11

59 3 0
                                    

11(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁၁











မုန့်ယန်က မျက်မှောင်ကြုတ်ပြီး ပြောခဲ့သည်။ " ဒါဆို နောက်တော့ သူကောင်းသွားလား?"



သူမ ပြောပြီးတဲ့နောက်မှာ သူမက မဟုတ်တဲ့‌မေးခွန်းမေးမိလိုက်မှန်း သ‌ဘော‌ပေါက်သွားခဲ့သည်။ တစ်ခုခုသာဖြစ်သွားခဲ့ရင် ဖေ့လန်ကျွန်းကို သူမလက်ထပ်ဖို့ လာရတာ ဖြစ်နိုင်ပါ့မလား။



" သူ ကောင်းသွားတယ်၊ သူ အသက်ရှင်နေတုန်းပဲ။ ဆရာဝန်တောင် သက်ပြင်းချရတယ်။ ဦးစီးအရာရှိက ကံကောင်းတယ်လို့ ပြောရမယ်။ ကျိုးနေတဲ့ နံရိုးနှစ်ချောင်းနဲ့ သူက သုံးနာရီလောက် ကားမောင်းနိုင်နေတုန်းပဲ။ ဒါက သာမာန်လူတစ်ယောက် မဟုတ်လောက်ဘူး။ကျွတ်စ်... ဦးစီးအရာရှိကျန်းက အရမ်းအကြင်နာမဲ့တာဘဲ!"



အရမ်းကို အကြင်နာမဲ့ပြီး ရက်စက်တဲ့လူဘဲ။



" သူက အရမ်းအံ့ဩဖို့ကောင်းတာပဲ" ဒီစကားကို ထုတ်ပြောဖို့ သူမ အတော်ကြာ စဉ်းစားလိုက်ရသည်။



ဘယ်လို ကြီးကျယ်တဲ့ စကားလုံး ပမာဏကမှ ကျန်းရှောက်ယွီရဲ့ အကြမ်းပတမ်းခံနိုင်မှုကို မဖော်ပြနိုင်တာကြောင့် မုန့်ယန်ရဲ့ နှလုံးက ရုတ်တရက် ခုန်လာခဲ့သည် - ဘာမှသာ မဖြစ်လာဘူးဆို ဒီအမျိုးသားက သူမကို သူမရဲ့ တစ်ဘဝလုံး အဖော်ပြုပေးမယ့်လူဘဲ။



သူတို့က မကြာခင်တွေ့ရတော့မှာ။ သူမတို့ ဘယ်လိုမျိုးများဖြစ်နေမလဲ?"



" မရီးရေ စကားပြောတာ ရပ်ကြရအောင်။ သင်္ဘော လာနေပြီ"



ဆံပင်အနက်ရောင်နဲ့ အမျိုးသားက တချွင်ချွင် မြည်သံနဲ့အတူ မတ်တပ်ရပ်လိုက်ကာ ‌အရှေ့ကို တိုးသွားလိုက်သည်။

.........



လူတွေက အရမ်းကျပ်နေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းတိုက်မိနေကာ အမျိုးသားတွေက မုန့်ယန်ရှိတဲ့ ဘက်ကိုဘဲ ရည်ရွယ်ချက်ရှိရှိ တစ်ချိန်လုံး တိုးနေကြသည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now