10

71 3 0
                                    

10(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၁၀











နောက်ဆုံးမှာ သူ အနောက်ကနေ တိတ်တိတ်လေး ငုံ့ချလိုက်ပြီး သူမ ပုခုံး‌ကို လက်နဲ့ဖက်လိုက်သည်။



" ဘာလို့‌ငိုနေကြတာလဲ? ဘာလုပ်နေကြတာလဲ? နင်တို့အစ်မက ပြန်မလာနိုင်တော့မှာ ကျနေတာဘဲ။ ဒီနှစ်မှာ တစ်ခေါက်တော့ မင်းတို့‌ကို ပြန်လာတွေ့ဖို့ အစ်မကြိုးစားပါ့မယ်။ ဟုတ်ပြီလား?"



ဘယ်သူမှ အသိအမှတ်မပြုလာပေ။



" မငိုနဲ့တော့။ ဒါက ကောင်းတဲ့အရာဘဲလေ။ ရှောင်ယုက မကြာခင်ဘွဲ့ရတော့မှာ ပြီးတော့ သူက အစ်မအလုပ်ကို လက်လွှဲယူရတော့မှာ။ အဲ့ဒါက ပိုတောင်ကောင်းသေးတယ်။ မင်းက အစ်မအတွက် ကျေးလက်ဒေသတွေဆီ သွားစရာမလို‌တော့ဘဲ အစ်မအတွက် မြို့ပေါ်မှာဘဲနေပြီး မင်းတို့ကို ဂရုစိုက်ရတော့မှာ။ ပြီးတော့ အစ်မ ထွက်သွားရင် ရှောင်ယုနဲ့ လေ့လေ့က အိပ်ခန်းကြီးကိုရပြီးတော့ ဖေးဖေးက အိပ်ခန်းသေးမှာ တစ်ယောက်ထဲ အိပ်ရမှာ၊ သိကြလား?"



" အစ်မ...." ကလေးသုံးယောက်က တစ်ပြိုင်ထဲခေါ်လိုက်ကြသည်။



မုန်လာဥခေါင်းလေး နှစ်လုံးကို ပွတ်လိုက်ပြီးတော့ မုန့်ယန်က အပြုံးနဲ့ပြောခဲ့သည်။



" လေ့လေ့က အထက်တန်းကို ရောက်ဖို့ ပြင်းပြင်းထန်ထန် ‌အကောင်းဆုံး ကြိုးစားရမယ်နော်။ သူသာ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် အလုပ်သမား၊လယ်သမားနဲ့ စစ်သား တက္ကသိုလ်ကို ‌သွားဖို့ ထောက်ခံပေးတာခံရလိမ့်မယ် "



၁၉၇၄၊ မုန့်ယန် အထက်တန်းဘွဲ့ရပြီးတဲ့အချိန်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲက အချိန်အတော်ကြာပြီးမှ ပြန်စခဲ့ပေမယ့် အခုတော့ သူမ မောင်‌ကို သတင်းကောင်း မပြောနိုင်သေးဘဲ သူ့ကို ကြိုးစားဖို့ဘဲ တိုက်တွန်းနိုင်သည်။



မုန့်လေ့က သူ့မျက်ရည်တွေကို သူ့အင်္ကျီလက်နဲ့သုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြောခဲ့သည်။ " သားမှာ ကောလိပ်ကိုသွားဖို့ အရည်အချင်း ကောင်းကောင်းမရှိဘူး။ ပြီးတော့ စာလုပ်တာက ဘာအသုံးဝင်မှာလဲ၊ အလုပ်စောစောလုပ်ပြီး ပိုက်ဆံရှာတာက ပိုတောငကောင်းသေးတယ် "



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now