27 (uni)
၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂၇
မုန့်ယန်က ပြုံးလိုက်ပြီး ကောင်မငယ်လေးရဲ့ ဆံပင်ကို ပွတ်လိုက်သည်။ " အဲ့ဒါက အစ်မ မထနိုင်လို့မဟုတ်လား? မနက်ဖြန်ကျရင် လုပ်ကြတာပေါ့။ မနက်ဖြန်သွားချင်သေးရဲ့လား?"
မေ့မေ့က သူမလက်ဖဝါးတွေထဲ သက်တောင့်သက်သာနဲ့ ပွတ်လိုက်သည်။ " မနက်ဖြန်တော့ သမီးသွားလို့မရဘူး၊ ဒါပေမယ့် သဘက်ခါတော့ရတယ်၊ ဒါကို ဒီတိုင်းမထားလိုက်နိုင်ဘူး"
" ကောင်းပြီ သဘက်ခါကျရင် အစ်မ မင်းနဲ့ အတူလိုက်လာမယ်။ နေမြင့်အောင် ဘယ်တော့မှ မအိပ်တော့ဘူး "
မေ့မေ့က သူ့ခေါင်းကို ကျေနပ်မှုအပြည့်နဲ့ မော့လိုက်ပြီး သူမ အိပ်ထဲကနေ အဖြူနဲ့ အဝါ တရုတ်စကားပန်းတွေကို ထုတ်လိုက်ပြီး သူမရဲ့ ကျစ်ဆံမြှီးထဲမှာ ချည်လိုက်သည်။
"ပန်းလှလှတွေက မိန်းကလေးလှလှနဲ့ပဲ လိုက်ဖက်တယ်၊ဒီမှာ အစ်မအတွက် ယူလာတာ၊ မဖြုတ်လိုက်နဲ့ "
ပန်းတွေက သူ့ရဲ့ ကလေးဆန်မှုကြောင့် ရာထူးပေးခံလိုက်ရတယ်လို့ မုန့်ယန် မတတ်နိုင်ဘဲ ခံစားလိုက်ရသည်။
မထွက်သွားခင်မှာ မေ့မေ့က ခြံထဲက ပုံးအသေးတစ်လုံးတွေ့သွားပြီး မုန့်ယန်အတွက် ပင်လယ်စာတစ်ဝက်ထည့်ပေးလိုက်သည်။
ဒီနေ့မှာတော့ ပင်လယ်စာ အမျိုးအစားတွေက အရမ်းများနေသည်။ ပင်လယ် ကမာကောင်တွေ၊ ပင်လယ်ခရုသေးသေးလေးတွေ၊ ပင်လယ်သခွားသီးတွေ၊ ခုံးကောင်တွေနဲ့ အခြား သူမ တစ်ခါမှမတွေ့ဖူးတဲ့ အညို့ရောင် ဂဏန်းသေးသေးလေးတွေ၊ ကင်းမွန်အနီရောင်တွေ..အရမ်းပေါတာဘဲ။
ပြောစရာတစ်ခုကတော့ ဖေ့လန်ကျွန်းက အစားကောင်းကြိုက်တဲ့သူတွေအတွက် ကန္တာရဆိုတာကိုတော့ ပင်လယ်စာ ပမာဏတွေက မငြင်းပယ်နိုင်ဘူး။
အံ့ဩစရာမကောင်းစွာဘဲ၊ ဒီပင်လယ်စာတွေက နေ့လည်နဲ့ ညနေစာအတွက်ဖြစ်သွားပြီး ပဓာနကျတဲ့ အစားအစာတွေကတော့ ထမင်းနဲ့ နှစ်ခါလောက် တည်ခင်းလိုက်ရသည်။
YOU ARE READING
၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲ
General FictionName - 70s Island Couple Type - Web novel (CN) Genre - romance, Tags - military,island, 70s, Author (s) - Tian Jiu Myanmar Trans - khat team Chapters - Creadit to original author and english translater. © All Rights Reserved