29(uni)
၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ
အပိုင်း ၂၉
သူမက နည်းနည်းပျင်းတယ်ဆိုတာ လူတိုင်းကရော သဘောမတူကြဘူးလား ဆိုတာကို မုန့်ယန် မေးကြည့်ချင်သွားသည်။
လေထုက နည်းနည်းပျော်စရာကောင်းလာသည်။
ဒါပေါ့ ဒီဟာကိုတော့ ထုတ်မပြောလိုက်ချေ။ အတော်ကြာထဲက သူမ မေးချင်နေတဲ့ အခြားမေးခွန်းတစ်ခုကို မေးဖို့ ဒီနေ့သူမအခွင့်အရေးရလိုက်ပြီ။
" မေ့၊ ဒီ ချင်းဟူလို့ ခေါ်တဲ့ ရဲဘော်က ညီမရဲ့ အစ်ကိုလား သူငယ်ချင်းလား..?"
မေ့မေ့က ချင်းဟူကို တစ်ချက်ကြည့်လိုက်တော့ ကောင်လေးက သူမကို အကြည့်တစ်ချက်ပေးလိုက်ကာ သူ့လည်စိက လှုပ်ရှားသွားသည်။
" သူက သမီး သူငယ်ချင်းရော အစ်ကိုရောလေ!" မေ့မေ့က သူ့ကို ကြည့်ပြီး ပြုံးလိုက်တော့ တောက်ပတဲ့ ပါးချိုင့်နှစ်ခုက ပါးစပ်ထောင့်မှာ ပေါ်လာခဲ့သည်။
" သမီးရဲ့အစ်ကိုအရင်း မဟုတ်ပါဘူး။ အိမ်နီးချင်းအစ်ကို ဒါပေမယ့် အိမ်နီးချင်း မဟုတ်တော့ဘူး။ သမီးမိဘတွေ ဆုံးသွားတုန်းက သူ့အိမ်မှာဘဲ စားတယ် အိပ်တယ်လေ"
အို့? ဒါက ဘာဇာတ်လမ်းလေးလဲ?
"ညီမ မိဘတွေက ဆုံးသွားတာကြာပြီလား?" မုန့်ယန်က မေးလိုက်သည်။
မေ့မေ့က ခေါင်းခါလိုက်သည်။ " မဟုတ်ဘူး၊ လွန်ခဲ့တဲ့သုံးနှစ်တုန်းကဘဲ ဆုံးသွားတာ။ ချင်းဟူကို သမီး မိဘတွေက ခေါ်လာတာလေ "
မေ့မေ့နဲ့ တစ်ခဏလောက် စကားပြောပြီးတဲ့နောက်မှာ ချင်းဟူအမေက သူ့ကိုမွေးပြီးတဲ့နောက်မှာ ဆုံးသွားမှန်းသိလိုက်ရသည်။ သူ့အဖေက တစ်ဆက်တည်း နောက်မိန်းမနှစ်ယောက် ယူလိုက်ပေမယ့် ဆုံးသွားကြပြီး မိသားစုကလည်း အရမ်းဆင်းရဲလွန်းတဲ့အတွက် သူက နောက်ထပ် မိန်းမ မယူတော့ပေ။
ဒါပေမယ့်၊ ချင်းဟူ အသက်ရှစ်နှစ်မှာ သူကပင်လယ်မှာငါးဖမ်းဖို့ ထွက်သွားပေမယ့် ပင်လယ်ဓားပြတွေနဲ့တွေ့ပြီး မတော်တဆ သေဆုံးသွားခဲ့သည်။
YOU ARE READING
၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲ
General FictionName - 70s Island Couple Type - Web novel (CN) Genre - romance, Tags - military,island, 70s, Author (s) - Tian Jiu Myanmar Trans - khat team Chapters - Creadit to original author and english translater. © All Rights Reserved