ဇာတ်လမ်းအကျဉ်း

3.7K 162 14
                                    

ဒီအိမ်အတွက်ပိုက်ဆံအများကြီးပေးခဲ့ရတယ်

ဖခင်ကွယ်လွန်သွားပြီးနောက်တွင်ကား စုရှင်းချန်သည် မွေးရပ်မြေမှ အိမ်တစ်လုံးကိုအမွေရခဲ့ပြီး နောက်ပိုင်းတွင်ကား ထိုအိမ်ကြီး၌ကမ္ဘာနှစ်ခြမ်းကွဲနေသော ဆန်းကြယ်သည့်ဖြစ်စဥ်ကို ရှာဖွေတွေ့ရှိခဲ့ပေသည်။ သူနှင့်အတူတူ ကမ္ဘာတစ်ဖက်ခြမ်းတွင် နေနေသည့် သူကား ငယ်ရွယ်ပြီးရုပ်ရည်ချောမောသည့်ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက် ဖြစ်ပေသည်။ သူဌေးလေးသည် အလွန်ပင် သနားစရာကောင်းလှပေသည်။ စာကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ရဘဲ ညဘက်တိုင်းလိုလိုပင် အိမ်မက်ဆိုးများ၏နှိပ်စက်ခြင်းကိုခံစားနေရသူလည်းဖြစ်ပေသည်။

ကမ္ဘာနှစ်ခြမ်းတွင်ရှိနေပြီး အိမ်တစ်အိမ်တွင် အတူတကွနေထိုင်ကြသည့်အတွက်ပင် စုရှင်းချန်သည် မနေနိုင်သည့်အဆုံး အိမ်တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်ပေးပြီး တစ်ဖက်လူအတွက်ချက်ပြုတ်ပေးခဲ့ပေသည်။

မနက်ပိုင်းတွင်ကြက်သားလေးကိုထမင်းလေးနှင့်ပူပူနွေးနွေးကြော်ပေးထားပြီး စွပ်ပြုတ်ကိုဟင်းသီးဟင်းရွက်မျိုးစုံထည့်ကာ နေ့လည်စာအတွက်မုန်လာဥနီနှင့်အမဲသားကိုရောနှပ်၍ သခွားချဥ်သီးကိုဘေးတွင်ပုံ၍ ညချမ်းလေးကိုအစာပြေရန်ကြက်ဥကိုခေါက်ကာမုန့်တစ်မျိုးပြုလုပ်ပြီး အစာပြေစားရန်မျိုးစုံကြိုးခုန်၍ချက်ပြုတ်ပေးနေသည့်စာဖိုမှူးတစ်ယောက်လိုပင်။ နေ့ညမနား ချက်ပြုတ်ပေးရပြီး တစ်နေ့တစ်နေ့ဟင်းလျာမျိုးစုံကို မထပ်သွားစေရန်ပြင်ဆင်ပေးခဲ့ပေသည်။

တစ်လလောက်ကြာသောအခါ စုရှင်းချန်၏အပြုအစုကောင်းမှုကြောင့်သူဌေးလေးသည် ဝဖြီး၍ပင်လာပေပြီ။

သို့သော်လည်း စုရှင်းချန်တစ်ယောက် အချက်အပြုတ်သာမကတခြားအလုပ်များဖြင့် ဗြာများနေသည့်အတွင်းတွင် တစ်ဖက်လူသည် သူ့အားမသိမသာလေး ခိုးချစ်နေပြီကို သတိမထားမိပေ။

🍀🍀🍀🍀🍀🍀🍀

ဒါလေးကတော့ စဆုံး 69ပိုင်းရှိတဲ့ နိုဗယ်လေးပါရှင့်။ စဆုံး 2000 ကျပ်နဲ့ဝင်နိုင်ပါတယ်။

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now