2

76 5 0
                                    

2(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၂











မုန့်ယန် စိတ်မရှည်တာကို ထိန်းပြီးမေးလိုက်သည်။ " ဘာလို့ သူ ငါ့ကို လာမပြောတာလဲ "



လုဟန်ကျွင်းက သူမကို ညစာစားဖို့ ဖိတ်ထားတယ်‌ပေါ့လေ? သူကအခု သူမကို လည်ပင်းညစ်သတ်ချင်နေတာ မဟုတ်ဘူးလား?



အမျိုးသားက ဖြည်းဖြည်းနဲ့ ပျင်းပျင်းရိရိပြောခဲ့သည်။ " ကိုယ့်ပါးစပ်ကို ဖွင့်လိုက်မိလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို မက်ဆေ့ပို့ပါ "



မုန့်ယန် သရော်လိုက်ပြီး ပြန်မေးလိုက်သည်။ " သူ ရှင်နဲ့တိုက်ခိုက်ရဲတယ် ဆိုတော့ သူက ကျွန်မကို စကားပြောဖို့ ရှက်နေတာလား "



"ရှောင်ကျွေ့ ဘယ်တုန်းက စကားကောင်းကောင်းပြောတတ်သွားတာလဲ " စွေ့မင်ကျစ်က သူမရဲ့ လျှာစောင်းထက်တာကို အံ့ဩသွားပြီး ပြုံးလိုက်ကာ သူမရဲ့ပါးကို ညစ်ချင်သွားသည်။



မုန့်ယန်ဘေး လှည့်လိုက်ပြီး ခြေလှမ်းနည်းနည်းနဲ့ကျန်ခဲ့လိုက်ကာ ပြောခဲ့သည်။



" ဒီညစာကို နင်မစားလည်း ကိစ္စမရှိပါဘူး။ ငါ သူ့ကိုခွင့်လွှတ်လိုက်မယ် "



" အခု မင်း အရမ်းကို ဆိုးလာတာ ကိုယ်သတိထားမိတယ်"



စွေ့မင်ကျစ်က သူမကို ဒီလိုမျိုး မလွှတ်လိုက်နိုင်တာကြောင့် သူလှည်းကို ရပ်လိုက်ကာ သူမကို အလွယ်ဘဲ နှစ်လှမ်းသုံးလှမ်းနဲ့ ဖမ်းလိုက်ပြီးနောက် ရုတ်တရက် သူမ လက်‌မောင်းကို ဆွဲဖို့ လက်ဆန့်ထုတ်လာပြီး သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းလိုက်ကာ သူမဘယ်လောက်ဘဲ ရုန်းရုန်း သူက တုတ်တုတ်မလှုပ်ပေ။



" လာမယ့် တနင်္ဂနွေ State-run ဟိုတယ်မှာ၊ မင်း မလာဘူးဆိုရင် ကိုယ် မင်း အိမ်ကိုသွားပြီး လူကိုယ်တိုင် သယ်သွားမယ် "



မုန့်ယန် ခေါင်းမော့လိုက်ကာ သူမရဲ့ လှပတဲ့မျက်လုံးတွေနဲ့‌ဒေါသထွက်စွာ စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now