30

59 2 0
                                    

30(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၀













မုန့်ယန်က မီးဖိုအောက်ကနေ ခေါင်းမော့လိုက်တော့ သူမရဲ့ အသားအရည်ပေါ်မှာ အမဲရောင်ပြာကွက်ကြီးကရှိနေကာ ချစ်စရာကောင်းပြီး ရယ်စရာဖြစ်နေသည်။



" အို့၊ ဟားဟားဟား လာပြီးသုတ်လိုက်ပါဦး။ အမြန်သုတ်လိုက် ‌မီးသွေးတုံးလေးလို ညစ်ပတ်နေပြီ" မစ်ဟုန်က လက်ကိုင်ပုဝါယူလိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။



မုန့်ယန် ယူပြီး ကျေးဇူးတင်လိုက်သည်။ " အစ်မဟုန် အစ်မ ဘာပြောလိုက်လဲဆိုတာ ကြည့်ပါဦး၊ ကျွန်မက လက်ဦးမှုယူပြီး ကြက်စွပ်ပြုတ်တစ်ခွက်ပေးတယ်? သူကျွန်မကို လက်မှတ်ငှားထားပေးလို့။ သူ့ကိုကျေးဇူးမတင်သင့်ဘူးလား?"



အဲ့ဒါကိုပြောလိုက်ရင်း မုန့်ယန်က သူ့ရင်ထဲကနေတော့ မထင်လိုက်ပေ။



သူမ ဖေ့လန်ကျွန်းကို လာတဲ့အပတ်အတွင်းမှာ ကျန်းရှောက်ယွီနဲ့ပ တ်သတ်တဲ့ ကိစ္စကို သူမ တစ်ကြိမ်မကစဉ်းစားခဲ့‌သည်။



ဒီလူက စစ်တပ်အရာရှိ၊ အခြေအနေကလည်းကောင်းတယ် ကြည့်လို့လည်းကောင်းတယ် ဒါပေမယ့် သူ့ရဲ့ပင်ကိုယ်စရိုက်ကိုတော့ စဉ်းစားရမည်....သူမသာ ကျွန်းပေါ်မှာနေချင်ရင် တစ်စုံတစ်ယောက်နဲ့ လက်ထပ်တာထက် ပိုသင့်တော်တဲ့ အကြောင်းပြချက်ကို ရှာမတွေ့ပေ။



ဒါပေမယ့် သူမသာ တစ်ယောက်ယောက်နဲ့ လက်ထပ်ချင်ရင်လည်း ကျန်းရှောက်ယွီကလွဲပြီးတော့ ပိုကောင်းတဲ့ရွေးချယ်မှုလည်းမရှိပေ။



တစ်ကိုယ်ကောင်းဆန်စွာနဲ့ ပြောရမယ်ဆို၊ မုန့်ယန် ကျန်းရှောက်ယွီကို သဘောကျတယ်။ ဘယ်သူနဲ့မှလက်မထပ်တာထက် ကျန်းရှောက်ယွီနဲ့ လက်ထပ်တာက ပိုကောင်းသည်။ ပြီးတော့ လူတိုင်းကလည်း သူတို့နှစ်ယောက်ကိုအတွဲအဖြစ်လက်ခံထားကြသည်။



ဒီတော့ ဒီရှိုးက တစ်ပတ်အကြာမှာ ဆက်ပြီးလက်မှတ်ထိုးလိုက်ပြီးရင်တော့ တကယ်ဖြစ်လာမှာ။ ပြီးတော့ ဟန်ဆောင်ပြီးတော့လည်း မလှုပ်ရှားနိုင်တော့ဘူး!



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now