အပိုင်း (၃၂)

6.2K 658 237
                                    

၂လကြာပြီးနောက်...

မုန်တိုင်းတွေငြိမ်သွားပြီးနောက်မှာတော့ လေပြေလေညှင်းလေးတွေ တိုက်ခတ်လျက်ရှိသော သာယာသည့်အချိန်လေးသို့ ရောက်လာခဲ့သည်။ ဘုရင်ငယ်လေး၏ ဗိုက်လေးကလည်း သုံးလနှင့် လေးလကြားတွင် ရှိနေပြီ။ ကတောက်ကဆကတောက်ကဆတွေကြားက ဧကရာဇ်ဂျွန်နှင့် ဘုရင်ငယ်လေး၏ ဆက်ဆံရေးကလည်း ယခုဆိုလျှင် အ‌ဆင်ပြေချောမွေ့နေပြီ ဖြစ်သည်။

ညသန်းခေါင်ယံဖြစ်၏။

တရှပ်ရှပ် ကြားနေရသော အသံကြောင့် ဧကရာဇ်ဂျွန်နိုးထလာသည်။ အိပ်ချင်မူးတူးနိုးလာပြီးနောက် သူပထမဆုံး သတိမူမိသည်က ဘုရင်ငယ်လေးကိုသာ..။ ဘုရင်ငယ်လေးက သူ့ဘေးတွင် အိပ်နေကြဖြစ်သော်လည်း သူနိုးလာချိန်မှာ ရှိမနေချေ။ ထို့ကြောင့် သူ ထလိုက်ပြီး မျက်မှန်ကို ကောက်တပ်ကာ အိပ်ဆောင်မီးကို ဖွင့်လိုက်သည်။

ခလစ်!

ဖျက်ခနဲ ပွင့်လာသည့် အိပ်ဆောင်မီးနှင့်အတူ သူမြင်လိုက်ရသည်က ဆိုဖာပေါ်မှာ ထိုင်နေသည့် ဂျွန်ဂျီမင်..။ အံ့ဩသွားသကဲ့သို့ မျက်လုံးပြူးပြူးလေးနဲ့ သူ့ကိုကြည့်နေရင်း ချက်ချင်းတစ်စုံတစ်ခုကို နောက်ကျောဘက်မှာ ဖွက်လိုက်သည်။

"နိုးလာတာလား"

"အင်း....ဘာဖြစ်လို့လဲ...."

ဂျီမင့်နှုတ်ခမ်းတစ်ဝှိုက် ခရမ်းရောင်အနှစ်တို့ ပေကျံနေပြီး ပါးထဲမှာလည်း တစ်ခုခုကို ငုံထားသည်။

"ဘာလုပ်နေတာလဲ..."

"ဘာ..ဘာမှ မလုပ်ပါဘူး"

မျက်တောင်လေးတဖျက်ဖျက်ခတ်ကာ လိမ်သောသူ...။ လူလိမ်လေးရဲ့ နှုတ်ခမ်းမှာ ပေနေတဲ့ခရမ်းရောင် အနှစ်တွေကို ကြည့်ရင်း သူပြုံးလိုက်မိသည်။ အသဲယားလွန်းလို့ ဂျွန်ဂျီမင်ရဲ့ ပါးဖောင်းလေးကို လက်နှစ်ဖက်ဖြင့် ညှစ်ကိုင်ကာ နှုတ်ခမ်းဆူဆူလေးကို ဖိနမ်းလိုက်သည်။ နှုတ်ခမ်းမှတစ်ဆင့်၊ လျှာဖျားမှ ခံစားလိုက်ရသည့် အရသာကြောင့်....

"နဂါးမောက်‌သီးတွေပဲ..."

"ဟွ...ဟွင်"

ထိုအခါမှ ဂျွန်ဂျီမင်က နှုတ်ခမ်းပေါ်မှာ အနှစ်တွေပေနေမှန်း သတိထားမိကာ အလျင်အမြန် လက်ခုံသုပ်သည်။

You've reached the end of published parts.

⏰ Last updated: Aug 14 ⏰

Add this story to your Library to get notified about new parts!

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now