Description

298 7 0
                                    

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

Description

မုန့်ယန်က ကျယ်ဝန်းတဲ့ဝင်းထဲမှာ မွေးဖွားခဲ့တဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမရဲ့ မျက်လုံးတွေဟာ ဆောင်းဦးရေနဲ့ တူပြီး၊ မျက်ခုံးတွေကတော့ လခြမ်းကွေးလေးနဲ့တူကာ မျက်နှာလေး နုနယ်တဲ့ မိန်းကလေးဖြစ်သည်။ သူမရဲ့မျက်မှောင်ကြုပ်တာတွေ အပြုံးတွေက လူတွေရဲ့ နှလုံးသားကို ထိရှစေသည်။

သို့ပေမယ့်လည်း၊ ချို့တဲ့ တဲ့မိသားစုက သမီးတစ်ယောက်အတွက်တော့ ဘာအတွက်မှ မဟုတ်တဲ့ အလှအပရှိတာက အန္တရာယ်ပဲဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်မှာ မုန့်ယန်ဟာ သူသာမရရင် သူမကိုဖျက်စီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ယံုမှားသံသယလွန်ကဲတဲ့  အမျိုးသား တစ်ယောက်ဆီကနေ အရူးအမူးလိုက်ခြင်းခံခဲ့ရသည်။

လွတ်မြောက်ဖို့ရာအတွက် မုန့်ယန် ဟာကျေးလက်‌ေဒသသို့သွားရန်အတွက် လက်ဦးမှုယူပြီး စာရင်းသွင်းလိုက်ပေမယ့် ရူးနေတဲ့အမျိုးသားဟာလည်းဘဲ သူ့နောက်ကို လိုက်လာခဲ့သည်။ နောက်ဆုံးမှာတော့၊ ဘာနည်းလမ်းမှမရှိတော့တဲ့အတွက် မုန့်ယန်ရဲ့အဖေဟာ သူ့သမီးနဲ့ လက်ထပ်ဖို့အတွက် အရည်အချင်းရှိတဲ့ အမျိုးသားတစ်ယောက်ကိုရှာဖို့ ခေါင်းဆောင်ဟောင်းကို အကူအညီတောင်းလိုက်တော့သည်။ဒါက ယုံမှားသံသယလွန်ကဲတဲ့ အမျိုးသားဆီကနေ မရပ်မနား အနှောင့်အယှက်ပေးခံရတာ ထက်တော့ ကောင်းသေးသည်။

တစ်ချိန်ထဲမှာဘဲ ၊ ခေါင်းဆောင်ဟောင်းရဲ့ သူငယ်ချင်းဖြစ်သူရဲ့ သားဟာလည်း လက်ထပ်ရမယ့် အရွယ်ရောက်နေပြီး သူဟာ ငယ်ရွယ်ကာ လက်ရှိ ကျွန်းစစ်တပ်တွင် တပ်စွဲထားသောအလားအလာကောင်းတဲ့ အရာရှိဖြစ်သည်။

သူက စူးရှတဲ့အကြည့်နဲ့ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပမယ့် ကျွန်းပေါ်က အနေအထားမှာတော့ ကြမ်းတမ်းပြီး မိန်းကလေးက လက်ခံနိုင်ပါ့မလားဆိုတာ ငါမသိဘူး... " ကျွန်မလုပ်နိုင်ပါတယ်! ကျွန်မလက်ခံတယ် !" အနှောင့်အယှက်ပေးတဲ့ လူနဲ့ ဝေးဝေးနေနိုင်သရွေ့ အခြေအနေတွေ ခက်ခဲတာလောက်က ကိစ္စမရှိပေ။

၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now