32

51 3 0
                                    

32(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၂









" အခုလေးတင်ဘဲ၊ ဦးစီးအရာရှိရဲ့ လက်တွဲဖော်ကို ရဲဘော်မုန့်ယန်ကို ကျွန်မ‌ တွေ့လိုက်တယ်! အရင်အပတ်က ကျွန်မတို့ ကျွန်းကို လာတဲ့တစ်ယောက်လေ ရှင်သိတယ်မလား! သူမ သူ့အိမ်ထဲကို အိုးတစ်လုံးနဲ့ဝင်သွားပြီး အကြာကြီးနေမှ ပြန်ထွက်လာတာ။ ထွက်လာတဲ့အချိန်မှာလည်း သူမက အရမ်းပျော်နေတာ!"



‌ကုဝေ့ပြောစရာစကားမရှိတော့ဘဲ ခေါင်းကိုလှည့်လိုက်ပြီး စာရွက်ကို ဖတ်ခနဲ လှန်လိုက်သည်။ " ဘာများလဲလို့ ရေးကြီးခွင်ကျယ်နဲ့ "



" မဟုတ်သေးပါဘူး၊ ရှင်က ဘာလို့ ဒီလို ဇီဇာကြောင်နေရတာလဲ? မုန့်ယန်က အရမ်းလှတဲ့ကောင်မလေး ဒါပေမယ့် သူမ ကျွန်းကို ရောက်လာပြီးတဲ့နောက်မှာ ဦးစီးအရာရှိက တစ်ခါမှ သူမကိုကြည့်တာမတွေ့ဖူးဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဦးစီးအရာရှိက တခြားမိန်းကလေးတွေကို စိတ်မဝင်စားတဲ့အတွက် သူက မုန့်ယန်ကို အချိန်တိုအတွင်းမှာ မြို့ကို ပြန်ပို့လိမ့်မယ်လို့ လူတိုင်းက ကောလဟလတွေဖြန့်နေကြတာ။ ကြည့် ကောလဟလတွေက ကိုယ့်ကိုယ်ကို အနိုင်ယူလိုက်တာမဟုတ်ဘူးလား?"



ကုဝေ့ရဲ့ မျက်နှာအမူအရာက တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာပြီး ပြောခဲ့သည်။



" သူတို့ကွဲကွဲ မကွဲကွဲ အဲ့ဒါ မင်းနဲ့ဘာဆိုင်လဲ? ကျေးဇူးပြုပြီးတော့ အခြားလူတွေ ပြောတဲ့ဟာတွေကို နားထောင်ပြီး မယုံနေစမ်းပါနဲ့။ ကြီးကြီးကျယ်ကျယ်ဖြစ်အောင်လုပ်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို မင်းမသိဘူးလား? မင်းရဲ့ပါးစပ်ကို ထပ်ပြီး မထိန်းထားနိုင်ရင် အဲ့ဒါက အနာဂတ်မှာ မင်းအတွက် ဆိုးကျိုးတွေဖြစ်လာလိမ့်မယ် "



" ဟေး၊ ဒီစကားတွေကို ကျွန်မ ဘယ်အချိန်ထိ ထပ်ပြီး နားထောင်ရမှာလဲ?" သူက သေနေသလိုဟန်ဆောင်နေလိုက်ပြီးချန်ချောင်းလီက သူ့ရဲ့ သတင်းစာကို ဆွဲယူလိုက်ကာ ပြောခဲ့သည်။



" ရှင့်ကိုကြည့်ပါဦး၊ သတင်းစာ‌ဟောင်းဘဲ တစ်‌နေ့လုံးဖတ်နေတာ။ ရှင့်အိမ်နီးချင်းတွေကိုတော့ ဘယ်တုန်းကမှ ဂရုမစိုက်ဘူး "



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now