26

66 4 0
                                    

26(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၂၆







"...ရဲဘော်ကျန်း၊ အမ် ရှင့်မှာပြောစရာ တစ်ခုခုရှိလို့လား?"



သူမ ရှေ့မှာရပ်နေတဲ့ အမျိုးသားရဲ့ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်နဲ့ သူ့ရဲ့နောက်ကျောက ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေပြီး နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။ အဲ့ဒါကြောင့် မုန့်ယန် မျက်လုံးထဲ အမှောင်တွေနဲ့ ဝိုးတိုးဝါးတားဖြစ်နေခဲ့သည်။



သူက ပြောခဲ့သည်။ "ဘာပြောစရာလဲ?"



ရှင်ဘာမသိတာလဲ?



အခု သူ့ရှေ့မှာ သူမ ဘယ်လောက် ရှက်နေရလဲဆိုတာ မုန့်ယန်မဖော်ပြနိုင်ပေ။ ကျန်းရှောက်ယွီနဲ့ တူတူရှိနေတဲ့အချိန်တိုင်း သူမနှလုံးက ပဲပိစပ်လိုမျိုး အမြဲတမ်းခုန်ပေါက်နေသည်။



သူက ရှက်စေတဲ့စက်ကြီးလိုဘဲ။



"ဒါဆို..."မုန့်ယန် သူ့အနောက်က သံတံခါးကို လက်ညှိုးထိုးပြလိုက်သည်။ " ပြောစရာဘာမှမရှိဘူးဆိုရင်၊ ကျွန်မ အရင်ပြန်လို့ရမလား?"



အမျိုးသားက မတုံ့ဆိုင်းနေဘဲ ‌ခေါင်းညိတ်လိုက်ပြခဲ့သည်။ " အင်း "



" အဟွတ် " မုန့်ယန်က ချောင်းဆိုးလိုက်ပြီး " ကျွန်မ တကယ် မနေခဲ့ချင်ပါဘူး"



သူမ တကယ်ချောင်းဆိုးနေတယ်လို့ သူထင်လိုက်ကာ သူက ဖန်ခွက်တစ်ခွက်ကို ရှာလိုက်ပြီး ရင်းရင်းနှီးနှီးနဲ့ ရေနွေးထည့်ပေးလိုက်သည်။



" သောက်မလား?"



"ကျေးဇူးပါ" မုန့်ယန်က ရေတကယ်ငတ်နေတဲ့အတွက် သူမက သိပ်ဂရုမစိုက်မိလိုက်ဘဲ ရေခွက်ကို ယူလိုက်ပြီး ပါးစပ်ထဲလောင်းချလိုက်သည်။



ရေစက်တွေက လည်ပြွန်တစ်လျှောက် လမ်းနှစ်ခွဖြာဆင်းသွားတော့ သူမကို ပိုသီးသွားစေပြီး ‌ချောင်းဆိုးတာမရပ်တော့ချေ။ သူမ မျက်နှာက မီးလောင်ထားတဲ့ ခရမ်းချဉ်သီးထက်ကို နီရဲနေသေးသည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now