38

62 4 0
                                    

38(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၈











" မင်း စာလေ့လာနေတာလား " ကြွေရည်သုတ်ခွက်တစ်ခွက်နဲ့ မုန့်ယန် အခန်းထဲဝင်လာတော့ သူမေးလိုက်သည်။



" ဟင့်အင်း၊ ကျွန်မ အထက်တန်းကနေ ဘွဲ့ရပြီးသွားပြီဟာကို ဂျူနီယာအထက်တန်းစာအုပ်တွေကို ဖတ်ပြီး ကျွန်မက ဘာလေ့လာရမှာလဲ? " ပြောရင်း သူမ ရေခွက်ကိုချလိုက်သည်။



ကျန်းရှောက်ယွီက ရေခွက်ကိုယူလိုက်ပြီး မျက်ခုံးနည်းနည်းပင့်လိုက်သည်။ " မင်းက အထက်တန်းကနေ ဘွဲ့ရပြီးသွားတာလား? အရမ်းကောင်းတယ် "



မုန့်ယန်က ရယ်လိုက်သည်။ " ကျွန်မ တောင်းပန်ပါတယ်"



မုန့်ယန်က စာအုပ်လှန်နေတဲ့သူ့လက်‌ကို လိုက်ကြည့်လိုက်တော့ သူ့လက်က အသားအရည်က ကြမ်းနေတာကို သူမ ရှာတွေ့သွားသည်။ အဲ့ဒါက လှပပြီးတော့ အရိုးတွေက ရှည်ရှည်သွယ်သွယ်နဲ့ အဆစ်တွေက ရှင်းလင်းပြတ်သားနေသည်။



သူ့မျက်နှာကို တစ်ချက်ထပ်ကြည့်လိုက်ပြီး " ဒီစာအုပ်က စာအုတ်ဖတ်ရင်းအချိန်ဖြုန်းဖို့ ကျွန်မကို ရှောင်မေ့ ပေးထားတာ "



" မင်းစာဖတ်ရတာကြိုက်တာလား?"



"ကြိုက်တယ် "



သူက စာရွက်တွေ လှန်နေရင်း ရုတ်တရက် ရယ်လိုက်သည်။ " ကိုယ့်မှာ စာအုပ်မျိုးစုံနည်းနည်းရှိတယ်။ မင်းပျင်းလို့ရှိရင် ကိုယ်စာအုပ်တွေ ပေးမယ်လေ "



မုန့်ယန့် ပျော်သွားသည်။ " ကောင်းတယ် "



သူမက ပျင်းနေပြီး ဘာမှလည်း လုပ်စရာမရှိနေဘူး။



တစ်ယောက်ကို တစ်ယောက်ကြည့်နေရင်း ရုတ်တရက် တိတ်သွားကြသည်။



ဒါပေမယ့်လည်း သူတို့ကြားက ရှက်ရွံ့မှုတွေက ပျောက်သွားပုံရသည်။ အခု သူမတို့စကား ပြောမနေကြတာတောင်မှ သူမတို့အတူတူရှိနေတဲ့အခါ နွေးထွေးမှုကိုခံစားရသည်။



ကျန်းရှောက်ယွီကို ကြည့်ရတာ စကားပြောချင်နေပေမယ့် သူမပြောမှာကိုလည်း စောင့်နေတဲ့ပုံပေါ်သည်။ သူ့ရဲ့ တုံ့ဆိုင်းနေတဲ့အမူအရာကြောင့် မုန့်ယန် စိတ်တွေလှုပ်ရှားနေပြီး မျက်တောင် တစ်ခတ်အတွင်းမှာဘဲ အိပ်ယာအဆုံးမှာ လှလှပပပွင့်နေတဲ့ ခေါင်ရမလးပန်းတွေကို သူမတွေ့လိုက်သည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now