အပိုင်း ၃၀

5.4K 655 115
                                    

ညချမ်း၏ အေးမြသောလေအေးတို့သည် အေးချမ်းသောညကို ဖြစ်ပေါ်နေစေသည်။ လခြမ်းကွေးကွေးလေးသည်လည်း ညမိုက်ကို အစွမ်းကုန်မလင်းနိုင်စေကာပူ လရိပ်နွေးနွေးလေးကိုတော့ ပေးလျက်ရှိ၏။

အေးမြသော‌ညချမ်းကိုမူ မနှစ်သက်သူက ခပ်ရှားရှား...။ ညချမ်းရဲ့ အေးမြခြင်းက ဆွေးမြေ့ခြင်းကို ဆောင်ကျဉ်းသကဲ့သို့ သာယာခြင်းကိုလည်း ဖော်ကျူး‌ထားပေ၏။ သည်လို ညချမ်းမျိုးက ဧကရာဇ်ဂျွန်အတွက်တော့ မနှစ်သက်ချင်စရာပါပင်။ သူ အိပ်မပျော်တာ ၅ရက်ရှိနေပြီ။ ခြေကုန်လက်ပန်းကျပြီး အရမ်းပင်ပန်းနေပြီ ဖြစ်သော်လည်း ဘယ်လိုမှအိပ်မပျော်...။ သည်လိုနဲ့ သူလဲကျတော့မည်။

အိပ်ဆေးသောက်သော်လည်း အိပ်ဆေးက မတိုး။ အိပ်ပျော်နိုင်ရန် အခြားသောအလုပ်အမျိုးမျိုးကို လုပ်ကြည့်ပေမယ့် ‌အိပ်မပျော်...။ အိမ်ရှေ့ တန်းလျားပေါ် ပင်ပန်းစွာထိုင်နေသည့် ဧကရာဇ်ဂျွန်ကိုကြည့်ရင်း ဂျီမင် သက်ပြင်းဖွဖွလေး ချလိုက်သည်။

"မအိပ်ဘူးလား"

"အိပ်မှာ....လေညှင်းခံနေတာ"

"ဘယ်အချိန်ထိလဲ"

"ခဏပါပဲ၊ ပြီးရင်အိပ်မှာ..."

ဟန်ဆောင်ပြုံးပြီး သူ့ကို လိမ်ညာနေတဲ့လူကြောင့် ဂျီမင် လက်တွေယားလာသည်။ တစ်ချက်လောက် ဆွဲရိုက်ပစ်ချင်နေပြီ...။ ဘာကြောင့် ဒီလောက်ထိ အိပ်မပျော်တဲ့ကိစ္စကို ဖုံးကွယ်ချင်နေတာလဲ...။ မာနတစ်ခွဲသားကြီးနဲ့ သူ့ဆီက pheromone တောင်းရမှာ အောက်လို့လား...။ ဘယ်လိုလူလဲ! အခုထက်ထိ မာနကြီးနေတုန်းလား!

"မင်း မနေ့ကလည်း မအိပ်ဘူးမလား"

"အိပ်ပါတယ်ကွာ..."

"ငါ့ကိုမလိမ်နဲ့"

ဧကရာဇ်ဂျွန်သည် မကြည်လင်သော မျက်နှာဖြင့် ဂျီမင်ကို ငေးကြည့်ရင်း ဘာမှ ပြန်မဖြေခဲ့။ ဂျီမင်သည် ဧကရာဇ်ဂျွန်၏ ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး...

"မနေ့က ကိစ္စအတွက်ကျေးဇူးပဲ"

"ကိုကိုတို့ကြားမှာ ကျေးဇူးတင်စရာမှ မလိုတာ..."

"လိုတယ်ထင်တာပဲ..."

"မင်း ကိုကို့ကို သူစိမ်းလိုမဆက်ဆံပါနဲ့။ ကိုကို့မှာ မင်းတစ်ယောက်တည်း ရှိတော့တာ"

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now