13

62 3 0
                                    

13(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁၃









"အာ၊ အာ" ဟင်းသီးဟင်းရွက်တောင်းတွေနဲ့ ‌အဒေါ်အချို့က ရှေ့ထွက်လာပြီး မုန့်ယန်ဘေးမှာ ဝိုင်းလိုက်သည်။



သင်္ဘောကနေ ဆင်းလာတဲ့ လူတွေလည်း မထွက်သွားသေးဘဲ မုန့်ယန်ကို စပ်စုစွာနဲ့ကြည့်နေကြသည်။



" ဦးစီးအရာရှိကျန်းက တစ်ကိုယ်တည်းသမားမဟုတ်ဘူးလား? ဘယ်အချိန်က ဒီလိုလှပတဲ့ တွဲဖက်ရှိသွားတာလဲ?" ဒါက အရမ်းနက်ရှိုင်းလွန်းတယ်!



" ဟုတ်တယ်။ ဘာလို့ ငါတို့ကို မပြောပြရတာလဲ?" သူတို့က မုန့်ယန်ကို နောက်‌‌ပြောင်သလိုကြည့်လိုက်ပြီး တစ်ခစ်ခစ်နဲ့ ရီလိုက်သည်။



ကျွန်းပေါ်က လူတွေကို အဆင့်သုံး ဒါမှမဟုတ် အဆင့်ခြောက်ဟူ၍ ခွဲခြားထားသည်။ ဒါပေါ့၊ မြို့တော်ကလာတဲ့လူဆိုရင်တော့ " အဆင့်အမြင့်" ဆုံးဖြစ်သည်။



သူတို့က မုန့်ယန်ထက် ပိုလှတဲ့မိန်းကလေးကို မမြင်ဖူးချေ။ သူတို့က အဲ့ဒီမှာ ရပ်လိုက်တဲ့အချိန် ကလေးတွေပြောသလို နတ်သမီးလေးနဲ့ တူတူပဲဖြစ်သည်။



ရန်လိုတတ်တဲ့ မစ္စမာတောင်မှ သူမကို စကားအကျယ်ကြီးပြောဖို့ ရှက်တဲ့အတွက် ‌အသံက နူးနူးညံ့ညံ့တိုးတိုးလေးထွက်လာသည်။



" အိုး၊ ငါတော့ တစ်ခါမှ မကြားခဲ့ရဘူး! မင်း ဒီမှာရောက်နေတာ ဦးစီးအရာရှိကျန်းသိရဲ့လား" သူက ဘာလို့လာမကြိုတာလဲ?



" ကျွန်မလည်း မသိဘူး။ လာတာ ရုတ်တရက် ဖြစ်သွားလို့ဖြစ်မယ် " မုန့်ယန်လည်း သိချင်နေသည်။



အဲ့ဒီနေ့က လက်ထပ်ဖို့ ဆွေး‌နွေးပြီးတဲ့နောက်မှာ အကြီးအကဲ‌ဟောင်းကျန်းက သူ့သားဆီ နောက်တစ်နေ့မှာစာပို့ခဲ့သည်။ အဲ့ဒါက လဝက်လောက်ကြာပြီးမှ ရမယ်ထင်တယ်။ ဘာလို့ သူ မလာတာပါလိမ့်။



" အိုး ကျွန်မလည်း သေချာမသိဘူး " သူလာမယ်လို့ သင်သာသိရင်ဒီမှာ အကြာကြီးစောင့်နေရမှာမဟုတ်ဘူး။ " ရဲဘော်မုန့်၊ ဒီကိုလာဦး၊ လာ။ သူ့ကို ဦးစီးအရာရှိအိမ်ဆီ ခေါ်သွားပေးပါဦး"



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now