17

60 2 0
                                    

17(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁၇











" ကျွန်မကိုဦးစီးအရာရှိရဲ့ တွဲဖက်လို့မခေါ်ကြပါနဲ့။ မုန့်ယန်လို့ဘဲခေါ်ပါ "



" ဒါဆို ညီမမုန့်ယန်လို့ခေါ်မယ်!"



မုန့်ယန် - " ကောင်းပါပြီ"



သကြားရည်ပန်းကန်လုံးကို ကိုင်ထားရင်း မစ်ဟုန်က မေးလိုက်သည်။ " ညီမမုန့်ယန်က မြို့တော်က လာတာလား "



ကလေးတွေက စိတ်အားထက်သန်စွာနဲ့ တောက်ပနေတဲ့ အနီရောင်သကြားရည် ပန်းကန်လုံးကို စိုက်ကြည့်နေကြပြီး၊ လောဘတကြီးနဲ့ ပါးစပ်တွေကို လျှာနဲ့ သပ်နေကြသည်။



ကြွေရည်သုတ်ခွက်ရဲ့ နှုတ်ခမ်းနဲ့ လက်ကိုင်မှာ ထောင့်အနည်းငယ်ပဲ့နေကာ နက်ညိုရောင်မျဉ်းတွေ ပေါ်နေပေမယ့် ခွက်အထဲမှာတော့ သန့်ရှင်းနေသည်။ မုန့်ယန်က ခွက်ကို ယူလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်သည်။



ခုနလေးတင်ကဘဲ သူမ လက်ဖက်ရည်တွေ အများကြီး သောက်ပြီးသွားပြီဖြစ်ပြီး အခုကျ သူမမှာ သကြားညိုရည်တစ်ခွက် ထပ်ရှိနေပြန်ပြီ။ သူမ ဒီနေ့ တစ်နေ့လုံးစားနေဖို့ မလိုဘူးဆိုတာ မုန့်ယန် ခံစားလိုက်ရပြီး သူမကိုယ်သူမ စိတ်ကျေနပ်စေဖို့ သကြားရည်သောက်ရဦးမည်။



" ဒါဆို မြို့တော်က ဘယ်လိုလဲဆိုတာ ငါတို့ကိုပြောပြပါဦး။ ငါတို့ရဲ့ကြီးမြတ်တဲ့ ခေါင်းဆောင်ကိုရော အမြဲတမ်းတွေ့ရလား?"



"ဒါက မလုံလောက်ဘူး" မုန့်ယန်ပြုံးလိုက်ပြီး လူတိုင်းကို မြို့တော်က ရိုးရာဝတ်စုံတွေနဲ့ မြို့တော်ပုံစံကို ပြောပြလိုက်သည်။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အကုန်လုံးက စိတ်ဝင်စားစရာပုံပြင်ကို ကြားနေရသလိုမျိုး စိတ်ဝင်တစားနဲ့ နားထောင်နေကြသည်။



ဆယ်မိနစ်‌လောက်ပြောပြီးတော့ သူမအာခေါင်ခြောက်လာပြီး ပါးစပ်အပြည့် သကြားရည်နှစ်ငုံသောက်လိုက်သည်။



" ညီမမုန့်ယန် မြို့တော်မှာ ညီမဘာလုပ်လဲ "မစ်မာကမေးလိုက်တယ်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now