37

50 4 0
                                    

37(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၇











‌နေ‌ရောင်က အခန်းထဲက ပြတင်းပေါက်ကိုဖြတ်ပြီး ခေါင်ရမ်းပန်းပေါ်ကို စောင်းကျလာသည်။ အနီရောင်ပန်းတွေနဲ့ အစိမ်းရောင်သစ်ရွက်တွေက တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံနေစေသည်။



သူတို့က အရောင်အသွေး မစုံနေပေမယ့်လည်း သူတို့ကအရမ်း ဂုဏ်ကျက်သရေရှိနေကြသည်။



ကျန်းရှောက်ယွီက ပန်းကိုကြည့်ဖို့ အနားကပ်လာတော့ သူပိုကြည့်လေ ပိုလှလာလေလို့ သူခံစားလိုက်ရသည်။



" လူအိုကြီးရှု၊ ခင်ဗျား ဒီပန်းကြိုက်လား?"



လူအိုကြီးရှုက လက်ဖက်ရည်ကို တစ်ကျိုက်ထဲ‌သောက်လိုက်ပြီး သူ့ပါးစပ်ကိုသုတ်လိုက်ကာ ရေနွေးအိုးကို ယူလိုက်ပြီး နောက်ထပ် တစ်ခွက်ထပ်လုပ်လိုက်သည်။



" မင်းကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဒီတိုင်းပေးလိုက်ပေါ့ "



ကျန်းရှောက်ယွီ အပျော်လွန်သွားကာ တစ်ခဏလောက် ချင့်ချိန်နေပြီးမှ နောက်ဆုံး အကောင်းဆုံးလို့ သူထင်ရတဲ့ အိုးကို ရွေးယူလိုက်ကာ ပြောခဲ့သည်။



" ကောင်းပြီ ခင်ဗျားမကြိုက်ရင် ကျွန်တော် အိုးကိုအဝေးပို့လိုက်မယ် "



" ဟေး ကောင်လေး မင်း ဘယ်သွားမလို့လဲ?"



" ကျွန်တော်လုပ်စရာရှိလို့၊ ဒီညနေ ခင်ဗျားနဲ့ ကျောင်းဝင်းထဲကို မလိုက်နိုင်တော့ဘူး။ နောက်မှတွေ့မယ် "



စစ်တပ်ကနေ မစ်ဟုန်အိမ်ဆီသွားတဲ့ လမ်းတစ်လျှောက်မှာ သူ့လက်ထဲက ခေါင်ရန်းပန်းတွေကြောင့် ဖြတ်သွားတဲ့သူတွေ အများအပြားက သူ့ကိုရပ်ကြည့်သွားကြသည်။



" ဟေးဦးစီးအရာရှိ၊ ပန်းတွေ စိုက်နေတာလား? " ဒီနေ့ အိမ်မှာ ချက်ပြုတ်ပြီးတဲ့နောက် သူမချက်ပြုတ်ဖို့မေ့သွားတာကိုသတိရသွားသည်။



သူမ ယောက်ျားအိမ်ပြန်မရောက်ခင် ချန်‌ချောင်းလီက ညစာယူဖို့ စစ်တပ်ကန်တင်းကို အမြန်သွားလိုက်သည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now