အပိုင်း ၁

12.1K 718 131
                                    

ဟိုးရှေးရှေးတုန်းက ဧကရာဇ်ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဧကရာဇ်ဘုရင်ကြီးမှာ အချစ်ရဆုံးသော အိုမီဂါ သားတော်လေးတစ်ပါးလည်း ရှိသတဲ့ကွယ်။ အဲ့ဒီသားတော်လေးဟာဆိုရင် တစ်တိုင်းပြည်လုံးသော အိုမီဂါတွေထဲ အလှဆုံးပေါ့။ ဒါ့ကြောင့် အခြားသော တိုင်းပြည်တွေက အယ်လ်ဖာမင်းသားတွေကလည်း အိုမီဂါလေးကို မျက်စိကျနေကြတာပေါ့။

အိုမီဂါလေး အရွယ်ရောက်လာတဲ့အခါမှာတော့ ဖခမည်းတော် ဘုရင်ကြီးက ပူပင်သောကရောက်ရတော့တယ်။ အိုမီဂါသားတော်လေးရဲ့ အိမ်ထောင်ရေးအတွက်ရော၊ သူရဲ့ထီးနန်းအမွေကို ဆက်ခံဖို့ရာ အယ်လ်ဖာသားတော်ကို မမွေးဖွားနိုင်ခဲ့တဲ့ အတွက် သူရဲ့ ထီးနန်းအတွက်ကိုရောပါ ပူပင်နေရရှာတာပေါ့။

ဘုရင်ကြီးက သားတော်လေးအတွက် မှန်ကန်တဲ့ အိမ်ထောင်ရေးကို ရရှိစေလိုတယ်။ သားတော်လေးရဲ့ အလှကိုမက်မောလို့ စည်းစိမ်ကို မက်မောလို့ လိုချင်ကြတဲ့သူတွေနဲ့ မရစေလိုပေ။ ထိုအခါ သူ့သားတော်လေးအတွက် အလုံးစုံစိတ်ချရမယ့် အိမ်ထောင်ဖက် အယ်လ်ဖာကို ရှာဖွေခဲ့လေတယ်။

အမျိုးမျိုး အဖုံဖုံ စုံစမ်းစစ်ဆေးပြီးနောက် သူရဲ့သားတော်လေးအတွက် သင့်တော်တဲ့ အယ်လ်ဖာကို တွေ့ရှိခဲ့တယ်။ သားတော်အိုမီဂါလေးကို ကာကွယ်နိုင်ဖို့အတွက် Dominant Alpha ဖြစ်ရမယ်၊ ပညာမဲ့သူမဟုတ်ဘဲ ပညာရှိသူဖြစ်ရမယ်၊ မိဘနောက်ခံကြောင့် တိုးတက်လာသူမဟုတ်ဘဲ ကိုယ်ပိုင်တီထွင်နိုင်စွမ်း တွေးခေါ်နိုင်စွမ်းတွေနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသူဖြစ်ရမယ်၊ ရုပ်ရည်ကမူ သာမာန်ထက်သာလွန်ပြီး ခံ့ညားတည်ကြည်သူ ဖြစ်ရမယ်၊ ကိုယ်ခံပညာတက်ကျွမ်းပြီး သနားကြင်နာတတ်ကာ မနုံအသူဖြစ်ရမယ် ဟူသော အချက်အားလုံးဖြင့် လိုက်လံရှာဖွေတဲ့အခါ များစွာသော အယ်လ်ဖာတို့ ထွက်ပေါ်လာတော့တယ်။

ထိုအယ်လ်ဖာများထဲမှ အိုမီဂါလေးရဲ့ အချစ်ကိုရယူနိုင်သူဟာ သူရဲ့သမက်ဖြစ်လာမယ်ဟု ကြေညာတဲ့အခါ အယ်လ်ဖာတို့ဟာ မစုတ်မနစ်ကြိုးစားကြတော့တယ်။ အိုမီဂါလေးဟာလည်း ပညာမဲ့သူမဟုတ်သဖြင့် သူ၏ လက်တွဲဖော်ကို ပြီးစလွယ်မရွေးပါ။ အပြုအမူ အပြောအဆိုတိုင်းက တည်ကြည်ပြတ်သားပြီး အမျှော်အမြင်ရှိသူ၊ သူ့အပေါ် ကြင်နာသူ၊ သူနှင့်အတွေးအခေါ် အယူအဆကိုက်ညီသူအား၊ ဦးဆောင်နိုင်စွမ်းရှိပြီး အိုမီဂါတို့အပေါ် လေးစားတန်ဖိုးထားသူကို ထပ်ပြီး ရွေးထုတ်ခဲ့တယ်။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now