9

65 2 0
                                    

9(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၉











စုန့်ရိရန်က မုန့်ယန်ထက် တစ်နှစ်ငယ်‌ပြီး နောက်လမှာ ဆယ့်ရှစ်နှစ်ပြည့်မှာဖြစ်သည်။ သူမက အရောင်စုံ ရှပ်ဂျပ်ကပ်ကို ဝတ်ထားပြီး နားရွက်အနားက ကျစ်ဆံမြီးကျစ်ထားတဲ့ ပတ်ပတ်လည်မှာ ပန်းအဖြူနှစ်ပွင့်ပန်ထားသည်။ သူမကို ကြည့်လိုက်တဲ့အချိန် သူမမျက်လုံး‌တွေက အသက်အရွယ်နဲ့မလိုက် ခေါင်းမာပြီး  ဆုံးဖြတ်ချက် ပြတ်သားနေသည်။



ဘယ်ဘက်ကပဲ ကြည့်ကြည့် မူလစာအုပ်က ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်တွေနဲ့ ဆက်ဆံရေး ကောင်းကောင်းလုပ်ထားသင့်သည်။ အဆုံးမှာတော့ ဇာတ်လိုက် နဲ့ အမျိုးသမီး ဇာတ်လိုက်ကြောင့် ဝတ္ထုက တည်ရှိ‌‌နေရတာပင်။ ဒီရွှေပေါင်လုံးကြီးနှစ်ခုကို မဖက်ထားရင် သူတို့တွေ စိတ်ကျေနပ်မှာ မဟုတ်ဘူး။



မုန့်ယန်ရဲ့ ရုတ်တရက် ယဥ်‌ကျေးပြီးရင်း ယဉ်ကျေးနေတော့ စုန့်ရိရန်က မပျော်မရွှင်နဲ့ မျက်မှောင်ကြုပ်သွားသည်။ သူမ လုဟန်ကျွင်းကို အဝေးခေါ်သွားလိုက်ချင်ပေမယ့် သူမက ထပ်ပြောခဲ့သည်။



" ‌နှစ်ရက်အတွင်းမှာ ငါ ဖေ့လန်ကျွန်းကို သွားတော့မှာ။ နင်တို့ နှစ်ယောက် တွဲနေတယ်လို့လည်း ငါကြားတယ် "



သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဖြစ်သွားတာရက်အနည်းငယ်လောက်ပဲ ရှိသေးသည်။ အမှန်တိုင်းပြောရရင် ဇာတ်လိုက် လုဟန်ကျွင်းက အလှလေးကို ကယ်တင်လိုက်တဲ့ ဇာတ်ကွက်ဖြစ်ပြီး မုန့်ယန်ရဲ့ အံ့ဩစရာကောင်းတဲ့ ကူညီမှုကို ကျေးဇူးတင်ရမည်။ အဲ့ဒီနောက်မှာ သူတို့ရဲ့ ဆက်ဆံရေးက နောက်တစ်ဆင့်ကို တက်သွားကြသည်။



ဒီစုံတွဲရဲ့ ရက်ရက်စက်စက် ခွေးသွေးဆန်တဲ့ ဇာတ်ကြောင်းကို စဉ်းစားမိရင်း ဒီကြည့်ကောင်းတဲ့ စုံတွဲအတွက် တိတ်တိတ်လေး ဝမ်းနည်းသွားရသည်။



ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ နောက်ဆုံးမှာ ဒါက ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်တို့ရဲ့ ဘဝဘဲလေ၊ အတက်အကျ ဖြစ်နေပေမယ့်လည်း ဇာတ်သိမ်းကတော့ ပျော်စရာ ဇာတ်သိမ်းပဲဖြစ်သည်။ အမြှောက်စာ အရံအမျိုးသမီးဇာတ်ကောင်ဖြစ်တဲ့ မုန့်ယန်အနေနဲ့ တစ်ယောက်ထဲဖြစ်တာက ကောင်းသည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now