33

48 2 0
                                    

33(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၃











အေးစက်တဲ့အငွေ့တွေက ပျောက်ကွယ်သွားပြီး မုန့်ယန်ရဲ့ အကြည့်နဲ့ ရုတ်တရက် ဆုံသွားတဲ့အတွက် ပြင်းပြင်းထန်ထန်နဲ့ သူ့ဆေးလိပ်ကို နင်းချေလိုက်သည်။



" ဘာဖြစ်လို့လဲ? ငါနှစ်ခါဘဲ ဖွာရသေးတာကို " စစ်တပ်ယူနီဖောင်းနဲ့အမျိုးသားက ကျေမွသွားတဲ့ စီးကရက်ဖင်စီကို စိတ်မချမ်းမြေ့စွာနဲ့ကြည့်လိုက်သည်။



မျက်လုံးတွေ ရုတ်တရက် ဆုံသွားတော့ မုန့်ယန်ရဲ့ နှလုံးက အထိတ်တလန့် နှစ်ခါလောက် ခုန်သွားကာ သူမလှည့်လိုက်ပြီး မေ့မေ့ရဲ့မျက်နှာကိုညစ်လိုက်သည်။



" နင်က အရမ်းနှာဘူးထတာဘဲ၊ ဘယ်လို ကြည့်လို့ကောင်းလဲဆိုတာလဲ သိတယ်၊ ကြည့်လို့ကောင်းတာက စားလို့ရလား?"



ပြောပြီးတဲ့နောက်မှာ၊ လိမ်ထားတဲ့ ကျစ်ဆံမြီးတွေက လေထဲမှာ စီးချက်ကျကျလွင့်မြောနေကာ တစ်ခဏလောက် ပြန့်ကျဲသွားသည်။



ကျန်းရှောက်ယွီက ရယ်လိုက်ပြီး စီးကရက်ဖင်စီကို သူ့ခြေထောက်နဲ့နင်းချေလိုက်သည်။ " အသိတစ်ယောက်ကို တွေ့လိုက်လို့ပါ "



အမျိုးသားက သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တော့ ကလေးတချို့က ခုန်စွခုန်စွလုပ်နေတာဘဲတွေ့သည်။



တစ်ဖက်မှာတော့ မေ့မေ့က တခစ်ခစ်ရယ်ရင်း မုန့်ယန်ကို ဖမ်းဆွဲလိုက်ပြီး သူမ လက်မောင်းကို တင်းတင်းကိုင်ထားကာ ပြောခဲ့သည်။



" ဟုတ်တယ်၊ ဘာလို့ ဗိုက်မဝရမှာလဲ။ ကြည့်ကောင်းတဲ့လူတစ်ယောက်ကို ကြည့်ရင်းနဲ့ ထမင်းနောက်ထပ်ခွက်နည်းနည်းတောင်စားနိုင်တယ်။ ပြီးတော့ သူသာရုပ်ဆိုးရင်တော့ သူ့ရဲ့တခြားကျွမ်းကျင်တာကိုကြည့်မှာပေါ့၊တစ်ခုခုနဲ့စားနိုင်တာပေါ့ "



" ဒါဆို ငါစားနိုင်တာကို မင်းမြင်လို့လား?" ဟူကျီက မေးလိုက်ပြီး ခေါင်းခါလိုက်သည်။



မေ့မေ့က သူ့ကိုအပေါ်အောက်ကြည့်လိုက်ပြီး ဂုဏ်ယူစွာနဲ့ခေါင်းမော့ပြီး ပြောခဲ့သည်။ " သေချာပေါက် မဟုတ်ဘူးပေါ့ "



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now