23

50 5 0
                                    

23(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၂၃













ခွက်ကို ယူပြီးတဲ့နောက်မှ လုချွန်းဟုန်က မစ်ဟုန်နောက်က အမျိုးသမီးကို တွေ့သွားသလို ဟန်ဆောင်လိုက်ကာ မမျှော်လင့်ထားတဲ့ပုံနဲ့ ပြောခဲ့သည်။ " ဒါက ဘယ်သူများလဲ?"



မစ်ဟုန်က ကပြာကယာနဲ့ သံရေပုံးနဲ့ ဝါးတံ တစ်စုံကို ယူထုတ်လာပြီး တော့ ထွက်လာကာ အပြုံးနဲ့ပြောလိုက်သည်။ " ဒေါက်တာလု ဒါကဦးစီးအရာရှိရဲ့ လက်တွဲဖော်လေ။ နာမည်က မုန့်ယန်တဲ့ မြို့တော်ကလာတဲ့ ကောင်မလေး "



" သူမက မြို့တော်ကလာတာလား? သူမက အရမ်းချောပြီး အရမ်းလည်း ဆင်ခြင်တတ်တာပဲနော် " ပြောပြီးတဲ့နောက်မှာ သူမက တုယန်ဟွားကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။



တုယန်ဟွားက ခြောက်ကပ်ကပ်ရယ်လိုက်ပြီး သူမကို အထက်အောက် သေချာကြည့်လိုက်ကာ ပြောခဲ့သည်။



" ဟုတ်တယ်။ သူမက အရမ်းချောတာဘဲ။ ထင်ထားသလိုမျိုး မြို့တော်ကလာတာပဲ။ သူမက တခြားနေရာက ကောင်မလေးတွေနဲ့ ကွာတာဘဲနော်"



ဘာကွာတာလဲ? သူတို့အကုန်လုံးက မျက်လုံးနှစ်လုံး ပါးစပ်တစ်ပေါက်ပါ ကြတာ နေရာကွာသွားတာလေးပဲကို လက်မခံနိုင်စရာဘဲ။



" မင်္ဂလာပါ " မုန့်ယန်က ပြုံးလိုက်ကာ မျက်ခွံ‌လေးပင့်လိုက်ပြီး သူတို့ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။



"မင်းက အရမ်းယဉ်ကျေးတာဘဲ။ မြို့တော်က လူတွေက အရမ်းကွာခြားကြတယ်ထင်တယ်။ သူတို့က အရမ်းယဉ်ယဉ်ကျေးကျေး ပြောကြတာဘဲ " မြို့တော်ဆိုတဲ့ စကားကနေ စကားလုံး နည်းနည်းတောင် မခွာနိုင်ကြပေ။ ရယ်ပြီးတဲ့နောက်မှာ လုချွန်းဟုန်က ထပ်မေးခဲ့သည်။



" မနေ့တုန်းက ရောက်တာလား။ တို့က ဒီနေ့လေးတင်ဘဲ ကြားလိုက်ရတာ။ ဒါပေမယ့် အစ်မဟုန်၊ သူမက ဘာလို့ အစ်မအိမ်မှာ နေနေတာလဲ?"



"ကျွန်မ အိမ်မှာက အခန်းများတယ်လေ။ ကျွန်းပေါ်က ဘယ်အိမ်က ကျွန်မအိမ်လို အခြေအနေရှိလို့လဲ?" မစ်ဟုန်က ရည်ရွယ်ချက်ရှိရှိ ဝိုးတိုးဝါးတားဖြေလိုက်သည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now