49

82 6 0
                                    

49(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၄၉









စစ်သားက သူ့ခန္ဓာကိုယ်ကို ချက်ချင်း မတ်လိုက်ပြီး “ အိုး၊ မင်္ဂလာပါ မင်္ဂလာပါ! ငါ့နာမည်က ဝူရှီချန်။ ငါ့ကို လူအိုကြီးဝူလို့ ဘဲခေါ်” 



ကျန်းရှောက်ယွီက ထပ်ပေါင်းပြောလိုက်သည်။ “ လုပ်ဖော်ကိုင်ဖက်”



သူက စီနီယာအရာရှိဆိုရင် သူ့ကို ဘယ်လိုလုပ် လောင်ဝူလို့ ခေါ်လို့ရမှာလဲ? ကြည့်ရတာ သူနဲ့ ရာထူးတူပြီး သူငယ်ချင်းကောင်း ဖြစ်ရမည်။



“ မင်္ဂလာပါ အရာရှိဝူ” မုန့်ယန်က ဘာပြောရမှန်းမသိတော့ဘဲ ဆက်ပြုံးထားလိုက်သည်။



ဒါက သူ့အသိတွေနဲ့ သူမ ပထမဆုံး တရားဝင် တွေ့ဖူးတာပင်။ ပြီးတော့ သူမဟာ သူ့ဘဝထဲကို ဖြည်းဖြည်းချင်း ဝင်လာပြီလို့ ရုတ်တရက် ခံစားလိုက်ရပြီး သူတို့ကြားမှာ မယ်မယ်ရရ တိုးတက်လာတာပင်။



တန်းစီတဲ့ ငါးမိနစ်အတွင်းမှာ ငါးယောက်ထက်မနည်းတဲ့ အရာရှိတွေက ကျန်းရှောက်ယွီဆီ လာနှုတ်ဆက်ကြပေမယ့် ကျန်းရှောက်ယွီရဲ့ အမူအရာကတော့ လူတိုင်း မျှော်လင့်ထားတာထက်တောင် ကျော်လွန်နေခဲ့သည်။



အရာရှိတစ်ယောက်က “ ရို့ ဟိုး ရှောက်ယွီ၊ ဒီနေ့ ကန်တင်းမှာ လာစားဖို့ ဘယ်လိုလုပ် အချိန်ရသွားတာလဲ?”



ကျန်းရှောက်ယွီက မုန့်ယန်ကို ညွှန်ပြလိုက်ပြီး “ကျွန်တော့်လက်တွဲဖော်”



နောက်ထပ်တခြား အရာရှိ “ ဦးစီးအရာရှိ ညစာလာစားတာလား?”

မုန့်ယန်ကို ဆက်ပြပြီး “ ကျွန်တော့် လက်တွဲဖော်”



“ဟင်၊ ကျန်း...”



သူပြောလို့ မပြီးခင် ကျန်းရှောက်ယွီက ပြောလာသည်။ “ ကျွန်တော့် လက်တွဲဖော်”

၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now