမသိဘူး။သူအခြားနေရာတစ်ခု့ကိုတွေ့ထားတယ်ပြောပြီးမြေကွက်ကိုမဝယ်တော့ဘူးပြောတယ်။ကုန်သွားတဲ့ပိုက်ဆံအတွက်လည်းသူစီစဥ်မယ်တဲ့။
ဘာဖြစ်တာလဲ။သူလည်းဒီမြေကွက်ကိုကြိုက်တယ်မဟုတ်ဘူးလား။
ဒါပေမဲ့သူမဝယ်ချင်တော့ဘူးပြောတော့နည်းနည်းစိတ်ထဲပျော်မိသွားတယ်။ဘာလို့ဆိုကျွန်မလည်းဒီ မြေကွက်ကိုအဖိုးတို့ဆီကအတင်းမဝယ်ချင်ဘူး။
သူတို့ရဲ့ချစ်ခြင်းသက်သေတစ်ခု့ဆိုတော့သူတို့အရမ်းတန်ဖိုးထားမှာပဲ။စလာကတည်းကကျွန်မ့ကိုငြင်းလွှတ်နေတာ။ခွန်းပိုင်ဒီလိုဆုံးဖြတ်လိုက်တာလဲကောင်းပါတယ်လေ
သူလုပ်ခိုင်းတာကြောင့်တော့ဒီကိစ္စကျွန်မ့တာဝန်ယူရလောက်ပါဘူးနော်။
"မိန်းမ..သီချင်းနားထောင်မလား.."
ခွန်းပိုင်နားကြပ်တစ်ဖက်ကိုကျွန်မ့နားထဲထည့်ပေး
သည်။သူနဲ့နေခြည်ချိုကြားမှာအကွာအဝေးကပိုပြီးနီးကပ်လာလေတယ်။
"အား..ရတယ်..ကျွန်မ့နားမထောင်ချင်ဘူး.."
နေခြည်ချိုနားကြပ်ကိုအမြန်ဖြုတ်ပြီးသူ့လက်ထဲပြန့်ထည့်ပေးလိုက်သည်။သူနဲ့ဒီလိုနေတာမသင့်တော်ဘူး။
"ဪ.."
နေခြည်ချိုခုံနောက်ကိုမှီလိုက်ပြီးမျက်လုံးကိုအတင်းမှိတ်လိုက်သည်။
"အိပ်ရမယ်..ဒါမှငါစိတ်ငြိမ်မှာ.."
"ဟင်..ဘာပြောတာလဲ..မိန်းမ.."
"ဘာပြောလို့လဲ.."
နေခြည်ချိုရုပ်တည်ကြီးနဲ့မသိသလိုပြန်မေးလေ
သည်။
"ကိုယ်နားကြားမှာတာနေမှာပါ.."
နေခြည်ချိုသူ့ကိုမျက်စောင်းထိုးပြီးတစ်ဖက်ကိုစောင်းထိုင်လိုက်သည်။
စောင်းထိုင်တာတစ်မိနစ်တောင်မပြည့်သေးဘူး
"မိန်းမ.."
"မိန်းမ.."
"မိန်းမ.."နေခြည်ချိုဒေါသတွေထွက်လာပြီ။သူဘယ်များဖြစ်နေတာလဲ..စိတ်ကုန်ဖို့ကောင်းတယ်
"ဘာလဲ.."
"မင်းဗိုက်မဆာဘူးလား..ကိုယ်တို့စားဖို့တစ်ခု့ခု့မှာလိုက်ရမလား.."
"မဆာဘူး..ရှင်စားချင်ရင်ရှင်ဘာသာမှာ..ကျွန်မတော့တော်ပြီ..."
"ဟုတ်ပါပြီ.."
...
ဟူး..တကယ်လူပဲ..ဘေးနားမှာမုန့်စားပြီးတာတောင်အအေးတစ်ဗူးကိုအေးဆေးသောက်နေနိုင်နေတယ်.
စိတ်တိုဖို့ကောင်းတယ်..သူလိုလူကိုကျွန်မဘယ်လိုများကြိုက်ခဲ့မိပါလိမ့်..
"မိန်းမ.."
"ပြော.."
"ကိုယ်မနက်ဖြန်ပွဲတစ်ခု့တက်ရမယ်...အဲ့ကိုမိန်းမလည်းတူတူလိုက်ခဲ့ရမယ်.."
"အင်း...ရှိန်းကုမ္ပဏီကလေလံပွဲမလား.."
"ဟုတ်တယ်..အဲ့မှာမိန်းမအလှဆုံးပြင်ခဲ့နော်..ကိုယ့်
မိန်းမကအရမ်းလှတယ်ဆိုတာကိုအားလုံးသိစေချင်တယ်.."
"ဟင်..ကျွန်မ့ကရှင့်မိန်းမအနေနဲ့လိုက်ရမှာလား."
"ဟုတ်တယ်လေ...အဲ့ကြောင့်လှလှလေးပြင်ခဲ့..ဪ..မဟုတ်သေးပါဘူး..အရမ်းကြီးလှနေရင်သူများတွေမနာလိုလိမ့်မယ်..တအားကြီးမပြင်နဲ့တော့..ကိုယ့်ရှေ့မှာလှနေရင်ပြီးတာပဲ.."
ကျွန်မ့ကိုပွဲထုတ်မယ်ပေါ့လေ။အဲ့ဒါကလည်းသူ့မိန်းမအဖြစ်နဲ့။သူရူးသွားပြီလား။မကြာခင်ကွာရှင်းမဲ့သူကိုဘာဖြစ်ချင်နေတာလဲ။
"ခွန်းပိုင်..ပုံမှန်ဆိုရှင့်ပုံစံကဒီအတိုင်းပဲလား.."
"ဘာကိုလဲ.."
"ဒီမှာလေ..တစ်ခါမှမပြောဘူးတဲ့စကားတွေပြော..
မရယ်စဖူးရယ်နေတယ်..ရှင့်ပုံစံကဒီအတိုင်းမဟုတ်ပါဘူး.."
"ကိုယ့်ပုံစံကအစကတည်းကဒီအတိုင်းပါပဲ...တက်ကြွတဲ့လူငယ်တစ်ယောက်လေ..."
"လိမ်နေတာ..ရှင်ပုံစံကမျက်နှာကြီးကိုတစ်နေ့မှာ၂၅နာရီလောက်ဆူပုတ်နေတာ..လူကိုလည်းဟိုဟာခိုင်းလိုက်ဒီဟာခိုင်းလိုက်နဲ့...ကြိုးကြာဖြူနဲ့ပက်သက်ရင်လည်းအမြဲပဲကျွန်မ့ကိုစိတ်ဆိုးနေတာလေ..အဲ့လိုပုံစံပါ..ရှင်လိမ်မနေနဲ့..အဲ့ဒါရှင်ပုံစံအစစ်ပဲ..ပြောင်းလဲမနေနဲ့..ကျွန်မရှင့်အကြောင်းသိပြီးသား.."
"ဟ..မင်းကကိုယ်အကြောင်းကိုတကယ်သိလို့လား..
ဟင်..ကိုယ်ပုံစံအစစ်ကိုမင်းမမြင်ဖူးတာလည်းဖြစ်နိုင်တယ်နော်.."
ခွန်းပိုင်ကျွန်မဘေးနားကိုတိုးလာခဲ့သည်။
မျက်နှာနားကိုတဖြည်းဖြည်းတိုးကပ်လာရင်း
"ဘယ်လိုဖြစ်နေတာလဲ..လူတွေရှိတယ်.."
ခွန်းပိုင်ပြုံးလျက်အနောက်ကိုဆုတ်သွားသည်။
"တွေ့လား..မင်းကိုယ့်ပုံစံကိုမမြင်ဖူးပါဘူး..မမြင်ဖူးလည်းရတယ်..ကိုယ်နဲ့နေတာကြာသွားရင်ကိုယ့်ရဲ့ပုံစံအားလုံးကိုထုတ်ပြမယ်..အဲ့ကျမှကြွေဆင်းမသွားနဲ့နော်..အချစ်လေး..."
နေခြည်ချိုသူပြောနေတဲ့စကားကြောင့်ပါးစပ်ကြီးတောင်အောက်ပြုတ်ကျမတတ်ပြန်တောင်မစေ့နိုင်တော့ဘူး။
ဒီလိုကျီစယ်တဲ့စကားတွေဘယ်ကတတ်လာတာလဲ။
ခွန်းပိုင်ပါးစပ်ကထွက်လာလိမ့်မယ်လို့မထင်ရတဲ့
စကားလုံးတွေပဲ။
ဒါပေမဲ့အဲ့လိုစကားတွေသူကြိုးကြာဖြူကိုပြောဖူးမှာပဲလေ။သူတို့ကအငယ်ကတည်းကသိလာကြချစ်လာကြတာကို။မိမိကဒုတိယဖြစ်တယ်ဆိုတဲ့ခံစားချက်ကတကယ်မကောင်းဘူး။
"ရှင်ဒီစကားတွေ..ဒီလိုပုံစံတွေကိုကြိုးကြာဖြူကိုကောထုတ်ပြဖူးလား.."
"ဟင်..ကိုယ်ဒီလိုပေါ့ပေါ့ပါးပါးနေတတ်တယ်ဆိုတာကိုတော့အငယ်ကတည်းကပေါင်းလာလို့သိလောက်မှာပါ..ဒါပေမဲ့ဒီလိုစကားကတော့မပြောဖူးပါဘူး."
"ဘာလို့လဲ..ရှက်လို့လား.."
"အား..မဟုတ်ပါဘူး.."
"ဒါဆိုဘာလို့မပြောတာလဲ.."
"ကိုယ်သူ့ကိုပြောစရာမှမလိုတာ.."
သူပြောတဲ့အဖြေကလည်းဘာမှန်းမသိဘူး။ဟုတ်သား။
သူတို့ကပြောစရာဘယ်.လိုမလဲ။
တစ်ယောက်ခံစားချက်တစ်ယောက်အလိုလိုသိနေပြီးသားပဲ။
"ဟုတ်ပါတယ်လေ..ရှင်တို့ကပြောစရာမလိုအောင်
တစ်ယောက်အကြောင်းတစ်ယောက်သိနေပြီးသားပဲလေ.."
"တစ်ယောက်အကြောင်းတစ်ယောက်သိပေမဲ့လည်းကိုယ်အဲ့လိုစကားတော့မပြောပါဘူးကွာ.."
"ဟုတ်ပါပြီ..."နေခြည်ချိုသူလိမ်ပြောနေတယ်လို့မှတ်ယူပြီးတစ်ဖက်ကိုလှည့်သွားသည်။
သူပြောလည်းလိမ်ညာနေမှာပဲ။
"မင်းပုံစံကဘယ်လိုဖြစ်သွားတာလဲ..."
"ဘာမှမဖြစ်ပါဘူး.."နေခြည်ချိုမျက်လုံးမှိတ်ပြီးအိပ်ဖို့သာဆုံးဖြတ်လိုက်သည်။
"မိန်းမ..မင်းကိုယ့်ကိုသဝန်တိုသွားတာလား.."
ခွန်းပိုင်နေခြည်ချိုရဲ့လက်တစ်ဖက်ကိုချိတ်လိုက်ပြီး
သူ့ကိုယ်သူအနိုင်ရသလိုနဲ့ပြုံးနေလေသည်။
"မဟုတ်ဘူး..ကျွန်မ့ကဘာလို့ရှင့်ကိုသဝန်တိုရမှာလဲ"
နေခြည်ချိုသူ့လက်ကိုဖြုတ်ချလိုက်သည်။
"မိန်းမ..မင်းကဒီလိုပုံနဲ့ချစ်ဖို့ကောင်းတယ်.."
ခွန်းပိုင်နေခြည်ချိုရဲ့ပါးကိုစိပ်ဆွဲလိုက်သည်။
နေခြည်ချိုနာတာထက်သူလုပ်ရပ်ကိုပိုပြီးအံ့သြသွားသည်။
"ရှင်.."
"ရူးနေတာလား.."
"ဟား..ဟား..ဟား.."
ခွန်းပိုင်ရဲ့ရယ်နေတဲ့ပုံကိုမြင်ပြီးနေခြည်ချိုခေါင်းရှုပ်လာသည်။သူကဒီလိုရယ်တယ်ပေါ့လေ။
သူမှာညီညာပြီးကြည့်လို့ကောင်းတဲ့သွားဖြူဖြူလေးတွေကစီတန်းစွာပေါ်လာသည်။
ဘာတွေလည်းစကားတွေကိုလည်းပုံမှန်လိုမပြောဘူး
အခုဆိုကျွန်မ့နဲ့ရင်းနှီးတဲ့သူလိုနေထိုင်နေတယ်။သူ့အကြောင်းမသိသေးဘူးလို့သာပြောတာပါ။ကျွန်မသူ့အကြောင်းတကယ်မသိခဲ့တာလား။
သူကြိုက်တတ်တဲအရာအားလုံးကိုအတတ်နိုင်ဆုံးကျွန်မသိအောင်လုပ်တယ်။သိလည်းသိတယ်။ဒါပေမဲ့အခု့သူ့ပုံစံကိုတော့လုံးဝမမြင်ဖူးမတွေ့ဖူးမကြားဖူးဘူး။
"ခွန်းပိုင်.ရှင်ကိုလေ..ကျွန်မနားမလည်နိုင်တော့ဘူး.."
"နောက်တော့နားလည်လာမှာပါ..ကိုယ်ဒီတစ်နှစ်ကိုအမြဲတမ်းအမှတ်ရနေအောင်ကိုယ်လုပ်ပေးခဲ့မယ်.."
"ကျွန်မရှင်နဲ့ဒီကိစ္စသဘောမတူရသေးဘူးနော်.."
"ကိုယ်ပြောပြီးသားတစ်နှစ်ပြီးရင်မင်းကိုကွာရှင်းပေးမယ်...ဟုတ်ပြီလား.."
"ကျွန်မသဘောမတူဘူးနော်.."
"မင်းသဘောမတူလဲရတယ်..ကိုယ်ကတစ်သက်လုံးမင်းကိုခေါ်ထားရုံပဲပေါ့.."
"ခွန်းပိုင်.."
နေခြည်ချိုဒေါသထွက်ပြီးအော်လိုက်သည်။ဘယ်လိုလူလဲပြောလို့ကိုမရဘူး။အရူးကောင်။
"တိုးတိုးပြောပါ..လေယာဥ်ပေါ်မှာလူတွေနဲ့.."
နေခြည်ချိုအခု့မှကျန်တဲ့လူတွေကိုလှည့်ကြည့်မိသည်အားလုံးစိတ်ဝင်စားစွာနဲ့ပဲသူမ့ကိုကြည့်နေကြသည်။
"တောင်းပန်ပါတယ်ဗျာ..ကျွန်တော့်မိန်းမကနည်းနည်းစိတ်ကောက်သွားလို့.."
ခွန်းပိုင်အားလုံးကိုဦးညွှတ်ပြီးတောင်းပန်လိုက်သည်။
နေခြည်ချိုကတော့သူ့မျက်နှာကိုဆက်မမြင်ချင်တာနဲ့ပဲတစ်ဖက်ကိုလုံးဝကိုလှည့်သွားသည်။
ဘယ်လိုအရူးကောင်လဲ...ရှင်နဲ့ကျွန်မ့မကွာရှင်းလို့မရဘူး...ကျွန်မ့ဗိုက်ထွက်လာတော့မယ်..အဲ့ချိန်ကရှင်နဲ့ကြိုးကြာဖြူကကျွန်မ့ကိုဘာလုပ်မယ်ဆိုတာမသိနိုင်ဘူး..ရှင်ဒီကလေးကိုလက်ခံနိုင်မယ်မထင်ပါဘူး..ရှင်မူးပြီးမတော်တဆနဲ့ရလာခဲ့တဲ့ကလေးကိုရှင်လိုချင်မှာမဟုတ်ဘူး..ရှင်တို့ကြားကချစ်ခြင်းတရားတွေပျက်စီးသွားခဲ့ရင်ကျွန်မ့ကလေးကြားညှပ်ပြီးမတရားခံရမှာတော့ဘယ်တော့မှမဖြစ်စေရဘူး...
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
အိမ်ပြန်ရောက်တာနဲ့ခွန်းပိုင်ဖုန်းတစ်ကောလ်ကိုလက်ခံရရှိပြီးအလျင်စလိုပဲအပြင်ကိုထွက်သွားသည်။
ကျွန်မသိပြီးသားပါ။
ကြိုးကြာဖြူရဲ့အသံချွဲချွဲပတ်ပတ်လေးတွေကသူ့ကိုဆွဲဆောင်နိုင်လွန်းတာကိုး။
ကျွန်မအဲ့အတွက်စိတ်ဆင်းရဲနေလို့ဘာမှထူးမယ်
မထင်။အနာဂတ်ကကိုယ့်ဘာသာလျှောက်လှမ်းရမှာအခု့တော့ဗိုက်ကိုဆရာဝန်ပြဖို့ဆေးရုံသွားရမယ်။
နေခြည်ချိုပင်ပန်းလို့ဆိုဖာပေါ်မှာတင်အိပ်ပျော်သွားခဲ့သည်။
"***I knew I loved you then
..but you'd never knew..***"
နေခြည်ချိုဖုန်းသံကြောင့်နှိုးလာခဲ့သည်။ရတနာပဲ။
"ဟယ်လို.."
"ဟယ်လို..ေနခြည်..ပြန်ရောက်ပြီလား.."
"အင်း..နေ့လယ်ကတင်.."
"အလုပ်ကိစ္စကိုအဆင်ပြေလား.."
"ဟင့်အင်း..မပြေဘူး..ခွန်းပိုင်ကအဲ့မြေကွက်မဝယ်တော့ဘူးတဲ့..သူမြေကွက်တစ်ခု့တွေ့ထားတယ်ပြောတယ်.."
"ဒါဆိုရင်တော့ကောင်းတာပေါ့..နင်အခုအဆင်ပြေရဲ့လား..ခရီးကပြန်လာရတာ..ပင်ပန်းနေလောက်ပြီ.."
"အင်း..နည်းနည်းပါ..ငါခဏနေဒေါက်တာဝန်ဆီသွားမလို့..သူနဲ့ကလေးအခြေအနေဘယ်လိုရှိလဲမေးကြည့်ရမယ်.."
"ဒေါက်တာဝန်းဆိုတာကနင်ဗိုက်အပ်ထားတဲ့ဆရာဝန်လား.."
"အင်း..ဟုတ်တယ်..ခွန်းပိုင်ရဲ့သူငယ်ချင်း.."
"ဟယ်..ဒါဆိုခွန်းပိုင်ကသိသွားပြီပေါ့.."
"ဟာ..မသိပါဘူး..ဒေါက်တာဝန်းပဲသိတာ..ငါသူ့ကိုမပြောဖို့တော့ပြောထားတယ်..ငါ့အခြားဆရာဝန်တဲ့မပြချင်လို့သူနဲ့ပြမလို့..."
"သူကစိတ်ချရလို့လားဟယ်.."
"စိတ်ချရပါတယ်..ကဲ..ဒါဆိုငါဖုန်းချတော့မယ်နော်..ခဏနေဆေးရုံသွားရတော့မယ်.."
"အေးအေး..ဪ..ခဏနေဦး..ငါပါနင်နဲ့လိုက်ခဲ့မယ်"
"ရပါတယ်ဟ.ငါတစ်ယောက်ထဲအဆင်ပြေပါတယ်"
"မရဘူး..မိန်းမ..နင်တစ်ယောက်ထဲစိတ်မချပါဘူး..
နင်စောင့်ငါခဏနေနင့်အိမ်လာခေါ်မယ်.."
"နင်အလုပ်ရှုပ်ပါတယ်.."
"စောင့်နေပါ..ငါခဏနေထွက်ခဲ့မယ်.."
"ဒါဆိုလည်းပြီးတာပါပဲတော်.."
"ဟုတ်ပြီ.."
နေခြည်ချိုဖုန်းချလိုက်သည်။တော်သေးတာပေါ့။
ကမ္ဘာကြီးမှာသူမ့ကိုစိတ်ပူပေးတဲ့သူငယ်ချင်းလေးရှိသေးလို့။
....
ရတနာကားမောင်းတဲ့သူနေရာမှာထိုင်ပြီးနေခြည်ချိုကိုဆေးရုံထိလိုက်ပို့ပေးသည်။
နေခြည်ကလေသန်မာတယ်လို့ထင်ရပေမဲ့သူမှာခံစားချက်ကိုအမြဲသိုလှောင်ထားတတ်တယ်။
သူ့အကြောင်းမသိရင်တော့သူမ့ကသွေးအေးတဲ့သူဂရုမစိုက်တတ်တဲ့သူလို့ထင်နိုင်တယ်။
ဒါပေမဲ့မဟုတ်ဘူး။သူမ့ကအရမ်းကိုအားငယ်တတ်ပြီးခံစားတတ်တဲ့သူမျိုးသူရဲ့အဲ့အချက်ကိုတော့ဘယ်တော့မှဖွင့်ပြမှာမဍုတ်ဘူးဘာလို့ဆိုအဲ့ပုံစံကသူ့ကိုရှုံးနိမ့်စေတဲ့ခံစားချက်မျိုးပေးနေလို့လေ။
ရတနာပဲအတတ်နိုင်ဆုံးသူမ့မျက်နှာအနေအထားအကြည့်တွေအပြောအဆိုတွေကိုနားလည်နိုင်တာ။နေခြည်ချိုရဲ့အမေပြီးရင်ရတနာကဒုတိယမြောက်လူသားပေါ့။
နေခြည်ချိုဆေးရုံထဲကိုဝင်သွားကာဧည့်ကြိုကောင်တာကိုသွားလိုက်သည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်.."
"ဒေါက်တာဝန်းရန်အောင်နဲ့တွေ့ချင်လို့ပါ..
"ကြိုတင်ပြီးဘိုကင်တင်ထားပါသလား.."
"အဲ့လိုတော့မတင်ထားဘူး..ဒါပေမဲ့နေခြည်ချိုလို့ပြောရင်သူသိမှာပါ.."
"ဟုတ်ကဲ့ပါ..ကျွန်မ့တို့ဆက်သွယ်ပေးပါ့မယ်..ခဏစောင့်ပါနော်.."
"ဟုတ်ကဲ့.."
"နေခြည်..ဟိုမှာကြည့်လိုက်..ကလေးလေးကချစ်စရာလေးနော်.."
"ဟုတ်ပါ့... "
"ဒီမှာရှင့်..ဒေါက်တာကသူ့အခန်းထဲကိုလာခဲ့ပါလို့ပြောပါတယ်...ဒေါက်တာအခန်းက၂၀၆ပါ.."
"ဟုတ်ကဲ့ကျေးဇူးပါပဲနော်.."
နေခြည်ချိုနဲ့ရတနာစကားတစ်ပြောပြောနဲ့လမ်းလျှောက်လာခဲ့သည်။
"ဪ..ဟိုအခန်းမလား..နေခြည်.."
"ဟုတ်တယ်..ဟုတ်တယ်..လာဝင်ရအောင်.."
"ဒေါက်..ဒေါက်..ဒေါက်.."
"ဝင်ခဲ့ပါ.."
နေခြည်ချိုနဲ့ရတနာတို့တံခါးကိုဆွဲပြီးဖွင့်လိုက်ကာအခန်းထဲကိုဝင်သွားသည်။
"မနေခြည်ချို...ထိုင်ပါ.."
"ဟုတ်ကဲ့.."
"ကျွန်မ့ဗိုက်ကိုစစ်ဆေးကြည့်ချင်တယ်..အရင်တစ်ပါတ်ကမှစစ်ထားပေမဲ့ရင်ထဲတစ်မျိုးပဲ.."
"ဟုတ်ပြီလေ..ကျွန်တော်စစ်ပေးပါ့မယ်.."
ဒေါက်တာဝန်းသူ့နားကြပ်နဲ့နေခြည်ချိုရဲ့ရင်ဘတ်ကိုဆန်းကြည့်သည်။သွေးခုန်နှုန်းလည်းတိုင်းကြည့်သည်။
"ပုံမှန်ပါပဲ..ကျွန်တော်ထင်တယ်..မင်းဒီတလောနည်းနည်းပင်ပန်းနေလို့နေမှာပါ..ကျွန်တော်အားဆေးပေးလိုက်မယ်..ဘာမှမစိုးရိမ်နဲ့..သိပ်ကြီးကြီးမားမားမဖြစ်ပါဘူး...စိတ်ကိုပုံမှန်လေးထား..တအားကြီးလည်းစိတ်မလှုပ်ရှားစေနဲ့..ခန္တာကိုယ်လည်းဂရုစိုက်..အား
နည်းစေနဲ့.."
"ဟုတ်ကဲ့ပါ..ဒေါက်တာ.."
"ရပါတယ်...အခု့ကြိူးကြာဖြူဆေးရုံဆင်းတော့မယ်..
မင်းသွားကြည့်ချင်လား.."
"မကြည့်ပါဘူး...ကျွန်မ့နဲ့မှမဆိုင်တာ.."
"ဒါပေမဲ့မင်းကြောင့်သူ့ကိုယ်ဝန်ပျက်ကျသွားတာလေ..ဟုတ်တယ်မလား.."
"အဲ့ဒါ...အဲ့ဒါကကျွန်မမလုပ်ခဲ့ဘူး..သူ့ဘာသာပြုတ်ကျသွားတာလေ.."
"မင်းကိုယ်မင်းယုံကြည်ရင်ပြီးတာပါပဲ..တစ်ခု့တော့ရှိတယ်..ဒီကိစ္စအတွက်ကြိုးကြာဖြူကတော့မင်းကိုကျေနပ်မယ်မထင်ဘူး..မင်းကိုကလဲ့စားပြန်ချေလိမ့်မယ်..မင်းသတိထားနေပေါ့.."
"ဟုတ်ကဲ့ပါ..အခု့လိုသတိပေးတာ
ကျေးဇူးတင်ပါတယ်.."
"ဝန်း...ငါအိမ်...
အခန်းတွင်းကိုရုတ်တရက်ကျူးကျော်ဝင်ရောက်လာတဲ့သူကြောင့်အားလုံးလန့်သွားကြသည်။
ခွန်းပိုင်ဒေါက်တာဝန်းရှေ့မှာထိုင်နေကြတဲ့မိန်းကလေးနှစ်ယောက်ကိုကြည့်ရင်း
"မင်းတို့ကဘယ်လိုရောက်နေတာလဲ..ဘာကိစ္စလဲ."
ခွန်းပိုင်ရဲ့မေးခွန်းကြောင့်နေခြည်ချိုနဲ့ရတနာတစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်လိုက်မိသည်။
ဘယ်လိုဖြေရမလဲ..သေပါပြီ..မိတော့မှာ..
"ဟင်..မိန်းမ..မင်းဘယ်လိုရောက်နေတာလဲ..နေမကောင်းလို့လား.."ရတနာ..ခွန်းပိုင်ကျွန်မ့ကိုမိန်းမ့လို့ခေါ်လိုက်တာတော်တော်လေးအံ့သြသွားတဲ့ပုံပဲ။သူ မပြောနဲ့ကျွန်မ့ကော။
ဒီအရှက်မရှိတဲ့သူကကျွန်မ့ကိုလူရှေ့သူရှေ့မှာပါမိန်းမလို့ခေါ်နေပြီ။
"မိန်းမ...မင်းနေမကောင်းလို့လားဟင်..ဘာကြောင်ကြည့်နေတာလဲ..ကိုယ်ပြောတာဖြေဦးလေ..."
ခွန်းပိုင်နေခြည်ချိုရဲ့ပခုံးနှစ်ဖက်ကိုဖွဖွလေးဆုပ်ကိုင်ပြီးကြည့်နေသည်။
"အင်း..ဟမ်း.."
"သူ့သူငယ်ချင်းနေမကောင်းလို့လာပြတာ.."
ဒေါက်တာဝန်းကြားထဲကတည်တည်ငြိမ်ငြိမ်နဲ့ဝင်ဖြေသွားသည်။
ခွန်းပိုင်အဖြေကြားကြားချင်းနေခြည်ဘေးကရတနာကိုကြည့်လိုက်သည်။ရတနာလည်းသူ့ရဲ့ကြောက်စရာကောင်းတဲ့အကြည့်ကိုရှောင်ဖယ်ရင်း
"ဟုတ်လား..ရတနာ..နေမကောင်းဘူးလား.."
"ဟုတ်..ဟုတ်..ကျွန်မ့နေသိပ်မကောင်းတာနဲ့နေခြည်ကိုဆေးရုံလိုက်ပို့ခိုင်းလိုက်တာ.."
"ဪ..ဒါဆိုလည်းကျန်းမာရေးလေးလည်းဂရုစိုက်"
"ဟုတ်ကဲ့.."
"မိန်းမကိုယ်ကမင်းများတစ်ခု့ခု့ဖြစ်လို့လားလို့စိတ်ပူသွားတာ.."
"ကျွန်မ့ဘာမှမဖြစ်ပါဘူး..ရှင်စိတ်မပူပါနဲ့.."
"အင်းပါ.."
"မရတနာ..မင်းအတွက်ဒီမှာဆေးပါ...နောက်တစ်ပါတ်ထဲတစ်ခါပြန်လာပြပါ..ကျွန်တော်အခြေအနေစစ်ဆေးကြည့်မယ်.."
"ဟုတ်..ဟုတ်ကဲ့.."
ရတနာလိမ်ရတာကြောင့်သူမလက်ဝါးတွေအေးစက်ပြီးအသံပါတုန်နေသည်။ဒေါက်တာဝန်းကတော့
ဆရာဝန်သာဖြစ်တာသရုပ်ဆောင်လုပ်လို့ရတယ်။
အပီအပြင်ပဲသရုပ်ဆောင်နေတာ။
ရုပ်ကလည်းချောပညာကလည်းတတ်သရုပ်ဆောင်ကလည်းကောင်းနဲ့။
"မိန်းမ..ကိုယ်တို့ခဏနေအပြင်မုန့်သွားစားရအောင်..မိန်းမကြိုက်တာကိုယ်ဝယ်ကျွေးမယ်..."
"အင်းပါ.."
ရတနာအတွက်ခွန်းပိုင်ရဲ့ဒီလိုပြောဆိုပုံတွေကအံ့သြစရာကောင်းပေမဲ့ဒေါက်တာဝန်းအတွက်ကတော့ရိုးနေပြီ။ခွန်းပိုင်ကဖော်ဖော်ရွေရွေနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်သူပဲလေ။သူ့ဒီပုံစံကိုအငယ်ကတည်းမြင်လာရတာထူးဆန်း
တယ်မထင်တော့။သူများနဲ့ဆိုသူပုံစံကမာနကြီးဆိုဒ်ကြီးကိုက်ကြီးနဲ့သွေးအေးတယ်လို့ထင်ရတယ်။တကယ်တော့သူငယ်ချင်းသုံးယောက်ထဲမှာသူပဲပျော်ပျော်ရွှင်ရွှင်နဲ့အနေတတ်ဆုံး။အမြဲလည်းပြုံးနေတတ်တယ်။ကြိုးကြာဖြူအကိုဆုံးသွားပြီးနောက်ပိုင်းသာသူ့ရဲ့အရင်ပုံစံတွေကပျောက်ကွယ်သွားပြီးတော့မာကြောခက်ထန်တဲ့အမျိုးသားတစ်ယောက်လိုဖြစ်လာခဲ့တယ်။
"ကိုကို..ညီမလေးလေ.."
ကြိုးကြာဖြူအခန်းထဲကိုဝင်ဝင်ချင်းမှာပင်ခွန်းပိုင်ရှေ့မှာထိုင်နေတဲ့နေခြည်ချိုကိုတွေ့လိုက်ပြီးစိတ်အလိုမကျဖြစ်လာသည်။
"နေခြည်ချို..နင်ဘာလို့ရောက်လာတာလဲ..
နင်ဘာဖြစ်ချင်နေတာလဲ.."
"ငါ့ဘာသာလာတာဘာဖြစ်လဲ.."ကြိုးကြာဖြူ.နေခြည်ချိုရဲ့တန်ပြန်စကားကြောင့်နှုတ်ခမ်းကိုကိုက်လိုက်မိသည်။
နေခြည်ချိုနားမှာခွန်းပိုင်ကိုဆွဲယူထားလို့ရပေမဲ့သူမ့ကိုတော့စကားနဲ့အနိုင်ပိုင်းလို့မရဘူး။
နေခြည်ချိုဆိုတာဘယ်တော့မှအရှုံးခံမယ့်သူမဟုတ်ဘူး။ခွန်းပိုင်သူ့ဆီပါသွားရင်တောင်ခခယယနဲ့တောင်းပန်နေမယ့်သူမှမဟုတ်တာ။စကားပြိုင်ပြောလည်းအပိုပဲရှိမယ်။ဒါထက်
တကယ်စိတ်တိုမိတာကခွန်းပိုင်နေခြည်ချိုရဲ့ပခုံးပေါ်ကိုလက်တင်ပြီးနီးကပ်နေလို့ပဲ။ကြိုးကြာဖြူမျက်မှောင်ကြုတ်လိုက်သည်။
ခွန်းပိုင်သူနဲ့နီးကပ်နေတာလုံးဝမကြိုက်ဘူး။
"ကိုကို.."
ကြိုးကြာဖြူ.ခွန်းပိုင်နားကိုသွားပြီးခွန်းပိုင်လက်ကို
လှမ်းယူကာချိတ်ဆွဲလိုက်သည်။
"ကြိုးကြာ..ဘာဖြစ်လို့လဲ.."
"ကိုကို..ညီမလေးဗိုက်ဆာနေပြီ...အပြင်မုန့်သွားစားရအောင်နော်.."
"ဒါပေမဲ့..ကိုကိုမအားဘူး.."
"ဘာလို့လဲ...ညီမလေးအခု့မှနေကောင်းတာနော်..ကိုကိုကြိုးကြာကိုစိတ်မပူဘူးလား...လုပ်ပါနော်..ကိုကို..ကိုကို့အလုပ်တွေကိုထားခဲ့လိုက်ပါ..ကြိုးကြာတို့ခဏလေးပဲသွားစားမှာကို.."
"ဒါပေမဲ့..ကိုကိုအရေးကြီးတဲ့သူနဲ့ချိန်းထားတယ်.."
"ဘာလဲကိုကို..အဲ့လူကကြိုးကြာထက်အရေးကြီးနေလို့လား..."
ခွန်းပိုင်ဘာပြောရမလဲမသိ။အရေးကြီးတယ်လို့ပြောရင်လဲကြိုးကြာကစိတ်ဆိုးလိမ့်မယ်။အရေးမကြီးဘူးပြောရင်လည်းမိန်းမကစိတ်တိုသွားလိမ့်မယ်။ဘယ်လိုပြောရပါ့လိမ့်။
နေခြည်ချိုငြိမ်ပြီးအကြပ်ရိုက်နေတဲ့ခွန်းပိုင်ကိုကြည့်ပြီးဒေါသထွက်လာသည်။
စဥ်းစားမနေနဲ့..ခွန်းပိုင်.ရှင်ဒီလောက်ဖြစ်နေကတည်းကကျွန်မ့ကအရေးမပါဘူး..
"ကိုကို..ပြောလေ..ကြိုးကြာဗိုက်ဆာနေပြီနော်.."
"အင်း..ကိုကို..ကိုကို"
"ခွန်းပိုင်.."
ခွန်းပိုင်..နေခြည်ချိုအသံကြားပြီးသူမကိုလှည့်ကြည့်လိုက်သည်။
"ရှင်မအားရင်နောက်နေ့မှညစာစားကြတာပေါ့..ရှင်ကအိမ်ပြန်လာမှာပဲလေ..အိမ်မှာညစာစားလည်းရတာပဲ.."
နေခြည်ချိုရတနာ့ကိုလက်တို့လိုက်ပြီးပြန်ဖို့ပြင်လိုက်သည်။
"မိန်းမ..ကိုယ်.."
"ရှင်သူ့ကိုလိုက်ပို့ပေးလိုက်..သူမှာရှင်တစ်ယောက်ပဲ
ဂရုစိုက်မယ့်သူရှိတာမလား.."
"ရတယ်..ရှင်လိုက်သွားလိုက်ပါ..ရှင်သာအပြင်စာတွေအရမ်းမစားခဲ့နဲ့.အပြင်စာကရောဂါတွေသိပ်များတယ်..အိမ်မှာကိုယ်တိုင်ချက်တဲ့ဟင်းလိုမဟုတ်ဘူး.."
နေခြည်ချိုကြိုးကြာဖြူကိုကြည့်ပြီးရွဲ့ပြောလိုက်သည်။
ကြိုးကြာဖြူ နေခြည်ချိုရဲ့စူးရှတဲ့မျက်လုံးတွေကိုရင်ဆိုင်ဖို့အားအင်မရှိတော့။
"ဟုတ်ပါပြီ..ကိုယ်အများကြီးမစားပါဘူး..မိန်းမကိုယ့်ကိုယ့်ကိုခဏပဲစောင့်..ကိုယ်တန်းပြန်လာခဲ့မယ်."
"အင်း.."
"အိမ်ကိုကိုယ်၆နာရီအမှီပြန်ခဲ့မယ်..ပြီးတာနဲ့ကိုယ်တို့တူတူညစာစားကြမယ်နော်.."
"ရှင်ပြောတာနော်..ခြောက်နာရီအမှီမရောက်ရင်ကျွန်မ့ရှင့်ကိုဘာလုပ်ရမှာလဲ..."
"မိန်းမသဘော..ကိုယ်ခြောက်နာရီအမှီသေချာပေါက်ပြန်လာခဲ့မယ်.."
"ပြီးတာပဲလေ..လာ..ရှင်ခေါင်းနည်းနည်းငုံလိုက်.."
"ဘာလို့လဲ.."
"လာပါဆို.."
"အင်း.."
ခွန်းပိုင်နေခြည်ချိုရှေ့နားမှာသွားရပ်ပြီးခေါင်းကိုငုံပေးလိုက်သည်။
နေခြည်ချိုခပ်တည်တည်ပဲခြေဖဝါးကိုထောက်ပြီးခွန်းပိုင်ရဲ့ပါးကိုခပ်ဖွဖွလေးအနမ်းပေးလိုက်သည်။
"မိန်းမ.."ခွန်းပိုင်မိန်းမဆီကအနမ်းရလို့ပျော်သွားပေမဲ့ကြိုးကြာဖြူကတော့မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။
"ဒါရှင့်ရဲ့အမှတ်အသားပဲ...ကဲ..ကျွန်မ့တို့ပြန်တော့
မယ်.."
"အင်းအင်း..ဂရုစိုက်သွားနော်..မိန်းမ"
"လာ..ရတနာ..ငါတို့ပြန်ရအောင်.."
နေခြည်ချို..ရတနာ့လက်ကိုဆွဲပြီးထွက်သွားဖို့အလုပ်
"ဪ..ကြိုးကြာဖြူ..နင်ငါ့ယောကျ်ားကိုသေချာလေးအမှီပြန်ခိုင်းလိုက်နော်.."
"ဘာပြောတယ်.."
"ဟွန်း.."
နေခြည်ချိုကြိုးကြာဖြူကိုမျက်စောင်းတစ်ချက်ထိုးပြလိုက်ပြီးအပြင်သို့ထွက်လာခဲ့သည်။
အခန်းထဲမှာကျန်ခဲ့တဲ့ကြိုးကြာဖြူကတော့
သူဘယ်လိုအထာလဲ..ကိုကိုကကောဘာလို့သူ့စကားတွေနားထောင်နေတာလဲ...မိန်းမကြောက်ရတဲ့သူလိုမျိုးလုပ်နေတာ..ဘာဖြစ်နေကြတာလဲ..ဟိုမိန်းမကလည်းသူ့အပိုင်လိုလိုနဲ့..ငါ့မျိုးများရွဲစောင်းပြောသွားလိုက်တာ..နမ်းပါနမ်းသေးတယ်..ကိုကိုကလည်းသဘောတွေကျလို့..အား..ဘာတွေလဲ..
"ကြိုးကြာ..သွားမယ်လေ..ဘာရပ်လုပ်နေတာလဲ.."
"ဪ..ဟုတ်ကိုကို.."
အားလုံးထွက်သွားကြတော့အခန်းထဲတစ်ယောက်ထဲကျန်ခဲ့တဲ့သူကတော့ဒေါက်တာဝန်းပဲ။ရုပ်ရှင်ရိုက်ကွင်းတစ်ခု့ကိုကြည့်လိုက်ရသလိုပဲ။မယားအစစ်ကသူ့ယောက်ျားကိုယုံကြည်စိတ်ချစွာနဲ့ပဲ
မိန်းမတစ်ယောက်ကိုပေးလိုက်သလို။
မယားငယ်ဖြစ်ချင်တဲ့သူကိုသူ့ယောက်ျားကသူ့အလိုလိုက်သလိုလိုနဲ့ပြောသွားလိုက်တာ။အားရစရာပဲ။
နေခြည်ချို..မင်းကချီးကျူးစရာပဲ..နောက်မိန်းမ
နောက်ကိုစိတ်ချလက်ချထည့်ပေးလိုက်တာ..
.....
ရတနာကားမောင်းနေပေမဲ့သူမဆီမှာနေခြည်ချိုကိုမေးဖို့မေးခွန်းတွေအပြည့်ပဲ။
"နေခြည်.."
"ဟိုး..ရတနာ..နင်မှာမေးစရာတွေရှိနေတယ်ဆိုတာငါသိတယ်..တစ်ခု့ချင်းစီမေး.."
"အေး...နင်နဲ့ခွန်းပိုင်နဲ့ကအဆင်ပြေသွားပြီလား.."
"မဟုတ်ပါဘူး..ငါတို့ကကွာရှင်းတော့မှာ.."
"ဟမ်..ဒါပေမဲ့အခု့တော့နင်တို့ကအဆင်ပြေနေသလိုပါပဲ.."
"ဒါငါကြိုးကြာဖြူရှေ့မှာမို့တမင်ပြောလိုက်တာပါ.."
"ဟုတ်လား..ဒါပေမဲ့ခွန်းပိုင်ရဲ့ပုံကတော့အတည်ကြီးနဲ့တူတယ်..သူပုံစံကတော်တောင်လေးမတူတော့သလိုပဲ..သူ့ကြည့်ပြီးငါတောင်ကြက်သီးထတယ်.."
"အင်း..ငါလည်းသူ့ပုံစံအစစ်ကိုစမြင်တုန်းကနင့်လို့ပဲ..တော်တော်လေးအံ့သြသွားတာ..သူအဲ့ပုံစံနဲ့လုံးဝမလိူက်ဘူးနော်.."
"အေး..နေဦး.. သူ့ပုံစံအစစ်ဆိုတော့သူကအရင်ကနင်နဲ့ဒီလိုရင်းရင်းနှီးနှီးမှမနေတာ..ငါ့ကိုလည်းအဲ့လိုရတနာလို့လည်းမခေါ်ဖူးဘူး...နင့်နဲ့အတွင်းရေးမှူးအနေနဲ့ပဲသိတာလေ..နင်ကိုလည်းမိန်းမလို့ခေါ်တယ်...သူဘာဖြစ်သွားတာလဲ.."
"မသိဘူးလို့..သူပြောတာတော့သူကအစကတည်းရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေနေတတ်သူတဲ့..ငါတော့မထင်ဘူး.."
"ဟုတ်တယ်..ငါလည်းမထင်ဘူး..သူပုံစံကရေခဲတုံးကိုဖင်ခု့ထိုင်ထားသလားအောက်မေ့ရလောက်အောင်အေးစက်နေတာလေ.."
"အင်း.."
"ဒါဆိုသူကနင့်ကိုဘာလို့ပုံစံအစစ်ကိုချပြရတာ.."
"မသိဘူး..ငါကွာရှင်းမယ်လို့ပြောတော့သူကမကွာရှင်းပေးဘူး..မကွာရှင်းပေးလည်းနေ..တစ်ယောက်ထဲထွက်သွားမယ်ပြောတော့မှ..သူရဲ့ဒီလိုပုံစံကထွက်ပေါ်လာတာပဲ.."
"ဟမ်..အဆန်းကြီးပါလား.."
"ဟုတ်တယ်.."
"ငါမေးပါဦးမယ်..နင်သူ့ရဲ့ဒီလိုပုံစံကိုကြိုက်လား..အရင်ပုံစံကိုကြိုက်လား.."
ဟမ်း..ဒီပုံစံကိုကြိုက်လားအရင်ပုံစံကိုကြိုက်လားဆို
ဒီပုံစံကိုကြိုက်တာပေါ့..ဘာလို့ဆိုသူကကျွန်မ့နဲ့ပိုပြီးနီးကပ်လာတယ်..စကားလည်းအများကြီးပြောလာတယ်..တစ်ခါတစ်လေသူလုပ်တာတွေကိုရင်ခုန်မိတယ်
"အား..ဘယ်ဟာမှမကြိုက်ဘူး..ငါတို့ကမကြာခင်ကွာရှင်းတော့မှာ..သူ့ကိုငါ့ဦးနှောက်ထဲမထည်ချင်တော့ဘူး.."
"ပြောတာပါပဲ..ဒါနဲ့နင်စောစောကကြိုးကြာဖြူရှေ့ရွဲ့စောင်းပြီးပြောတာသိပ်မိုက်တယ်..နင်ကိုသိပ်ချစ်တဲ့ယောကျ်ားကိုပိုင်ဆိုင်ထားသလိုလို..အပြင်စာတွေမစားနဲ့လို့ပြောတဲ့အပိုင်းငါအကြိုက်ဆုံးပဲ..ဟီးဟီး..ကြိုးကြာဖြူကအပြင်စာပေါ့နော်..ဟားဟား..ခွန်းပိုင်ကလည်းနင်ပြောသမျှသဘောတူနေတာပဲ.."
"ဟာ..ကောင်မ..ငါကဒီအတိုင်းပြောလိုက်တာပါ..ကြိုးကြာဖြူးကိုတမင်ပြောချင်လို့.."
"ငါဘယ်အပိုင်းကိုနောက်ထပ်အကြိုက်ဆုံးလည်းသိလား.."
"ဘယ်ဟာလဲ.."
"နင်ခွန်းပိုင်ကိုနမ်းလိုက်တဲ့အချိန်ပဲ..ခွန်းပိုင်ကပျော်သွားပေမဲ့ဘေးကကြိုးကြာဖြူမနာလိုပြီးဖြစ်သွားတဲ့ပုံများငါလေသူ့ပုံကြီးကိုဓာတ်ပုံရိုက်ထားချင်လိုက်တာ..စိတ်ညစ်တဲ့အချိန်တိုင်းသူ့ပုံကိုကြည့်ပြီးရယ်ရအောင်လို့..."
"နင်ကတော့လေ..သူများကို.."
"ဘာလဲ..စိတ်ပူပေးနေတာလား.."
"မဟုတ်ပါဘူး.."
"ဟား..ဟား..ဟား..ငါနဲ့တူတူပဲကို.."
သူငယ်ချင်းသူများအတင်းတုတ်ရင်းရယ်မောနေကြသည်။သူတို့ကသာရယ်နေကြတာကြိုးကြာဖြူကတော့ဘယ်လောက်တောင်စိတ်တိုနေလိုက်မလဲ။
ရတနာကတော့သူ့သူငယ်ချင်းလေးတစ်ခါလေးအနိုင်ရလာတာကိုပျော်ရွှင်လို့။
😆😆😆😆😆😆😆😆😆😆😆😆😆😆😆😆
#မဒီ
နောက်တစ်ပိုင်းမှာကောခွန်းပိုင်  ခြောက်နာရီအမှီပြန်ရောက်လောက်ပါ့မလား။

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now