47

70 6 0
                                    

47(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၄၇







 



ဒါပေမယ့် မုန့်ယန်မျက်လုံးထဲမှာ မြင်လိုက်တော့ သူ့ကိုယ်သူ တွေးလိုက်တယ် - ဒီငတုံးကို ကြည့်ပါဦး

“ဦးစီးအရာရှိ ရော သမီးတို့နဲ့ တူတူသွားချင်လား?”



သူ့မှာ ဂျူတီရှိနေတာကို ဘယ်လိုပြောရမှာလဲ။ သူသာ ပင်လယ်ဆီ အပြေးအလွှားသွားရင်တော့ သွားလို့ရမှာဘဲ ပြီးတော့ရှောင်မေ့က သူ့ကိုတမင်သက်သက်စနေတာဘဲ။



မုန့်ယန်က မေ့မေ့ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်တစ်ချက်ပေးလိုက်ပေမယ့် မေ့မေ့က သူမကို တစ်ချိန်လုံး မသိကျိုးကျွံပြုထားသည်။



“ကိုယ်...” ဒီစကားလည်းပြောပြီးရော သူရုတ်တရက် ရပ်လိုက်ပြီး သူ့လက်ထဲက အိတ်ဆောင်နာရီကို ကြည့်လိုက်ကာ စိတ်မကောင်းစွာနဲ့ ပြောလိုက်သည်။



“မလိုက်တော့ဘူး၊ ဒီစစ်သားတွေ လေ့ကျင့်ရေးပြီးရင် အစည်းအဝေးသွားရမှာ ပြီးတော့ အစည်းအဝေး မပြီးခင်အထိ အလုပ်ဆင်းလို့ မရသေးဘူး”



သူဒါကို ပြောနေတဲ့အချိန် ဒီစကားတွေက မုန့်ယန် တစ်ယောက်ထဲကိုဘဲ အထူးတလည် ပြောနေသလိုမျိုး သူ့မျက်လုံးတွေက မျက်တောင် တောင်မခတ်ဘဲ သူမကိုဘဲကြည့်နေသည်။



အဲ့ဒါက မှန်ပေမယ့်လည်းပေါ့။



မုန့်ယန်က သူ့ကြောင့် ဘာပြောရမှန်းမသိဖြစ်သွားပြီး သူမဘာမှမပြောရသေးခင် မေ့မေ့က သူမလက်ကိုဆွဲပြီး အဝေးကို အမြန်သွားတော့သည်။



“ဦးစီးအရာရှိမသွားဘူးဆို‌တော့လည်း အရင်သွားကြရအောင်! ဟီးဟီး!”



ကျန်းရှောက်ယွီက မေ့မေ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။



ဟေး! ဒီရိုင်းလိုက်တဲ့ ကောင်မလေး သူ့မှာ သူ့‌ကောင်မ‌လေးကို အခုထိ စကားနည်းနည်းတောင် မပြောရသေးဘူး! ငါးမိနစ်နားမယ်? ဒီချီး နှစ်မိနစ်တောင် မကုန်သေးဘူး!



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now