အပိုင်း (၉)
တစ်ဖက်တွင်ကား စုရှင်းချန်၏နေ့စဉ်ဘဝသည် သာမန်အတိုင်းပင် လည်ပတ်နေပေသည်။
တစ်ညလုံး တွေးတောပြီးသည့်နောက်တွင်ကား စုရှင်းချန်သည် ခွေးလေးနှစ်ကောင်ကိုခေါ်ကာ ဝါးတောထဲသို့ ဝါးပင်များကိုခုတ်၍ ကင်မရာတင်သည့်ထောက်တိုင်ကိုလုပ်ရန် ထွက်ခဲ့ပေသည်။
ကင်မရာတင်သည့်ထောက်တိုင်ကို လုပ်ပြီးနောက်တွင် ဖုန်းကိုတင်ကာ live လွှင့်ခဲ့ပေသည်။
Liveခေါင်းစဉ်။ ကောင်လေးတစ်ယောက် လယ်ကွင်းတွင်းဝင်နေခြင်း...
live ကို ရုတ်တရက် ဝင်ကြည့်မိသောပရိသတ်များသည် စုရှင်းချန် ရိုက်နေသောအနောက်ခံရှိတောင်တန်းစိမ်းကြီးများ၊ ကြည်လင်သောမြစ်ချောင်းများအရှေ့တွင်ကား မြက်ခင်းပြင် စိမ်းစိမ်းလေးများရှိပေသည်။ ခမောက်ကို ဆောင်းထားပြီးအင်္ကျီလက်တိုနှင့် အနက်ရောင်ဘောင်းဘီတိုကိုဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် မြေကြီးကို ထိုးဆွနေကာ သူ၏ဘေးတွင်ကားညစ်ပတ်နေသော ခွေးလေးနှစ်ကောင် ဆော့ကစားနေပေသည်။
[အောက်တွင်ဖော်ပြမည့် အိမ်မက်ချူးဖန်း မှစ၍ စာလုံးအမည်းနှင့်ရေးထားပြီး ပုဒ်မအရှေ့ရှိနာမည်များသည် live ကိုဝင်ကြည့်၍ မှတ်ချက်ရေးနေကြသောသူများ၏အကောင့်နာမည်များဖြစ်ပေသည်။]
အိမ်မက် ချူးဖန်း။ "သူ တကယ်ပဲ အလုပ်လုပ်နေတာလား"
ကျွန်တော့်နာမည်က ပိုင်ရှောင်ပါ။ "မဖြစ်နိုင်ပါဘူးကွာ။ သူ့ရဲ့ခြေချောင်းလက်ချောင်းလေးတွေကိုလည်း ကြည့်ပါအုန်း... ဖြူဖွေးနေတာပဲဟာကို... လယ်သမားတစ်ယောက်လို အလုပ်လုပ်နေတဲ့သူကဘယ်လိုလုပ် အဲ့အသားအရေမျိုး ရှိမတုန်း"
ပိုင်နန်း ပိုင်နန်း။ "မသိတဲ့သူဆို မိန်းကလေးလို့တောင်ထင်မှာ"
ပန်ဒါပေါ်တက်စီးနေသောချီ။ "ဒီသားကြီးကတော့မဟုတ်သေးပါဘူးကွာ"
လီလီနှင့်မတွေ့ရတာကြာပြီ။ "ကမ္ဘာကြီးက တော်တော်ကို ပြောင်းလဲသွားပါပြီကွာ လူတိုင်းကအောင်မြင်ချင်နေကြတာ"
ဝမ်းရန်းလေး ၂၀၁၂။ "တော်တော်ရယ်ရတာပဲ။ သူလုပ်နေတာ မဖြစ်နိုင်ဘူးဆိုတာ လူတွေက ဘယ်လိုသိတာလဲ။ အမြင်မရှိကြတာပဲ"
ငါကရှန်းဇန်ရဲ့ညီ။ "တော်တော်ဆိုးတဲ့ဟာတွေ။ ဒီကညီလေးက တကယ်လုပ်ပြနေတာပါ။ ငါ ဆက်ဖတ်နေရင်း ဟုတ်သလား မဟုတ်သလားလို့တောင် သိနိုင်မှာမဟုတ်တော့ဘူး။ မြို့ပေါ်ကလူတွေဆိုတာလေ သူတို့တောင် မလုပ်နိုင်ပဲနဲ့ဟာကို သူများတကာကို အပြစ်လိုက်ပြောနေကြတယ်။"
သြဂုတ်လရဲ့မန်းဟူ။ "တိတ်တိတ်လေးနေပြီးတော့ သူဘယ်လောက်ထိ ပြီးအောင်လုပ်နိုင်မလဲဆိုတာပဲစောင့်ကြည့်တော့မယ်"
လျူရန်ရဲ့တံပိုးလေး။ "တိတ်တိတ်လေးတစ်ယောက်တည်း ထိုင်ကြည့်နေပါတယ် ဟီး"
မြေးလေးကငါ့ကိုလိမ်ပြီးတော့ငါ့ကိုအဖေလို့ခေါ်တယ်။ "နှာခေါင်းကိုတူးနေတာလား...။ ငါ ဆယ်မိနစ်လောက်ထိုင်ကြည့်နေတာ အမှန်တိုင်းပြောရရင်နာမည်ကြီးဖို့အတွက် လယ်ထဲကိုသွားတာတော့ဖြစ်သင့်ပါတယ်။ ဖင်လှုပ်ခေါင်းလှုပ်ပြီး နာမည်ကြီးအောင်လုပ်နေတဲ့သူတွေထပ်စာရင်တော့အများကြီးသာတာပေါ့"
မိုရှောင် စီးကျန်။ "မင်းတို့တွေ မြေကြီးကို တစ်ချက်လောက် စိတ်ဝင်တစားနဲ့ကြည့်ကြည့်လိုက်"
live ထဲတွင် လူအယောက်တစ်ရာနီးပါးလောက်ရောက်နေပြီဖြစ်သည်။