နှစ်ထပ်တိုက်အို အဟောင်းလေး၏အရှေ့တွင်သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးမတ်တပ်ရပ်နေကြသည်။ အမျိုးသားသည်ရှပ်လက်ရှည်နက်ပြာရောင်အားတံတောင်ဆစ်အထိခေါက်တင်ထားပြီး ခဲပုပ်ရောင်စတိုင်ပန့်ဖြင့် ဆံပင်တို့အားအပြောင်လှန်တင်ထားသည်။ညာဘက်နားထင်တွင် ရှိတ်ထိုးထားသေးသည်။နှုတ်ခမ်းတို့ကိုတင်းတင်းစေ့ပိတ်ထားကာ သူ၏လက်ထဲတွင်ကိုင်ထားသော ထီးအနက်ရောင်ဖြင့် ဘေးမှ ရွှေအိုရောင်ဆံနွယ်ခါးအထက်အလိပ်ဖြင့် နီညိုရောင် လည်ပိတ်ဆွယ်တာအင်္ကျီ၊နီညိုရောင်စတိုင်ပန့်အပွ၊အပေါ်မှအသားရောင်ကုတ်အင်္ကျီကိုထပ်ဝတ်ထားသော အမျိုးသမီးအားတဖွဲဖွဲရွာနေသောမိုးရေစက်တို့ မစင်ရလေအောင်လုံခြုံအောင်မိုးပေးထားသည်။ထိုအမျိုးသမီးကတိုက်အပေါ်ထပ်ရှိ ပိတ်ထားသော မျက်နှာစာပြတင်းပေါက်ကိုမော့ကြည့်ကာ
"သွားမယ်"
သူတို့နှစ်ဦးသည် လှေကားလေးအတိုင်းတိုက်အပေါ်ထပ်သို့တက်လာကြသည်။ အခန်းတစ်ခုအရှေ့သို့ရောက်သည့်အခါ အမျိုးသမီးကအခန်းတံခါးဘဲလ်ကို နှိပ်လိုက်သည်။
Ting~~~~Tong~~~~
တိုက်ခန်းအတွင်းတွင် ဆိုဖာပေါ်ပူးကပ်ကာ အသက်လုရှုနေကြသောအမျိုးသားနှစ်ဦးသည် ရုတ်တရက်ထွက်ပေါ်လာသောဘဲလ်အသံကြောင့် သူတို့၏လှုပ်ရှားမှုများရပ်တန့်သွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။
Ting~~~~Ting~~~
ဒုတိယအကြိမ်ထွက်ပေါ်လာသော ဘဲလ်အသံကြောင့် ရှုပ်ပွနေသောဆံပင်ခဲရောင်ဖြင့်အမျိုးသားမှာ သူ၏အပေါ်တွင်အုပ်မိုးထားသောသူ၏ရင်ဘက်အား ခြေထောက်ဖြင့်ဆောင့်ကန်လိုက်ပြီး ဆိုဖာပေါ်မှကုန်းရုန်းထလိုက်သည်။ အနည်းငယ်လျှောကျနေသောဘောင်းဘီအား ပြန်၍ဆွဲတင်လိုက်ချိန်သူ၏တင်ပါးမှ ခပ်ဆက်ဆက်နာကျင်မှုနှင့်အတူ 'ဖြောင်း' ကနဲအသံဟာတိုက်ခန်းအတွင်း ထွက်ပေါ်သွား၏။
တရားခံကိုစူးရဲစွာစိုက်ကြည့်လ်ိုက်တော့ သူကလည်းပြန်၍စိုက်ကြည့်နေပြီး
"ငါမပြီးသေးဘူးနော်"
"သိတယ်!"
ခပ်ပြတ်ပြတ်ပြောကာ တံခါးအနားသို့လျှောက်သွားလိုက်သည်။ ထို့နောက်လက်တစ်ဖက်ကသူ၏ဆံပင်တို့ကိုသပ်ရပ်စွာရှင်းရင်း ကျန်လက်တစ်ဖက်က တံခါးက်ိုအနည်းငယ်ဟကာ ဖွင့်လိုက်သည်။