Chapter 29

363 68 0
                                    

အပိုင်း (၂၉)

စုရှင်းချန်သည် မှတ်စုတိုကို သေချာဖတ်ကြည့်လိုက်သည်။

"ရှန်ဟိုင်းမြို့တော်..."

စိတ်ကူးတောင် မယဥ်နိုင်သော မြို့တစ်မြိုပင်။ လူချမ်းသာများဖြင့် ပြည့်နေသော စီးပွားရေးမြို့တော်ကြီး တစ်ခုဖြစ်သည်။

စုရှင်းချန်နေသောနေရာနှင့် ကီလိုမီတာနှစ်ရာ ကွာဝေးပြီ အရမ်းလည်းမနီးသလို အရမ်းလည်းမဝေးပေ။

ရှန်ဟိုင်းမြို့တော်သည် ချမ်းသာသောသူများ အများဆုံးနေထိုင်သည့်အတွက် အိမ်တန်ဖိုးများသည် နှစ်ဆနီးပါးလောက်ရှိသည်။

အိမ်ပိုင်ရှင်သည် ဤသို့သော ဇိမ်ကျပြီး ချမ်းသာသည့်နေရာတွင် နေထိုင်နိုင်သည်ကား သူဘယ်လောက် ချမ်းသာကြွယ်ဝကြောင်း သိနိုင်၏။

အံ့သြစရာမရှိတော့ပေ။

ပေကျင်းတွင် တွေ့ခဲ့တုန်းကတည်းက အိမ်ပိုင်ရှင်၏ အသွင်အပြင်နှင့် ထိုသို့သော အခမ်းအနားပွဲကြီးအတွက် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခြင်းကိုလည်း ခံရပေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ချမ်းသာမှုကို ခန့်မှန်းနေစရာမလိုတော့ချေ။

ထိုသို့တွေးလိုက်သည်နှင့် နေ့လယ်က သူ ပျော်နေခဲ့သည့် အကြောင်းကို ပြန်စဉ်းစားကာ အနည်းငယ် အားငယ်သွား၏။

အိမ်ပိုင်ရှင်လို သူဌေးတစ်ယောက်အတွက် ယွမ်အနည်းငယ်သည် ဘာမျှမဟုတ်ပေ။ သို့သော် စုရှင်းအတွက် အတိုင်းထပ်အလွန်ပျော်ခဲ့ရသည့် အခိုက်တန့်တစ်ခုလို ဖြစ်နေခဲ့သည်ကို စဉ်းစားမိလိုက်တိုင်း သိမ်ငယ်ရပေသည်။

စုရှင်းချန် အလွန်ပင် စိတ်ရှုပ်လာပေပြီ။

သူ့ခမျာ ဘဲသား၊ ဝက်နံရိုးနှင့် ကြက်သားဟင်းကို စားနိုင်တော့မည်ဟု တွေးနေချိန် အိမ်ပိုင်ရှင်သည် ထိုဟင်းလျာကို ပုံမှန်ဟူ၍ပင် တွေးနေပေဦးမည်။

စိတ်အနှောင့်အယှက် ဖြစ်စရာများကို ခဏဖယ်ရမည်။ အိမ်ပိုင်ရှင်အတွက်လည်း ထည့်စဥ်းစားရဦးမည်ဖြစ်သည်။ ထို့ကြောင့် မှတ်စုလေးပေါ်တွင်
"ရှေ့လျှောက် ဘာစားချင်လဲဆိုတာပြောပါ"

စုရှင်းသည် စျေးပေါပြီး အာဟာရဖြစ်စေမည့် ဟင်းလျာကို ချက်ပြုတ်ပေးခြင်းက တစ်ဖက်လူလည်း ကြိုက်နိုင်လောက်မည်ဟု ထင်သလို ချွေတာခြင်းလည်းဖြစ်သည်။ သို့သော် အိမ်ပိုင်ရှင် ဘာစားချင်သည်ကိုတော့ တစ်ခါမျှမပေးခဲ့ဖူးပေ။ သို့သော်လည်း တစ်ဖက်လူဘက်မှ ဘာစားချင်သည်ဟုပြောသော အဖြေကို မမျှော်လင့်ရဲပေ။ စျေးကြီးသည့် အစားအစာ စားချင်ပါမူ စုရှင်းလည်း မတတ်နိုင်ပေ။

ချက်ပြုတ်သည့် လူတစ်ယောက်အတွက် ကိုယ်ချက်သည့် အစားအစာကို သူတစ်ပါးကြိုက်သည်ဟု သိလိုက်ရလျှင် အတိုင်းမသိ ပျော်သည်ကား သဘာဝပင်။

ယွီဖန်ရှင်းသည် ညနေစာ စားရင်း မှတ်စုတိုကို ဖတ်ကြည့်လိုက်ပေသည်။

ဥက္ကဌယွီတစ်ယောက် မှတ်စုလေးကိုဖတ်ရင်း တစ်ဖက်လူသည် သူ့အပေါ် ရက်ရောလွန်းနေခြင်းကို အဖြေထုတ်မရဖြစ်နေပေသည်။

မှတ်စုတိုလေးကို ဖတ်ပြီးသည့်နောက်တွင် မတင်မကျဖြစ်နေသော စိတ်ဖြင့်သာ ဘေးနားရှိ မှတ်စု စုဘူးလေးအတွင်းသို့ ထည့်လိုက်၏။

ယနေ့အတွက် ညနေစာသည် ယခင်နေ့တွေကလို ရိုးရိုးရှင်းရှင်း ဟင်းသီးဟင်းရွက်ကြော်ပင်။

ယွီဖန်ရှင်းသည် ဟင်းသီးဟင်းရွက်ထည့်ထားသည့် ဘူးလေးကို တူလေးဖြင့် နှိုက်ရင်း အသားတုံးကိုလိုက်ရှာပေသည်။ ပုံမှန်ဆို အသားလေးကို မွှပြီး အရွက်နှင့်ကြော်လေ့ရှိသောကြောင့်ပင်။

အချိန်အတော်ကြာသည်အထိ အသားကိုရှာလိုက်သော်လည်း မတွေ့သောကြောင့် အနည်းငယ် စိတ်ညစ်သွားသလိုပင်။

သို့သော် ကြက်ဥနှစ်လုံးတော့ ပါပေသည်။ ထို့ကြောင့်ပင် ကြက်ဥကို အသားအမှတ်နှင့် စားရပေတော့သည်။ ယမန်နေ့များက ထူးဆန်းသည့်ကောင်လေးသည် သူ့ကိုအကျင့်ပျက်အောင်လုပ်ထားခြင်းကြောင့်ပင်။ အသီးအရွက်ကြော်ကို အသားနှင့် စားတတ်အောင် လုပ်ထားခြင်းကြောင့် အသားမပါလျှင် မစားတတ်တော့ပေ။

ဘော့စ်တစ်ယောက် စိတ်ရှုပ်နေပေသည်။ အကြောင်းကား အခြားမဟုတ် အသားမပါခြင်းကြောင့်ပင်။ ကုမ္ပဏီကမည်သူမဆို ဘော့စ်စိတ်ရှုပ်နေလျှင် ငါးမီတာအကွာကျော်တွင် နေတတ်ကြပေသည်။ အကြောင်းကား ဖန်ရှင်း စိတ်ညစ်လာသည့်အချိန်တိုင်း အမှားသေးသေးလေး လုပ်မိတာကပါအစ လိုက်ပြီး အပြစ်မြင်လာတတ်ခြင်းကြောင့်ပင်။ အပြစ်မြင်သည်ကား အကြောင်းမဟုတ် နောက်ဆက်တွဲ စိတ်တိုလာသည့် ဒဏ်ကို မခံနိုင်ခြင်းကြောင့်သာ။

ယခုတွင် အိမ်၌ ဖြစ်နေသည့်အတွက် စိတ်ရှုပ်သည့်တိုင် ချက်ချင်း ပေါက်ကွဲလို့ရမည့်သူ တစ်ယောက်မျှမရှိပေ။
ဘာမျှမရှိသည့် အခန်းအတွင်းကို စူးရှသောအကြည့်ဖြင့် ဒေါက်ထောက်ကြည့်ရင်းကနေ မတတ်သာသည့်အဆုံး၌ ဘူးထဲရှိ အရွက်ကြော်ကို အံ့ကြိတ်စားရတော့သည်။

နာရီဝက်နီးပါးခဲ့ကြာပြီးနောက် စုရှင်းချန်သည် ညနေစာ စားပြီးပြီဖြစ်သောကြောင့် စားပွဲခုံကို ရှင်းရန် ထွက်လာသည်။ အိမ်ပိုင်ရှင် ထမင်းစားပြီးပြီလား ဟုသိချင်သောကြောင့်လည်း ပါပေသည်။

အိမ်ပိုင်ရှင်သည် စားပြီးသား ဘူးလေးများကို ပြောင်လက်အောင် ဆေးထားပြီး ခုံပေါ်တွင် တင်ထားခဲ့၏။ ဘေးတွင်လည်း မှတ်စုလေး ရေးထားခဲ့ပြန်ပြီ။

"ငါ ဒီည အသားလေးစားချင်တယ်..."
'အသား' ဟူသော စကားလုံးကို မြင်သည်နှင့် စုရှင်းသည် မျက်မှောင်ကြုတ်လိုက်ပေ၏။

တစ်ဖက်လူသည် မနေ့တစ်နေ့ကမှ ဆေးရုံကဆင်းလာခဲ့၏။ ထို့ကြောင့် အစာအိမ်အတွက်ကောင်းသည့် အရွက်ကြော်ကို ကြော်ပေးခဲ့ခြင်းဖြစ်သည်။ ယခင်က အသားထည့်ပြီး ကြော်တတ်သည်ကို လက်ခံသော်လည်း ယခုတွင် အစာမာမာ မစားနိုင်သော သူ့အတွက် ဖြည့်စွက်တွေးပြီး ကြော်ပေးထားသည်ကို...

မဖြစ်နိုင်ပေ။

ဖန်ရှင်းသည် မှတ်စုလေးကို မျှော်လင့်ချက် ကြီးကြီးဖြင့် ချန်ထားခဲ့ရသည်။
အသားလေး ချက်ပေးမလားဟူသော မျှော်လင့်စိတ်ဖြင့် ထိုင်စောင့်နေရပေသည်။ လုပ်စရာလည်း မရှိသောကြောင့် ရက်တော်တော်ကြာ မဆော့ဖြစ်သည့် ဂိမ်းအကောင့်ထဲသို့ ဝင်ကြည့်လိုက်၏။

ညဇီးကွက်များ ဆိုသည့်အတိုင်း ညဉ့်နက်သည်အထိ ဂိမ်းထဲတွင် ဆော့သူများဖြင့် စည်ကားနေပေသည်။

ဂိမ်းကုမ္ပဏီပိုင်ရှင် တစ်ယောက်ဖြစ်သည့်အတွက် နေ့တိုင်းလိုလို ဂိမ်းနှင့် ထိတွေ့နေရသောကြောင့် ဆော့ရမည်ကိုလည်း ပျင်းပေသည်။

ပျင်းရိလာသောစိတ်၏ တောင့်တမှုသည် ဆေးလိပ်ပင်။

စီးကရက်ကို လက်ကြားတွင်ညှပ်ကာ တစ်ဖက်တွင် ကွန်ပျူတာမောက်စ်ကိုကိုင်၍ ဂိမ်းထဲရှိ လုပ်လက်စ တာဝန်ကို ပြီးစီးအောင် လုပ်နေ၏။

တစ်ခုခုပြီးတစ်ခုကို ပြီးစီးအောင် လုပ်ပြီးနောက် မပြင်ဆင်ရသေးသော မီးခိုးရောင်လမ်းကြောင်းအတိုင်း လျှောက်လာသည်။

ဥက္ကဌငယ်ငယ်လေးသည် ဆေးလိပ်သောက်နေရင်းနှင့် သူ့အရှေ့တွင် ပေါ်လာသော ဂိမ်းကာရိုက်တာတစ်ခုကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်၏။ ချက်ချင်းဆိုသလို မျက်လုံးထဲတွင် လူတစ်ယောက် ပုံပေါ်လာသည်။

အဘိုးဟန်အိမ်တွင် တွေ့ခဲ့ရသော ကလေးတစ်ယောက်၏ ရုပ်ပင်။

ဂိမ်းအကောင့်ထဲရှိ ကောင်လေးတစ်ယောက်သည် သူ့ဘက်သို့လှည့်ကာ စာရိုက်ပြီး
"ကျွန်တော်က ဆယ့်ကိုးနှစ်ပါ တစ်ဖက်ကရောဘယ်နှနှစ်လဲခင်ဗျ"

ဖန်ရှင်းသည် ကလေးတစ်ယောက်၏ အကောင့်ကိုကြည့်ရင်း မျက်လုံးကို မှိတ်ကာ အာရုံစူးစိုက်လိုက်ပေသည်။ သို့သော် စိတ်အာရုံများ ပျံ့လွင့်နေပြီး ဂိမ်းကို ဆက်ဆော့ချင်စိတ် မရှိတော့ချေ။

"အဟွတ်..." ဆေးလိပ်ကို ပြင်းပြင်း ရှိုက်ရင်းကနေ အဆုပ်အတွင်းနားထိ အောင့်တက်လာသည်။

စိတ်ကိုလျှော့ချရန် ဘေးနားတွင်တင်ထားသော ရေကိုသောက်လိုက်၏။

ပထမထပ်တွင် အလင်းရောင်မရှိပဲ မှောင်အတိဖြစ်နေပြီး ခြင်တဝီဝီနှင့် နားညီးလှပေသည်။ စုရှင်းချန်တစ်ယောက် မအိပ်ခင် ခြင်နိုင်ဆေးရည်ကို ဖျန်းပြီးမှသာလျှင် အခန်းအတွင်းသို့ ဝင်နိုင်၏။

အရင်အချိန်များတုန်းက ဒုတိယထပ်တွင် အိမ်ပိုင်ရှင် မအိပ်ခင် ဂိမ်းဆော့လိုက် အခန်းကို သန့်ရှင်းရေးလုပ်ပေးလိုက်နှင့် အချိန်ကုန်နေခဲ့ဖူးသည်။

ပထမဆုံးစရောက်သည့်အချိန်က သူရှိနေသည်ကို ပေါ်သွားမည်စိုးသောကြောင့် စုရှင်းချန်တစ်ယောက် အမြဲဂရုတစိုက်ဖြင့် နေခဲ့ရ၏။

နောက်ပိုင်း ဟင်းချက်ထမင်းချက်ကျွေးပြီးနောက် စုရှင်းချန် ရှိနေပြီကို အိမ်ပိုင်ရှင် သိနေလောက်ပြီမှာ သေချာသည်။ သို့သော် ထူးဆန်းသည်ဟု မခံစားရသည့်အပြင် သူချက်ကျွေးသည်ကို အားပါးတရတောင် စားနေလိုက်သေးသည်။ ကံကောင်းသည်ဟုပဲ ဆိုရမလား။

ထို့ကြောင့် စုရှင်းချန်သည် ဒုတိယထပ်သို့ ရောက်သည့်အခါတိုင်း သန့်ရှင်းရေးလုပ်ပေးပြီး အိမ်ပိုင်ရှင်ကို အမြဲကူညီလေ့ ရှိပေသည်။

စုရှင်းချန်တို့ နှစ်ဦးသားသည် ဆက်ဆံရေး အဆင်ပြေနေသည်ဟု ပြောရမည်။ မှတ်စု တစ်ခုဖြင့် ကျေးဇူးတင်စကားပြောလိုက် လိုအပ်တာတွေကို ပြောလိုက်နှင့် အဆင်ပြေနေပေပြီ။ သက်ပြင်းကိုချကာ နေ့လယ်က တောင်းဆိုထားခဲ့သော အကြောင်းကို စဉ်းစားမိလိုက်၏။ အသားကိုတော့ ညဘက်ကြီး ချက်မကျွေးနိုင်တော့ပေ။

ထို့ကြောင့် ယနေ့ည၌ အာလူးဖုတ်ကာ ခေါက်ဆွဲကိုပြုတ်ကို ကြက်ဥလေးနှင့် ပြုတ်လိုက်၏။

အသားမထည့်သည်ဆိုဦးတော့ နူးညံ့သော အားလူးအရသာနှင့် ခေါက်ဆွဲပြုတ်ကို အဆာပလာများဖြင့် သေချာလုပ်ထားသည်ကား စားချင်စဖွယ်ပုံစံပင်။

ယွီဖန်ရှင်းသည် အာလူးမီးဖုတ်ကို စားရင်း "ကောင်းသောညပါ" ဟု ရေးထားသော မှတ်စုကို ဖတ်လိုက်၏။
ထိုစာလုံးလေးလေးလုံးကို အထပ်ထပ်အခါခါ ဖတ်နေပေသည်။

နောက်တစ်နေ့နံနက်တွင် စုရှင်းချန် မည်သည့်အလုပ်မျှ လုပ်စရာမရှိသောကြောင့် မီးဖိုချောင်ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရန်ပင် ရှိတော့သည်။

၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်တုန်းက ဝယ်ခဲ့သည့် မီးဖိုတစ်ခုဖြစ်သော်လည်း ယခုချိန်ထိ ကောင်းနေသေးသည်။ အနည်းငယ် သံချေးတက်နေသော မီးဖိုကို သန့်ရှင်းရေးလုပ်ပြီးနောက် အိုးခွက်များကိုဆေးကြောပေသည်။

"ဟူးး..."

မနက်ခင်း နေအလင်းရောင်သည် မပူတပူလေး ဖြစ်နေ၏။

စုရှင်းချန်သည် ကြက်ပေါက်လေးများကို မမွေးဖူးသော်လည်း ကလေးပေါက်လေးများကို မနက်ခင်းနေရောင်နှင့် ထိပေးမှ မချိမည်ကိုတော့ ကြားဖူးပေသည်။

ကြက်ကလေးဆယ်ကောင်သည် ကျယ်ပြောသည့် ခြံကြီးအတွင်းတွင် သူ့အုပ်စုနှင့်သူ ဖွဲ့ပြီးနေနေပေသည်။ တစ်ဖွဲ့သည် ခြံစည်းရိုးဒေါင့်တစ်နေရာတွင် အုပ်စုလိုက် မြေကြီးပေါ်ရှိ ပိုးမွှားလေးများကို ထိုးဆိတ်နေပြီး နောက်တစ်အုပ်စုသည် မြစ်နားတွင် အစာရှာနေကြပေသည်။

ထိုကြက်ပေါက်လေးများဘေးတွင် ခွေးလေးနှစ်ကောင် ပျော်ပျော်ပါးပါးဖြင့် တစ်ကောင်ကိုတစ်ကောင်လိုက်တိုင်း ဆော့နေကြ၏။ ရပ်နားလိုက် ဆော့လိုက်နှင့် ကြက်ပေါက်ကလေးများကို နမ်းရှုံ့ကြည့်လိုက်ပေသေးသည်။

ထိုအချိန်တွင် စုရှင်းချန်သည် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ကြက်ပေါက်ကလေးများကို ကြည့်ရန် ထွက်ခဲ့ပေသည်။

"...ကြက်ကလေးတွေကိုမထိနဲ့လေ ခွေးလေးတွေရဲ့"
ခွေးလေးနားသို့သွား၍ ခေါင်းလေးကို ပွတ်ပေးရင်းနှင့် ကြက်ပေါက်လေးများကို ခွေးလေးနှင့်ဝေးရာတစ်ဖက်သို့ ပို့လိုက်ပေသည်။

ထို့နောက် ကင်မရာကိုထုတ်ကာ ကြက်ပေါက်လေးများ ကစားနေသည့်နေရာသို့ကြည့်၍ သေချာစွာရိုက်ကူးပြီး ဗီဒီယိုတင်လိုက်ပေသည်။

မှတ်ချက်အများစုသည် ထုံးစံအတိုင်းပင် ချစ်ဖို့ကောင်းသည်နှင့် ဝေဆာနေပေသည်။

မှတ်ချက်များကိုဖတ်ပြီးသည့်နောက်တွင် ကြက်ခြံလေးကိုရှင်းရန် တံမြက်စည်း လိုက်ရှာခဲ့ပေသည်။ တစ်နေရာတွင် တံမြက်စည်းကို တွေ့လိုက်သော်လည်း တစ်ခုခုထူးဆန်းနေသည်ဟု ထင်သောကြောင့်အနားသို့ကပ်သွားကြည့်လိုက်၏။ ဝမ်ဝမ်သည် တံမြက်စည်းအရိုးကို ကိုက်ဖြတ်နေပေသည်။

"ဝမ်ဝမ်"

ခွေးပေါက်လေးသည် သခင်ကို စ,ချင်စိတ်ဖြင့် ခုန်ပေါက်ကာ ခြံအပြင်ဘက်သို့ ထွက်ပြေးသွားပေ၏။

စုရှင်းချန်တစ်ယောက် တံမြက်စည်းရိုးကိုကိုင်ကာ ခွေးလေးနောက်သို့လိုက်ရင်း တကြိမ်းကြိမ်းနှင့်

"နောက်တစ်ခါ ဒီလိုထပ်လုပ်ရင် တကယ်အရိုက်ခံရမှာနော်"

ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now