6

58 4 0
                                    

6(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၆











မုန့်လေ့လည်း ဘာမှ မပြောပေ။ ဒီအစ်မ ရောင်းတဲ့သကြားလုံးကိုလည်း မစားဘဲ သူ့ခေါင်းကို လှည့်လိုက်ပြီး အဝေး‌ကိုပြေးသွားကာ အံတင်းတင်းကြိတ်ထားလိုက်သည်။



ညနေဘက်မှာ မုန့်ယုက ကျန်းမေ့နဲ့ အဝတ်လျှော်ဖို့ ရေချိုးခန်းထဲ လိုက်သွားသည်။ သူ့အစ်မထွက်သွားပြီးရင်တော့ မိသားစုတာဝန်တွေ အများကြီးက သူ့ပုခုံးပေါ်ကျလာမှာဖြစ်တဲ့အတွက် အခုကတည်းက အိမ်အလုပ်တွေကို သူသင်ယူရမည်။



ဖေးဖေးက မုန့်ယန် လက်မောင်းတွေထဲ တိုးဝင်လိုက်ကာ သူတို့ထဲ သူ မပါရတာကို မလိုလားဖြစ်နေတဲ့ မုန့်လေ့ မျက်စိတွေက ချဉ်စူးသွားပြီး ကလေးမကို ဆွဲထုတ်လိုက်ပြီး အဲ့ဒီအစား သူ့ကိုပဲထည့်ထားဖို့ သူဆုတောင်းလိုက်မိသည်။



" အစ်မက သူ့ကိုပဲဖက်နေပြီး သားကိုကျတော့မဖက်ဘူး " သူ့မျက်လုံးတွေထဲ မကျေမချမ်းမှုတွေနဲ့ ပြည့်နှက်သွားသည်။



မုန့်ယန် ရယ်ရမလိုလို ငိုရမလိုလိုဖြစ်သွားကာ ပြောခဲ့သည်။" လေ့လေ့ နင်က ဆယ့်သုံးနှစ်အရွယ် ကောင်လေးဖြစ်နေပြီလေ၊ အဲ့ဒီတော့ မသင့်‌တော်တော့ဘူး "



" သား အဲ့ဒီလောက်ထိ မကြီးသေးဘူး! ကလေးဖြစ်နေတုန်းပဲ!



သူပိုပြောပြီး မုန့်ယန် လက်မောင်းထဲက ဖေးဖေးကို ကြက်ကလေးလိုမျိုး ပိုပြီးအားကြိုးမာန်တက် ဆွဲမလိုက်ကာ သူ့ကိုယ်ကို လှဲဝင်ချလိုက်သည်။ " သား အစ်မကို ဖက်မှာ ဖက်ပဲဖက်မှာ!"



သူ့ခေါင်က စတီးလိုပဲ မာကျောနေကာ ခပ်တိုတိုညှပ်ထားတဲ့ဆံပင်တွေက သူမရဲ့နူးညံ့တဲ့ဗိုက်မှာ ထိနေတော့ မုန့်ယန်မှာ ယားလွန်းလို့ ငိုရမလို ရီရမလိုနဲ့ မရပ်နိုင်တော့ချေ။



" လေ့လေ့ နင်က ဂျူနီယာအထက်တန်း ပထမနှစ်‌က ကလေးကြီးတောင် ဖြစ်နေပြီ။ ပြီးတော့ နောက်လအနည်းငယ်မှာ ဂျူနီယာအထက်တန်း ဒုတိယနှစ်တောင်ဖြစ်တော့မယ်။ နင့်အစ်မက မိန်းကလေးနော် သင့်တော်တယ်လို့ နင်ထင်နေတာလား"



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now