အပိုင်း ၂၉

5.8K 730 183
                                    

ညအချိန်သို့ရောက်သည့်အခါ သူ၏ အိပ်မပျော်ခြင်းတို့ စတင်လေသည်။ အိပ်မပျော်သောရောဂါသည် အလွန်ခံရခက်လှသည်။ အိပ်ချင်သော်လည်း အိပ်မရသည့်အခါ စိတ်အနှောက်အယှက်ဖြစ်ရုံသာမက အားအင်ပါကုန်ခမ်းတတ်သည်။

ထွက်ပေါက်အနေနဲ့ သူ ပထမဆုံးရှာမိသည်က စီးကရက်ဘူးပင်။ ထားနေကြ အင်္ကျီအိပ်ကပ်ထဲတွင် မတွေ့သဖြင့် အိပ်ရာတစ်ခုလုံး လှန်လှောရှာသည်။ သို့သော် မတွေ့ချေ။ မနက်ကမှ သေချာပေါက် စီးကရက်ဘူး ထည့်ထားသော အင်္ကျီကို အင်္ကျီချိတ်တိုင်မှာ ချိတ်ထားခဲ့တာ ဖြစ်သည်။ ယခုတွင် အင်္ကျီအားတွေ့ပြီး စီးကရက်ဘူးက မရှိတော့ချေ။

မိမိပဲ အထားမှားပြီး မေ့သွားတာလားလို့ တွေးမိကာ သုံးဆယ်ကျော်လာသော အသက်ကို အပြစ်တင်လိုက်၏။

ထို့နောက် စီးကရက်ရနိုင်မည့် နေရာကို စုံစမ်းရန် အိမ်အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။ စီးကရက်မှ မသောက်ရရင် သူမနေတတ်တော့ပြီလေ...။ အိမ်အောက်ထပ်သို့ ဆင်းလာတော့ အိမ်ရှေ့တွင် မိုဂန်ဆိုသူအား တွေ့သဖြင့် မိုဂန်ကိုသာ မေးရန် ကြံရွယ်လိုက်သည်။

"ဒီနားမှာ စီးကရက် ဝယ်လို့ရတဲ့ ဆိုင်ရှိလား..."

မိုဂန်က ခေါင်းခါပြသည်။

"မရှိဘူးလား"

"ရှိတော့ ရှိတယ်၊ ဒါပေမယ့် မရှိဘူး"

"ဘယ်လို!!"

ဧကရာဇ်ဂျွန်၏ စိတ်ရှုပ်ထွေးသွားပုံကို ကြည့်ပြီး မိုဂန် စကားကို ဆက်ပြောလိုက်ရမလိုလို မပြောရမလိုလို ဖြစ်နေ၏။

"ဂျီမင်က ဧကရာဇ်ဂျွန် ‌စီးကရက်အကြောင်းလာမေးရင် မရှိဘူး၊ မသိဘူးဆိုပြီးပဲ ဖြေလို့ ပြောသွားတယ်"

ဒီတော့မှ စီးကရက်ဘူးပျောက်တာဟာ သူမေ့တာကြောင့် မဟုတ်ဘဲ ဂျွန်ဂျီမင်ရဲ့ လက်ချက်ကြောင့်မှန်းသိလိုက်ရသည်။ ခံစားချက်သည် ဝမ်းသာသလိုလို ပီတီဖြစ်သလိုလိုဖြင့်...၊ ဂျွန်ဂျီမင်ဟာ သူစီးကရက်သောက်တာကို မြင်သွားပေမယ့် လျစ်လျူရှုသွားတာကြောင့် တကယ်ပဲ သူ့အပေါ် စိတ်ကုန်သွားပြီ ထင်နေခဲ့တာ။ အခုလို သူ့အပေါ် ဂရုတစိုက်ရှိနေသေးသည်ကို သိရတော့ ဂျွန်ဂျီမင်ကို စိတ်ပြေအောင် ကြိုးစားဖို့ အားတက်သွား၏။

THE ANTIVENOM OF VENOMOUS MONARCHY Where stories live. Discover now