50

171 6 0
                                    

50(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၅၀









အလေးအနက် အမူအရာနဲ့ ပြတ်သားတဲ့ မျက်နှာ ပုံစံက လူတွေကို အရမ်း ကြောက်လန့်စေသည်!



တုယန်ဟွားက မကျေမနပ်နဲ့ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ဟေး ကျွန်မ နားကြားလွဲတာ ဖြစ်မယ်၊ ဒါကို ဘယ်သူဖြန့်လိုက်လဲဆိုတာ ကျွန်မလည်းမသိဘူး”



သူနာပြုမလေး ရှောင်လောက ရှက်ရွံ့စွာနဲ့ တုယန်ဟွားရဲ့ အင်္ကျီထောင့်နားကို ဆွဲလိုက်ပြီး “ အစ်မယန်ဟွား၊ မကြာသေးတုန်းကတောင် ဦးစီးအရာရှိက ရဲဘော်မုန့်ဆီကို ပန်းတစ်အိုး ပို့ပေးလိုက်တယ်လို့ ကလေးတွေဆီက ကြားလိုက်သေးတယ်။ အစ်မ နားကြားလွဲတာဖြစ်လိမ့်မယ်”



တုယန်ဟွားက ခြေတစ်လှမ်း နောက်ဆုတ်သွားပြီး “ဟုတ်တာဘဲ ပန်းတွေတောင် ပို့နေသေးတာကို ဆက်ဆံရေးက အရမ်းကောင်းတာပဲ၊ အရမ်းကောင်းတာ၊ ဒါဆို ဒီကောလဟာလတွေကို ဘယ်သူဖြန့်လိုက်တာများလဲ?”



ရှောင်လောက ပြောလိုက်သည်။ “ ပါးစပ်ဖွာတဲ့ လူတွေဆီကနေ ဖြစ်လိမ့်မယ် “

တုယန်ဟွားက ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “ဟားဟားဟား”



ကျန်းရှောက်ယွီ နောက်ထပ်မပြောလာခင် တုယန်ဟွားက ရှောင်လောကို ဆွဲလိုက်ပြီး အမြန်ပြေးသွားတော့သည်။



ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကျန်းရှောက်ယွီနဲ့ မုန့်ယန် ကြားက လိုက်ဖက်ညီနေတဲ့လေထုက နည်းနည်းထူးထူးဆန်းဆန်း တိတ်ဆိတ်သွားသည်။



ကျန်းရှောက်ယွီရဲ့ နှလုံးက အရှေ့အနောက် ဒရမ်တစ်လုံးလို ခုန်ပေါက်နေပြီး သူမကို စိတ်မကောင်းဖြစ်စေတဲ့ ဒါကို ဘယ်လို လက်ခံရမလဲဆိုတာ စဉ်းစားနေလိုက်သည်။

တိတ်နေတဲ့အတွင်းမှာ သူ့အနောက်က အမျိုးသမီးက ရုတ်တရက် တိုးတိုးလေး ရယ်လာသည်။

၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now