40

57 5 0
                                    

40(uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၄၀













ကျန်းရှောက်ယွီက ပေါ့ပေါ့ ပါးပါးလူဖြစ်ပြီး သူအမြဲတမ်းစားနေတဲ့ ဟင်းတွေထဲမှာလည်း အစပ်အရသာမပါချေ။ အခုတော့ ပါးစပ်အပြည့် ဂေါ်ဖီချဉ်အစပ်ကို စားလိုက်မိ‌တော့ သူ့ရဲ့ လျှာဖျားကို နှိုးဆွလာပြီး သူ့သူငယ်အိမ်တွေက ချက်ချင်းဆန့်တန်းသွားသည်။



မီးဖိုချောင်ထဲမှာ အလင်းရောင်က ဖျော့နေတာကြောင့် သူ့အပြောင်းအလဲကို မုန့်ယန်သတိမထားမိဘဲ မျှော်လင့်တကြီး မေးလာသည်။ " ဘယ်လိုနေလဲ? အရသာက ရှင့်ပါးစပ်နဲ့ ကိုက်ရဲ့လား?"



စားပွဲပေါ်က ကြွေရည်သုတ်ခွက်ကို ယူလိုက်ရပေမယ့် ကျန်းရှောက်ယွီက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်က ကြွေရည်သုတ်ခွက်ကို ယူလိုက်ပြီး သူ့လည်ချောင်းထဲ ရေလောင်းထည့်လိုက်သည်။



" အရသာရှိပြီး စပ်ပေမယ့် လက်ခံနိုင်ပါတယ်။ ဒါက ငါးအစပ်ကို ကိုယ်ပထမဆုံးစားဖူးတာ။ အရမ်းလတ်ဆတ်ပြီးတော့ အရသာရှိတယ် "



မုန့်ယန်က သူ့စကားတွေမှာ အာရုံမရှိနေဘဲ အမျိုးသားလက်ထဲက အနီရောင်ပန်းနဲ့ ကြွေရည်သုတ်ခွက်ကို မျက်စိထောင့်ကနေ တစ်ချက်ကြည့်လိုက်သည်။



အဲ့ဒီခွက်က သူမ သုံးနေတာလေ။ မေ့လိုက်တော့ မသိသလိုဘဲ ဟန်ဆောင်လိုက်တော့မယ်။

...



တစ်နာရီခွဲလောက်ကြာတော့ ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ နောက်ဆုံး‌တောက်ပ‌နေတဲ့နေရောင်ကလည်း မှုန်မှုန်ဝါးဝါးနဲ့ ပျောက်ကွယ်သွားသည်။



ရေနံဆီ မီးအိမ်က နွေးထွေးတဲ့အဝါရောင် အလင်းရောင်က မီးဖိုချောင်မှာ အငွေ့တွေဝေနေသည်။



အစားစားနေတဲ့အတွင်းမှာ ဘယ်သူကမှ စကားမပြောကြဘဲ အကုန်လုံးက အစားအစာတွေကိုပဲ အားပေးနေကြသည်။



အရသာအရှိဆုံးကတော့ သံသယမရှိ ပင်လယ်ငါးနှပ်ပင်ဖြစ်သည်။ ငါးကအပြင်ဘက်မှာ ကြွပ်ရွနေကာ အတွင်းမှာတော့ နူးညံ့နေသည်။



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now