1

108 5 0
                                    

1 (uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁













အကွေ့အကောက်များတဲ့ လမ်းကြားကို လှည့်ပတ်ကာ လမ်းအနည်းငယ်ကို ကွေ့ပတ်ပြီး နောက်ဆုံး လမ်းကြားတစ်ခုကို ဝင်သွားရင် မုန့်မိသားစုနေထိုင်တဲ့ခြံဝင်းကိုရောက်သည်။





အုတ်ပါးပါး မီးခိုးရောင်ခြံဝန်းအိမ်တွေနဲ့ ကြွေပြားအကောင်းတွေ၊ လမ်းကျဉ်းကျဉ်းတွေ၊ ပြီးတော့ နေရာတိုင်းမှာ တရားမဝင်ဆောက်ထားတဲ့ ရုံအသေးလေးတွေက လူသွားလမ်းကို ကျဉ်း‌စေပြီး လူကျပ်စေသည်။





မီးဖိုတွေ ရေနွေးအိုးတွေနဲ့ ချက်ပြုတ်ဖို့ မီးသွေးတွေက လမ်းနှစ်ဖက်စလုံးမှာ ရှိနေကြသည်။ ဖြတ်သွားချိန် ခြေထောက်က ခြေဖဝါးတွေမှာ ပြာမည်းမည်းတွေ ပေတက်သည်။





" ပြန်‌လာပါပြီ "





တံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်သွားချိန် ကျန်း‌မေ့က ရေခန်းထဲမှာ လျှော်ဖို့ ပေနေတဲ့အဝတ်တွေကို ရှာနေခဲ့သည်။



သူမရဲ့အနောက်မှာက အနက်ရောင်ဆေးသုတ်ထားတဲ့ သစ်သားစားပွဲခုံရှိပြီး အနောက်မှာ ခြင်ထောင်တန်းလန်းနဲ့ အိပ်ယာရှိသည်။ ဒီလို ကြီးမားတဲ့ ပစ္စည်းနှစ်ခုနဲ့တင် အခန်းတစ်ခုလုံး ပြည့်နေသည်။



ဆယ်မီတာစကွဲ ကျော်တဲ့အခန်းထဲမှာ မိသားစုခြောက်ယောက်နဲ့ ကျပ်သိပ်နေသည်။ လူဦး‌ရေ များပြားမှုကြောင့် တစ်ခန်းကို နှစ်ခန်းအဖြစ် ခွဲထားရသည်။



အနောက်က အခန်းမှာ ကလေး လေးယောက်အတွက်ဖြစ်ပြီး အပြင်ဘက် အခန်းကတော့ လူကြီးနှစ်ယောက်အတွက်ဖြစ်သည်။ အရမ်းကို အဆင်မပြေစွာနဲ့ပဲ မီးဖိုချောင်နဲ့ သန့်စင်ခန်းကိုတော့ မျှသုံးကြရသည်။



သို့သော် ဒါကတော့ ဒီနေ့ခေတ်မှာမြို့အတွင်းအများဆုံးနေထိုင်ကြတဲ့ နေ့စဉ်ဘဝ ပတ်ဝန်းကျင်ဖြစ်သည်။



မုန့်ယန် ပထမဆုံး ကူးပြောင်းလာတုန်းက ‌ချို့ချို့တဲ့တဲ့နေရတဲ့ အခြေအနေကြောင့် အိပ်မပျော်တဲ့ ရောဂါကိုတစ်ရက်နဲ့ တစ်ညလောက် ခံစားလိုက်ရပြီး နောက်ဆုံးမှာ ရေချိုးခန်းသွားတာက သူ(မ) မကျော်သွားနိုင်တဲ့ အကျပ်အတည်း ဖြစ်နေတုန်းဆိုတာ သူ(မ)ကိုယ်သူ(မ) လက်ခံဖို့ တွန်းအားပေးလိုက်ရသည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now