Chapter 17

387 64 0
                                    

အပိုင်း (၁၇)

သိသာသည်ကား နတ်ဆိုးအကောင့်နှင့်သူသည် ဂိမ်းပိုစ်တင်သည့်နေရာတွင် မထွက်သေးပဲ ယွီဖိုင်းရန်ကိုယ်တိုင်ပိုစ့်တင်၍ဖြေရှင်းချက်ထုတ်သည်ကို အားရကျေနပ်နေပေသည်။ အနည်းငယ် စိုးထိတ်မိသည်ထပ် သူ၏ပို့စ်သည် ယွီဖိုင်းရန်ကိုယ်တိုင် ပို့စ်တင်ရအောင် ဖြေရှင်းရသည်အထိ လွှမ်းမိုးနိုင်သည်ကို ဂုဏ်ယူနေပေသည်။

နတ်ဆိုးး။ "ဟား ဟားး ယွီဖိုင်းရန်နဲ့ လောင်ဝန်းဖန်း မင်းတို့အတွဲနှစ်တွဲကိုသေချာစောင့်ကြည့်ပါဦးမယ်ကွာ"

ဒီကောင်သည် ဖန်းဖန်းနှင့်ယွီဖိုင်းရန်အပေါ်တွင် အငြိုးရှိရှိ တိုက်ခိုက်နေသလားတောင် ထင်ရလောက်အောင်ပင် ရွံရှာစရာကောင်းလှပေသည်။

ယွီဖိုင်းရန်သည် ဂိမ်းဆော့လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း ဤကဲ့သို့ ရွံစရာကောင်းသောသူနှင့် တွေ့ဆုံခြင်းကား ပထမဆုံးပင် ဖြစ်ပေသည်။

နောက်ဆုံးတွင်လည်း သူ့ကိုလာတိုက်ခိုက်သောသူကိုသာ လူတွေရွံမုန်းကြမည်ဖြစ်ပြီး သူကိုယ်တိုင်မှာ အနေသာကြီးပင်ဖြစ်ပေသည်။

ထို့ကြောင့်ပင် နာမည်ကြီးသူဌေးတစ်ယောက်ဟူသော ဂုဏ်ကို ဤသို့သောအမှိုက်တစ်ယောက်နှင့်ပြိုင်၍ဖြစ်နေပါက ကိုယ်ပဲအဆင့်နိမ့်သွားပေလိမ့်မည်။

မကောင်းဆိုးဝါးဝိညာဉ်များကို သတ်ဖြတ်ရန်ကား တာဝန်ကြီးတစ်ခုဖြစ်သည့်အပြင် ယွီဖန်ရှင်းသည်လိုင်းပိတ်၍အိပ်တော့မည်ဖြစ်သည်။

သို့သော်လည်း လိုင်းပေါ်မှ မဆင်းမီပင် သူငယ်ချင်းလုပ်ရန်တောင်းဆိုသည့် မက်ဆေ့ဂျ်တက်လာသည်နှင့်ကြည့်လိုက်ရာ ဝန်ဖန်းဖန်းဖြစ်နေပေသည်။

ယွီဖန်ရှင်းသည် ထိုမိန်ကလေး၏ပုံစံကိုမြင်တိုင်းမျက်စိနောက်တယ်ဟု ခံစားရသည်ကား အလိမ်အညာတော့ မဟုတ်လှပေ။ မည်သို့မှန်းမသိသူ့ကိုကြည့်ရသည်ကား မျက်စိစပါးမွေးစူးလှပေသည်။

ထို့နောက်တွင်ကား မည်သည်ကိုမျှ တွေးတောမနေတော့ပဲ မက်ဆေ့ဂျ်ကို လျစ်လျူရှုကာ လိုင်းပေါ်ကဆင်းခဲ့ပေသည်။

စုရှင်းချန်သည် ဂိမ်းထဲမှ အလျင်အမြန် မထွက်မီ အခန်းလွတ်ကြီးအား ခဏတာမျှ စိုက်ကြည့်နေကာ ပျော်ရွှင်ခြင်းနှင့်ဒေါသတို့ ရောယှက်လာသလိုပင်။ အဘယ်ကြောင့်ဆိုသည်ကား သူအရင်ကလို ခံစားခဲ့ဖူးရသည့်စိတ်ကျရောဂါကို မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ယခုတွင်ကား ဂိမ်းပြန်ဆော့လိုက်သောကြောင့်ပင် စိတ်ဓာတ်များ ဟိုးးအောက်ဆုံးထိ ထိုးကျသွားပေသည်။

သာမန်အားဖြင့်ဆိုရသော် စူရှင်းချန်၏စိတ်အခြေနေသည် အလွန်ပင် တည်ငြိမ်နေပေသည်။ ဝမ်းနည်းနေသည့်တိုင် သူ၏စိတ်ခံစားချက်သည် အသည်းကွဲလို့ဝမ်းနည်းနေသည်မဟုတ်ပဲ ဖြေးဖြေးချင်းအဆက်မပြတ် အဆုံးမရှိကို နာကျင်နေခြင်းဖြစ်ပေသည်။

ယနေ့ညတွင်ကား သူသည် သူချစ်ရသည့်သူများကိုသာလုပ်ပြလေ့ရှိသော စိတ်ရှည်တတ်သည့်စိတ်ကလေးကို အိမ်ပိုင်ရှင်ကို ပြခဲ့မိပေသည်။

စုရှင်းချန်သည် အလွန်ပင် အံ့သြသွားရပေသည်။

သူတို့နှစ်ဦးသားသည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလာသည်ဟု ခံစားရသောကြောင့် ဤသို့လုပ်မိခြင်းပင် ဖြစ်ရပေမည်။

စုရှင်းချန်တစ်ယောက် ယခုတလောတွင် ဒေါသကိုထိန်းတတ်လာပြီဖြစ်ရာ စိတ်အပြောင်းလဲမဖြစ်ခင်ပင် ဒေါက်တာဖန်းကိုခေါ်၍အကြောင်းကြားပေဦးမည်။

"အိပ်တော့မယ်" စုရှင်းချန်သည် အိမ်ပိုင်ရှင်အတွက် မည်သည်ကိုမျှ မချက်ပေးနိုင်တော့ပေ။ စောင်ကိုဆွဲတင်ကာ ဆိုဖာပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်သွားပေသည်။

S မြို့တော်ကြီးတစ်ခွင်တွင် ငြိမ်သက်နေသောညချမ်းနှင့်အတူတူ ယွီဖန်ရှင်းတစ်ယောက် ကွန်ပျူတာကို စိုက်ကြည့်နေပေသည်။ ထူးဆန်းတဲ့လူသားလေး ဒီနေ့ စိတ်အခြေနေမကောင်းလို့လားမသိဘူးး... ဘာမှလည်း မချက်ကျွေးးဘူးး။

ညဦးပိုင်းတွင်ကား ယွီဖန်ရှင်းတစ်ယောက် အိမ်မက်ဆိုးကနေ လန့်နိုးခဲ့ပေသည်။ နိုးနိုးခြင်းပင် တဒီးဒီး စီးကျနေသောချွေးများနှင့် နှလုံးခုန်နှုန်းကိုမနည်းပင် ထိန်းချုပ်လိုက်ရပေသည်။ ယခင်ကကြုံတွေ့နေကြဖြစ်သော ခံစားချက်ကြီးပင်...

ယွီဖန်ရှင်းသည် အိပ်ရာပေါ်မှ ဒေါသဖြင့်ဆင်းသွားကာ ရေချိုးခန်းအတွင်းသို့ဝင်၍ ခေါင်းကိုအားပါးတရပင် လောင်းချိုးကာ ကလေးဘဝကစိတ်ညစ်စရာအတိတ်ဆိုးများကို မေ့ပျောက်ပစ်ရန် ရေနှင့်ဆေးချခြင်း ဖြစ်ပေသည်။

နောက်တစ်နေ့တွင်ကား ကုမ္ပဏီကို သွားခဲ့ပေသည်။

ဘော့စ်သည် ယနေ့တွင် မျက်နှာမကောင်းသည့်အတွက် တစ်ရုံးလုံး ဘော့စ်စိတ်အခြေနေမကောင်းဘူးဆိုသည်ကို သိကြပေသည်။

"ဘော့စ်ပရောဂျက်အသင်းကနေပြီး ကျွန်တော့်ကိုတင်ပြလာတာတစ်ခုရှိလို့ ဘော့စ်ကို ပြောပြချင်လို့ပါ"

အစည်အဝေးလုပ်ပြီးသည့်အချိန်တွင်ကား ယွီဖန်ရှင်းတစ်ယောက် ဒေါသကြီးနေသည့်သူပမာ ခြေလှမ်းကြီးကြီးလှမ်းနေသည်ဖြစ်ရာ ပိုင်ဝမ်သည် တင်ပြချက်တစ်ခုပါသောကြောင့် ဘော့စ်နောက်ကို အမြန်ပင် ပြေးလိုက်ရပေသည်။

"မနေ့က ဆော့တဲ့ဂိမ်းလောကသားတစ်ချို့က ပိုစ့်တွေ တော်တော်များများ တင်ထားကြပါတယ်။ သူတို့တွေထဲက ကျွန်တော့်ကို တိုက်ရိုက်လာမေးတဲ့သူတွေလည်း ရှိပါသေးတယ်။ အဲ့တော့ ဒီကိစ္စကို အခုဖြေရှင်းလိုက်မလား ဒါမှမဟုတ်လည်း ဒီအတိုင်းပဲထားလိုက်မလား"

"မနေ့ညက" ယွီဖန်ရှင်းသည် မျက်ခုံးကိုပင့်ကာ "ဘယ်သူတွေ ပြဿနာဖြစ်နေကြတာလဲ"

"ယွီဖိုင်းရန်၊ လောင်းဖန်းဖန်းနဲ့ ချန်ရှန်... တို့ပါ။ နတ်ဆိုးဆိုတဲ့သူနဲ့ ဖြစ်နေကြတာပါ"

"ပြီးတော့နာမည်ကြီးနေတာတစ်ခု ရှိသေးတယ်ခင်ဗျ"

"တစ်ကိုယ်တည်းသမား စိတ်ကြီးလွယ်တတ်တဲ့ ဖော်ရွေမှုမရှိတဲ့ယွီဖိုင်းရန်ဆိုတဲ့ ပလေရာလေးနဲ့ အလှနတ်ဘုရားမလေးဖန်းဖန်းတို့ရဲ့အချစ်ဇာတ်လမ်းဘာညာတွေရောဗျ"

ယွီဖန်ရှင်းသည် ပိုင်ဝမ်ပြောသည့် စကားကို ကြားကာစိတ်ညစ်သွားပေသည်။ အဘယ်ကြောင့် ဤသို့သောသတင်းမျိုးတွေက အချိန်နှင့်အမျှပင် တက်နေရသနည်း။

"ပိုင်ဝမ် မင်း ဒီလိုပုံစံမျိုးဖြစ်နေတာကို သေချာကိုင်တွယ်ရမယ်။ ငါတို့ဂိမ်းထဲမှာ မဟုတ်မမှန်တဲ့ကောလာဟလတွေကို သေချာကိုင်တွယ်နိုင်ရမယ် ဟုတ်ပြီလား"

ဘော့စ် ဘာဖြစ်နေတာလဲ...။

ယွီဖန်ရှင်းသည် ဆက်လက်၍ပင် "ပြီးတော့ ရှောင်မိုဆိုတဲ့ ကစားသမားတစ်ယောက်ကလည်း မှော်ဒိုမိန်းဂိမ်းမှာ နာမည်ပျက်လို ပုံစံမျိုးဖြစ်နေတာ...။ ကစားသမားတစ်ယောက်ချင်းစီအတွက် သူတို့ရဲ့လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းရတာ ရှိသလို ဂိမ်းအတွင်းမှာလိုက်နာရမဲ့စည်းမျဉ်းတွေကိုလည်း လိုက်နာဖို့လိုအပ်တယ်။ အဲ့တော့ ကစားသမားတွေကို AI နဲ့ သေချာစီစစ်ပြီးတော့ စည်းကမ်းကိုချိုးဖောက်တဲ့သူတွေအတွက် သင့်လျော်တဲ့ပြစ်ဒဏ်ကိုပေးလိုက် ပိုင်ဝမ်"

ဘော့စ်တစ်ယောက် အရမ်း လေးလေးနက်နက်ကို ပြောနေပေသည်။

ထို့နောက်တွင် ယွီဖန်ရှင်းသည် ပိုင်ဝမ်၏ပခုံးကိုပုတ်ကာ "မင်းဆက်လုပ်လိုက်ငါ နည်းပညာဌာနကိုသွားလိုက်ဦးမယ်"

နည်းပညာဌာန...

ကျယ်ဝန်းပြီး လင်းထင်းသော အခန်းကြီးတစ်ခုအတွင်းတွင် သက်သောင့်သက်သာနှင့် နားနေနိုင်သည့် အခန်းကြီးထဲတွင် ဇိမ်ခံမှုအပြည့်ဖြင့် ခေါင်းမီးတောက်နေသည်ကား နည်းပညာအဖွဲ့ပင်။

ယွီဖန်ရှင်းသည် အလုပ်သမားများ၏ထိုင်ခုံနောက်မှဖြတ်သွားသည့်တိုင် တကုတ်ကုတ်အလုပ်လုပ်နေကြသော သူများသည် ဘော့စ်ကိုပင် မမြင်တော့ပေ။

ကုမ္ပဏီဝတ်စုံကို ဝတ်ထားကာ မျက်မှန်ကိုဝတ်ဆင်ထားသော ပရိုဂရမ်မာရှောင်ယွီဖိုင် ရှေ့တွင် ကုတ်ပေါင်းစုံကို ဖော်ပြထားသော ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ရှည်လျားသောစာတန်းများသည် အရောင်မျိုးစုံဖြင့် ရှိနေပေသည်။ တချို့သော စာတန်းများသည် အနီရောင်လက္ခဏာများ ပြကာ မှားယွင်းနေသည်ဟု ဖော်ပြချက်များလည်း ရှိနေပေသည်။ ယွီဖန်ရှင်းသည် ရှောင်ယွီဖိုင်၏ ပြဿနာတက်နေသည့် အမှားများကို ထောက်ပြလိုက်ပေသည်။ သို့သော်လည်း ကွန်ပျူတာ ဘေးဘက်တွင် ဖုန်းဖြင့်ဖွင့်ထားသော Live တစ်ခုကို အာရုံရောက်သွားပေသည်။

အင်း ပရိုဂရမ်မာတစ်ယောက် Live ထိုင်ကြည့်နေသည်ကား မဆန်းတော့ပေ။

သို့သော်လည်း... သူမြင်ဖူးသည့် ပရိုဂရမ်မာများသည်ကား ကောင်မလေးချောချောလေးတစ်ယောက်ကနေသည့် Live ကြည့်နေတတ်ကြသည့်သူများ၊ တချို့ကား အစားအသောက်ကိုထိုင်ကြည့်နေသည့်သူများရှိသော်လည်း ဤပရိုဂရမ်မာကား အတော်ပင် ထူးဆန်းနေပေသည်။ တောတောင်များကြားရှိ မြစ်ဘေးတွင်ထိုင်ကာ ငါးဖမ်းနေသည့် ကောင်လေးတစ်ယောက်ကို ကြည့်နေတာလားး...

"ကြည့်လို့ကောင်းလား"

ယွီဖန်ရှင်းသည် ရှောင်ယွီဖိုင်ရဲ့ပခုံးကိုပုတ်ကာ မေးလိုက်ပေသည်။ ရှောင်ယွီဖိုင်သည် Live ကို စူးစူးစိုက်စိုက် ကြည့်နေသည့်အပြင် ယွီဖန်ရှင်းအနောက်က ပုတ်နေသည်ကို တစ်စက်မှပင် လှည့်မကြည့်ပေ။

"ဘယ်သူကြီးတုန်း"

ရှောင်ယွီဖိုင်သည် အနောက်က ပုတ်နေသည့် လက်ကိုပင် ဖယ်ချနေပေသည်။ သို့သော်လည်း ရုတ်တရက် သတိထားမိသောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်သည်နှင့် တုန်လှုပ်သွားကာ ခေါင်းလေးတကုတ်ကုတ်ဖြင့်

"ဘော့စ်... ဘောစ့် ကျွန်တော် ခဏခဏ မကြည့်ပါဘူးးစိတ်ချပါဗျ။ ခဏပဲကြည့်တာပါ။ အမြဲတမ်း မကြည့်ပါဘူးးး..။ တကယ် ပြောတာပါဗျ"

လက်အောက်ငယ်သားတစ်ယောက် ကြောက်လန့်နေသည့်ပုံစံကိုကြည့်ကာ ယွီဖန်ရှင်းတစ်ယောက် သူ့ကိုယ်သူ ပြန်စဥ်းစားမိနေပေသည်။ သူက အဲ့လောက် ကြောက်ဖို့ကောင်းနေလို့လားး...။

"ရပါတယ် ကြည့်ပါ"

ထို့နောက်တွင်ကား ပရိုဂရမ်မာတစ်ယောက်ဖြစ်သည့်အတွက် ပင်ပန်းခဲ့ရသည့်အချိန်များကို ရှေးရှုကာ မဆိုင်းမတွပင်

"ကျွန်တော် အားလပ်ရက် လိုချင်လို့ပါ။ နှစ်ပတ်လောက်ဖြစ်ဖြစ်"

ယွီဖန်ရှင်းသည် စစနောက်နောက်ဖြင့် "မင်းအလှတရားကို ရှာဖွေမလို့လား"

နည်းပညာဌာန၏ ခေါင်းဆောင်ရီရှောင်ဟန်သည် ဘော့စ်ကိုငေးကြည့်ကာ ဘေးနားရှိ ကီးဘုတ်နှင့်သာကောက်ထုပလိုက်ချင်သော်လည်း ကီးဘုတ်သည် စျေးကြီးလွန်းသောကြောင့် မလုပ်ရက်ပေ။ သို့သော်လည်း ဤမျှ ကြိုးကြိုးစားစားဖြင့် လုပ်ကိုင်နေကာ ပရောဂျက်ကြီးတစ်ခုလုံးအောင်မြင်အောင် လုပ်ပေးခဲ့သည့်တိုင် အားလပ်ရက်လေး မပေးခြင်းကား အတော်ပင် ရက်စက်လွန်းပါသည်။

"အဲ့တာဆို ဘော့စ်က ကျွန်တော်တို့ဆီကို ဘာလုပ်ဖို့လာတာလဲဗျ"

"အင်းး" ယွီဖန်ရှင်းသည် မစ္စတာရီ၏စားပွဲခုံနားသို့လျှောက်သွားကာ စားပွဲပေါ်တွင် ခြေထောက်ကို ခွေထိုင်လိုက်ပြီးလျှင်

"ပိတ်ရက်တွေမှာ အချိန်ပိုလုပ်စရာမလိုဘူးး။ မင်းတို့ရဲ့ဘော့စ်ကြီးက မင်းတို့ကို ညစာ အကုန်ကျခံပြီးကျွေးမယ်။ ဟုတ်ပြီလား"

"ဆင်းပါတော့ဗျာ" ရီရှောင်ဟန်သည် ဘော့စ်ဖြစ်သူကို အတော်ပင် မယုံနိုင်ဖြစ်ရပေသည်။ သုံးလနီးပါးလောက် အားကြိုးမာန်တက် အလုပ်ကြိုးစားကာ နားရက်ပင်မရခဲ့သည်ကို တစ်လလောက် ညစာလိုက်ကျွေးမည်ဖြစ်ပြီးး ပိတ်ရက်တွေမှာ အချိန်ပိုမဆင်းရဘူးတဲ့။ တော်တော်ပင် နစ်နာသွားမည့်ဖြစ်သောအခွင့်အရေးပေးခြင်းပင်။ ဒီထပ်ပိုပြီးလိုအပ်ပေသည်။ အတော်စိတ်ပုတ်သည့် ဘော့စ်ပင်။

အခြားလူများသည်လည်း ဘော့စ်ကိုကြည့်ကာ မျှော်လင့်ချက်မျက်လုံးများဖြင့် နားရက်ပေးရန် တောင်းဆိုချင်နေကြပေသည်။ သူတို့ပိတ်ရက်တွင် မနားရသည်ကား အတော်ပင်ကြာနေပေပြီ။ ထို့ပြင် သူတို့၏ကောင်မလေးများသည်လည်း နားပူနားဆာလုပ်နေပြီဖြစ်သည်။

"ခေါင်းဆောင်လုပ်ပါဦးး..." ရီရှောင်ဟန်သည် သူ့အား အားကိုးတကြီးဖြင့် ကြည့်နေသော အဖွဲ့သားများကိုကြည့်ကာ

"အားလပ်ရက်ဆိုတာ အားလပ်ရက်အတွက် ထားတာပဲလေ။ အစကတည်းကိုက အချိန်ပိုဆင်းစရာကိုမလိုတာ။ အစားအသောက် ကျွေးတယ်ဆိုတာကလည်း ကျွန်တော်တို့ ညစာစားပွဲ အမြဲလုပ်နေကြတာပဲလေ။ အဲ့တော့ အဲ့လိုမျိုးတွေ လုပ်ပေးတာမလိုဘူးးလေ။ ကျွန်တော်တို့ကို ကျွေးချင်သပဆို ပိုက်ဆံတွေသာပေးလိုက် ကောင်မလေးတွေနဲ့ သွားစားလိုက်ရင်ပိုပြီးတောင် အရသာပိုရှိဦးမယ်"

"မင်းရဲ့ဘော့စ်က ငါနော်။ ငါပြောသလို လုပ်ရမှာပဲလေကွ"

သို့သော်လည်း ယွီဖန်ရှင်းကိုယ်တိုင်ပင် ညစာ စားရသည်တို့၊ အဖွဲ့နှင့်သွားရသည်ကိုလည်း အရမ်းပင်သဘောမတွေ့လှပေ။

ရီရှောင်ဟန် ပြောချင်သည့်စကားများကို တင်ပြပြီးနောက်တွင်ကား ယွီဖန်ရှင်းကို "မင်း ကောင်မလေး ရနေပြီလား"

ယွီဖန်ရှင်းသည် ရီရှောင်ဟန်အား ပြုံးပြလိုက်ပြီးလျှင် နားလည်သောအကြည့်များဖြင့် ကြည့်လိုက်ပေသည်။

"ကျားယောင်ကရော" ရီရှောင်ဟန်သည် အတည်ကြီး မေးလိုက်ကာ ယွီဖန်ရှင်း၏အနားကိုကပ်၍ တီးတိုးလေး မေးလိုက်ပေသည်။

"သူ မင်းကို ကြိုက်နေသေးလား"

"ငါတို့လမ်းခွဲခဲ့တာ လေးနှစ်တောင် ကြာပြီလေ မင်းက ဘာထင်လို့လဲ" ယွီဖန်ရှင်းသည် မျက်ခုံးလေးကိုပင့်ကာ

"မင်း မိန်းကလေးတစ်ယောက်ကို မသိဘူးလားကွာ။ သူသာ ငါ့ကို ကြိုက်နေသေးတယ်ဆိုရင် ဒီလိုတောင် နေမှာမဟုတ်ဘူး"

စုရှင်းဖန်သည် သူ့အိမ်နှင့်ဝေးသော မြစ်ကမ်းနံဘေးတွင် ငါးမျှားနေပေသည်။

"အားလုံးပဲ"

စုရှင်းချန်သည် နှာခေါင်းကိုပွတ်ကာ မည်သို့ကြောင့်ပင်မသိ နှာစေးနေရင်းနှင့်ပင် ငါးမျှားတံကိုပဲကြည့်နေပေသည်။

ရုပ်သံကြည့်နေသည့် သူတစ်ယောက်။ "ဟားဟားကျောက်ဆူးကောင်လေး တကယ် ချစ်ဖို့ကောင်းတာပဲ"

ယူဝမ်။ "သားကြီးရေ နွေးထွေးအောင် နေနော် အအေးပတ်မခံနဲ့..."

စုရှင်းချန်၏ဖန်များသည် တစ်နေ့နှင့်တစ်နေ့ တိုးတိုးလာသည်ဖြစ်သောကြောင့်ပင် ဖန်ကို အပိုင်းနှစ်ပိုင်း ခွဲထားရပေသည်။ ပထမတစ်ဖွဲ့သည် ကျောက်ဆူးကောင်လေးလုပ်နေသည့် Live ကို တစ်ချက်မပြတ်ဝင်ကြည့်သည့်သူနှင့် နောက်တစ်ဖွဲ့သည်ကား ကျောက်ဆူးကောင်လေးနှင့် သူငယ်ချင်းဖြစ်ချင်နေကြသည့် ကောင်လေးများပင်။

"ဝိုးးး..." အိပ်ငိုက်နေသည့် ကျောက်ဆူးကောင်လေးတစ်ယောက် ရေမျက်နှာပြင်၏တုန်ခါမှုနှင့်အတူတူ လှုပ်ခါသွားသည့် ငါးမျှားချိတ်ကို အားဖြင့်ဆွဲတင်လိုက်ပေသည်။

ငါးမျှားချိတ်ကို ဆွဲတင်လိုက်သည်နှင့် အရမ်း လေးနေသည့်အတွက်ကြောင့် အတင်း ဆွဲတင်ရပေသည်။

"ငါးက တော်တော်ကြီးကြီးပဲ"

စိတ်လှုပ်ရှားစွာဖြင့် ပရိသတ်ကြီးကို အော်ပြောလိုက်ပေသည်။

ထို့နောက် ငါးမျှားတံကြိုးကို တရစ်ရစ် ဆွဲတင်လိုက်ပေသည်။

အာလူးကြော်လေး စားချင်တယ်။ "အရှေ့ကိုပြုတ်ကျဦးမယ်... ငါးက သုံးပေါင်နီးပါးလောက် ရှိလောက်တယ်"

"အမလေးးး" ပရိသတ်များသည် ဆွဲတင်လိုက်သောငါးကိုကြည့်ကာ အလွန်ပင် အံ့သြနေကြပေသည်။ ငါးကြီးသည်ကား နည်းသည့်အကောင်ကြီးမဟုတ်ပေ။

စုရှင်းချန်သည်လည်း ကျွမ်းကျင်သည့် ငါးဖမ်းသမားတစ်ယောက်ပုံစံပမာ ငါးမျှားတံကို ကျွမ်းကျွမ်းကျင်ကျင်နှင့် မတင်လိုက်ပြီးလျှင် ငါးကိုချိတ်မှဖြုတ်လိုက်ပေသည်။

"ငါးက အကောင်တော်တော်ကြီးတာပဲ။ အနည်းဆုံး သုံးပေါင်လောက်ရှိလောက်တယ်။ ဒီညအတွက်တော့ ကံကောင်းတာပေါ့ ညစာအတွက်က...။ ကြက်သွန်နီရယ် ငရုတ်သီးစိမ်းလေးရယ်နဲ့ ငါးရှဉ့်လေးကို သေချာလေးချက်ပြီး ဒီငါးကို အသားလေးနွှာပြီးရောချက်။ အရမ်းစားလို့ကောင်းး။ ဒါနဲ့ပရိသတ်ကြီးတို့ရော ငါးရှဉ့်စားဖူးလား။"

တစ်ချို့သူများသည်ကား စာဖူးသည်ဟုဆိုသော်လည်း တချို့သည်ကား မစားဖူးဘူးဟု ဆိုကြပေသည်။

စုရှင်းချန်သည် "ငါးရှဉ့်က တကယ် အရသာရှိတယ်။ ငါးရှဉ့်လေးကို ပြောင်းဖူးမှုန့်လေးနဲ့ သေချာရောပြီးတော့ဒယ်အိုးထဲမှာ အဝါရောင်လေးသမ်းလာတဲ့အထိ ကြော်ပြီးရင် ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး...ကြိုက်တဲ့သူကတော့များများထည့်ပေါ့။ ပြီးသွားရင် ခုနကပြောသလို ကြက်သွန်စိမ်းရယ် ငရုတ်သီးတောင့်လေးပါ ထည့်ပြီး ကြော်ထားတဲ့ငါးရှဉ့်ကို ထည့်လှိမ့်လိုက်။ အရမ်းကို အရသာရှိပြီ"

Live ကို ကြည့်နေကြသည့် ပရိသတ်များသည် ချစ်ဖို့ကောင်းသည့် ကျောက်ဆူးကောင်လေးတစ်ယောက် နှာခေါင်းနီနီရဲရဲလေးကို ပွတ်ကာ စိတ်ရှည်လက်ရှည် ရှင်းပြနေသည်အား တကယ်ပင် အသဲယားမိသည်ပင်။ သူပြောမှပင် မီးဖိုချောင်တွင်းရှိခရမ်းချဥ်သီးအနှစ်ကို သတိရသွားကြပေသည်။ ထို့ကြောင့် ချက်ပြုတ်ကြရန် ပြင်ဆင်လိုက်ကြပေသည်။






ဒီအိမ်အတွက် ပိုက်ဆံအများကြီးပေးခဲ့ရတယ်Where stories live. Discover now