39

49 2 0
                                    

39(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၉









မုန့်ယန်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ " အသီးအရွက်တွေနဲ့ ပန်းတွေ စိုက်ရတာ အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာလို့ မဖြစ်ချင်ရမှာလဲ?"



ကျန်းရှောက်ယွီက ၁၂၀,၀၀၀-ဒီဂရီလောက် အံ့ဩမှုကို ဖော်ပြလိုက်သည်။



ဘယ်လိုလုပ် ဘယ်မိန်းကလေးတွေက စိုက်ပျိုးရေးသမားဖြစ်ချင်လို့လဲ? အထူးသဖြင့် မြို့မှာ ကြီးလာတဲ့ မိန်းကလေးက။ သူတို့မိသားစုက ဆင်းရဲတာ တောင်မှ သူမက အမြဲတမ်း ကောင်းပြီး သန့်ရှင်းတဲ့ အလုပ်ကို လိုချင်သည်။



မုန့်ယန်က မတူဘူး၊ အရမ်းကိုမတူတာ။ သူမက တကယ်တော့ သူမရဲ့ စိုက်ပျိုးရေးသမားဖြစ်တဲ့ အရည်အချင်းကို ဂုဏ်ယူနေတာ။



"ကိုယ်ပန်းပင်တွေ စိုက်တာကိုတော့ နားလည်တယ်။ ဒါပေမယ့် ကောင်မငယ်လေးတစ်ယောက်က အသီးအရွက်တွေစိုက်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောတာ ကိုယ်အခုမှ ပထမဆုံးကြားဖူးတာ။ အထူးသဖြင့် မင်းလို မြို့ပေါ်မှာ ကြီးခဲ့တဲ့ မိန်းကလေးကိုဆိုရင်ပေါ့ "



" တကယ်လား" မုန့်ယန်က ပြုံးလိုက်သည်။ " ဒါဆို ကျွန်မက လုံးဝကို ထူးခြားတဲ့လူပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မက အသီးအရွက်တွေကို စိုက်ရတာကြိုက်တယ်။ မြောင်မြောင်လေး တစ်နေ့ပြီးတစ်နေ့ ကြီးလာတာကို ကြည့်ရတာက ကျွန်မကို အောင်မြင်တယ်လို့ ခံစားရစေတယ် "



ကျန်းရှောက်ယွီက အံ့ဩသွားပြီး မေးခဲ့သည်။ " ဒါဆို ဒီအပင်တွေ မင်းစိုက်ထားတာလား?"



"အမ်း...အိုးထဲက ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နဲ့ ဂေါ်ဖီထုတ်တွေက ကျွန်မစိုက်ထားတာ"



အမျိုးသားက ရယ်လိုက်ပြီး သူမကို ငုံ့ကြည့်လိုက်သည်။ " တကယ်၊ ဒါကအရမ်းမိုက်တာဘဲ"



မုန့်ယန်က တောက်တောက်ပပပြုံးလိုက်ပြီး သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ " ဟုတ်တယ်၊ ကျွန်မက အရည်အချင်းရှိတယ်လို့ထင်တယ် "



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now