31

64 4 0
                                    

31 (uni)

၇၀ ခုနှစ် ကျွန်းပေါ်ရှိ စုံတွဲ

အပိုင်း ၃၁













" ရှင် ဘာလို့ မယူတာလဲ။ နောက်တစ်ခါ ကျွန်မ တစ်ခုခုဝယ်ချင်လို့ရှိရင် ရှင့်ဆီကိုဘဲ သေချာပေါက်လာမှာ။ ခဏခဏ ချေးတာက မခက်ပါဘူး"



မှန်တယ်၊ ကျန်းရှောက်ယွီ ရုတ်တရက် စဉ်းစားမိသွားသည်။ အခု သူမကလက်မှတ်တွေကို သူမဘာသာပြန်လာပေးပြီး နောက်တစ်ခါကျရင် လာချေးဦးမှာ။ ဒါပေမယ့် သူမသာ သူ့ဆီပြန်လာမ‌ပေးဘူးဆိုရင် နောက်တစ်ခါ တစ်ခုခုဝယ်ချင်ရင် သူ့ဆီလာမေးတော့မှာမဟုတ်ဘူး။ သူတို့တွေ နောက်တစ်ကြိမ်ထပ်တွေ့ရတာက ပိုကောင်းတယ်မဟုတ်လား?



ဒါကိုစဉ်းစားပြီးတော့ ကျန်းရှောက်ယွီ ချက်ချင်း ပိုက်ဆံနဲ့ လက်မှတ်တွေကို လက်ခံလိုက်သည်။



အဲ့ဒါပြီးတော့ မုန့်ယန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ပြီး ပြောခဲ့သည်။ "ဒီကြက်စွပ်ပြုတ်ခွက်က လက်မှတ်ချေးပေးလို့ ရှင့်ကို ပြန်ဆပ်တာ "



ဘယ်မှာလဲ ခွက်က၊ ဒါက ရှင်းရှင်းလင်းလင်းကိုဘဲ အိုးလိုက်ကြီးကို။



" ဘာကျေးဇူးတင်စရာလို လို့လဲ" အမျိုးသားရဲ့ မျက်လုံးတွေထဲမှာ မ‌ပျော်မရွှင် အရိပ်တွေပေါ်လာသည်။



သူ့ကို ကြည့်ရတာ ဒီအဖြေကို မကျေနပ်နေသလိုဘဲ။



မုန့်ယန်ပြုံးလိုက်ပြီး ရုတ်တရက် သူ့ကိုကြည့်ဖို့ ခေါင်းစောင်းလိုက်သည်။ သူမရဲ့ အယ်လမွန် မျက်လုံးတွေက တောက်ပ ကြည်လင်နေပြီး နွေဦးလေ‌ပြေလိုမျိုး နူးညံ့နေသည်။



" ရဲဘော်ကျန်း ဖေ့လန်ကျွန်းကို ကျွန်မ ဘာလို့လာလဲဆိုတာ မေ့သွားတာလား?"



မိန်းကလေးရဲ့ မျက်လုံးတွေက ကြည်လင်နေပြီး သူ့ရဲ့မျက်နှာက သူမရဲ့တောက်ပတဲ့ သူငယ်အိမ်မှာ ထင်ဟပ်နေကာ သူမစကားပြောတဲ့အခါ သူမရဲ့အသံကကြည်လင်တိုးဖျော့နေသည်။



" ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အရင်ကြိုးစားမယ်လို့ ရှင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား? ကျွန်မရဲ့ လက်တွဲဖော်အတွက် ကြက်စွပ်ပြုတ် ချက်ပေးတာက မသင့်တော်ဘူးလား?"



၇၀ခုနှစ် ကျွန်းပေါ်ရှိစုံတွဲWhere stories live. Discover now