44(uni)
၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၄၄
မုန့်ယန်က နှုတ်ခမ်းကိုစုဝိုင်းလိုက်ပြီး ပြုံးချင်တာကို ထိန်းလိုက်ကာ သူမရင်ထဲမှာ ရေနွေးနွေးလေး ပြည့်လျှံနေသလိုမျိုး အရမ်းသက်တောင့်သက်သာ ရှိနေခဲ့သည်။ " အကျိုးအကြောင်း မသင့်လိုက်တာ "
ကျန်းရှောက်ယွီအတွက် အကျယ်ကြီး အော်ရယ်တာ ရှားသည်။ သူ့အသံက နှစ်တွေအကြာကြီးစုထားတဲ့ နှစ်ချို့ဝိုင်လိုမျိုး ပြင်းရှ ကြည်လင်နေကာ အကုန်လုံးနဲ့ အလိုက်သင့်ဖြစ်နေတဲ့ သူ့အရှေ့က ပင်လယ်လိုပင်။ တိုးလာလိုက် ဆုတ်သွားလိုက်နဲ့ နွေးထွေးမှုတွေနဲ့ သည်းခံမှုတွေနဲ့ ပြည့်နှက်နေသည်။
လေက သူမဆံပင်ကို ဖြတ်တိုက်သွားကာ ကျန်းရှောက်ယွီကတော့ သူမရဲ့ အယ်လမွန်မျက်လုံးတွေနောက်ကိုဘဲ တစ်ချိန်လုံးလိုက်နေသည်။
ကောင်မလေးက အပြုံးကိုထိန်းထားပြီး မေးလိုက်သည်။ " ကျွန်မ ဘာလုပ်လဲဆိုတာ ကြည့်နေတာလား ရဲဘော်ကျန်း"
" အဟမ်း" ကျန်းရှောက်ယွီက ဖြည်းဖြည်းချင်း အဝေးကိုကြည့်လိုက်ကာ ချိတ်ဆက်နေတဲ့ သူတို့လက်ဖဝါးထဲကနေ နွေးထွေးမှုတွေကို ခံစားရင်း လုံးဝကို ပျော်သလိုခံစားလိုက်ရသည်။
" ခုနတုန်းကလို ကိုယ့်ကို နာမည်ပဲ ခေါ်လို့ရပါတယ် "
နာမည်? ရှင် စိတ်ရှုပ်နေတာလား? ရှင် ရှက်လွန်းလို့သေသွားမှာတောင် ကျွန်မ စိုးရိမ်တယ်။
မုန့်ယန်က ချောင်းဖျော့ဖျော့လေး ဆိုးလိုက်ပြီး သူ့ကိုတမင်စလာသည်။ " ရဲဘော် ကျန်းရှောက်ယွီ "
ကျန်းရှောက်ယွီ - "...."
ကောင်မလေးက တိတ်တိတ်လေးရယ်လိုက်သည်။
ကျန်းရှောက်ယွီက သူမရဲ့လက်ချောင်းတွေကို ဖြည်းဖြည်းချင်း ဆွဲဆန့်လိုက်ပြီး ပြောခဲ့သည်။ " ကျေးဇူးပြုပြီးတော့ ရဲဘော်ဆိုတာကို ဖယ်လိုက်ပါ "
YOU ARE READING
၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲ
General FictionName - 70s Island Couple Type - Web novel (CN) Genre - romance, Tags - military,island, 70s, Author (s) - Tian Jiu Myanmar Trans - khat team Chapters - Creadit to original author and english translater. © All Rights Reserved