14

62 2 0
                                    

14(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁၄













" ဦးစီးအရာရှိကို သတင်းပို့ပါတယ်! ဒီနေ့ကစစ်တပ်-အရပ်သား ပူးတွဲ စောင့်ကြပ်တဲ့နေ့ဖြစ်ပြီး ပင်လယ်ကို သွားရမယ့်နေ့လည်း ဟုတ်ပါတယ်။ ဝန်ထမ်းရေးရာဌာန တစ်ဖွဲ့ကလည်း ကျွန်တော်တို့ ကျွန်းကိုလာပါလိမ့်မယ်! "



" ဘယ်အချိန်တုန်းက ရောက်တာလဲ "



" ဆယ့်တစ်နာရီတုန်းကပါ။ အဲ့ဒါက အမြဲတမ်း ဒီအချိန်ဘဲ " ကျန်းရှောက်ယွီက ဘာမှပြန်မပြောလာသေးပေ။



ကျိုးပိုင်ထောင် တစိမ့်စိမ့်တွေးလိုက်ကာ ပြောခဲ့သည်။ " ဝန်ထမ်းရေးရာဌာနရဲ့ တိကျတဲ့ ကမ်းကပ်တဲ့အခြေအနေကို သတင်းပို့တာတော့ မရှိ‌သေးပါဘူး။ ဦးစီးအရာရှိ ကျွန်တော့်ကိုသွားပြီး တစ်ချက်ကြည့်ပေးစေချင်လား?"



ဦးစီးအရာရှိက ရုတ်တရက် ဘာလို့ ဒါကိုမေးလဲဆိုတာ သူလည်း မသိပေမယ့်လည်း စစ်သားတစ်ယောက်ရဲ့တာဝန်က အမိန့်နာခံရမှာပင်။



" ကောင်းပြီ မင်းသွားပြီး တစ်ချက်သွားကြည့်လိုက်"



ကျိုးပိုင်ထောင်ရဲ့ " ဟုတ်ကဲ့ "က သူမထွက်ခင် သူ့လည်ချောင်းထဲမှာ ဖိနှိပ်ခံလိုက်ပြီး သူပြောလိုက်သည်။



" မေ့လိုက်တော့ ငါ့ဘာသာပဲသွားပြီး သွားကြည့်လိုက်မယ် "



'ဘာဖြစ်လို့ ဒီလိုအလျင်လိုနေရတာလဲ အကြီးအကဲဟောင်းက ဒီကိုရောက်နေလို့များလား?'



"ဦးစီးအရာရှိ၊ ဦးစီးအရာရှိ၊ခင်ဗျားရဲ့ တွဲဖက်ကဒီရောက်နေတယ်!" ဝင်းအပြင်ဘက်က ကလေးတွေက အထဲကိုကြည့်ဖို့ သူတို့ခေါင်းတွေကို တိုးလာတော့ ကျန်းရှောက်ယွီ ဒီနတ်ဆိုးလေးတွေကို သတိထားမိသွားသည်။



မုန့်ယန် ခန့်မှန်းတာမှန်သည်။ ဒီကျွန်းပေါ်က ကလေးတွေနဲ့ ကျန်းရှောက်ယွီက ဆက်ဆံ‌ရေးကောင်းသည်။ ကလေးတွေ မဟုတ်တာပြောတာကို သူစိတ်မတိုဘဲ အပြုံးနဲ့မေးလိုက်သည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now